မဟာသီရိသုဓမ္မ

ဝီကီပီးဒီးယား မှ
မဟာသီရိသုဓမ္မ
သင်္ဂဟဂုဏ်ထူးဆောင်ဘွဲ့
မဟာသီရိသုဓမ္မသင်္ဂဟဘွဲ့၏ လည်ဆွဲဖဲကြိုးဖြင့် အဆောင်အယောင်တံဆိပ် နမူနာ ပုံ
နိုင်ငံတော် သမ္မတ မှ ချီးမြှင့်ခြင်း
အမျိုးအစားသုဓမ္မသင်္ဂဟဂုဏ်ထူးဆောင်ဘွဲ့
တည်ထောင်ခဲ့၁၉၄၈ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်
နိုင်ငံ မြန်မာ
ဖဲကြိုး(သုဓမ္မသင်္ဂဟ အဆောင်အယောင် ဖဲကြိုးများသည် တစ်ပုံစံတည်းဖြစ်ပြီး၊ ဖဲကြိုးတို(ဆားဗစ်တန်း)တပ်ဆင်ရန် သတ်မှတ်ထားခြင်းမရှိပါ။[၁])
သတ်မှတ်ချက်နိုင်ငံတော်အတွက် ထူးကဲစွာ အမှုထမ်းသူများ နှင့် အကျိုးဆောင်သူများ
Precedence
နောက်ထပ် (ပိုမြင့်သော)သတိုးသီရိသုဓမ္မ
နောက်ထပ် (ပိုနိမ့်သော)ပြည်ထောင်စုစည်သူသင်္ဂဟဂုဏ်ထူး​ဆောင်ဘွဲ့များ

(ရှေ့ဖက်) နှင့် (ကျောဖက်)
မဟာသီရိသုဓမ္မ၏ အဆောင်အယောင်တံဆိပ်ပုံ
(သုဓမ္မသင်္ဂဟများ၏ အဆောင်အယောင်တံဆိပ် ရှေ့ဖက်ပုံစံများသည် တူညီကြသည်။[၁])


မဟာသီရိသုဓမ္မဘွဲ့ သည် (၁၉၄၈) လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် လူပုဂ္ဂိုလ်များကို စစ်ဘက်၊ နယ်ဘက် နယ်ပယ်၌ အကျိုးဆောင်ခဲ့သည့်အတွက် ဂုဏ်ပြုရန်သတ်မှတ်တီထွင်ပေးအပ်ခဲ့သည့် ဘွဲ့တံဆိပ်တစ်မျိုးဖြစ်သည်။ နိုင်ငံတော်အတွက် ထူးကဲစွာဆောင်ရွက်သူများ၊ အကျိုးဆောင်သူများအားချီးမြှင့်အပ်နှင်းရန်အတွက်ဖြစ်သည်။[၁](သာသနာ့နုဂ္ဂဟဘွဲ့များနှင့် မရောထွေးပါနှင့်) ယခင်ကာလများ၌ ဤဘွဲ့ကို သမ္မတ၊ တရားသူကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌ၊ စစ်ဗိုလ်ချုပ်၊ ဝန်ကြီးများကို ပေးအပ်ခဲ့သည်။ မဟာသီရိသုဓမ္မ၊ သတိုးသီရိသုဓမ္မ၊ အဂ္ဂမဟာသီရိသုဓမ္မ ဘွဲ့များအဖြစ် ပေးအပ်ခဲ့သည်။[၂] အမျိုးသမီးများထဲက သုဓမ္မသင်္ဂဟကို ရှားရှားပါးပါးရသူမှာ မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်ဖြစ်ပြီး (၁၉၅၁) တွင်ရရှိခြင်းဖြစ်သည်။

မဟာသီရိသုဓမ္မဘွဲ့ရရှိခဲ့သော မြန်မာနိုင်ငံသားများ :

  1. ဦးထွန်းဖြူ (တိုင်းပြည်ပြုလွှတ်တော်ခေတ်၏ ပထမဆုံးသော မြန်မာနိုင်ငံတော် တရားဝန်ကြီးချုပ်၊ အာဇာနည်ခေါင်းဆောင်များကို ဂဠုန်ဦးစောနှင့် အပေါင်းအပါများက လုပ်ကြံသည့် နိုင်ငံတော်လုပ်ကြံမှုကြီးကို အစိုးရရှေ့နေအဖြစ် ဆောင်ရွက်ခဲ့သူ)
  2. ဒေါ်ခင်ကြည်
  3. ဗိုလ်ချုပ်နေဝင်း (နောင်တွင် အဂ္ဂမဟာသီရိသုဓမ္မဘွဲ့ပါ ထပ်မံရရှိ)
  4. တပ်မင်းကြီး ဗိုလ်လက်ျာ
  5. ဗိုလ်မှူးချုပ် စောကြာဒိုး
  6. သမ္မတ ဦးဘဦး (အဂ္ဂမဟာသီရိသုဓမ္မ)[၂]

ကိုးကား[ပြင်ဆင်ရန်]