အလင်္ကာကျော်စွာဘွဲ့
| အလင်္ကာကျော်စွာဘွဲ့ | |
|---|---|
အလင်္ကာကျော်စွာ ပန်းချီ ဦးစောမောင် ရရှိခဲ့သည့် ဘွဲ့တံဆိပ်ပုံ | |
| အမျိုးအစား | စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ |
| တည်ထောင်ခဲ့ | ၁၉၄၈ ခုနှစ်၊ စက်တင်ဘာလ ၂ ရက် |
| နိုင်ငံ | |
| ဖဲကြိုး | |
ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံအဖြစ်သို့ရောက်ရှိကာ ပြည်ထောင်စုနိုင်ငံကို တည်ထောင်သည့်အချိန်မှစ၍ နိုင်ငံတော်အစိုးရက ဂုဏ်ထူး၊ ဘွဲ့ထူးများ ပေးအပ်ခြင်း နည်းစနစ်သစ် တီထွင်၍ နိုင်ငံတော်သမ္မတက နှစ်စဉ် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ်ဖြင့် ချီးမြှင့်သည်။
ဂုဏ်ထူးဘွဲ့ထူးများကို သင်္ဂဟ၊ ဘွဲ့၊ တံဆိပ်၊ ဟူ၍ ၃ မျိုးခွဲခြားရာ၌ သင်္ဂဟပြီးလျှင် ဘွဲ့၊ ဘွဲ့၏အောက် တံဆိပ်ဟူ၍ ဖြစ်သည်။ ဘွဲ့များတွင် သီရိပျံချီ၊ ဝဏ္ဏကျော်ထင်၊ အလင်္ကာကျော်စွာ၊ သိပ္ပံကျော်စွာ၊ ဇေယျကျော်ထင်ဟူ၍ ၅ မျိုးရှိသည်။
- သီရိပျံချီဘွဲ့ကို ပြည်ထောင်စုမြန်မာနိုင်ငံ၏ ကောင်းရာကောင်းကျိုးကို ဖြစ်ထွန်းအောင် ထူးကဲကောင်းမွန်စွာ ဆောင်ရွက်သူများအား ချီးမြှင့်သည်။
- ဝဏ္ဏကျော်ထင်ဘွဲ့ကို အများပြည်သူတို့၏ ကောင်းရာကောင်းကြောင်းကို ဖြစ်ထွန်းအောင် ထူးကဲကောင်းမွန်စွာ ဆောင်ရွက်ခြင်းအတွက် ချီးမြှင့်သည်။
- အလင်္ကာကျော်စွာဘွဲ့ကို စာပေ ပရိယတ္တိ၊ သုခုမပညာ၊ ကခြင်း၊ သီခြင်း၊ ဂီတပညာအရပ်ရပ်တို့တွင် ထူးခြားကောင်းမွန်စွာ တတ်မြောက်သူများအား ချီးမြှင့်သည်။
- သိပ္ပကျော်စွာဘွဲ့ကို သိပ္ပံပညာ၊ ကုန်ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုလက်မှုပညာရပ်များတွင် ထူးကဲကောင်းမွန်စွာ ဆောင်ရွက်သည့်အတွက် ချီးမြှင့်သည်။
- ဇေယျကျော်ထင်ဘွဲ့ကိုမူ စစ်ဘက်ဆိုင်ရာ အမှုထမ်းကောင်းခြင်းအတွက် ချီးမြှင့်သည်။[၁]
အလင်္ကာကျော်စွာဘွဲ့သည် စာပေနှင့် အနုသုခုမပညာရပ်များတွင် ထူးခြားကောင်းမွန်စွာ တတ်မြောက်သူများအား ချီးမြှင့်အပ်နှင်းသော ဘွဲ့ဖြစ်ပေသည်။ လွတ်လပ်ရေးရအပြီး ပါလီမန်ခေတ် အစိုးရများမှ ၂၀၁၁ခုနှစ်နောက်ပိုင်း ပြည်ထောင်စုအစိုးရများ လက်ထက်အထိ အလင်္ကာကျော်စွာဘွဲ့ရရှိသူ (၂၀) ကျော်သာ ရှိသည်။ ၂၀၂၁ခုနှစ်မှစ၍ တပ်မတော်မှဖွဲ့စည်းထားသော အိမ်စောင့်အစိုးရ လက်ထက် ၂၀၂၂ခုနှစ်တွင်မူ မတ်လ၌ (၂၅)ဦး၊ ဧပြီလ၌ (၈)ဦး၊ နိုဝင်ဘာလ၌ (၇)ဦး စုစုပေါင်း (၄၀)ဦးအထိ အမြောက်အမြား ချီးမြှင့်ခဲ့သည်။[၂][၃]
ရွှေမန်းတင်မောင်၏သားဖြစ်သူ ညွန့်ဝင်းအား ၂၀၂၂ခုနှစ် မတ်လတွင် အလင်္ကာကျော်စွာဘွဲ့ ချီးမြှင့်ခဲ့သဖြင့် ၎င်းတို့သားအဖသည် ပထမဆုံး အလင်္ကာကျော်စွာဘွဲ့ရ သားအဖဖြစ်လာသည်။ ထို့အပြင် ၂၀၂၂ခုနှစ် ဧပြီလတွင် နန်းတော်ရှေ့ဆရာတင်၏ သားဖြစ်သူ ရွှေနန်းတင်အား အလင်္ကာကျော်စွာဘွဲ့ ချီးမြှင့်ခဲ့သဖြင့် ၎င်းတို့သားအဖသည် ဒုတိယမြောက် အလင်္ကာကျော်စွာဘွဲ့ရ သားအဖဖြစ်လာသည်။[၂]
အလင်္ကာကျော်စွာဘွဲ့ရရှိခဲ့သော သူများ
[ပြင်ဆင်ရန်]| စဉ် | အမည် | ရရှိသည့်နှစ် | ဓာတ်ပုံ | အမိန့်ကြေညာစာအမှတ်/ရက်စွဲ | မှတ်ချက် |
|---|---|---|---|---|---|
| ၁ | ဆရာကြီးဦးလွန်း(သခင်ကိုယ်တော်မှိုင်း) | ၁၉၅၀ | အမှတ်(၇) ၄.၁.၁၉၅၀ | ||
| ၂ | ဆိုင်းဆရာဦးဟန်ပ | ၁၉၅၃ | အမှတ်(၃) ၄.၁.၁၉၅၃ | ||
| ၃ | စောင်း ဆရာညိန်း(ဂီတအနုပညာသည်ကြီး) | ၁၉၅၃ | - | အမှတ်(၃) ၄.၁.၁၉၅၃ | |
| ၄ | ပတ္တလား ဆရာဘကလေး(မန္တလေး) | ၁၉၅၃ | အမှတ်(၃) ၄.၁.၁၉၅၃ | ||
| ၅ | ဒေါ်စောမြဧကြည် | ၁၉၅၃ | အမှတ်(၃) ၄.၁.၁၉၅၃ | ||
| ၆ | ပန်းချီဆရာကြီးဦးငွေကိုင် | ၁၉၅၃ | အမှတ်(၃) ၄.၁.၁၉၅၃ | ||
| ၇ | မြန်မာ့ဇာတ်မင်းသားရွှေမန်းတင်မောင် | ၁၉၅၃ | အမှတ်(၃) ၄.၁.၁၉၅၃ | ||
| ၈ | ပြဇာတ်ဒါရိုက်တာဒဂုံဆရာတင် | ၁၉၅၃ | ? -၁၉၇၆ | အမှတ်(၃) ၄.၁.၁၉၅၃ | |
| ၉ | ဆိုင်းဆရာ ဦးဘမောင် | ၁၉၅၅ | - | အမှတ်(၁) ၄.၁.၁၉၅၅ | |
| ၁၀ | သီချင်းရေးဆရာဦးဧ(ရွှေပြည်အေး) | ၁၉၅၅ | အမှတ်(၁) ၄.၁.၁၉၅၅ | ||
| ၁၁ | စောင်းဦးဘသန်း | ၁၉၅၅ | အမှတ်(၁) ၄.၁.၁၉၅၅ | ||
| ၁၂ | ရုပ်ပြောင်၊ပန်းချီဆရာကြီးဦးဘဂျမ်း | ၁၉၅၅ | အမှတ်(၁) ၄.၁.၁၉၅၅ | (ကွယ်လွန်ပြီးမှ ရရှိ) | |
| ၁၃ | သီချင်းရေးဆရာမြို့မငြိမ်း | ၁၉၅၆ | အမှတ်(၂) ၄.၁.၁၉၅၆ | (ကွယ်လွန်ပြီးမှ ရရှိ) | |
| ၁၄ | ဇာတ်ပွဲ စာရေးဆရာဦးစံခို | ၁၉၅၈ | အမှတ်(၂) ၄.၁.၁၉၅၈ | ||
| ၁၅ | ရုပ်ရှင်ဒါရိုက်တာအေဝမ်းဦးတင်မောင် | ၁၉၅၈ | အမှတ်(၂) ၄.၁.၁၉၅၈ | ||
| ၁၆ | ပန်းချီဆရာကြီးဦးစောမောင် | ၁၉၅၈ | အမှတ်(၂) ၄.၁.၁၉၅၈ | ||
| ၁၇ | နိုင်ငံတော်တီးဝိုင်းနှင့် ပြဇာတ်အဖွဲ့ စိန်ဝေလျှံ (ခေါ်) ဦးတိုးဝေ | ၁၉၅၈ | အမှတ်(၂) ၄.၁.၁၉၅၈ | ||
| ၁၈ | စာရေးဆရာနှင့် ရုပ်ရှင်ဒါရိုက်တာဦးသုခ | ၁၉၅၈ | အမှတ်(၂) ၄.၁.၁၉၅၈ | ||
| ၁၉ | စာရေးဆရာနှင့် ရုပ်ရှင်ဒါရိုက်တာဦးဉာဏ | ၁၉၅၈ | အမှတ်(၂) ၄.၁.၁၉၅၈ | ||
| ၂၀ | ရုပ်ရှင်ဒါရိုက်တာဦးချင်းစိန်(ရွှေညာမောင်) | ၁၉၅၈ | အမှတ်(၂) ၄.၁.၁၉၅၈ | ||
| ၂၁ | ဒါရိုက်တာ ပန်းချီစိုးမိုး | ၂၀၁၆ | အမှတ် (၂/၂၀၁၆) ၄.၁.၂၀၁၆ | ||
| ၂၂ | ဒါရိုက်တာ စင်ရော်မောင်မောင် | ||||
| ၂၃ | ဂီတစာဆို ဟင်္သာတမြင့်ငွေ | ||||
| ၂၄ | ဆိုင်းဆရာကြီး စိန်စတင်း | ၂၀၂၀ | အမှတ် (၂/၂၀၂၀) ၄.၁.၂၀၂၀ | (ကွယ်လွန်ပြီးမှ ရရှိ)[၄] | |
| ၂၅ | စွယ်စုံရအနုပညာရှင် စည်သူဗိုလ်ကလေးတင့်အောင် | ၂၀၂၂ | အမှတ် (၂၆/၂၀၂၂) ၂၇.၃.၂၀၂၂[၅] | (ကွယ်လွန်ပြီးမှ ရရှိ) | |
| ၂၆ | စာရေးဆရာအယ်ဒီတာချုပ် ဦးကျော်ဇင်ညွန့် (တက္ကသိုလ်မြတ်သူ) | ||||
| ၂၇ | ဒါရိုက်တာ ကြည်စိုးထွန်း | ||||
| ၂၈ | စာရေးဆရာ ဦးလေးမြိုင် (လေးမြိုင်) | ||||
| ၂၉ | စာရေးဆရာ ဒေါက်တာခင်မောင်ညွန့် | ||||
| ၃၀ | စာရေးဆရာ ဒေါက်တာသော်ကောင်း | ||||
| ၃၁ | စာရေးဆရာ ဒေါက်တာခင်အေး (မောင်ခင်မင် (ဓနုဖြူ)) | ||||
| ၃၂ | စာရေးဆရာ ဦးတင်လှိုင် (လယ်တွင်းသား စောချစ်) | ||||
| ၃၃ | စာရေးဆရာ ဦးမြင့်ကြည် (တက္ကသိုလ် မြတ်စိုး) | ||||
| ၃၄ | စာရေးဆရာ ဦးခင်မောင်စိုး (မောင်ပေါ်ထွန်း) | ||||
| ၃၅ | စာရေးဆရာ ဦးကိုလေး (ကိုလေး - အင်းဝဂုဏ်ရည်) | ||||
| ၃၆ | စာရေးဆရာ ဦးတင်ခ (တက္ကသိုလ်တင်ခ) | ||||
| ၃၇ | စာရေးဆရာ ဦးကျောက်ဆောက်သာနိုး (မောင်သာနိုး) | ||||
| ၃၈ | စာရေးဆရာ ဦးသန်းထွန်း (သိန်းသန်းထွန်း) | ||||
| ၃၉ | စာရေးဆရာ ဦးမြင့်လွင် (ဖိုးကျော့) | ||||
| ၄၀ | စာရေးဆရာ ဦးထွန်းရီ (ထွန်းရီ - ရှေးဟောင်းသုတေသီ) | ||||
| ၄၁ | စာရေးဆရာ ဦးတင်မောင်မြင့် | ||||
| ၄၂ | စာရေးဆရာ ဦးထွန်းအောင်ချိန် | ||||
| ၄၃ | စာရေးဆရာ မောင်မောင်လတ် (နောင်) | ||||
| ၄၄ | စာရေးဆရာ ဦးစိန်လှိုင် (သူရဇော်) | ||||
| ၄၅ | စာရေးဆရာ ဒေါ်ချိုချိုတင် (မစန္ဒာ) | ||||
| ၄၆ | သရုပ်ဆောင် ညွန့်ဝင်း | ||||
| ၄၇ | ဂီတပညာရှင် ဂီတလုလင် မောင်ကိုကို | ||||
| ၄၈ | စွယ်စုံရအနုပညာရှင် ဝင်းဦး | (ကွယ်လွန်ပြီးမှ ရရှိ) | |||
| ၄၉ | သရုပ်ဆောင် ကောလိပ်ဂျင်နေဝင်း | (ကွယ်လွန်ပြီးမှ ရရှိ) | |||
| ၅၀ | ဂီတစာဆို နန်းတော်ရှေ့ဆရာတင် | ၂၀၂၂ | အမှတ် (၆၃/၂၀၂၂) ၁၇.၄.၂၀၂၂ | ||
| ၅၁ | ဂီတစာဆို ရွှေတိုင်ညွန့် | ||||
| ၅၂ | ဇတ်သဘင်ပညာရှင် ရွှေနန်းတင် | ||||
| ၅၃ | အဆိုပညာရှင် တွံတေးသိန်းတန် | ||||
| ၅၄ | ဂီတပညာရှင် စန္ဒရား ချစ်ဆွေ | ||||
| ၅၅ | ဂီတပညာရှင် စန္ဒရား လှထွတ် | ||||
| ၅၆ | အဆိုပညာရှင် သုမောင် | ||||
| ၅၇ | ဆိုင်းပညာရှင် စိန်ဗိုလ်တင့် | ||||
| ၅၈ | ဒါရိုက်တာ ဦးသာဓု | ၂၀၂၂ | အမှတ် (၂၁၁/၂၀၂၂) ၁၇.၁၁.၂၀၂၂ | ||
| ၅၉ | စာရေးဆရာမ ဒေါ်နုယဉ် (နုယဉ်) | ||||
| ၆၀ | စာရေးဆရာ ဦးဝင်းမောင် (မင်းယုဝေ) | ||||
| ၆၁ | စာရေးဆရာ ဦးမျိုးသန့် (မောင်ဆုရှင်) | ||||
| ၆၂ | စာရေးဆရာ ဦးတင်မောင် (သိပ္ပံမှူးတင်) | ||||
| ၆၃ | စာရေးဆရာ ဦးအောင်သင်း (အောင်သင်း) | ||||
| ၆၄ | စာရေးဆရာမ ဒေါက်တာတင်တင်ဝင်း (ဒေါက်တာမတင်ဝင်း-ပညာရေးတက္ကသိုလ်) | ||||
| ၆၅ | ဗိုလ်မှူးခင်မောင်လှ (ရဲဘော်ခင်မောင်လှ)[၆] | ၂၀၂၅ | |||
| ၆၆ | ရေနံ့သာဝင်းမောင် | အမှတ် (၂၀၃/၂၀၂၅)
၁၄.၁၁.၂၀၂၅ |
|||
| ၆၇ | စန္ဒရားတင်ဝင်းလှိုင် | ||||
| ၆၈ | ရေနံ့သာစိုးလှိုင် | ||||
| ၆၉ | ရွှေကူနန်းနွဲ့နွဲ့ | ||||
| ၇၀ | အေဝမ်းမောင်တင်ယု | ||||
| ၇၁ | သရုပ်ဆောင် အောင်လွင် | ||||
| ၇၂ | လူထုဒေါ်အမာ စာရေးဆရာမကြီး၊ သတင်းစာဆရာမကြီး | ၂၀၂၆ | စာအမှတ်၂/၂၀၂၆ ၄.၁.၂၀၂၆ | ||
| ၇၃ | လူထုဦးလှ စာရေးဆရာကြီး၊ သတင်းစာဆရာကြီး | ၂၀၂၆ | စာအမှတ်၂/၂၀၂၆ ၄.၁.၂၀၂၆ | ||
| ၇၄ | မြသန်းတင့် စာရေးဆရာ | ၂၀၂၆ | စာအမှတ်၂/၂၀၂၆ ၄.၁.၂၀၂၆ | ||
| ၇၅ | သာဂဒိုး စာရေးဆရာ၊ သတင်းစာဆရာ | ၂၀၂၆ | စာအမှတ်၂/၂၀၂၆ ၄.၁.၂၀၂၆ | ||
| ၇၆ | ဦးသိန်းဖေ (သိန်းဖေမြင့်) စာရေးဆရာ၊ သတင်းစာဆရာ | ၂၀၂၆ | စာအမှတ်၂/၂၀၂၆ ၄.၁.၂၀၂၆ | ||
| ၇၇ | ဦးဌေးမြိုင် (ဒဂုန်တာရာ) စာရေးဆရာ | ၂၀၂၆ | စာအမှတ်၂/၂၀၂၆ ၄.၁.၂၀၂၆ | ||
| ၇၈ | ဦးကြင်ဆွေ (သော်တာဆွေ) စာရေးဆရာ | ၂၀၂၆ | စာအမှတ်၂/၂၀၂၆ ၄.၁.၂၀၂၆ | ||
| ၇၉ | ဦးတင်(ဒဂုန်ရွှေမျှား) စာရေးဆရာ | ၂၀၂၆ | စာအမှတ်၂/၂၀၂၆ ၄.၁.၂၀၂၆ | ||
| ၈၀ | ဦးမိုးနှင်း (ပီမိုးနင်း) စာရေးဆရာ | ၂၀၂၆ | စာအမှတ်၂/၂၀၂၆ ၄.၁.၂၀၂၆ | ||
| ၈၁ | ဦးစိန်တင် (သိပ္ပံမောင်ဝ) စာရေးဆရာ | ၂၀၂၆ | စာအမှတ်၂/၂၀၂၆ ၄.၁.၂၀၂၆ | ||
| ၈၂ | ဒေါ်ခင်မြ (ခင်မျိုးချစ်) စာရေးဆရာမ | ၂၀၂၆ | စာအမှတ်၂/၂၀၂၆ ၄.၁.၂၀၂၆ | ||
| ၈၃ | ဒေါ်တင်လှိုင် (ဂျာနယ်ကျော်မမလေး) စာရေးဆရာမ၊ သတင်းစာဆရာမ | ၂၀၂၆ | စာအမှတ်၂/၂၀၂၆ ၄.၁.၂၀၂၆ | ||
| ၈၄ | ဦးခင်မောင်တင့် (တက္ကသိုလ်ဘုန်းနိုင်) စာရေးဆရာ | ၂၀၂၆ | စာအမှတ်၂/၂၀၂၆ ၄.၁.၂၀၂၆ | ||
| ၈၅ | ဦးခင်မောင်ဦး (ဗိုလ်တာရာ-ရဲဘော်သုံးကျိပ်) စာရေးဆရာ | ၂၀၂၆ | စာအမှတ်၂/၂၀၂၆ ၄.၁.၂၀၂၆ | ||
| ၈၆ | ဗိုလ်မှူးကြီးသန်းညွန့်(ငြိမ်း) (မှူးသပြေ) စာရေးဆရာ | ၂၀၂၆ | စာအမှတ်၂/၂၀၂၆ ၄.၁.၂၀၂၆ | ||
| ၈၇ | မြသန်းစံ တေးရေးပညာရှင် | ၂၀၂၆ | စာအမှတ်၂/၂၀၂၆ ၄.၁.၂၀၂၆ | ||
| ၈၈ | ချစ်နိုင်(စိတ်ပညာ) စာရေးဆရာ | ၂၀၂၆ | စာအမှတ်၂/၂၀၂၆ ၄.၁.၂၀၂၆ | ||
| ၈၉ | ပျဉ်းမနားမြင့်လှိုင် ဂီတစာဆို | ၂၀၂၆ | စာအမှတ်၂/၂၀၂၆ ၄.၁.၂၀၂၆ | ||
| ၉၀ | သျှန်ထွဏ်း(မြန်မာစာ) တေးရေးပညာရှင် | ၂၀၂၆ | စာအမှတ်၂/၂၀၂၆ ၄.၁.၂၀၂၆ | ||
| ၉၁ | စံတော်ချိန်စိန်ဘမောင်(စိန်ဘမောင်လေး) ဆိုင်းပညာရှင် | ၂၀၂၆ | စာအမှတ်၂/၂၀၂၆ ၄.၁.၂၀၂၆ | ||
| ၉၂ | စိန်ချစ်တီး ဆိုင်းပညာရှင် | ၂၀၂၆ | စာအမှတ်၂/၂၀၂၆ ၄.၁.၂၀၂၆ | ||
| ၉၃ | စိန်မွတ္တာ ဆိုင်းပညာရှင် | ၂၀၂၆ | စာအမှတ်၂/၂၀၂၆ ၄.၁.၂၀၂၆ | ||
| ၉၄ | ကျော်ဆွေ သရုပ်ဆောင်ဒါရိုက်တာ | ၂၀၂၆ | စာအမှတ်၂/၂၀၂၆ ၄.၁.၂၀၂၆ | ||
| ၉၅ | ရွှေဘ သရုပ်ဆောင် | ၂၀၂၆ | စာအမှတ်၂/၂၀၂၆ ၄.၁.၂၀၂၆ | ||
| ၉၆ | ထွန်းဝေ သရုပ်ဆောင် | ၂၀၂၆ | စာအမှတ်၂/၂၀၂၆ ၄.၁.၂၀၂၆ | ||
| ၉၇ | ဦးကျောက်လုံး သရုပ်ဆောင် | ၂၀၂၆ | စာအမှတ်၂/၂၀၂၆ ၄.၁.၂၀၂၆ | ||
| ၉၈ | ခင်ယုမေ သရုပ်ဆောင်၊ တေးသံရှင် | ၂၀၂၆ | စာအမှတ်၂/၂၀၂၆ ၄.၁.၂၀၂၆ | ||
| ၉၉ | ဒေစီကျော်ဝင်း သရုပ်ဆောင်၊ တေးသံရှင် | ၂၀၂၆ | စာအမှတ်၂/၂၀၂၆ ၄.၁.၂၀၂၆ | ||
| ၁၀၀ | အံ့ကျော် သရုပ်ဆောင် | ၂၀၂၆ | စာအမှတ်၂/၂၀၂၆ ၄.၁.၂၀၂၆ | ||
| ၁၀၁ | ဇော်ဝမ်း သရုပ်ဆောင်၊ အဆိုတော် | ၂၀၂၆ | စာအမှတ်၂/၂၀၂၆ ၄.၁.၂၀၂၆ | ||
| ၁၀၂ | နေအောင် သရုပ်ဆောင် | ၂၀၂၆ | စာအမှတ်၂/၂၀၂၆ ၄.၁.၂၀၂၆ | ||
| ၁၀၃ | ခင်သီတာထွန်း သရုပ်ဆောင် | ၂၀၂၆ | စာအမှတ်၂/၂၀၂၆ ၄.၁.၂၀၂၆ | ||
| ၁၀၄ | လွင်မိုး သရုပ်ဆောင် | ၂၀၂၆ | စာအမှတ်၂/၂၀၂၆ ၄.၁.၂၀၂၆ | ||
| ၁၀၅ | မေသဉ္ဇာဦး သရုပ်ဆောင် | ၂၀၂၆ | စာအမှတ်၂/၂၀၂၆ ၄.၁.၂၀၂၆ | ||
| ၁၀၆ | ထွန်းအိန္ဒြာဗိုလ် သရုပ်ဆောင် | ၂၀၂၆ | စာအမှတ်၂/၂၀၂၆ ၄.၁.၂၀၂၆ | ||
| ၁၀၇ | လူမင်း သရုပ်ဆောင် | ၂၀၂၆ | စာအမှတ်၂/၂၀၂၆ ၄.၁.၂၀၂၆ | ||
| ၁၀၈ | စိုးမြတ်သူဇာ သရုပ်ဆောင် | ၂၀၂၆ | စာအမှတ်၂/၂၀၂၆ ၄.၁.၂၀၂၆ | ||
| ၁၀၉ | အိန္ဒြာကျော်ဇင် သရုပ်ဆောင် | ၂၀၂၆ | စာအမှတ်၂/၂၀၂၆ ၄.၁.၂၀၂၆ | ||
| ၁၁၀ | ဖွေးဖွေး သရုပ်ဆောင် | ၂၀၂၆ | စာအမှတ်၂/၂၀၂၆ ၄.၁.၂၀၂၆ | ||
| ၁၁၁ | ဝတ်မှုန်ရွှေရည် သရုပ်ဆောင် | ၂၀၂၆ | စာအမှတ်၂/၂၀၂၆ ၄.၁.၂၀၂၆ | ||
| ၁၁၂ | ရှုမဝဦးကျော် စာရေးဆရာ၊ ဒါရိုက်တာ | ၂၀၂၆ | စာအမှတ်၂/၂၀၂၆ ၄.၁.၂၀၂၆ | ||
| ၁၁၃ | ဦးဝင်းဖေ စာရေးဆရာ၊ ဒါရိုက်တာ | ၂၀၂၆ | စာအမှတ်၂/၂၀၂၆ ၄.၁.၂၀၂၆ | ||
| ၁၁၄ | ခင်မောင်ဦး/စိုးသိမ်းထွဋ် ဒါရိုက်တာ | ၂၀၂၆ | စာအမှတ်၂/၂၀၂၆ ၄.၁.၂၀၂၆ | ||
| ၁၁၅ | ဦးစံအေး အတတ်ပညာရှင် | ၂၀၂၆ | စာအမှတ်၂/၂၀၂၆ ၄.၁.၂၀၂၆ | ||
| ၁၁၆ | ဦးစန်းမောင် အတတ်ပညာရှင် | ၂၀၂၆ | စာအမှတ်၂/၂၀၂၆ ၄.၁.၂၀၂၆ | ||
| ၁၁၇ | ဦးမြင့်ခိုင်(မော်ကွန်းရုပ်ရှင်) အတတ်ပညာရှင် | ၂၀၂၆ | စာအမှတ်၂/၂၀၂၆ ၄.၁.၂၀၂၆ | ||
| ၁၁၈ | ဇော်မျိုးထွဋ် အတတ်ပညာရှင် | ၂၀၂၆ | စာအမှတ်၂/၂၀၂၆ ၄.၁.၂၀၂၆ | ||
| ၁၁၉ | ငြိမ်းမင်း အတတ်ပညာရှင် | ၂၀၂၆ | စာအမှတ်၂/၂၀၂၆ ၄.၁.၂၀၂၆ | ||
| ၁၂၀ | ဦးခင်မောင်ကြီး အတတ်ပညာရှင် | ၂၀၂၆ | စာအမှတ်၂/၂၀၂၆ ၄.၁.၂၀၂၆ | ||
| ၁၂၁ | ကြည်မင်းသိန်း အတတ်ပညာရှင် | ၂၀၂၆ | စာအမှတ်၂/၂၀၂၆ ၄.၁.၂၀၂၆ | ||
| ၁၂၂ | ဝင်းလွင်ထက် အတတ်ပညာရှင် | ၂၀၂၆ | စာအမှတ်၂/၂၀၂၆ ၄.၁.၂၀၂၆ | ||
| ၁၂၃ | ဦးဝင်းကို(အကယ်ဒမီဂီတမှူးဝင်းကို) ဂီတမှူး | ၂၀၂၆ | စာအမှတ်၂/၂၀၂၆ ၄.၁.၂၀၂၆ | ||
| ၁၂၄ | ဦးသိန်းမြတ်စိုး | ၂၀၂၆ | အမိန့်ကြော်ငြာစာအမှတ် (၄၃/၂၀၂၆)[၇]
၂/၃/၂၀၂၆ |
||
| ၁၂၅ | ဦးကေတုဝင်းထွဋ် | ၂၀၂၆ | |||
| ၁၂၆ | ခန့်စည်သူ | ၂၀၂၆ | |||
ဆက်လေ့လာရန်
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်းစာတည်းအဖွဲ့, ed. (၁၉၆၄)။ "ဘွဲ့၊ တံဆိပ်၊ သင်္ဂဟ"။ မြန်မာ့စွယ်စုံကျမ်း။ ၈ (ပထမအကြိမ် ed.)။ စာပေဗိမာန်၊ ရန်ကုန်မြို့။: မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း။ pp. ၃၉၅ - ၄၀၁။
- 1 2 ပွဲဆူခဲ့တဲ့ စစ်ကောင်စီ ရဲ့ ဘွဲ့၊တံဆိပ်အပ်နှင်းပွဲ။
- ↑ အမျိုးသားအောင်ပွဲနေ့တွင် မဟာသရေစည်သူဘွဲ့ တစ်ဦး၊ စည်သူဘွဲ့ ၄၁ ဦး၊ သီရိပျံချီဘွဲ့ ၄၅ ဦးနှင့် ဇေယျကျော်ထင်ဘွဲ့ ၁၉ ဦး ချီးမြှင့်အပ်နှင်း။
- ↑ ကွယ်လွန်ပြီးမှ အလင်္ကာကျော်စွာဘွဲ့ ချီးမြှင့်ခံရတဲ့ ဆိုင်းဆရာကြီးစိန်စတင်း။
- ↑ မတ်လ ၂၇ ရက် တပ်မတော်နေ့တွင် နစက အစိုးရက နယ်ပယ်စုံမှ အနုပညာရှင် ၇၃ ဦးကို အလင်္ကာကျော်စွာဘွဲ့ နှင့် လူမှုထူးချွန်ဆုများ အသီးသီးချီးမြှင့်ခဲ့ပြီး နာမည်ကျော် အနုပညာရှင်များ ပါဝင်။
- ↑ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြေညာစာ ၂/၂၀၂၅။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး (၄ ဇန်နဝါရီ ၂၀၂၅)။ ၂ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း | Ministry Of Information (in en)။ 2026-03-02 တွင် ပြန်စစ်ပြီး။