မာတိကာသို့ ခုန်သွားရန်

ပြည်ပရန်နှိမ်တံဆိပ်

ဝီကီပီးဒီးယား မှ
ပြည်ပရန်နှိမ်တံဆိပ်
ပြည်ပရန်နှိမ်တံဆိပ်ပုံ
နိုင်ငံတော်သမ္မတ မှ ချီးမြှင့်ခြင်း
အမျိုးအစားမြန်မာ့တပ်မတော်ဆိုင်ရာ စွမ်းဆောင်မှု ဂုဏ်ထူးဆောင်တံဆိပ်[]
နိုင်ငံ မြန်မာ
အရည်အချင်းပြည့်မီစာတွင်ရှု့
Precedence
နောက်ထပ် (ပိုမြင့်သော)နိုင်ငံတော်စစ်မှုထမ်းတံဆိပ်[]
နောက်ထပ် (ပိုနိမ့်သော)ပြည်သူ့စစ်တိုက်ပွဲဝင်တံဆိပ်[]

ဆားဗစ်တန်းပုံ[]

တပ်မ​တော်ဆိုင်ရာ စွမ်းရည်သတ္တိနှင့် စွမ်း​ဆောင်မှုဆိုင်ရာ ဂုဏ်ထူး​ဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းရာတွင် ပြည်ပရန်နှိမ်တံဆိပ် သည် စွမ်း​ဆောင်မှုဆိုင်ရာ ဂုဏ်ထူး​ဆောင်တံဆိပ်တွင်ပါဝင်သည်။[] လွတ်လပ်​ရေးရပြီး​နောက်ပိုင်း ပြည်​ထောင်စုသမ္မတမြန်မာနိုင်ငံ​တော်အတွင်း ပြည်ပနိုင်ငံများ၏ ကျူး​ကျော်ဝင်​ရောက်မှု​များအား သက်စွန့်ကြိုးပမ်းကာ ပြန်လည်တိုက်ထုတ်ခဲ့ရသည့် စစ်ဆင်​ရေးများတွင်ပါဝင်သူများကို ချီးမြှင့်ခြင်းဖြစ်သည်။

အရည်အချင်းများ

[ပြင်ဆင်ရန်]

အောက်ဖော်ပြပါ စစ်ဆင်ရေးများတွင်သက်စွန့်ကြိုးပမ်း ပါဝင်တိုက်ခိုက် တာဝန်ထမ်းဆောင်ခဲ့လျက် ယင်းစစ်ဆင်ရေးများအနက် စစ်ဆင်ရေးတစ်ရပ်ရပ်တွင်လည်းကောင်း၊ စစ်ဆင်ရေးတစ်ရပ်ထက်ပိုသော စစ်ဆင်ရေးများတွင်လည်းကောင်း ပါဝင်ခဲ့ကြသူများကို ချီးမြှင့်သည်။စုစုပေါင်း တိုက်ပွဲဝင်ရက် ၁၅ ရက်ရှိရမည်ဟုလည်း သတ်မှတ်ထားသည်။[]

  1. ၁၉၅၃ ခုနှစ်၊ မတ်လမှ ၁၉၅၃ ခုနှစ်၊ ဧပြီလအတွင်းမိုင်းပန်နယ်မြေဒေသ၌ ပြုလုပ်ခဲ့သည့် နဂါးနိုင်စစ်ဆင်ရေး၊
  2. ၁၉၅၃ ခုနှစ်၊ ဇွန်လမှ ၁၉၅၃ ခုနှစ်၊ စက်တင်ဘာလ အတွင်းမိုင်းဆတ်နယ်မြေဒေသ၌ ပြုလုပ်ခဲ့သည့် ဗန္ဓုလစစ်ဆင်ရေး၊
  3. ၁၉၅၃ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ပြုလုပ်ခဲ့သောမော်ချီးနယ်မြေဒေသ၌ ပြုလုပ်ခဲ့သည့် ချယ်ရီ စစ်ဆေးရေး၊
  4. ၁၉၅၄ ခုနှစ်၊ ဇန်နဝါရီလမှ စတင်ပြုလုပ်ခဲ့သောဝမ်စလောင်းနှင့် ဂဒူးကြီးနယ်မြေဒေသ၌ ပြုလုပ်ခဲ့သည့် ယုဇနစစ်ဆင်ရေး၊
  5. ၁၉၅၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ၁၉၅၄ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့ ကာလအတွင်း မိုင်းတုံ၊ မိုင်းပုနယ်မြေဒေသ၌ ပြုလုပ်ခဲ့သည့် ဘုရင့်နောင်စစ်ဆင်ရေး၊
  6. ၁၉၅၄ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့မှ စတင်ပြုလုပ်ခဲ့သော သင်္ကန်းညီနောင်၊ မြဝတီလမ်းခွဲနှင့် ထိုင်း-မြန်မာ နယ်စပ်ဒေသတစ်ဝိုက်၌ ပြုလုပ်ခဲ့သည့်ဆင်ဖြူရှင်စစ်ဆင်ရေး၊
  7. ၁၉၅၅ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့မှ ၁၉၅၅ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့ ကာလအတွင်း လွယ်လန်းနယ်မြေဒေသ၌ ပြုလုပ်ခဲ့သည့် ရန်ကြီးအောင်စစ်ဆင်ရေး၊
  8. ၁၉၆၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့မှ ၁၉၆၁ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့ကာလအတွင်း ကျိုင်းတုံခရိုင်၊ ကျိုင်းလပ်နယ်မြေဒေသ၌ ပြုလုပ်ခဲ့သည့်မဲခေါင်စစ်ဆင်ရေး၊
  9. အထက်ပါ စစ်ဆင်ရေးများအပြင် ၁၉၅၀ ပြည့်နှစ်၊ ဇွန်လ ၁၇ ရက်နေ့မှစ၍ နိုင်ငံ တစ်ဝန်းလုံးတွင် ပြုလုပ်ခဲ့သည့် ပြည်ပရန်နှိမ် စစ်ဆင်ရေးများ၊
  10. စစ်ဆင်ရေးကာလအတွင်း တပ်မတော်တွင် စစ်မှုထမ်းဆောင်လျက်ရှိခြင်း။

ချီးမြှင့်ခြင်းခံရသူများ

[ပြင်ဆင်ရန်]

နောက်ထပ်ကြည့်ရန်

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ပြည်ထောင်စုမြန်မာနိုင်ငံတော်နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (၁၇.၁၂.၂၀၀၉)။ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များဆိုင်ရာပြဋ္ဌာန်းချက် (pdf) (in မြန်မာဘာသာ)။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနဝဘ်ဆိုက်။ 4 February 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၀၄.၀၂.၂၀၂၃ တွင် ပြန်စစ်ပြီး။ “အခန်း(၆)။ ချီးမြှင့်အပ်နှင်းရန် သတ်မှတ်သည့် ဂုဏ်ထူးဆောင်တံဆိပ်များနှင့် အဆင့်များ
  2. ပြည်ထောင်စုမြန်မာနိုင်ငံတော်နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (၁၇.၁၂.၂၀၀၉)။ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များဆိုင်ရာပြဋ္ဌာန်းချက် (pdf) (in မြန်မာဘာသာ)။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနဝဘ်ဆိုက်။ 4 February 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၀၄.၀၂.၂၀၂၃ တွင် ပြန်စစ်ပြီး။ “နောက်ဆက်တွဲ (င)။ တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိ နှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များ၏ ပုံသဏ္ဌာန်၊ အရွယ်အစား၊ အတိုင်းအထွာ၊ ဖဲကြိုးအရောင်အသွေးနှင့် တံဆိပ်ပါ အမှတ်အသားများနှင့်ပတ်သက်၍အဓိပ္ပာယ်ဖော်ဆောင်ချက်များ
  3. ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များဆိုင်ရာပြဋ္ဌာန်းချက် ထုတ်ပြန်ခြင်း၊အမိန့်ကြော်ငြာစာအမှတ်၊ ၄၈/ ၂၀၀၉။ မြန်မာဥပဒေသတင်းအချက်အလက်စနစ် (၁၇ ဒီဇင်ဘာ ၂၀၀၉)။ ၂၉ ဇွန် ၂၀၂၄ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]