အခြေခံပညာဦးစီးဌာန
ဤ ဆောင်းပါးသည် မည်သည့် ကျမ်းညွှန်း (သို့) အကိုးအကား ကိုမှ ရည်ညွှန်းထားခြင်းမရှိပေ။ |
မြန်မာနိုင်ငံအစိုးရအဖွဲ့အစည်း | |
---|---|
![]() | |
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ် | |
ဖွဲ့စည်းသည့်အချိန် | အောက်တိုဘာ ၁၉၈၃ |
ယခင်အဖွဲ့အစည်း | အမှတ်(၁)အခြေခံပညာဦးစီးဌာန အမှတ်(၂)အခြေခံပညာဦးစီးဌာန |
ဌာနချုပ် | ရုံးအမှတ် ၁၃၊ နေပြည်တော် |
ဝန်ကြီးများ | ဒေါက်တာညွန့်ဖေ |
ဌာနအကြီးအမှူးများ | ဦးကျော်စွာသွင်၊ ညွှန်ကြားရေးမှူးချုပ် |
ဝက်ဘ်ဆိုက် | dhe.moe.edu.mm |
အခြေခံပညာဦးစီးဌာနမှာ မြန်မာနိုင်ငံ၏ အခြေခံပညာအဆင့်ကျောင်း/ရုံးများအား စီမံခန့်ခွဲသော ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ ဌာနတစ်ခု ဖြစ်သည်။
မြန်မာနိုင်ငံတွင် အခြေခံပညာရေးဖြစ်သော မူလတန်းအဆင့်မှ တက္ကသိုလ်ဝင်တန်းအဆင့်ထိ အစိုးရပိုင်ကျောင်းများ၊ ပုဂ္ဂလိကအခြေခံပညာကျောင်းများကို အခြေခံပညာဦးစီးဌာနက ကြီးကြပ်ရသည်။ အခြေခံပညာဦးစီးဌာနသည် ပညာရေးနှင့်ပတ်သက်သည့် လုပ်ငန်းဆိုင်ရာများဖြစ်သော ကျောင်းဝင်မှတ်ပုံတင်ခြင်း၊ ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်ခြင်း၊ ပညာရေးလုပ်ငန်းစစ်ဆေးခြင်း၊ ပညာရေးအကဲဖြတ်ခြင်း အစရှိသည်တို့ကို ဆောင်ရွက်ရသည်။ ဝန်ထမ်းအဖွဲ့အစည်းအရ အခြေခံပညာဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်သည် ယင်းဌာန၏ အကြီးအမှူးဖြစ်ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်အဆင့်မှာ ရုံးချုပ်တာဝန်ခံများ၊ တိုင်းဒေသကြီး/ပြည်နယ်ပညာရေးမှူးများ ဖြစ်ကြသည်။ လက်ရှိဖွဲ့စည်းပုံအင်အားမှာ အောက်ပါအတိုင်းဖြစ်သည်-
- (က) ရုံးချုပ်၊ အရာထမ်း(၁၀၉)ဦး၊ အမှုထမ်း(၃၇၁)ဦး
- (ခ) တိုင်း/ပြည်နယ်ပညာရေးမှူးရုံး၊ အရာထမ်း(၅၃)ဦး၊ အမှုထမ်း(၁၉၁)ဦး
- (ဂ) ခရိုင်ပညာရေးမှူးရုံး၊ အရာထမ်း(၂၅)ဦး၊ အမှုထမ်း(၈၆)ဦး
- (ဃ) မြို့နယ်ပညာရေးမှူးရုံး၊ အရာထမ်း(၄)ဦး၊ အရာထမ်း(၅၈)ဦး
နိုင်ငံ့ဝန်ထမ်းရာထူးအဆင့် | အခေါ်ဝေါ်(မြန်မာ) | အခေါ်အဝေါ်(အင်္ဂလိပ်) |
---|---|---|
ညွှန်ကြားရေးမှူးချုပ် | ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး | Head of Service Organization |
ဒုတိယညွှန်ကြားရေးမှူးချုပ် | ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ/ဘဏ္ဍာ) | DDG(Admin/Finance) |
ဒုတိယညွှန်ကြားရေးမှူးချုပ်(ပညာ/အကဲဖြတ်) | DDG(Education/Assessment) | |
တိုင်း/ပြည်နယ်ပညာရေးမှူး | Division/State Educational Officer | |
ညွှန်ကြားရေးမှူး | တိုင်း/ပြည်နယ်ပညာရေးမှူး | Division/State Educational Officer |
လက်ထောက်တိုင်း/ပြည်နယ်ပညာရေးမှူး(စီမံ) | Assistant Division/State Educational Officer(Admin) | |
လက်ထောက်တိုင်း/ပြည်နယ်ပညာရေးမှူး(စစ်ဆေး) | Assistant Division/State Educational Officer(Inspect) | |
လက်ထောက်တိုင်း/ပြည်နယ်ပညာရေးမှူး(ဘဏ္ဍာ) | Assistant Division/State Educational Officer(Finance) | |
ဒုတိယညွှန်ကြားရေးမှူး | ခရိုင်ပညာရေးမှူး | District Educational Officer |
ဒုတိယညွှန်ကြားရေးမှူး(တာဝန်များ) | Deputy Director (Duties) | |
လက်ထောက်ညွှန်ကြားရေးမှူး | မြို့နယ်ပညာရေးမှူး | Township Educational Officer |
ဦးစီးအရာရှိ | ဒုတိယမြို့နယ်ပညာရေးမှူး(စီမံ/ဘဏ္ဍာ) | Deputy Township Educational Officer(Admin/Finance) |
ဒုတိယမြို့နယ်ပညာရေးမှူး(ပညာ/စစ်ဆေး) | Deputy Township Educational Officer(Education/Inspect) | |
ဦးစီးအရာရှိ(တာဝန်များ) | Staff Officer (Duties) | |
ဦးစီးမှူး/ကြီးကြပ်ရေးမှူး/ကွန်ပြူတာလုပ်ဆောင်ရေးမှူး/ရုံးအုပ်/ဌာနခွဲစာရေး | ကျောင်းအုပ် | Principal |
ဒု-ဦးစီးမှူး/ဒု-ကြီးကြပ်ရေးမှူး/ လ/ထကွန်ပြူတာလုပ်ဆောင်ရေးမှူး/အကြီးတန်းစာရေး | ဒုတိယကျောင်းအုပ် | Vice Principal |
လ/ထဦးစီးမှူး/ လ/ထကြီးကြပ်ရေးမှူး/ ဒု-လ/ထကွန်ပြူတာလုပ်ဆောင်ရေးမှူး/အငယ်တန်းစာရေး | အထက်တန်းပြ/အလယ်တန်းပြ/မူလတန်းပြ | Senior/Junior/Primary Assistant Teacher |
ဖွဲ့စည်းပုံ
[ပြင်ဆင်ရန်]ရုံးချုပ်
[ပြင်ဆင်ရန်]- ညွှန်ကြားရေးမှူးချုပ်ရုံး
- စီမံဌာန
- ပညာဌာန
- စီမံကိန်း/စာရင်းအင်းဌာန
- စီမံကိန်းများကြီးကြပ်အကဲဖြတ်ဌာန
- ဘဏ္ဍာဌာန
ပညာရေးမှူးရုံးများ
[ပြင်ဆင်ရန်]- တိုင်းဒေသကြီး/ပြည်နယ်ပညာရေးမှူးရုံးများ
- ခရိုင်ပညာရေးမှူးရုံးများ
- မြို့နယ်ပညာရေးမှူးရုံးများ
- ခရိုင်ပညာရေးမှူးရုံးများ
အခြေခံပညာကျောင်းများ
[ပြင်ဆင်ရန်]- အခြေခံပညာအထက်တန်းကျောင်း/ကျောင်း(ခွဲ)များ
- အခြေခံပညာအလယ်တန်းကျောင်း/ကျောင်း(ခွဲ)များ
- အခြေခံပညာမူလတန်းကျောင်း/ကျောင်း(ခွဲ)များ
သင်တန်းကျောင်းများ
[ပြင်ဆင်ရန်]ပညာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း(ရန်ကုန်)