မလ္လတိုင်း

ဝီကီပီးဒီးယား မှ

ကုသိနာရုံမြို့တော် ၎င်းမလ္လတိုင်းမှာ ဒေသစာရီ လှည့်လည်တော်မူပြီးသည့်အဆုံး မလ္လမင်းများ၏ ဥယျာဉ်တော်၌ တပည့်သာဝက အပေါင်းတို့အား-

အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ-(ဒီ၊၂၊၁၂၈)

“ရဟန်းတို့-မမေ့ခြင်း သတိတရားနှင့် ပြည့်စုံရစ်ကြ”

ဟုနောက်ဆုံး ပစ္ဆိမ ဗုဒ္ဓဝစန အဆုံးမတော်ဖြင့် ဆုံးမတော်မူပြီးလျှင် အေးမြချမ်းသာ ပရိနိဗ္ဗာန် စံဝင်တော်မူရာ တိုင်းဖြစ်၍ ဗုဒ္ဓဘာသာတိုင်း မစွန့်အပ်သောတိုင်း ဖြစ်သည့်အပြင်၎င်းမြို့တော် ကုသိနာရုံပြည်သည်လည်း ထို့အတူ ထင်ရှားသော မြို့တော်ကြီး ဖြစ်လေသည်။ [၁]


ပါဝါမြို့[ပြင်ဆင်ရန်]

၎င်းမလ္လတိုင်းမှာ ကုသိနာရမြို့တော်မှတစ်ပါး အခြားပါဝါမြို့တော်လည်းရှိ၍ ပြည်ထောင်အားဖြင့် ၂-ပြည်ထောင် ကွဲပြားလျက် တသီးတခြားစီ ခွဲခန့်အုပ်ချုပ်ကြသော တိုင်းနယ်များ ဖြစ်ကြလေသည်။ ၎င်းတိုင်းပြည် နယ်ပယ်များသို့ မြတ်စွာဘုရား တရားဓမ္မစက်ဒေသနာတော် ဟောဖော်ညွှန်ပြ ဆုံးမတော်မူရန် ဒေသစာရီ ကြွချီတော်မူလျက် များစွာသော သုတ္တန်ဝိနည်းဒေသနာတော်များ ဟောကြားပညတ်တော်မူရာ တိုင်း, မြို့ ပြည် ဖြစ်၍ သာသနာတော်တွင် ထင်ရှားသော သာသနာဝင်ဌာနတစ်ခု ဖြစ်လေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ အရှင်သံဝရာဘိဝံသ (ပရိယတ္တိ သာသနာဟိတဓမ္မာစရိယ ရွှေကျင်နာယကဆရာတော်)။ ဗုဒ္ဓနိုင်ငံတော် (ပထမတွဲ)