မာတိကာသို့ ခုန်သွားရန်

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့

ဝီကီပီးဒီးယား မှ
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အစည်း
Yangon Region Government
ရန်ကုန်တိုင်းဒေသကြီး အလံ
တိုင်း​ဒေသကြီးအစိုးရအဖွဲ့ အကျဉ်းချုပ်
ဖွဲ့စည်းခြင်း၃၀ မတ် ၂၀၁၁ (၂၀၁၁-၀၃-၃၀)
ယခင်အဖွဲ့အစည်းရန်ကုန်တိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ
ဌာနချုပ်ရန်ကုန်မြို့ရန်ကုန်တိုင်းဒေသကြီး
ဌာနအကြီးအမှူးများဦးစိုးသိန်းဝန်ကြီးချုပ်
မိခင်ဌာနပြည်ထောင်စုအစိုးရအဖွဲ့
ဝက်ဘ်ဆိုက်yangon.gov.mm

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သည် မြန်မာနိုင်ငံရန်ကုန်တိုင်းဒေသကြီး၏ အုပ်ချုပ်ရေးအဖွဲ့အစည်း ဖြစ်သည်။

လက်ရှိ တိုင်းဒေသကြီးဝန်ကြီးချုပ်မှာ ဦးအောင်နိုင်သူ ဖြစ်သည်။

ဖွဲ့စည်းပုံ

[ပြင်ဆင်ရန်]

၂၀၀၈ ခုနှစ် မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များကို ဖွဲ့စည်းထားရှိပြီး ဒေသန္တရအုပ်ချုပ်ရေးတာဝန်များကို ထမ်းဆောင်သည်။ ၎င်းတို့၏ ဖွဲ့စည်းပုံ၊ အုပ်ချုပ်မှုအခွင့်အာဏာ၊ ဘဏ္ဍာရေးဆိုင်ရာ လုပ်ပိုင်ခွင့်များနှင့် တာဝန်ဝတ္တရားများကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည်။

ဖွဲ့စည်းပုံနှင့် ခေါင်းဆောင်မှု

[ပြင်ဆင်ရန်]

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၏ အုပ်ချုပ်ရေးအကြီးအမှူးကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်ဟု ခေါ်ဝေါ်သည်။ အစိုးရအဖွဲ့ဝင်များကိုမူ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများဟု သတ်မှတ်သည်။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းသည်-

  1. တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်
  2. တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများ
  3. တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်

နိုင်ငံတော်သမ္မတသည် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ သဘောတူညီချက်ဖြင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးဌာနများနှင့် ဝန်ကြီးဦးရေကို လိုအပ်သလို သတ်မှတ်ခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း သို့မဟုတ် တိုးခြင်း၊ လျှော့ခြင်းတို့ကို ပြုလုပ်နိုင်သည်။

အုပ်ချုပ်မှုအခွင့်အာဏာနှင့် တာဝန်များ

[ပြင်ဆင်ရန်]

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ၏ အုပ်ချုပ်မှုအာဏာသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်ဘဲ သက်ဆိုင်ရာလွှတ်တော်က ဥပဒေပြုနိုင်သော ကိစ္စရပ်များနှင့် ပြည်ထောင်စုဥပဒေတစ်ရပ်ရပ်အရ ဆောင်ရွက်ခွင့်ပြုသည့် ကိစ္စရပ်များသို့ သက်ရောက်သည်။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရများသည် အောက်ပါတာဝန်များကို ထမ်းဆောင်ရမည်-

  • နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် ပြည်ထောင်စုအစိုးရကို ကူညီရန် တာဝန်ရှိသည်။
  • ပြည်ထောင်စုအစိုးရက ချမှတ်ထားသည့် မူဝါဒများနှင့် ပြည်ထောင်စုဥပဒေများနှင့် မဆန့်ကျင်ဘဲ ဒေသအတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းများနှင့်စပ်လျဉ်းသည့် စီမံကိန်းများကို သက်ဆိုင်ရာလွှတ်တော်၏ သဘောတူညီချက်ဖြင့် ဆောင်ရွက်ရမည်။
  • ပြည်ထောင်စု၏ နှစ်စဉ်အရအသုံးခန့်မှန်းခြေငွေစာရင်းအပေါ် အခြေပြုလျက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းကို ပြဋ္ဌာန်းပေးနိုင်ရန် သက်ဆိုင်ရာလွှတ်တော်သို့ တင်သွင်းရမည်။ အကယ်၍ ဘဏ္ဍာရေးနှစ် မကုန်ဆုံးမီ ဥပဒေကြမ်းကို ပြဋ္ဌာန်းခြင်းမပြုနိုင်လျှင် နောက်ဆုံးပြဋ္ဌာန်းထားသည့် ဥပဒေပါ သာမန်အသုံးစရိတ် ခွင့်ပြုချက်ဘောင်အတွင်း သုံးစွဲခွင့်ရှိသည်။
  • ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဇယား ၂ ပါ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေပြုစာရင်းပါ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ လိုအပ်သည့် ဥပဒေကြမ်းကို သက်ဆိုင်ရာလွှတ်တော်သို့ တင်သွင်းနိုင်သည်။
  • တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးဌာနများနှင့် ၎င်းတို့၏ လက်အောက်အစိုးရဌာနများ၊ အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုများကို စီမံခန့်ခွဲခြင်း၊ လမ်းညွှန်ခြင်း၊ ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်း ပြုရမည်။
  • မိမိတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော နယ်ဘက်ဝန်ထမ်းအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုများကို ဥပဒေနှင့်အညီ ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်း၊ ပေါင်းစပ်ညှိနှိုင်းပေးခြင်း ပြုနိုင်သည်။
  • နိုင်ငံ့ဝန်ထမ်းဆိုင်ရာ ပြည်ထောင်စုဥပဒေနှင့်အညီ၊ ပြည်ထောင်စုအစိုးရနှင့် ကြိုတင်ညှိနှိုင်း၍ မိမိတာဝန်ယူ အကောင်အထည်ဖော်ရသည့် လုပ်ငန်းများကို ဆောင်ရွက်ရန် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဆိုင်ရာ နယ်ဘက်ဝန်ထမ်းအဖွဲ့အစည်းများကို ဖွဲ့စည်းနိုင်ပြီး လိုအပ်သော နယ်ဘက်ဝန်ထမ်းများကို ခန့်အပ်နိုင်သည်။
  • သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က ချမှတ်သည့် အုပ်ချုပ်ရေးဆိုင်ရာဆုံးဖြတ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ပြီး၊ မိမိ၏အရေးယူဆောင်ရွက်ချက်များကို လွှတ်တော်သို့ ပြန်လည်အစီရင်ခံရမည်။
  • မိမိနယ်မြေဒေသ၏ အခြေအနေအရပ်ရပ်နှင့်စပ်လျဉ်းသည့် အစီရင်ခံစာကို ပြည်ထောင်စုအစိုးရနှင့် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ တင်ပြရမည်။
  • ပြည်ထောင်စုအစိုးရက အခါအားလျော်စွာ ပေးအပ်လာသည့် လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရမည်။

အခွန်အခ ကောက်ခံခွင့်နှင့် ဘဏ္ဍာရန်ပုံငွေ သုံးစွဲခွင့်

[ပြင်ဆင်ရန်]

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များသည် ဇယား ၅ ပါ အခွန်အခများကို ဥပဒေနှင့်အညီ ကောက်ခံ၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်းရမည်။ ၎င်းဘဏ္ဍာရန်ပုံငွေများကို ဥပဒေနှင့်အညီ သုံးစွဲခွင့်ရှိသည်။

အစိုးရအဖွဲ့ရုံး

[ပြင်ဆင်ရန်]

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အကြီးအမှူးသည် ရာထူးအလျောက် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၏ အတွင်းရေးမှူးဖြစ်သည်။ ထို့အပြင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ရုံးလည်း ဖြစ်သည်။

အကြီးအကဲများ

[ပြင်ဆင်ရန်]
စဉ် ပုံ အမည် တာဝန်သက်တမ်း ပါတီ
စတင်ရက် ပြီးဆုံးရက် ရက်ပေါင်း
ဦးမြင့်ဆွေ ၃၀ မတ် ၂၀၁၁ ၃၀ မတ် ၂၀၁၆  နှစ်၊  ရက် USDP
ဦးဖြိုးမင်းသိန်း ၃၀ မတ် ၂၀၁၆ ၃၁ ဇန်နဝါရီ ၂၀၂၁  နှစ်၊ ၃၀၇ ရက် NLD
ဦးလှစိုး ၁ ဩဂုတ် ၂၀၂၁ ၁ ဖေဖော်ဝါရီ ၂၀၂၂ ၁၈၄ ရက် တစ်သီးပုဂ္ဂလ
ဦးစိုးသိန်း ၁ ဖေဖော်ဝါရီ ၂၀၂၂ ၆ ဧပြီ ၂၀၂၆  နှစ်၊ ၆၄ ရက် တစ်သီးပုဂ္ဂလ
ဦးအောင်နိုင်သူ ၁၀ ဧပြီ ၂၀၂၆ လက်ရှိ ၁၄၆ ရက် USDP

မှတ်ချက်: ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်မှ ၁ ဩဂုတ် ၂၀၂၁ အထိ တိုင်းဒေသကြီးအစိုးရအဖွဲ့ အကြီးအကဲတာဝန်ကို တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အစားထိုးတာဝန်ယူခဲ့သည်။

တိုင်း​ဒေသကြီးအစိုးရအဖွဲ့ရုံးနှင့်လွှတ်​တော်


ဦးအောင်နိုင်သူအစိုးရအဖွဲ့ (၂၀၂၆-လက်ရှိ)

[ပြင်ဆင်ရန်]

၂၀၂၆ ဧပြီလ ၁၀ ရက်နေ့တွင် အသစ်တက်လာသော ပြည်ထောင်စုအစိုးရအဖွဲ့က နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် ၁၁/၂၀၂၆ ဖြင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်များ ခန့်အပ်တာဝန်ပေးခြင်း၊ []အမိန့်အမှတ် ၂၂/၂၀၂၆ ဖြင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း၊ []အမိန့်အမှတ် ၂၃/၂၀၂၆ ဖြင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်များ ခန့်အပ်တာဝန်ပေးခြင်း၊ []အမိန့်အမှတ် ၂၄/၂၀၂၆ ဖြင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ်များ ခန့်အပ်တာဝန်ပေးခြင်း၊[] အမိန့်အမှတ် ၂၆/၂၀၂၆ ဖြင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်းများ ပြုလုပ်ခဲ့သည်။ []

စဉ် အမည် ဝန်ကြီးဌာန တာဝန်ထမ်းဆောင်ခြင်း
စတင်ရက် ပြီးဆုံးရက် ရက်ပေါင်း
၁။ ဦးအောင်နိုင်သူ ဝန်ကြီးချုပ် ၁၀ ဧပြီ ၂၀၂၆ ယနေ့အထိ ၁၄၆ ရက်
၂။ ဗိုလ်မှူးကြီး ဝင်းတင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန
၃။ ဒေါက်တာမေသန်းနွယ် စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန
၄။ ဦးဗိုလ်ဌေး လူမှုရေးဝန်ကြီးဌာန
၅။ ဦးနေလင်ထွန်း ပြန်ကြားရေး၊ ကယ်ဆယ်ရေးနှင့် သာသနာရေးဝန်ကြီး
၆။ ဒေါက်တာမျိုးသော် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန
၇။ ဦးစိုးဦး သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန
၈။ ဦးမျိုးမြင့်အောင် စည်ပင်သာယာရေးဝန်ကြီးဌာန
၉။ စောဂျက်ကော့ထူး ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန
၁၀။ ဦးနေမင်းထွန်း ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန
၁၁။ ဒေါ်ဖြူမာဝေ တိုင်းဒေသကြီးဥပဒေချုပ်
၁၂။ ဒေါ်ခင်မာချို တိုင်းဒေသကြီးစာရင်းစစ်ချုပ်
၁၃။ ဦးနေဝင်းအောင် တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး အရာထပ်ရာထူးအလျောက်
အစိုးရအဖွဲ့ရုံး


ဦးစိုးသိန်းအစိုးရအဖွဲ့ (ဖေဖော်ဝါရီ ၂၀၂၂-၂၀၂၆)

[ပြင်ဆင်ရန်]

ဦးစိုးသိန်း [] သည် တိုင်းအစိုးရအဖွဲ့၏ ခေါင်းဆောင် ဖြစ်သည်။သူသည် ၂၀၂၂ ဖေဖော်ဝါရီ ၁ရက်နေ့က စပြီး တာဝန်ထမ်းဆောင်ခဲ့သည်။ ထိုမတိုင်ခင်က ဦးလှစိုးအား ခန့်အပ်ခဲ့ပြီး ဦးလှစိုးသည်[]၂၀၂၂ ဇန်နဝါရီ၃၁ရက်တွင် တာဝန်မှ အနားယူခဲ့သည်။

စဉ် အမည် တာဝန်ထမ်းဆောင်ခြင်း ဝန်ကြီးဌာန
စတင်ရက် ပြီးဆုံးရက် ကာလ
ဦးလှစိုး ၁ ဩဂုတ် ၂၀၂၁ ၁ ဖေဖော်ဝါရီ ၂၀၂၂ ၁၈၄ ရက် ဝန်ကြီးချုပ်
ဦးစိုးသိန်း ၁ ဖေဖော်ဝါရီ ၂၀၂၂ ၁၀ ဧပြီ ၂၀၂၆  နှစ်၊ ၆၈ ရက်
ဗိုလ်မှူးကြီး ဝင်းတင့် ၁ ဩဂုတ် ၂၀၂၁ ၁၀ ဧပြီ ၂၀၂၆  နှစ်၊ ၂၅၂ ရက် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန
ဦးအောင်သန်းဦး [] ၁ ဩဂုတ် ၂၀၂၁ ၁၀ ဇွန် ၂၀၂၂ ၃၁၃ ရက် စီးပွားရေးရာ ဝန်ကြီးဌာန
ဦးမျိုးမြင့်အောင် [] ၁ စက်တင်ဘာ ၂၀၂၂ ၁၀ ဧပြီ ၂၀၂၆  နှစ်၊ ၂၂၁ ရက်
ဦးဇော်ဝင်း ၁ ဩဂုတ် ၂၀၂၁ ၁၀ ဧပြီ ၂၀၂၆  နှစ်၊ ၂၅၂ ရက် သယံဇာတရေးရာ ဝန်ကြီးဌာန
ဦးအောင်ဝင်းသိန်း [၁၀] ၁ ဩဂုတ် ၂၀၂၁ ၁ နိုဝင်ဘာ ၂၀၂၃  နှစ်၊ ၉၂ ရက် လူမှုရေးရာ ဝန်ကြီးဌာန
ဦးမောင်မောင်သန်း [၁၁] ၁ နိုဝင်ဘာ ၂၀၂၃ ၁၀ ဖေဖော်ဝါရီ ၂၀၂၄ ၁၀၁ ရက်
ဦးဌေးအောင် [၁၂] ၁၀ ဖေဖော်ဝါရီ ၂၀၂၄ ၁၀ ဧပြီ ၂၀၂၆  နှစ်၊ ၅၉ ရက်
ရဲမှူးချုပ် မျိုးမင်းထိုက် ၁ ဩဂုတ် ၂၀၂၁ ၁၀ ဖေဖော်ဝါရီ ၂၀၂၄  နှစ်၊ ၁၉၃ ရက် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန
ဦးကျော်ကျော်စိုး [၁၃] ၁၀ ဖေဖော်ဝါရီ ၂၀၂၄ ၁၀ ဧပြီ ၂၀၂၆  နှစ်၊ ၅၉ ရက်
ဦးစောဂျက်ကော့ထူး ၁ ဩဂုတ် ၂၀၂၁ ၁၀ ဧပြီ ၂၀၂၆  နှစ်၊ ၂၅၂ ရက် တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန
ဦးဗိုလ်ဌေး ၁ ဩဂုတ် ၂၀၂၁ ၁၀ ဧပြီ ၂၀၂၆  နှစ်၊ ၂၅၂ ရက် စည်ပင်သာယာရေး ဝန်ကြီးဌာန
ဦးဌေးအောင် [၁၄] ၄ မတ် ၂၀၂၁ ၁၀ ဖေဖော်ဝါရီ ၂၀၂၄  နှစ်၊ ၃၄၃ ရက် ဥပဒေချုပ်
ဒေါ်ဖြူမာဝေ [၁၅] ၁၀ ဖေဖော်ဝါရီ ၂၀၂၄ ၁၀ ဧပြီ ၂၀၂၆  နှစ်၊ ၅၉ ရက်
၁၀ ဦးခင်မောင်ဆန်း ၃၁ ဇူလိုင် ၂၀၂၅ ၁၀ ဧပြီ ၂၀၂၆ ၂၅၃ ရက် တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး

ဦးလှစိုးအစိုးရအဖွဲ့ (ဩဂုတ် ၂၀၂၁ -ဖေဖော်ဝါရီ ၂၀၂၂ )

[ပြင်ဆင်ရန်]
စဉ် အမည် တာဝန်ထမ်းဆောင်ခြင်း ဝန်ကြီးဌာန
စတင်ရက် ပြီးဆုံးရက် ကာလ
ဦးလှစိုး ၁ ဩဂုတ် ၂၀၂၁ ၁ ဖေဖော်ဝါရီ ၂၀၂၂ ၁၈၄ ရက် ဝန်ကြီးချုပ်
ဗိုလ်မှူးကြီး ဝင်းတင့် ၁ ဩဂုတ် ၂၀၂၁ ၁၀ ဧပြီ ၂၀၂၆  နှစ်၊ ၂၅၂ ရက် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန
ဦးအောင်သန်းဦး ၁ ဩဂုတ် ၂၀၂၁ ၁၀ ဇွန် ၂၀၂၂ ၃၁၃ ရက် စီးပွားရေးရာ ဝန်ကြီးဌာန
ဦးဇော်ဝင်း ၁ ဩဂုတ် ၂၀၂၁ ၁၀ ဧပြီ ၂၀၂၆  နှစ်၊ ၂၅၂ ရက် သယံဇာတရေးရာ ဝန်ကြီးဌာန
ဦးအောင်ဝင်းသိန်း ၁ ဩဂုတ် ၂၀၂၁ နိုဝင်ဘာ ၂၀၂၃  နှစ်၊ ၉၂ ရက် လူမှုရေးရာ ဝန်ကြီးဌာန
ရဲမှူးချုပ် မျိုးမင်းထိုက် ၁ ဩဂုတ် ၂၀၂၁ ၁၀ ဖေဖော်ဝါရီ ၂၀၂၄  နှစ်၊ ၁၉၃ ရက် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန
ဦးစောဂျက်ကော့ထူး ၁ ဩဂုတ် ၂၀၂၁ ၁၀ ဧပြီ ၂၀၂၆  နှစ်၊ ၂၅၂ ရက် တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန
ဦးဗိုလ်ဌေး ၁ ဩဂုတ် ၂၀၂၁ ၁၀ ဧပြီ ၂၀၂၆  နှစ်၊ ၂၅၂ ရက် စည်ပင်သာယာရေး ဝန်ကြီးဌာန
ဦးဌေးအောင် [၁၆] ၄ မတ် ၂၀၂၁ ၁၀ ဖေဖော်ဝါရီ ၂၀၂၄  နှစ်၊ ၃၄၃ ရက် ဥပဒေချုပ်

ဦးဖြိုးမင်းသိန်းအစိုးရအဖွဲ့ (၂၀၁၆-၂၀၂၁)

[ပြင်ဆင်ရန်]
စဉ် အမည် ဝန်ကြီးဌာန
(၁) ဦးဖြိုးမင်းသိန်း ဝန်ကြီးချုပ်
(၂) ဗိုလ်မှူးကြီးအောင်စိုးမိုး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန
(၃) ဦးရဲမင်းဦး စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန
(၄) ဦးဟံထွန်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီးဌာန
(၅) ဒေါ်နီလာကျော် လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးဌာန
(၆) ဦးမောင်မောင်စိုး စည်ပင်သာယာရေးဝန်ကြီးဌာန
(၇) ဦးနိုင်ငံလင်း လူမှုရေး ဝန်ကြီးဌာန
(၈) ဒေါ်ပန်းသဉ္ဇာမျိုး ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန
(၉) ဦးဇော်အေးမောင် ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန
(၁၀) ဒေါ်ခင်မျိုးကြည် တိုင်းဥပဒေချုပ်
(၁၁) ဒေါ်ခင်သန်းလှ တိုင်းစာရင်းစစ်ချုပ်

[၁၇]

ကိုးကား

[ပြင်ဆင်ရန်]
  1. တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်များ ခန့်အပ်တာဝန်ပေးခြင်း | Ministry Of Information (in en)။ 2026-04-10 တွင် ပြန်စစ်ပြီး။
  2. တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း | Ministry Of Information (in en)။ 2026-04-10 တွင် ပြန်စစ်ပြီး။
  3. တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်များ ခန့်အပ်တာဝန်ပေးခြင်း | Ministry Of Information (in en)။ 2026-04-10 တွင် ပြန်စစ်ပြီး။
  4. တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ်များ ခန့်အပ်တာဝန်ပေးခြင်း | Ministry Of Information (in en)။ 2026-04-10 တွင် ပြန်စစ်ပြီး။
  5. တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း | Ministry Of Information (in en)။ 2026-04-10 တွင် ပြန်စစ်ပြီး။
  6. စစ်ကောင်စီက ရန်ကုန်တိုင်းနှင့် ကယားပြည်နယ်၌ ဝန်ကြီးချုပ်သစ် အစားထိုးခန့်အပ် DVB (၁ ဖေဖော်ဝါရီ ၂၀၂၂)။ ၁၁ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  7. ရန်ကုန်တိုင်းဒေသကြီးနှင့် ကယားပြည်နယ် ဝန်ကြီးချုပ် နှစ်ဦး၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌတို့ကို တာဝန်မှ အနားယူခွင့်ပြု Eleven Media Group (၁ ဖေဖော်ဝါရီ ၂၀၂၂)။ ၁၁ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  8. ရန်ကုန်တိုင်း စီးပွားရေးဝန်ကြီး ဦးအောင်သန်းဦးကို စစ်ကောင်စီဖမ်းပြီ The Irrawaddy (၂၂ မတ် ၂၀၂၂)။ ၁၁ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  9. အဂတိလိုက်စားမှုဖြင့် ဖမ်းဆီးခံရသည့် ဦးအောင်သန်းဦး၏ နေရာတွင် ရန်ကုန်တိုင်းဒေသကြီးစီးပွားရေးဝန်ကြီးအဖြစ် ဦးမျိုးမြင့်အောင်အား ခန့်အပ် Eleven Media Group (၁ စက်တင်ဘာ ၂၀၂၂)။ ၁၁ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  10. ရန်ကုန်တိုင်းဒေသကြီး၌ ၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ Information and Public Relations Department (၁၉ အောက်တိုဘာ ၂၀၂၃)။ ၁၁ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  11. ... MYANMAR NATIONAL PORTAL (၁၇ နိုဝင်ဘာ ၂၀၂၃)။ ၁၁ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  12. ... MOI Myanmar (၁၀ ဖေဖော်ဝါရီ ၂၀၂၄)။ ၁၁ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  13. ... Eleven Media Group (၁၀ ဖေဖော်ဝါရီ ၂၀၂၄)။ ၁၁ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  14. ... MWD Webportal (၄ မတ် ၂၀၂၁)။ ၁၁ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  15. ... MOI Myanmar (၁၀ ဖေဖော်ဝါရီ ၂၀၂၄)။ ၁၁ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  16. တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေချုပ်များ ခန့်အပ်တာဝန်ပေးခြင်း CINCDS Myanmar (၄ မတ် ၂၀၂၁)။ ၁၁ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  17. "ရန်ကုန်တိုင်း​ဒေသကြီးအစိုးရအဖွဲ့"၊ နိုင်ငံတော်သမ္မတရုံး။ Archived from the original on 21 September 2017။