အဂ္ဂမဟာသီရိသုဓမ္မ

ဝီကီပီးဒီးယား မှ
အဂ္ဂမဟာသီရိသုဓမ္မ
သင်္ဂဟဂုဏ်ထူးဆောင်ဘွဲ့
အဂ္ဂမဟာသီရိသုဓမ္မသင်္ဂဟ၏ လည်ဆွဲဖဲကြိုးဖြင့် အဆောင်အယောင်တံဆိပ် နမူနာပုံ
နိုင်ငံတော် သမ္မတ မှ ချီးမြှင့်ခြင်း
အမျိုးအစားသုဓမ္မသင်္ဂဟဂုဏ်ထူးဆောင်ဘွဲ့
တည်ထောင်ခဲ့၁၉၄၈ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်
နိုင်ငံ မြန်မာ
ဖဲကြိုး(သုဓမ္မသင်္ဂဟ အဆောင်အယောင် ဖဲကြိုးများသည် တစ်ပုံစံတည်းဖြစ်ပြီး၊ ဖဲကြိုးတို(ဆားဗစ်တန်း)တပ်ဆင်ရန် သတ်မှတ်ထားခြင်းမရှိပါ။[၁])
သတ်မှတ်ချက်ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် သမ္မတများအားလုံးနှင့် အခြားသော နိုင်ငံတော်အကျိုး ထူးချွန်​​ပြောင်မြောက်စွာ စွမ်းဆောင်ခဲ့သူများ
Precedence
နောက်ထပ် (ပိုမြင့်သော)မရှိပါ။
နောက်ထပ် (ပိုနိမ့်သော)သတိုးသီရိသုဓမ္မ

(ရှေ့ဖက်) နှင့် (ကျောဖက်)
အဂ္ဂမဟာသီရိသုဓမ္မ အဆောင်အယောင်တံဆိပ်ပုံ
(သုဓမ္မသင်္ဂဟများ၏ အဆောင်အယောင်တံဆိပ် ရှေ့ဖက်ပုံစံများသည် တူညီကြသည်။[၁])

အဂ္ဂမဟာသီရိသုဓမ္မဘွဲ့သည် နိုင်ငံတော်သမ္မတ အဖြစ် ရွေးရွေးချယ်တင်မြှောက်ခြင်းခံရသူများ အလိုအလျောက်ရရှိသော သုဓမ္မသင်္ဂဟဂုဏ်ထူးဆောင်ဘွဲ့ ပထမတန်းစားဖြစ်သည်။ ဤသင်္ဂဟဂုဏ်ထူးဆောင်ဘွဲ့အတွက် ချီးမြှင့်မှုများမှာ ၁၄ ပဲရည် ရွှေ(၁၀)ကျပ်သား အလေးချိန်ရှိသော သုဓမ္မသင်္ဂဟဘွဲ့ အဆောင်အယောင် တံဆိပ်၊ လည်ဆွဲဖဲကြိုးနှင့် ဆင်မြန်းရန်အတွက် ၁၄ပဲ ရည်ရွှေ ရွှေရည် ၃၅ ကျပ်သား အလေးချိန်ရှိသော ရွှေစလွယ် အ​ဆောင်အယောင် တို့ဖြစ်သည်။ ဤဘွဲ့တံဆိပ်အား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ သမ္မတများ အားလုံးနှင့် အခြားသော နိုင်ငံတော်၏ အကျိုးထူးချွန်​​ပြောင်မြောက်စွာ စွမ်းဆောင်ခဲ့သူများကို ပေးအပ်ချီးမြှင့်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီပြည်ထောင်စုမြန်မာနိုင်ငံတော်ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များဆိုင်ရာပြဋ္ဌာန်းချက် ထုတ်ပြန်ခြင်း။ 26 June 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၇.၀၆.၂၀၂၂ တွင် ပြန်စစ်ပြီး။ “အခန်း(၈)၊ ဂုဏ်ထူးဆောင်တံဆိပ်များဆိုင်ရာ အရည်အချင်းများ”