တပ်မတော်စိန်ရတုနှစ်တံဆိပ်
တပ်မတော်စိန်ရတုနှစ်တံဆိပ် | |
---|---|
စိန်ရတုနှစ်တံဆိပ်ပုံ[၁] | |
နိုင်ငံတော်သမ္မတ မှ ချီးမြှင့်ခြင်း | |
အမျိုးအစား | စစ်ဘက်ဆိုင်ရာ ဂုဏ်ပြုတံဆိပ် |
တည်ထောင်ခဲ့ | ၅ မတ် ၂၀၂၀ |
နိုင်ငံ | မြန်မာ |
အရည်အချင်းပြည့်မီ | စာတွင်ရှု့ |
အချက်အလက်များ | |
ရရှိသူ စုစုပေါင်း | ၄၃၄၁၆[၂] |
တာဝန်ချိန်တပ်ဆင်ရသော ဖဲကြိုးဘားတန်းပုံ[၁] |
စိန်ရတုနှစ်တံဆိပ် သည် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၇ ရက်နေ့တွင်ကျရောက်သော (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် တပ်မတော်တွင် စစ်မှုထမ်းသက်(၂၅)နှစ်နှင့်အထက် ထမ်းဆောင်ခဲ့သော စစ်မှုထမ်းများအား ချီးမြှင့်သည့် တံဆိပ် ဖြစ်သည်။ “နိုင်ငံတော်သမ္မတရုံး၏ ၂၀၂၀ ပြည့်နှစ် မတ်လ ၅ ရက်နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၄၂/၂၀၂၀” ဖြင့် ထုတ်ပြန်ခဲ့သည့် “တပ်မတော်စိန်ရတုနှစ်တံဆိပ် ချီးမြှင့်အပ်နှင်းခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်”ပါ အရည်အချင်းသတ်မှတ်ချက်များနှင့်ကိုက်ညီသူ အရာရှိ (၁၂၄၉)ဦး၊ စစ်သည် (၄၂၁၆၇)ဦး၊ စုစုပေါင်း (၄၃၄၁၆) ဦးအား တပ်မတော်စိန်ရတုနှစ်တံဆိပ်ကို ချီးမြှင့်ခဲ့သည်။[၁][၂]
ပြည့်စုံရမည့် အရည်အချင်းများ
[ပြင်ဆင်ရန်]အောက်ပါအရည်အချင်းများနှင့် ပြည့်စုံသူ တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်မှုထမ်းများကို ချီးမြှင့်ခြင်းဖြစ်သည်[၁] -
- ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ပြစ်မှုကင်းရှင်းစွာဖြင့် တာဝန်ထမ်းဆောင်လျက်ရှိသော စစ်မှုထမ်းဆဲများဖြစ်ခြင်း။
- ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၇ ရက်နေ့တွင် စစ်မှုထမ်းသက် (၂၅) နှစ်အပြည့်ရှိခြင်း။
- တာဝန်ထမ်းဆောင်ခဲ့သည့်ကာလအတွင်း နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိ၍ တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့သူဖြစ်ခြင်း။
- အမှုထမ်းခဲ့သည့် ကာလအတွင်း ပြစ်မှုကင်းရှင်းသူများဖြစ်ခြင်း။
တံဆိပ်ပါအမှတ်အသားများ၏ အဓိပ္ပါယ်ဖော်ဆောင်ချက်များ
[ပြင်ဆင်ရန်]တံဆိပ်ပါ အမှတ်အသား တစ်ခုချင်းစီအတွက် အဓိပ္ပါယ်ဖော်ဆောင်ချက်များမှာ[၁] -
- အနား ၅ ဘက်ညီ ပဉ္စဂံပုံသည် တပ်မတော်၏ အခြေခံအရည်အချင်း ၅ ပါးကို ရည်ညွှန်းခြင်းဖြစ်သည်။
- သပြေခက်သည် အောင်မြင်ခြင်းအထိမ်းအမှတ်ကို ဖော်ညွှန်းခြင်းဖြစ်သည်။
- ကြယ်ငယ် ၇၅ လုံးသည် (၇၅) နှစ်မြောက် တပ်မတော်နေ့၊ စိန်ရတုနှစ်ကို ဖော်ညွှန်းခြင်းဖြစ်သည်။
ငွေကြေးချီးမြှင့်ခြင်း
[ပြင်ဆင်ရန်]တပ်မတော်စိန်ရတုနှစ်တံဆိပ် ချီးမြှင့်အပ်နှင်းခြင်းခံရသည့် စစ်မှုထမ်းများသည် တစ်လုံးတစ်ခဲတည်း ချီးမြှင့်ငွေ ကျပ် ၂၅၀၀၀၀/- (ကျပ်နှစ်သိန်းငါးသောင်းတိတိ) ကိုပါ ရရှိသည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး (၀၅-၀၃-၂၀၂၀)။ အမိန့်ကြော်ငြာစာအမှတ်၊ ၄၂/ ၂၀၂၀ ။ တပ်မတော်စိန်ရတုနှစ်တံဆိပ် ချီးမြှင့်အပ်နှင်းခြင်းဆိုင်ရာ ပြဋ္ဌာန်းချက် (in မြန်မာဘာသာ)။ မြန်မာ့ဥပဒေသတင်းအချက်အလက်စနစ်။ 6 February 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 07-02-2023 တွင် ပြန်စစ်ပြီး။
- ↑ ၂.၀ ၂.၁ (၇၅)နှစ်မြောက်စိန်ရတုတပ်မတော်နေ့အား ဂုဏ်ပြုသော အားဖြင့် တပ်မတော်စိန်ရတုနှစ်တံဆိပ် ချီးမြှင့် အပ်နှင်း။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး (၂၇ မတ် ၂၀၂၀)။ ၁၉ ဧပြီ ၂၀၂၀ တွင် ပြန်စစ်ပြီး။