သမာပတ်

ဝီကီပီးဒီးယား မှ

ခပ်သိမ်းသော ဖလဋ္ဌပုဂ္ဂိုလ်တို့သည် မိမိတို့၏ ဖိုလ်ကို မိမိတို့အသီးသီး ဝင်စားနိုင်ကြကုန်၏။ မဝင်စားနိုင်သူဟူ၍ မရှိကြကုန်။ ထို့ကြောင့် ဖလသမာပတ်မည်သည် ခပ်သိမ်းသော ဖလဋ္ဌပုဂ္ဂိုလ်တို့နှင့်ဆက်ဆံ၏။[၁]

ဒိဋ္ဌဓမ္မနိဗ္ဗာန်[ပြင်ဆင်ရန်]

ဒိဋ္ဌဓမ္မနိဗ္ဗာန်ဟု ဆိုအပ်သော နိရောဓသမာပတ်သည်မူကား လောကီဈာန်သမာပတ် ၈-ပါး, ၉-ပါးကို အကုန်ရရှိ၍ နေသော ကာမ,ရူပ-အနာဂါမ်, ရဟန္တာတို့သည်သာလျှင် ဝင်စားနိုင်ကုန်၏။ [၁]

ဝင်စားခြင်း[ပြင်ဆင်ရန်]

ရူပ ပထမဈာန် သမာပတ်ကို ရှေးဦးစွာ ဝင်စား၏။ ထိုမှထ၍ ထိုပထမဈာန်သမာပတ်အတွင်း၌ ရှိသော ရုပ်နာမ်တရားတို့ကို လက္ခဏာရေးတင်ရှု၏။ ဈာန်ဝင်စားမှုကား သမထအလုပ်ဖြစ်သည်။ လက္ခဏာရေးတင်မှုသည် ဝိပဿနာအလုပ် ဖြစ်သည်။[၁]

ဤနည်းတူ ဒုတိယဈာန်သမာပတ်, တတိယဈာန်သမာပတ်, စတုတ္ထဈာန်သမာပတ်, ပဉ္စမဈာန်သမာပတ်, အာကာသာနဉ္စာယတနသမာပတ်, ဝိညာဏဉ္စသမာပတ်, အကိဉ္ဏညာယတနသမာပတ်တို့ကိုလည်း အစဉ်အတိုင်း ဝင်စား၍ သွား၏။ အာကိဉ္စညာယတနသမာပတ်ထပြီးသည်၏ အခြားမဲ့၌ ပုဗ္ဗကိစ္စ ၄-ပါးကို ပြုပြီးလျှင် နေဝသညာနာသညာယတန သမာပတ်ကို ဝင်စား၏။ အနာဂါမ်ပုဂ္ဂိုလ်အား နေဝသညာ ကုသိုလ်ဇော ၂-ကြိမ်, ရဟန္တာပုဂ္ဂိုလ်အား နေဝသညာကြိယာဇော ၂-ကြိမ် ကျပြီးလျှင် စိတ်အစဉ် ချုပ်ပြတ်ခြင်းဟူသော နိရောဓသမာပတ်သို့ ရောက်လေ၏။ စိတ်မရှိဘဲ ၇-ရက်, ၆-ရက် စသည် တည်နေပြီး နောက်ထိုသမာပတ်မှ ထလိုသော် ရှေးဦးစွာ အနာဂါမ်ပုဂ္ဂိုလ်အား အနာဂါမိဖိုလ်, ရဟန္တာပုဂ္ဂိုလ်အား အရဟတ္တဖိုလ် တစ်ကြိမ်ဖြစ်၍ ဘဝင်ကျ၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ လယ်တီဆရာတော်။ ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီး ရေးသားစီရင်တော်မူသော ကမ္မဋ္ဌာန်းကျမ်းကြီး