မာတိကာသို့ ခုန်သွားရန်

မဂ္ဂပစ္စည်း

ဝီကီပီးဒီးယား မှ

မဂ္ဂပစ္စည်း[] ဆိုသည်မှာ မြတ်ဗုဒ္ဓအဘိဓမ္မာဒေသနာတော်ဖြစ်သော ပဋ္ဌာန်းကျမ်းလာ ၂၄ ပစ္စည်းတွင် ၁၈ ခုမြောက်သော ပစ္စည်းတရား ဖြစ်သည်။ မဂ္ဂဟူသော စကားသည် "လမ်း" ဟု အဓိပ္ပာယ်ရပြီး အကျိုးတရားများကို သက်ဆိုင်ရာ အာရုံ သို့မဟုတ် လိုရာခရီးသို့ ရောက်ရှိအောင် ပို့ဆောင်တတ်သော သတ္တိကို ဆိုလိုခြင်းဖြစ်သည်။

ဥပမာ - ရိုးရိုးလမ်းနှင့် ကူးတို့သူကြီး

[ပြင်ဆင်ရန်]

မဂ္ဂပစ္စည်း၏ သဘောတရားကို ရင်းမြစ်များတွင် ဥပမာ နှစ်မျိုးဖြင့် ရှင်းလင်းထားသည် -

  • ရိုးရိုးလမ်း ဥပမာ: လမ်းသည် ထိုလမ်းပေါ်၌ သွားလာသူများကို လိုရာမြို့ရွာသို့ ရောက်အောင် ပို့ဆောင်ပေးသကဲ့သို့ မဂ္ဂင်တရားတို့သည်လည်း မိမိနှင့် အတူဖြစ်သော နာမ်တရားများကို သက်ဆိုင်ရာ အာရုံ သို့မဟုတ် ဂတိများသို့ ရောက်အောင် ပို့ဆောင်ပေးသည်။ လမ်းတွင် ကောင်းသောလမ်းနှင့် မကောင်းသောလမ်း ဟူ၍ နှစ်မျိုးရှိပြီး ကောင်းသောလမ်းက ကောင်းရာသို့ ပို့ဆောင်သကဲ့သို့ မကောင်းသောလမ်းက မကောင်းရာသို့ ပို့ဆောင်သည်။
  • ကူးတို့သူကြီး ဥပမာ: ပညာရှိသော ကူးတို့သူကြီးသည် ခရီးသည်များကို ဘေးရန်ကင်းရာ တစ်ဖက်ကမ်းသို့ ဘေးကင်းစွာ ပို့ဆောင်ပေးသကဲ့သို့ သမ္မာမဂ္ဂင် (၈) ပါးသည် သတ္တဝါတို့အား ဘေးကင်းရာ နိဗ္ဗာန်သို့ ပို့ဆောင်ပေးသည်။ အလားတူပင် သူယုတ်မာသော ကူးတို့သူကြီးသည် ခရီးသည်များကို သားရဲဘေးရှိရာသို့ ပို့ဆောင်မိသကဲ့သို့ မိစ္ဆာမဂ္ဂင် (၄) ပါးသည် သတ္တဝါတို့အား အကုသိုလ် အပါယ်ဘုံများသို့ ရောက်ရှိစေသည်။

မဂ္ဂင်တရား (၁၂) ပါး

[ပြင်ဆင်ရန်]

မဂ္ဂပစ္စည်းတွင် ကျေးဇူးပြုတတ်သော အကြောင်းတရား (မဂ္ဂင်) ၁၂ ပါးရှိပြီး ၎င်းတို့ကို အပိုင်းနှစ်ပိုင်း ခွဲခြားနိုင်သည် -

ကောင်းသောလမ်း (သမ္မာမဂ္ဂင် ၈ ပါး):

၁။ သမ္မာဒိဋ္ဌိ: မှန်ကန်သော အမြင် (အသိဉာဏ်)။
၂။ သမ္မာသင်္ကပ္ပ: မှန်ကန်သော အကြံ။
၃။ သမ္မာဝါစာ: မှန်ကန်သော စကား။
၄။ သမ္မာကမ္မန္တ: မှန်ကန်သော အလုပ်။
၅။ သမ္မာအာဇီဝ: မှန်ကန်သော အသက်မွေးမှု။
၆။ သမ္မာဝါယာမ: မှန်ကန်သော အားထုတ်မှု။
၇။ သမ္မာသတိ: မှန်ကန်သော အောက်မေ့မှု။
၈။ သမ္မာသမာဓိ: မှန်ကန်သော တည်ကြည်မှု။

မကောင်းသောလမ်း (မိစ္ဆာမဂ္ဂင် ၄ ပါး):

၁။ မိစ္ဆာဒိဋ္ဌိ: မှားယွင်းသော အယူအမြင်။
၂။ မိစ္ဆာသင်္ကပ္ပ: မှားယွင်းသော အကြံစည်။
၃။ မိစ္ဆာဝါယာမ: မှားယွင်းသော အားထုတ်မှု။
၄။ မိစ္ဆာသမာဓိ: မှားယွင်းသော တည်ကြည်မှု။
[]

ကျေးဇူးပြုပုံ သဘောတရား

[ပြင်ဆင်ရန်]

မဂ္ဂပစ္စည်းသည် ၎င်းနှင့် အတူတကွ ဖြစ်ပေါ်လာသော (သဟဇာတ) စိတ်၊ စေတသိက်များနှင့် ထိုစိတ်ကြောင့် ဖြစ်ပေါ်လာသော ရုပ်တရား (စိတ္တဇရုပ်) များအပေါ်တွင် ကျေးဇူးပြုသည်။ မဂ္ဂင်တရားတို့သည် အတူဖြစ်ဖက် နာမ်ခန္ဓာများကို မိမိတို့၏ အရှိန်အဟုန်ဖြင့် သက်ဆိုင်ရာ လမ်းကြောင်းအတိုင်း လိုက်ပါစေသည်။ အထူးသဖြင့် သမ္မာဒိဋ္ဌိ (အယူမှန်) သည် အဝိဇ္ဇာအမှောင်ကို ပယ်ဖျောက်၍ သံသရာမှ လွတ်မြောက်ရာ နိဗ္ဗာန်သို့ ဦးတည်စေသကဲ့သို့၊ မိစ္ဆာဒိဋ္ဌိ (အယူမှား) သည် အတ္တ၊ ဇီဝ၊ အသက်ကောင် ရှိသည်ဟု မှားယွင်းစွာ ယူဆစေပြီး အပါယ်ဆင်းရဲသို့ ပို့ဆောင်သည်။

အနှစ်ချုပ်

[ပြင်ဆင်ရန်]

မဂ္ဂပစ္စည်းကို လေ့လာခြင်းဖြင့် မိမိတို့ လျှောက်လှမ်းနေသော စိတ်လမ်းကြောင်းသည် ကောင်းသောလမ်း (သမ္မာမဂ္ဂ) လော သို့မဟုတ် မကောင်းသောလမ်း (မိစ္ဆာမဂ္ဂ) လော ဆိုသည်ကို ခွဲခြား သိမြင်နိုင်သည်။ မိမိ၏ သန္တာန်တွင် သမ္မာဒိဋ္ဌိ အစရှိသော မဂ္ဂင်တရားများကို ထပ်ခါတလဲလဲ ပွားများခြင်းဖြင့် လောဘဒေါသမောဟ ကိလေသာများကို ပယ်ဖျောက်ကာ မဂ္ဂင်ရထား ကို စီးနင်းလျက် ဘေးကင်းရာ အမတ နိဗ္ဗာန်သို့ တက်လှမ်းနိုင်ကြောင်း ဤပစ္စည်းတရားက လမ်းညွှန်ပြသထားပါသည်။[]

မဂ္ဂင်အမည် အဓိပ္ပါယ် တရားကိုယ်
၁။ သမ္မာဒိဋ္ဌိ ကောင်းစွာသိမြင်မှု ပညာ
၂။ သမ္မာသင်္ကပ္ပ ကောင်းစွာကြံစည်မှု ဝိတက်
၃။ သမ္မာဝါစာ ကောင်းစွာပြောဆိုမှု သမ္မာဝါစာ
၄။ သမ္မာကမ္မန္တ ကောင်းစွာပြုလုပ်မှု သမ္မာကမ္မန္တ
၅။ သမ္မာအာဇီဝ ကောင်းစွာအသက်မွေးမှု သမ္မာအာဇီဝ
၆။ သမ္မာဝါယာမ ကောင်းစွာအားထုတ်မှု ဝီရိယ
၇။ သမ္မာသတိ ကောင်းစွာအောက်မေ့မှု သတိ
၈။ သမ္မာသမာဓိ ကောင်းစွာတည်ကြည်မှု ဧကဂ္ဂတာ
၉။ မိစ္ဆာဒိဋ္ဌိ မှားယွင်းစွာသိမြင်မှု ဒိဋ္ဌိ
၁၀။ မိစ္ဆာသင်္ကပ္ပ မှာယွင်းစွာကြံစည်မှု အကုသိုလ်စိတ် ၁၂-ပါးရှိ ဝိတက်
၁၁။ မိစ္ဆာဝါယာမ မှားယွင်းစွာအားထုတ် အကုသိုလ်စိတ် ၁၂-ပါးရှိ ဝီရိယ
၁၂။ မိစ္ဆာသမာဓိ မှားယွင်းစွာတည်ကြည်မှု ဝိစိကိစ္ဆာသမ္ပယုတ်စိတ်[]

မှတပါး အကုသိုလ်စိတ် ၁၁-ပါးရှိ

ဧကဂ္ဂတာ

ပစ္စည်း ပစ္စယုပ္ပန် ပစ္စနိက်

[ပြင်ဆင်ရန်]
ပစ္စည်း ပစ္စယုပ္ပန် ပစ္စနိက်
သဟိတ်စိတ် ၇၁-ပါး၌ ရှိသော

ပညာ ဝိတက် သမ္မာဝါစာ

သမ္မာကမ္မန္တ သမ္မာအာဇီဝ

ဝီရိယ သတိ ဧကဂ္ဂတာ ဒိဋ္ဌိ

သဟိတ်စိတ် ၇၁၊ စေ-၅၂

သဟိတ်စိတ္တဇရုပ်

သဟိတ်ပဋိသန္ဓေကမ္မဇရုပ်

အဟိတ်စိတ် ၁၈၊ ဆန္ဒကြဉ်သော

အညသမာန်းစေ ၁၂၊

အဟိတ်စိတ္တဇရုပ်, အဟိတ်

ပဋိသန္ဓေကမ္မဇရုပ်နှင့် ကျန်ရုပ်များ

မဂ္ဂပစ္စည်း၏ ပစ္စယုပ္ပန်

[ပြင်ဆင်ရန်]

ပေးလှုသောအခါ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက မဟာကုသိုလ်စိတ်ဖြစ်လျှင် စေတသိက် ၃၈-ပါးယှဉ်ရာ ပညာကို ပစ္စည်း ယူက၊ စိတ်နှင့် ကျန် စေတသိက် ၃၇-ပါးသည် ပစ္စယုပ္ပန်။

လူတယောက် အိပ်ပျော်နေခိုက် သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက မဟာဝိပါက်စိတ် ဖြစ်လျှင် စေတသိက် ၃၃-ပါး ယှဉ်ရာ, ဝိတက်ကို ပစ္စည်းယူက စိတ်နှင့်ကျန်စေတသိက် ၃၂-ပါးသည် ပစ္စယုပ္ပန်။

အဟိတ်စိတ်၌ပါသော ဝိတက်, ဝီရိယ, ဧကဂ္ဂတာ မဂ္ဂင်အမည်မရ

[ပြင်ဆင်ရန်]

ရေသောက်မြစ်နှင့်တူသော ဟိတ်မပါလျှင် ဆိုင်ရာအာရုံ ယူမှု၌ အမြစ်စွဲနေသလိုခိုင်မြဲမည်မဟုတ် ချေ။ မခိုင်မြဲ၍ အပေါ်ယံမျှသာဖြစ်သော တရားကို “သုဂတိ ဒုဂ္ဂတိသို့ ပို့ဆောင်နိုင်သော သတ္တိ”ရှိ၏ ဟု မဆိုထိုက်။ ထို့ကြောင့် အဟိတ်စိတ်များဝယ် မဂ္ဂင်တရားကိုယ်နှင့်အလားတူသော ဝိတက်, ဝီရိယ, ဧကဂ္ဂတာ တို့ ထိုက်သလို ယှဉ်ကြသော်လည်း မဂ္ဂင်အမည်မရကြချေ။ မှန်ပါသည်။ ဈာန်အလုပ် လုပ်နိုင်ဖို့ ဝိတက် ပါကိုပါရမည်။ ဗိုလ်အလုပ် လုပ်နိုင်ဖို့ ဝီရိယ ပါကိုပါရမည်။ မဂ္ဂင်အလုပ် လုပ်နိုင်ဖို့ ဟိတ်တရား ပါကိုပါရမည်။[]

ပြင်ပလင့်များ

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. မဂ္ဂပ (ပ္ပ)စ္စယ (ပု) [မဂ္ဂ+ပစ္စယ] မဂ်ဖြစ်သော ပစ္စည်း၊ မဂ္ဂပစ္စည်း။ ဈာနပစ္စယော မဂ္ဂပစ္စယော သမ္ပယုတ္တပစ္စယော။ ပဋ္ဌာန၊၁၊၁ (အဘိ၊ဋ္ဌ၊၃၊၃၅၀။ ဝိသုဒ္ဓိ၊၂၊၁၆၃၊ ၁၇၁ မ၊ဋီ၊၁၊၃၁၉။ မူလဋီ၊၁၊၁၂၉၊ ၁၆၄။) မဂ္ဂပ္ပစ္စယတာယ၊ ပန ယထာသကံ ကိစ္စကရဏေန ပစ္စေကမ္မိ တာနိ မဂ္ဂေါယော။ သာရတ္တ၊၃။ ၁၇၀။ မဂ္ဂ-ကြည့်။
  2. မဂ္ဂင်္ဂါနိ-မဂ္ဂင်တို့သည်။ သမ္မာဒိဋ္ဌိ-သမ္မာဒိဋ္ဌိ၎င်း။ သမ္မာသင်္ကပ္ပေါ-သမ္မာသင်္ကပ္ပ၎င်း။ သမ္မာဝါစာ- သမ္မာဝါစာ၎င်း။ သမ္မာကမ္မန္တော-သမ္မာကမ္မန္တ၎င်း။ သမ္မာအာဇီဝေါ-သမ္မာအာဇီဝ၎င်း။ သမ္မာဝါယာမော- သမ္မာဝါယာမ၎င်း။ သမ္မာသတိ-သမ္မာသတိ၎င်း။ သမ္မာသမာဓိ-သမ္မာသမာဓိ၎င်း။ မိစ္ဆာဒိဋ္ဌိ-မိစ္ဆာဒိဋ္ဌိ၎င်း။ မိစ္ဆာသင်္ကပ္ပေါ-မိစ္ဆာသင်္ကပ္ပ၎င်း။ မိစ္ဆာဝါယာမ-မိစ္ဆာဝါယာမ၎င်း။ မိစ္ဆာသမာဓိ- မိစ္ဆာသမာဓိ၎င်း။ (ဣတိ- ဤသို့) ဒွါဒသ-တဆဲ့နှစ်ပါးတို့တည်း။ (အခြေပြုသင်္ဂြိဟ်နိဿယ-၄၂၆)ဒွါဒသမဂ္ဂင်္ဂါနိ သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပေါ, သမ္မာဝါစာ, သမ္မာကမ္မန္တော, သမ္မာအာဇီဝေါ, သမ္မာ ဝါယာမော, သမ္မာသတိ, သမ္မာသမာဓိ, မိစ္ဆာဒိဋ္ဌိ, မိစ္ဆာသင်္ကပ္ပေါ, မိစ္ဆာဝါယာမော, မိစ္ဆာသမာဓိ။ (အဘိဓမ္မတ္ထသင်္ဂဟပါဠိ-၁၂၀)
  3. အခြေပြုပဋ္ဌာန်း တရားတော်-အရှင်ဇနကာဘိဝံသ
  4. ဝိစိကိစ္ဆာ၌ယှဉ်သော ဧကဂ္ဂတာသည် အားနည်းလှသောကြောင့် မဂ္ဂပစ္စည်းမတပ် (ပရမတ္ထသံခိပ်ဋီဒု-၅၂၈)
  5. ဆရာတော် ဦးဂရုဓမ္မ။ ကုသလကာရီ ပဋ္ဌာန်းပဉှာဝါရ ပို့ချချက်