မာတိကာသို့ ခုန်သွားရန်

ရခိုင့်ဦးဆောင်ပါတီ

ဝီကီပီးဒီးယား မှ
ရခိုင့်ဦးဆောင်ပါတီ
အင်္ဂလိပ် အမည်Arakan Front Party
ဥက္ကဋ္ဌဒေါက်တာအေးမောင်
ဒုဥက္ကဋ္ဌဦးကျော်ဇောဦး []
တည်ထောင်ခြင်း၁၁ အောက်တိုဘာ ၂၀၁၈; ၇ နှစ် အကြာက (၂၀၁၈-၁၀-11)
ဌာနချုပ်အမှတ် (၇၇)၊ ပန်းခြံလမ်း၊ ရူပတောင်၊ စစ်တွေမြို့ရခိုင်ပြည်နယ်မြန်မာနိုင်ငံ
နိုင်ငံရေး သဘောတရား ရခိုင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် []
မှတ်ပုံတင်အမှတ်
အမျိုးသားလွှတ်တော် အမတ်နေရာ
၀ / ၂၂၄
ပြည်သူ့လွှတ်တော် အမတ်နေရာ
၁ / ၄၄၀
ရခိုင်ပြည်နယ် လွှတ်တော် အမတ်နေရာ
၂ / ၄၇
တိုင်းရင်းသားရေးရာဝန်ကြီးများ
၀ / ၂၉
မြန်မာနိုင်ငံ၏ နိုင်ငံရေး
နိုင်ငံရေးပါတီများ

ရခိုင့်ဦးဆောင်ပါတီ (အင်္ဂလိပ်: Arakan Front Party; အတိုကောက် AFP) သည် ၂၀၁၈ ခုနှစ်တွင် စတင်တည်ထောင်ထားသော ရခိုင်ပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီ တစ်ခုဖြစ်သည်။

ပါတီမှတ်ပုံတင်ခြင်း

[ပြင်ဆင်ရန်]

၂၀၂၃ ခုနှစ်တွင် ပြဋ္ဌာန်းထားသော နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းနည်းဥပဒေအသစ်အရ ပြန်လည် UEC ထံ ပြန်လည်မှတ်တင်ခဲ့ရာ ပ.ရ.က ထုတ်ပြန်ချက် ၁၁/၂၀၂၃ အရ မှတ်ပုံတင်အမှတ် (၆) ဖြင့် ၂၀၂၃ ခုနှစ်၊ မေ ၂ ရက်တွင် မှတ်ပုံတင်ခွင့်ပြုခဲ့သည်။​

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

၂၀၂၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန်အတွက် ဒေါက်တာအေးမောင်သည် ၎င်း၏လုပ်ဖော်ကိုင်ဖက်များ အတူ ရခိုင့်ဦးဆောင်ပါတီကို ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် တည်ထောင်ခဲ့သည်။[][]

ယခင်က အဖရခိုင်ပါတီအမည်ဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြခဲ့ရာ ကော်မရှင်က ခွင့်မပြုခဲ့ဘဲ ရခိုင့်ဦးဆောင်ပါတီ အမည်သစ်ဖြင့် လျှောက်ခဲ့ရာမှ ပါတီတည်ထောင်ခွင့် ရရှိခဲ့သည်။[]

ရွေးကောက်ပွဲများ

[ပြင်ဆင်ရန်]

၂၀၂၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်ရှိ အမျိုးသားလွှတ်တော်နေရာ ခြောက်နေရာ၊ ပြည်သူ့လွှတ်တော်နေရာ ၁၁ နေရာနှင့် ပြည်နယ်လွှတ်တော်နေရာ ၂၀ ကျော်တို့တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး[] ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်နေရာနှင့် ရခိုင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၂ နေရာ အနိုင်ရရှိခဲ့သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. "AA ကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခြင်း ပြန်သုံးသပ်ပေးရန် ရခိုင့်ဦးဆောင်ပါတီ ဆောင်းဆို"၊ the Voice Myanmar၊ March 3, 2020 24 December 2020 တွင် ပြန်စစ်ပြီး Archived from the original on 21 February 2021။
  2. KAUNG HSET NAING (၁ အောက်တိုဘာ ၂၀၂၀)။ ကျွန်တော်တို့ ကိုယ့်ပြည်နယ်ကို အုပ်ချုပ်နိုင်ဖို့ အဆင်သင့်ပြင်ထားတယ် Frontier Myanmar။ ၂၉ ဒီဇင်ဘာ ၂၀၂၀ တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၉ ဒီဇင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  3. 1 2 ထွန်းခိုင် (နိရဉ္စရာ) (၁၆ စက်တင်ဘာ ၂၀၂၀)။ ရခိုင့်ဦးဆောင်ပါတီ (AFP) ကို ၇ ရက်အတွင်းကန့်ကွက်နိုင်ကြောင်း ရွေးကောက်ပွဲကော်မရှင် ကြေညာ BNI Multimedia Group။ ၂၈ အောက်တိုဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  4. မောင်ကံ (၁၂ အောက်တိုဘာ ၂၀၁၈)။ ဒေါက်တာအေးမောင် ဦးဆောင်သော ပါတီ ရခိုင့်ဦးဆောင်ပါတီအမည်ဖြင့် တည်ထောင်ခွင့်ရ 7 Day News။ 31 October 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၈ အောက်တိုဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  5. စိုးသူအောင် (၂ နိုဝင်ဘာ ၂၀၁၈)။ ရခိုင့်ဦးဆောင်ပါတီ၏မူဝါဒနှင့် ရွေးကောက်ပွဲကတိကဝတ်များ - ပြည်သူများအတွက် ရွေးကောက်ပွဲကတိကဝတ် မပေးလိုဟု ရခိုင့်ဦးဆောင်ပါတီပြော မဇ္ဈိမ။ ၂၈ အောက်တိုဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ

[ပြင်ဆင်ရန်]