ချမ်းမြသာစည်မြို့နယ်
ချမ်းမြသာစည် မြို့နယ် | |
---|---|
မန္တလေးမြို့နယ် | |
Chanmyathazi Township | |
မဟာအောင်မြေခရိုင်အတွင်း တည်နေရာ | |
မဟာအောင်မြေခရိုင်အတွင်း တည်နေရာ | |
ကိုဩဒိနိတ်: 21°56′0″N 96°5′0″E / 21.93333°N 96.08333°E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | မန္တလေး |
ခရိုင် | မဟာအောင်မြေခရိုင် |
မြို့နယ် | ချမ်းမြသာစည် |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC၆:၃၀) |
ဧရိယာကုဒ် | ၀၂ |
ချမ်းမြသာစည်မြို့နယ် သည် မန္တလေးမြို့တောင်ပိုင်းတွင် တည်ရှိသည့် မြို့နယ်တစ်ခုဖြစ်သည်။ အနောက်ဘက်တွင် ဧရာဝတီမြစ်၊ မြောက်ဘက်တွင် မဟာအောင်မြေမြို့နယ်၊ တောင်ဘက်တွင် ပြည်ကြီးတံခွန်မြို့နယ်များဖြင့် ဝန်းရံထားသည်။ မန္တလေးမြို့၏ ထင်ရှားသည့်နေရာတစ်ခုဖြစ်သည့် မဟာမုနိဘုရားကြီးသည် ဤမြို့နယ်တွင် တည်ရှိသည်။၂၀၁၄တွင် လူဦးရေ၂၈၃,၇၈၁ရှိသည်။[၁]
သမိုင်းကြောင်း
[ပြင်ဆင်ရန်]ပြည်ထဲရေးဝန်ကြီးဌာန၏ ၁၉၉၂ခုနှစ် မန္တလေးမြို့ဖွဲ့စည်းပုံပြောင်းလဲရေးပြီးနောက် ချမ်းမြသာစည်မြို့နယ်ပေါ်ပေါက်လာခဲ့သည်။[၂]
ပထဝီဝင်အနေအထား
[ပြင်ဆင်ရန်]မြောက်လတ္တီတွဒ် ၂၁ဒီဂရီ ၅၅မိနစ် ၃၀စက္ကန့်နှင့် ၂၁ဒီဂရီ ၅၇မိနစ်အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၆ဒီဂရီ ၀၃မိနစ် ၃၀စက္ကန့်နှင့် ၉၆ဒီဂရီ ၀၈မိနစ်အကြားတွင် တည်ရှိသည်။ အရှေ့မှ အနောက်သို့ ၅.၂မိုင်၊ တောင်မှမြောက်သို့ ၁.၆မိုင်ရှိပြီး ၉.၉၇စတုရန်းမိုင် ကျယ်ဝန်းသည်။
နယ်နိမိတ်
[ပြင်ဆင်ရန်]ချမ်းမြသာစည်မြို့နယ်၏ အရှေ့ဘက်တွင် ပုသိမ်ကြီးမြို့နယ်၊တောင်ဘက်တွင် ပြည်ကြီးတံခွန်မြို့နယ်နှင့် အမရပူရမြို့နယ်၊အနောက်ဘက်တွင် ဧရာဝတီမြစ်ခြားကာ စစ်ကိုင်းမြို့နယ်၊မြောက်ဘက်တွင် မဟာအောင်မြေမြို့နယ်တို့တည်ရှိသည်။
မြေမျက်နှာသွင်ပြင်
[ပြင်ဆင်ရန်]ချမ်းမြသာစည်မြို့နယ်သည် အရှေ့ဘက်တွင်မြင့်ကာ အနောက်ဘက်သို့ တဖြည်းဖြည်း နိမ့်ဆင်းသွားသည်။ အနောက်ဘက်တွင် ဧရာဝတီမြစ်က မြောက်မှတောင်သို့ စီးဆင်းနေသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၂၅၆ပေမြင့်သည်။
မြို့နယ်အတွင်း ပရံတော်ချောင်း၊နဒီချောင်းနှင့် ရွှေတချောင်းမြောင်းများ မြောက်မှတောင်သို့ စီးဆင်းနေသည်။
လူဦးရေ
[ပြင်ဆင်ရန်]ချမ်းမြသာစည်မြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ဗမာလူမျိုးများ အများဆုံးနေထိုင်ကြသည်။ ထို့နောက် ရှမ်း၊ကချင်၊ကရင်၊ရခိုင်၊ချင်း၊မွန်၊ကယား လူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ ကိုးကွယ်မှုအနေဖြင့် ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကာ အစ္စလာမ်၊ဟိန္ဒူ၊ခရစ်ယာန်နှင့် အခြားကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။ မြို့နယ်လူဦးရေ၏ ၀.၃၀၅%မှာ အခြားသော နိုင်ငံခြားလူမျိုးနွယ်ဝင်များဖြစ်သည့် တရုတ်၊အိန္ဒိယ၊ပါကစ္စတန် စသည့်လူမျိုးများဖြစ်သည်။[၂]
သမိုင်းတစ်လျှောက် လူဦးရေများ | ||
---|---|---|
ခုနှစ် | လူဦးရေ | ±% |
၂၀၁၆ | ၂၁၂၁၄၇ | — |
၂၀၁၇ | ၂၁၅၃၉၄ | +1.5% |
စီးပွားရေး
[ပြင်ဆင်ရန်]မန္တလေးမြို့သည် စီးပွားရေးအချက်အချာကျသော နေရာဖြစ်သည့် အားလျော်စွာ မြို့နယ်များသည်လည်း စီးပွားရေးဖွံ့ဖြိုးသည်။ထို့အပြင် ချမ်းမြသာစည်မြို့နယ်မှာ မန္တလေးမြို့၏ လမ်းပန်းဆက်သွယ်ရေးကောင်းသောမြို့နယ်ဖြစ်သည်။ ရွှေချည်ထိုးလုပ်ငန်းနှင့် ကြေးသွန်းလုပ်ငန်းနှင့် ကျောက်ဆစ်လုပ်ငန်းများမှာ မြို့နယ်၏ ထင်ရှားလှသော လုပ်ငန်းများဖြစ်သည်။ နိုင်ငံပိုင် ပုံနှိပ်စက်နှင့် တပ်မတော်စည်သွပ်စက်ရုံတို့တည်ရှိသည်။[၂]
ဈေးများ
[ပြင်ဆင်ရန်]- မြနန္ဒာဈေး
- မြို့ဟောင်းဈေး
- အောင်သာယာဈေး
- ကန်သာယာဈေး
- ဧရာထွန်းဈေး
- မြရည်နန္ဒာဈေး
ပို့ဆောင်ဆက်သွယ်ရေး
[ပြင်ဆင်ရန်]မြို့နယ်၏အလယ်တွင် ချမ်းမြသာစည်လေဆိပ်ရှိသည်။ မြို့နယ်အတွင်းရှိ မြို့ဟောင်းဘူတာမှာ မန္တလေးတိုင်းအမှတ်မှမှ အခြားတိုင်းအမှတ်လမ်းများသို့ခွဲရာ ဘူတာရုံဖြစ်သည်။ မြို့နယ်တွင်းတွင် လေဆိပ်ခံနေသဖြင့် လေဆိပ်ကို ရှောင်ကွင်းသွားရတတ်သည်။
ပညာရေး
[ပြင်ဆင်ရန်]အဆင့်မြင့်ပညာ
[ပြင်ဆင်ရန်]ချမ်းမြသာစည်မြို့နယ်တွင်ရှိသော တက္ကသိုလ်များမှာ အောက်ပါတို့ဖြစ်သည်။
အားကစားနှင့် သက်ဆိုင်သောကျောင်းများမှာ အားကစားနှင့်ကာယပညာသိပ္ပံနှင့် ဘောလုံးအကယ်ဒမီ (မန္တလေး)တို့ဖြစ်သည်။[၂]
အခြေခံပညာ
[ပြင်ဆင်ရန်]အထက
[ပြင်ဆင်ရန်]အထက်တန်းကျောင်း ၉ကျောင်းရှိသည်။
- အထက ၇
- အထက ၂၆
- အထက ၂၈
- အထက ၃၀
- အထက အား/ကာ
- အထက ၃၁
- အထက ၃၄
- အထက ၃၅
- အထက ၃၆
အထက(ခွဲ)/အလက
[ပြင်ဆင်ရန်]- အလက (ထ(ခွဲ)) ၁၃
- အလက (ထ(ခွဲ)) ၃
- အလက (ထ(ခွဲ)) ၁၈
- အလက (ခွဲ) 22
အမက
[ပြင်ဆင်ရန်]မူလတန်း၊မူလွန်၊အလယ်တန်း(ခွဲ) ၂၂ကျောင်းရှိသည်။
ကျန်းမာရေး
[ပြင်ဆင်ရန်]ဆေးရုံများ
[ပြင်ဆင်ရန်]- ကုတင် (၃၀၀) သင်ကြားရေးဆေးရုံကြီး
- အရိုးအထူးကုဆေးရုံကြီး
- သံဃာ့ဆေးရုံကြီး
ထင်ရှားသောနေရာများ
[ပြင်ဆင်ရန်]ဘာသာရေး
[ပြင်ဆင်ရန်]- မဟာမုနိဘုရားကြီး
- ဦးပွားစေတီ
- မြတဘတ်ကျစေတီ
ပို့ဆောင်ဆက်သွယ်ရေး
[ပြင်ဆင်ရန်]ဖျော်ဖြေရေးနှင့်အားကစား
[ပြင်ဆင်ရန်]- ကန်တော်ကြီး ဥယျာဉ်
- မန္တလာသီရိ အားကစားကွင်း
- အားကစားနှင့်ကာယပညာသိပ္ပံ
- [[မြန်မာဘောလုံးအကယ်ဒမီ
- သူနာပြုတက္ကသိုလ်
ကိုးကား
[ပြင်ဆင်ရန်]- ↑ သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း။ ၂။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန။ မေ ၂၀၁၅။ pp. ၅၈။
- ↑ ၂.၀ ၂.၁ ၂.၂ ၂.၃ ချမ်းမြသာစည်မြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များ။ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး။ 1 August 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။