ဇော်ဇော်၊ ဦး

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ဦးဇော်ဇော် မှာ မြန်မာ့နိုင်ငံ ၏ ထိပ်တန်းစီးပွားရေးသမားတစ်ဦးဖြစ်ပြီး ဇနီးမှာ ဒေါ်သန်းသန်းဦးဖြစ်သည်။အခြားအမည်မှာ ဦးတင်ဆန်း ဖြစ်သည်။ မြန်မာဘောလုံးအဖွဲ့ချုပ်၏ ဥက္ကဋ္ဌ အဖြစ်ထမ်းဆောင်လျှက်ရှိသည်။

စီးပွားရေးလုပ်ဆောင်မှုများ[ပြင်ဆင်ရန်]

ကျွန်တော်က (၁၉၈၉)ခုနှစ်က အသက်(၂ဝ) လောက်ဘဝမှာ နိုင်ငံခြားသွားတာ။ ကျွန်တော်(၉၅) မှာပြန်ရောက်တယ်။ ကျွန်တော် (၉၂)လောက်မှာ နိုင်ငံခြားမှာစီးပွားရေးစလုပ်နေပြီ။ကျွန်တော် ပထမဆုံး စလုပ်တဲ့အလုပ်က ကားတို့၊ စက်ယန္တရားတို့ ရောင်း ဝယ်တဲ့အလုပ်ပါ။ အဲဒီကနေတစ်ဆင့် ကျွန်တော်ကျောက်တူးတဲ့လုပ်ငန်းလုပ်ဖြစ်တယ်။နောက်တော့ ဆောက်လုပ်ရေးလုပ်ငန်းလုပ်ဖြစ်တယ်။ နောက်တော့ Hotel Max (ချောင်းသာ)ဆောက် ဖြစ်တယ်။ မီးခိုးမထွက်တဲ့လုပ်ငန်းဖြစ်တဲ့ ဟိုတယ်လုပ်ငန်းရဲ့ Master Plan ရှိထား ပြီးသားဖြစ်တဲ့အတွက် နေပြည်တော်ကုမုဒြာဟိုတယ်၊ နောက်ရန်ကုန်မှာ Services Department ၊ ငပလီမှာဆောက်ဖို့ အတွက်မြေယူထား ပြီးသားနောက်ပြီးတော့ကျိုက်ထီးရိုး၊ကျွန်တော်ဒီ Network ကိုလုပ်ထားပြီးပါပြီ။ အဲဒီမှာကိုယ့်မှာရှိတဲ့ငွေကြေးနဲ့ကိုယ်ရင်းနှီးမြှုပ်နှံနိုင်တဲ့ အချိန်နဲ့သွားဖို့အစီအစဉ်ရှိတာပေါ့။ ဘိလပ်မြေစက် ရုံကိုလည်း ဆက်ပြီးတော့ တိုးချဲ့ပြီးလုပ်ဦးမှာပါ။ ရန်ကုန်မှာ ပြည်တာဝါဆောက်နေတယ်။ အင်းလေးမှာ မြေဝယ်ပြီးသားတွေရှိပါတယ်။ မြေမဝယ်ရသေးတဲ့ Plan ကတော့ မန္တလေးတို့၊ ပုဂံတို့မှာ ဟိုတယ် ဆောက်ဖို့အစီအစဉ်ရှိပါတယ်။ ကျိုက်ထီးရိုးကတော့ (၂ဝ၁၁)မှာ စဆောက်မှာပါ။

(၂ဝ၁၃)မှာ Sea Game အတွက် နေပြည် တော်မှာ ဘောလုံးကွင်းဆောက်တယ်။ ကျွန်တော် တို့က ဒီဘောလုံးကွင်း Asean Game အထိ လက်ခံ လို့ရတဲ့အဆင့် တည်ဆောက်နေပါတယ်။ နိုင်ငံခြား က တည်ဆောက်တဲ့ကုမ္ပဏီတွေထက် တစ်ဝက် လောက် သက်သာပါတယ်။ နောက်တစ်ခုက မြေ လမ်းဆိုရင် ဂျာမန်က ပိုလီတန်လိုဟာမျိုး၊ သုံးထားတဲ့ ပစ္စည်းတွေက မြက်ဆိုလည်း ဘာမြူဒါလိုဟာမျိုးသုံး တဲ့ပစ္စည်းတွေ တော်တော်များများက ဥရောပနဲ့ အမေရိက Brand တွေသုံးထားတယ်။ Sound System ကို အမေရိကန်ပစ္စည်းတွေသုံးထားတယ်။ ပြီး သွားရင် Asean Game အထိလက်ခံလို့ရတယ်။ Regional Game ကတော့ အေးဆေးလက်ခံလို့ ရပါတယ်။ ကုန်ကျငွေကတော့ နိုင်ငံခြားငွေက(၁၈) သန်းလောက်ပဲသုံးမှာပါ။ ကျန်တာကတော့ ပြည်တွင်း ကဟာနဲ့ကိုယ့်ဟာကိုယ်လုပ်မှာပါ။

ကျွန်တော် တန်(၁၁၅)တန်ကျောက်စိမ်း ဖားကန့်မှာရတယ်။ ရောင်းလည်း မရောင်းရသေးပါဘူး။ ကျောက်ရဲ့ သဘောသဘာဝလေးကို ကျွန်တော် ရှင်းပြချင်ပါတယ်။ ဒီကျောက်က ကမ္ဘာမှာ အခုအကြီးဆုံးပါ။ လုံးခွပ်အနေနဲ့ပေါ့နော်။ အရင်တုန်းက တွေ့တဲ့ ကျောက်တွေ ဘာတွေ ဆိုတာက ကျောက်တန်း အနေနဲ့ တွေ့တာ။ အလုံးအနေနဲ့ကတော့ ဒါဟာ အကြီးဆုံးပဲ။ ကျောက်ဆိုတာ ကြီးတာသေးတာနဲ့လည်း မဆိုင်ပါဘူး။ ဖြတ်ပြီးတော့မှ အထဲမှာ ကောင်းလား မကောင်းဘူးလား ဆိုတာ တန်ဖိုး သတ်မှတ်ရတာပါ။ ကျွန်တော့်အနေနဲ့ ဒီကျောက်ရထားတယ် ဆိုတာလည်း မှန်တယ်။ အကြီးဆုံးဆိုတာလည်း မှန်တယ်။ ကျွန်တော် အနေနဲ့ ဒါနဲ့ပတ်သက်လို့ ဘယ်လောက်တန်တယ်၊ မတန်ဘူးဆိုတဲ့ ခံစားချက် ဘာမှမရှိပါဘူး။ ဒီကျောက်က Image တစ်ခုအနေနဲ့ အကြီးဆုံးဖြစ်တဲ့ အတွက်ကြောင့် ဖြတ်လို့ရတယ်။ တန်တယ် မတန်ဘူးဆိုတာက ကျွန်တော် ကျောက်လုပ်လာတာ (၁၅)နှစ်ရှိပြီ။ ဘယ်ဟာကိုမှ ကြိုမပြောချင်ဘူး။ ကျောက်ဆိုတာ အပြင်က ကြည့်ရုံနဲ့မရပါဘူး။

အခု လမ်းကိုပြုပြင်ပြီးတော့ BOT စနစ်နဲ့ ငွေကောက်ခံတဲ့ လုပ်ငန်း ရန်ကုန်-ပဲခူးပိုင်းကို ကျွန်တော်တို့ Max ကလုပ်ပါတယ်။ (၁၁)သန်းလောက် ကုန်မယ်။ အခု AC တင်နေပြီ။ ထပ်ပိုးလွှာ တင်နေပြီ။ လမ်းအရှည်က (၃၇)မိုင်နဲ့ (၈)ဖာလုံရှိတယ်။ ဒါပြီး သွားရင် ရန်ကုန်-ပဲခူးလမ်းက ကျွန်တော် ထင်တယ်။ ကီလို(၁၂ဝ-၁၃ဝ)လောက် မောင်းလို့ရတော့မယ်။ တခြား Business ကတော့ ရာဘာခြံ လုပ်ငန်းပါ။ ဘီးလင်းရွှေရောင်ပြမှာ ဧက (၃ဝဝဝ)ကျောက်လောက် စိုက်ပြီးသွားပါပြီ။ အဲဒါကလည်း FAO က (၂ဝဝ၆)ခုနှစ်က ရတာ။ အဲဒါလည်း အောင်မြင်မှာပါ။ ကျောက်မီးသွေး တူးဖော်တဲ့လုပ်ငန်း ကလေးဝမှာ လုပ်နေပါတယ်။ လုပ်ငန်းကြီး ကတော့ (၇)ခုရှိပါတယ်။ အနာဂတ်မှာတော့ ဘာလုပ်မယ် ဆိုတာတော့ မသိသေးဘူး။ အဲဒါတွေလုပ်တဲ့အတွက် ဝန်ထမ်း (၅ဝဝဝ)ကျော် အလုပ်ပေးထားနိုင်တယ်။ ကျွန်တော်က ကိုယ့်ဝန်ထမ်းကိုပဲ ဒါရိုက်တာတို့ MD တို့အထိ သူတို့ရဲ့ ဘဝကို ရှင်သန်အောင် လုပ်ပေးထားတယ်။ အခြေခံ ဝန်ထမ်းတွေက လစာ (၆၊၇)သောင်း ရသလို GM တွေကို (၇၊၈)သိန်းအထိ ပေးထားတယ်။ ဒါရိုက်တာတွေကို (၁ဝ)သိန်းလောက် အထိပေးထားတယ်။ နောက် ကားတို့၊ အိမ်တို့ပေးထားတယ်။ အဲဒါကြောင့်မို့လို့ အခု လောလောဆယ်မှာ ကျွန်တော်က MD ဆိုပေမယ့် ဝန်ထမ်းတွေကို လုပ်ငန်းတစ်ခုစီမှာ MD ပေးဖို့လုပ်ထားတယ်။ ကျွန်တော်တို့ကုမ္ပဏီမှာ သာမန် Staff ကနေ MD အထိ ဖြစ်နိုင်တယ်ဆိုတာမျိုးကို တည်ဆောက်ပေးထားတယ်။

အခု ရေကြည်တို့၊ ကျုံပျော်တို့မှာ ကျွန်တော် လယ်သမားတွေကို ပိုက်ဆံ ထုတ်ချေးပေးတယ်။ (၂)ကျပ်ထက် မများတဲ့ အတိုးနှုန်းနဲ့။ သူတို့ဆီက စပါးလည်းပြန်မယူဘူး။ ရောင်းချင်ရောင်း မရောင်းချင်နေ။ သို့သော်လည်း သူတို့တွေ အားလုံး အဆင်ပြေကြတယ်။ ဒါကိုလည်း ကျွန်တော် ဆက်လုပ်ပေးသွားမယ်။ မနှစ်က စလုပ်ပေးတာ။ လယ်သမားတွေလည်း ချစ်ဖို့ကောင်းပါတယ်။ (၁ဝဝ)ရာ ခိုင်နှုန်းအပြည့် ချေးငွေပြန်ရတယ်။ လယ်သမား တွေအားလုံးလည်း အဆင်ပြေကြတယ်။ သူတို့ခေါ်တာတော့ ဆန်စပါး အထူးပြုပေါ့။ သူတို့လည်း အဆင်ပြေကြတဲ့အတွက် ကျွန်တော်တို့ ကုမ္ပဏီကို မျှော်ကြတယ်။ နောက်နှစ်တွေမှာလည်း ဆက်လုပ်သွားမှာပါ။ ပထမ အဆင့်အနေနဲ့ ငွေချေးပေးတာပါ။ နောက်ထပ် အစီအစဉ်တွေလည်း ဆက်လုပ်ပေးသွားမှာပါ။

ကျွန်တော့်အသက်က အခုက (၄၂)နှစ်ပါ။ ကျွန်တော်ပထမဆုံး စလုပ်တာက ကဒတ်နဲ့ PCL ကုမ္ပဏီမှာ သင်္ဘောလိုက်ဖူးတာပါ။ တစ်နေ့ကို နာရီ (၂ဝ)လောက် အလုပ် လုပ်ခဲ့တယ်။ တစ်နေ့ကို အိပ်ချိန် (၂)နာရီနဲ့ (၆)လတိတိ လုပ်ခဲ့ပြီး Business စလုပ်ခဲ့တာ။ မပြည့်စုံတဲ့ ဘဝကို ရုန်းကန်ရတယ် ဆိုရင် ဘဝအကြောင်းကို ပိုသိရင် အောင်မြင်တာ ပိုမြန်ပါတယ်။ သိပ်ပြည့်စုံလို့ ဘာမှမသိရင် နည်းနည်းခက်တယ်။ ကျွန်တော်တို့က အောက်ခြေကနေ ရုန်းခဲ့ရတာဆိုတော့ ကျွန်တော်လည်း နယ်က ဆိုတော့ ရုန်းခဲ့ရတာပါပဲ။ နိုင်ငံခြားသားလည်း အဆင်ပြေတဲ့နေရာအိပ် အလုပ်လုပ် ကြိုးစားခဲ့တာပါ။

ကျွန်တော် တန်(၁၁၅)တန်ကျောက်စိမ်း ဖားကန့်မှာရတယ်။ ရောင်းလည်း မရောင်းရသေးပါဘူး။ ကျောက်ရဲ့ သဘောသဘာဝလေးကို ကျွန်တော် ရှင်းပြချင်ပါတယ်။ ဒီကျောက်က ကမ္ဘာမှာ အခုအကြီးဆုံးပါ။ လုံးခွပ်အနေနဲ့ပေါ့နော်။ အရင်တုန်းက တွေ့တဲ့ ကျောက်တွေ ဘာတွေ ဆိုတာက ကျောက်တန်း အနေနဲ့ တွေ့တာ။ အလုံးအနေနဲ့ကတော့ ဒါဟာ အကြီးဆုံးပဲ။ ကျောက်ဆိုတာ ကြီးတာသေးတာနဲ့လည်း မဆိုင်ပါဘူး။ ဖြတ်ပြီးတော့မှ အထဲမှာ ကောင်းလား မကောင်းဘူးလား ဆိုတာ တန်ဖိုး သတ်မှတ်ရတာပါ။ ကျွန်တော့်အနေနဲ့ ဒီကျောက်ရထားတယ် ဆိုတာလည်း မှန်တယ်။ အကြီးဆုံးဆိုတာလည်း မှန်တယ်။ ကျွန်တော် အနေနဲ့ ဒါနဲ့ပတ်သက်လို့ ဘယ်လောက်တန်တယ်၊ မတန်ဘူးဆိုတဲ့ ခံစားချက် ဘာမှမရှိပါဘူး။ ဒီကျောက်က Image တစ်ခုအနေနဲ့ အကြီးဆုံးဖြစ်တဲ့ အတွက်ကြောင့် ဖြတ်လို့ရတယ်။ တန်တယ် မတန်ဘူးဆိုတာက ကျွန်တော် ကျောက်လုပ်လာတာ (၁၅)နှစ်ရှိပြီ။ ဘယ်ဟာကိုမှ ကြိုမပြောချင်ဘူး။ ကျောက်ဆိုတာ အပြင်က ကြည့်ရုံနဲ့မရပါဘူး။

အခု လမ်းကိုပြုပြင်ပြီးတော့ BOT စနစ်နဲ့ ငွေကောက်ခံတဲ့ လုပ်ငန်း ရန်ကုန်-ပဲခူးပိုင်းကို ကျွန်တော်တို့ Max ကလုပ်ပါတယ်။ (၁၁)သန်းလောက် ကုန်မယ်။ အခု AC တင်နေပြီ။ ထပ်ပိုးလွှာ တင်နေပြီ။ လမ်းအရှည်က (၃၇)မိုင်နဲ့ (၈)ဖာလုံရှိတယ်။ ဒါပြီး သွားရင် ရန်ကုန်-ပဲခူးလမ်းက ကျွန်တော် ထင်တယ်။ ကီလို(၁၂ဝ-၁၃ဝ)လောက် မောင်းလို့ရတော့မယ်။ တခြား Business ကတော့ ရာဘာခြံ လုပ်ငန်းပါ။ ဘီးလင်းရွှေရောင်ပြမှာ ဧက (၃ဝဝဝ)ကျောက်လောက် စိုက်ပြီးသွားပါပြီ။ အဲဒါကလည်း FAO က (၂ဝဝ၆)ခုနှစ်က ရတာ။ အဲဒါလည်း အောင်မြင်မှာပါ။ ကျောက်မီးသွေး တူးဖော်တဲ့လုပ်ငန်း ကလေးဝမှာ လုပ်နေပါတယ်။ လုပ်ငန်းကြီး ကတော့ (၇)ခုရှိပါတယ်။ အနာဂတ်မှာတော့ ဘာလုပ်မယ် ဆိုတာတော့ မသိသေးဘူး။ အဲဒါတွေလုပ်တဲ့အတွက် ဝန်ထမ်း (၅ဝဝဝ)ကျော် အလုပ်ပေးထားနိုင်တယ်။ ကျွန်တော်က ကိုယ့်ဝန်ထမ်းကိုပဲ ဒါရိုက်တာတို့ MD တို့အထိ သူတို့ရဲ့ ဘဝကို ရှင်သန်အောင် လုပ်ပေးထားတယ်။ အခြေခံ ဝန်ထမ်းတွေက လစာ (၆၊၇)သောင်း ရသလို GM တွေကို (၇၊၈)သိန်းအထိ ပေးထားတယ်။ ဒါရိုက်တာတွေကို (၁ဝ)သိန်းလောက် အထိပေးထားတယ်။ နောက် ကားတို့၊ အိမ်တို့ပေးထားတယ်။ အဲဒါကြောင့်မို့လို့ အခု လောလောဆယ်မှာ ကျွန်တော်က MD ဆိုပေမယ့် ဝန်ထမ်းတွေကို လုပ်ငန်းတစ်ခုစီမှာ MD ပေးဖို့လုပ်ထားတယ်။ ကျွန်တော်တို့ကုမ္ပဏီမှာ သာမန် Staff ကနေ MD အထိ ဖြစ်နိုင်တယ်ဆိုတာမျိုးကို တည်ဆောက်ပေးထားတယ်။

အခု ရေကြည်တို့၊ ကျုံပျော်တို့မှာ ကျွန်တော် လယ်သမားတွေကို ပိုက်ဆံ ထုတ်ချေးပေးတယ်။ (၂)ကျပ်ထက် မများတဲ့ အတိုးနှုန်းနဲ့။ သူတို့ဆီက စပါးလည်းပြန်မယူဘူး။ ရောင်းချင်ရောင်း မရောင်းချင်နေ။ သို့သော်လည်း သူတို့တွေ အားလုံး အဆင်ပြေကြတယ်။ ဒါကိုလည်း ကျွန်တော် ဆက်လုပ်ပေးသွားမယ်။ မနှစ်က စလုပ်ပေးတာ။ လယ်သမားတွေလည်း ချစ်ဖို့ကောင်းပါတယ်။ (၁ဝဝ)ရာ ခိုင်နှုန်းအပြည့် ချေးငွေပြန်ရတယ်။ လယ်သမား တွေအားလုံးလည်း အဆင်ပြေကြတယ်။ သူတို့ခေါ်တာတော့ ဆန်စပါး အထူးပြုပေါ့။ သူတို့လည်း အဆင်ပြေကြတဲ့အတွက် ကျွန်တော်တို့ ကုမ္ပဏီကို မျှော်ကြတယ်။ နောက်နှစ်တွေမှာလည်း ဆက်လုပ်သွားမှာပါ။ ပထမ အဆင့်အနေနဲ့ ငွေချေးပေးတာပါ။ နောက်ထပ် အစီအစဉ်တွေလည်း ဆက်လုပ်ပေးသွားမှာပါဟု ဦးဇော်ဇော်က လျှပ်တပြက်ဂျာနယ် တွင် ပြောကြားသွားခဲ့ပါသည်။

၂၀၁၀ရွေးကောက်ပွဲအပေါ်ဦးဇော်ဇော်၏အမြင်[ပြင်ဆင်ရန်]

(၂ဝ၁ဝ)ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မြင်တာကတော့ကောင်းပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ ရှိသင့်လုပ်သင့်တဲ့ဟာမျိုးကို နိုင်ငံတော်က လမ်းကြောင်းချပေးတာပါ။ ကျွန်တော့်အနေနဲ့ကတော့ ကောင်းတယ်လို့ပဲမြင်ပါတယ်။ အမတ်အနေနဲ့ ဝင်ရွေးခံဖို့ကတော့ ကျွန်တော့် အနေနဲ့ လောလောဆယ် ဘာမှစဉ်းစားထားတာမရှိသေးပါဘူး။ မနက်ဖြန်ဆိုတာကို ဘယ်သူမှမသိပါဘူး။ လောလောဆယ် ဘာမှ အစီအစဉ် မရှိပါဘူး။