မာတိကာသို့ ခုန်သွားရန်

ပြည်ထောင်စုစည်သူသင်္ဂဟ

ဝီကီပီးဒီးယား မှ
ပြည်ထောင်စုစည်သူ
သင်္ဂဟဂုဏ်ထူးဆောင်ဘွဲ့
ပြည်ထောင်စုစည်သူသင်္ဂဟဂုဏ်ထူးဆောင်ဘွဲ့များအတွက် အဆောင်အယောင်တံဆိပ် နမူနာပုံ[]
နိုင်ငံတော်သမ္မတ မှ ချီးမြှင့်ခြင်း
အမျိုးအစားသင်္ဂဟဂုဏ်ထူးဆောင်ဘွဲ့
တည်ထောင်ခဲ့၂ စက်တင်ဘာ ၁၉၄၈
နိုင်ငံ မြန်မာ
ဖဲကြိုး(စာတွင်ရှု့)
သတ်မှတ်ချက်နိုင်ငံတော်အတွက် ထူးကဲစွာ အမှုထမ်းသူများ နှင့် အကျိုးဆောင်သူများ
(စွမ်းဆောင်မှု အတိုင်းအတာအရ အဆင့် သတ်မှတ်[])
Classes
Precedence
နောက်ထပ် (ပိုမြင့်သော)သုဓမ္မသင်္ဂဟ

ပြည်ထောင်စုစည်သူသင်္ဂဟ (အင်္ဂလိပ်: Order of the Union of Myanmar, ရောမ: Pyidaungsu Sithu Thingaha) သည် မြန်မာနိုင်ငံမှ ပြည်သူများအားချီးမြှင့်သော အမြင့်ဆုံးဘွဲ့တံဆိပ်တော်များဖြစ်သည်။ ဗြိတိသျှတို့၏ Order of Burma ဘွဲ့ကိုအစားထိုးရန် မြန်မာတို့မှ အသစ်ပြုလုပ်ခဲ့သည်။ []

သင်္ဂဟဂုဏ်ထူးများကို အခြားနိုင်ငံရှိ ဂုဏ်ထူးအဆင့်အတန်းများနှင့် နှိုင်းယှဉ်ထားခြင်းမရှိ။ ပြည်ထောင်စုမြန်မာနိုင်ငံတွင် အကောင်းဆုံး အမြင့်ဆုံးဟုထားသော ဂုဏ်ထူး၊ ဘွဲ့ထူးများမှာ အခြားမည်သည့် နိုင်ငံများတွင်မဆို အကောင်းဆုံး၊ အမြင့်ဆုံးဟုထားသော ဂုဏ်ထူး၊ ဘွဲ့ထူးများနှင့် တန်းတူသည်ဟု ယူဆသည်။ ဘွဲ့ရသူတို့အား ရွှေ ၃ကျပ်သားထက်မနည်း ပါဝင်သော ရွှေတံဆိပ်များ ချီးမြှင့်သည်။ အဆောင်အယောင်တို့ကို ပြဋ္ဌာန်းထားသည်နှင့်အညီ ဝတ်ဆင်ရပေသည်။ နိုင်ငံခြားစိုးရများက ပေးသော ဘွဲ့၊ ဆု၊ တံဆိပ်များအတွက် ဖဲကြိုးများကို ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရကပေးသော ဘွဲ့တံဆိပ်များအတွက် ဖဲကြိုးများနောက် ပြီးဆုံးမှ တပ်ဆင်ရန် ပြဋ္ဌာန်းထားသည်။[][]

ထိုဘွဲ့အဆောင်အယောင်တံဆိပ်များကို တစ်ခုထပ်ပို၍တပ်ဆင်ရာတွင် ဖဲကြိုးအတို၊ အရှည်ညှိကာ တံဆိပ်အဆင့်အတန်းအလိုက် အထက်အအောက်အနေအထားဖြင့် ပသာဒရှိစွာ တပ်ဆင်သည်။


ဘွဲ့များကို ချီးမြှင့်အပ်နှင်းခြင်းခံရသည့် ပုဂ္ဂိုလ်၏အမည်ရှေ့တွင်ဖော်ပြ၍ ခေါ်ဝေါ် အသုံးပြုရသည်။ ရာထူးနှင့်အမည်ကို တွဲခေါ်ရသော ပုဂ္ဂိုလ်များဖြစ်ပါက ဘွဲ့အမည်ကို ရာထူးနှင့်အမည် ကြားတွင် ဖော်ပြ၍ခေါ်ဝေါ်အသုံးပြုရသည်။ ရာထူးနှင့်အမည်တွဲ၍ မခေါ်ရသောပုဂ္ဂိုလ်များဖြစ်ပါက ဘွဲ့အမည်ကို ဦး၊ ကို၊ ဒေါ်၊ မ ရှေ့တွင်ဖော်ပြ၍ ခေါ်ဝေါ်အသုံးပြုရသည်။[]

အဆင့်များ

[ပြင်ဆင်ရန်]
အဂ္ဂမဟာသရေစည်သူ
သတိုးမဟာသရေစည်သူ
မဟာသရေစည်သူ
သရေစည်သူ
စည်သူ

ပြည်ထောင်စုစည်သူသင်္ဂဟတွင် အဆင့် ၅ ဆင့်ရှိသည် -

  1. အဂ္ဂမဟာသရေစည်သူ
  2. သတိုးမဟာသရေစည်သူ
  3. မဟာသရေစည်သူ
  4. သရေစည်သူ
  5. စည်သူ

ဘွဲ့ရရှိသူများ

[ပြင်ဆင်ရန်]


အဂ္ဂမဟာသရေစည်သူ

[ပြင်ဆင်ရန်]
ရရှိသူရရှိသည့်နှစ်မှတ်ချက်
စဝ်ရွှေသိုက်?
သိန်းစိန်၂၀၂၁

သတိုးမဟာသရေစည်သူ

[ပြင်ဆင်ရန်]
ရရှိသူရရှိသည့်နှစ်မှတ်ချက်

မဟာသရေစည်သူ

[ပြင်ဆင်ရန်]
ရရှိသူရရှိသည့်နှစ်မှတ်ချက်
ဦးသန့်၁၉၆၁
ခင်မောင်ဖြူ၁၉၆၁
မောင်ဘို၂၀၁၂
သူရတင်ဦး၂၀၁၂
မင်းအောင်လှိုင်၂၀၁၂
အောင်ကြီး၁၉၆၂

သရေစည်သူ

[ပြင်ဆင်ရန်]
ရရှိသူရရှိသည့်နှစ်မှတ်ချက်
ဗိုလ်မှူးချုပ် စန်းယု
သီဟသူရ သူရ စစ်မောင်၂၀၁၂*သီဟသူရဘွဲ့ ၊ သူရဘွဲ့ နှစ်မျိုးလုံး ရရှိထားပြီးသူဖြစ်သည်။[ကိုးကားချက်လိုသည်]
ကျော်သန်း၂၀၁၂
အောင်ကိုဝင်း ၂၀၂၀
စိုးဝင်း ၂၀၂၁[]
ရရှိသူရရှိသည့်နှစ်မှတ်ချက်
ဗိုလ်ကလေးတင့်အောင်[]၂၀၁၂
တင်တင်မြ၂၀၁၂အဆိုတော်
ခင်မောင်ညွန့်၂၀၁၂
စန်းယဉ်၂၀၁၂
ဒေါက်တာကျော်စိန်၂၀၁၂
ကြည်စိုးထွန်း၂၀၁၂
မြင့်မြင့်ခင်၂၀၁၂
ရွှေနန်းတင်၂၀၁၂
ဦးအောင်ချစ်မင်း၂၀၁၉
ဦးစောဇင်အောင်၂၀၁၉

အခြားကြည့်ရန်

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. 1 2 သန်းထွန်း(မော်လမြိုင်); et al. (မြန်မာ့ရည်ညွှန်းကျမ်းစီစဉ်ရေးအဖွဲ့) (၂၀၁၂)။ စာပေဗိမာန် မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် စာတည်းအဖွဲ့ (ed.)။ တိုင်းကျိုးပြည်ဆောင် ဂုဏ်ထူးဆောင်ဘွဲ့၊ ဂုဏ်ထူးဆောင်တံဆိပ်များမြန်မာ့စွယ်စုံကျမ်း။ မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ်(၂၀၁၂) (ပထမအကြိမ်၊ ၂၀၁၂ ခုနှစ် ed.)။ ဖိုတိုလစ်သို ပုံနှိပ်စက်ရုံ: စာပေဗိမာန်အဖွဲ့။ pp. ၂၈၄-၂၉၀။ 17 January 2023 တွင် မူရင်း အား မော်ကွန်းတင်ပြီး7 July 2022 တွင် ပြန်စစ်ပြီး
  2. 1 2 နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီပြည်ထောင်စုမြန်မာနိုင်ငံတော် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များဆိုင်ရာပြဋ္ဌာန်းချက် ထုတ်ပြန်ခြင်း 26 June 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၇.၀၆.၂၀၂၂ တွင် ပြန်စစ်ပြီး။ “အခန်း(၈)၊ ဂုဏ်ထူးဆောင်တံဆိပ်များဆိုင်ရာ အရည်အချင်းများ”
  3. လွတ်လပ်ရေးခေတ်က လွတ်လပ်ရေးနေ့မှာ ပေးတဲ့ ဘွဲ့တံဆိပ် သင်္ဂဟ
  4. မြန်မာ့စွယ်စုံကျမ်းစာတည်းအဖွဲ့, ed. (၁၉၆၄)။ "ဘွဲ့၊ တံဆိပ်၊ သင်္ဂဟ"မြန်မာ့စွယ်စုံကျမ်း (ပထမအကြိမ် ed.)။ စာပေဗိမာန်ရန်ကုန်မြို့။: မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း။ pp. ၃၉၅-၄၀၁။
  5. (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ ဂုဏ်ထူးဆောင်ဘွဲ့အပ်နှင်းခြင်းအခမ်းအနား ကျင်းပ
  6. အသက် ၁၀၀ နီးပါးရှိပြီဖြစ်သည့် အနုပညာသမားတစ်ဦး၏ ကြိုးပမ်းမှု သို့မဟုတ် မြန်မာ့ရုပ်ရှင်ရာပြည့် ဂုဏ်ပြုသီချင်းရေးဖွဲ့နေသည့် စည်သူ ဒေါက်တာ ဗိုလ်ကလေးတင့်အောင် 29 January 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 January 2022 တွင် ပြန်စစ်ပြီး။

ရင်းမြစ်

[ပြင်ဆင်ရန်]