တန်ခိုးပြာဋိဟာ
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
တန်ခိုး ပြာဋိဟာသည် ဣဒ္ဓိပါဋိဟာရိယ, အာဒေသနာပါဋိဟာရိယ, အနုသာသနီပါဋိဟာရိယအားဖြင့် ၃-မျိုးပြားသည်။ [၁]
ပါဋိဟာရိယ ၃-မျိုး
[ပြင်ဆင်ရန်]ထိုတွင် တစ်ယောက်တည်းက အများဖြစ်ခြင်း, အများဖြစ်လျက် တစ်ယောက်တည်းဖြစ်ခြင်း စသော အထူးထူးသော တန်ခိုးပြာဋိဟာသည် ဣဒ္ဓိပါဋိဟာရိယမည်၏။
သူတစ်ပါးတို့၏စိတ်, အကြံအစည်ကို-ညွှန်းပြခြင်း-ညွှန်ပြ၍ တရား ဟောခြင်းသည် အာဒေသနာပါဋိဟာရိယမည်၏။
ဤသို့ကြံစည် စိတ်ကူးပါလော့၊ ဤသို့မကြံစည်လင့်၊ ဤတရားကို ပယ်စွန့်လော့၊ ဤတရားသို့ ရောက်၍ နေလော့ စသည်ဖြင့် ဆုံးမခြင်းသည် အနုသာသနီပါဋိဟာရိယမည်၏။ [၂]
ကဿပညီနောင် ရသေ့တထောင်
[ပြင်ဆင်ရန်]ရသေ့ညီနောင် ရှင်တစ်ထောင်တို့အား ဘုရားရှင် တန်ခိုးပြာဋိဟာပြတော်မူရာဝယ် ငါးရာသော ထင်းတုံးတို့ကို ရသေ့များ ခွဲ၍မရခြင်း၊ တပြိုင်နက်အံ့ဩဘွယ်ရာ ကွဲကြခြင်း၊ ရသေ့များ မီးမွှေး၍ မရခြင်း၊ တပြိုင်နက် အံ့ဩဘွယ်ရာ မီးတောက်လောင်ခြင်း၊ ရသေ့များ မီးကို မငြိမ်းသတ်နိုင်ခြင်း၊ တပြိုင်နက် အံ့ဩဘွယ်ရာ မီးငြိမ်းခြင်း၊ မီးအိုးကင်း ငါးရာတို့ကို ဖန်ဆင်ခြင်း၊ ဤ ရပ်ရပ်သော ထူးခြားချက်တို့မှာ မြတ်စွာဘုရား၏ အဓိဋ္ဌာန်ကြောင့်ပင် ဖြစ်ကုန်၏။ ဤနည်းဖြင့် ဥရုဝေလ တောအုပ်အတွင်း၌ ကဿပညီနောင် ရသေ့တထောင်တို့အား ချေချွတ်ရန် မြတ်စွာဘုရား ဖန်ဆင်းတော်မူအပ်သော တန်ခိုး ပြာဋိဟာတို့မှာ ပါဠိတော်၌ တိုက်ရိုက်ဖော်ပြအပ်သော (၁၆)ပါး၊ တိုက်ရိုက် မဖော်ပြအပ်သော (၃၅၀၀)ပါး၊ ပေါင်း (၃၅၁၆)ပါးတို့ဖြစ်ကုန်၏။ [၃]
ဇိနတ္ထပကာသနီ၌ကား ဥရုဝေလ စသော ရသေ့တို့ကို ဆုံးမရာ၌ ပြာဋိဟာပေါင်းကား (၁၅၀၆)ပါး ရှိသတည်းဟုဆိုသည်။ [၄]
မဟာဝါပါဠိတော်နိဿယ (ဝေယံဘုံသာမူ) ပထမ အုပ်၊ ၁၀၁-၌ နဂါးကို ဆုံးမတော်မူသည်မှ စ၍ (၁၆)ပါးသော ပြာဋိဟာတို့ကား ဤ၌ မဆို၊ ထိုပြာဋိဟာတို့နှင့် တကွသော်ကား (၃၅၁၆)ပါးတည်း-ဟု လာသည်။
ပါဋိဟာရိယအဓိပ္ပါယ်
[ပြင်ဆင်ရန်]ဆန့်ကျင်ဘက်တို့ကို ပယ်မြစ်တတ်သောကြောင့် ပါဋိဟာရိယဟုခေါ်သည်။ [၅] (တနည်း) နောက်၌-တဖန်-ဖြစ်စေအပ်သောကြောင့် ပါဋိဟာရိယ ဟုခေါ်သည်။ [၆]
အဂ္ဂသာဝကတို့၏ အလေ့အကျင့်
[ပြင်ဆင်ရန်]အထူးထူးသော တန်ခိုးတို့ကိုပြ၍ ဆုံးမခြင်းသည် အရှင်မဟာမောဂ္ဂလာန်ထေရ်၏ အလေ့အကျင့်ဖြစ်သည်၊ သူတစ်ပါးတို့၏ အကြံစည်ကို သိ၍ ဆုံးမခြင်းသည် အရှင်သာရိပုတ္တရာထေရ်၏ အလေ့အကျင့် ဖြစ်သည်။