အမျိုးသားညီလာခံ

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

၁၉၉၂ ဂျူလိုင် ၁၀[ပြင်ဆင်ရန်]

အမျိုးသားညီလာခံကိုယ်စားလှယ် ၇၀၂ ၍ကိုရွေးချယ်ခဲ့သည်။ ၁၉၉၀၊ ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ် ၉၉ဦး(၁၅%)သားပါဝင်ပြီး ကျန်ကိုယ်စားလှယ် အများစုကို စစ်အစိုးရမှ ရွေးချယ်ခဲ့သည်။

၁၉၉၂ စက်တင်ဘာလ ၁၆[ပြင်ဆင်ရန်]

အမျိုးသားညီလာခံ အခြေခံမူ ၁၀၄ ချက်ကို ချမှတ်ခဲ့သည်။

၁၉၉၂ အောက်တိုဘာ ၂[ပြင်ဆင်ရန်]

စစ်အစိုးရကြေညာချက်မှတ် ၁၃/၉၂ ဖြင့် အမျိုးသားညီလာခံ ဦးတည်ချက် ၆ ရပ်ကို ချမှတ်ခဲ့သည်။

  1. ပြည်ထောင်စုမပြိုကွဲရေး
  2. တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး
  3. အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး
  4. စစ်မှန်သော ပါတီစုံဒီမိုကရေစီစနစ် ပေါ်ထွန်းရေး
  5. နိုင်ငံတော်၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်း တည်းဟူသော လောပပါလ တရားများ ပိုမိုထွန်းကားရေး
  6. အနာဂတ် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်ရေး

၁၉၉၃ ဇန်နဝါရီ ၉[ပြင်ဆင်ရန်]

အမျိုးသားညီလာခံ ပထမဆုံးအစည်းအဝေးကို စတင်ကျင်းပခဲ့ပြီး ဦးတည်ချက် ၆ ရပ်ကို ကြေညာခဲ့သည်။ အဲဒီနောက် ၂ ရက်အကြာမှာ အတိုက်အခံနဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေက သဘောမတူ၍ ညီလာခံကို ရွှေ့ဆိုင်းခဲ့ရသည်။

၁၉၉၃ ဧပြီ ၇[ပြင်ဆင်ရန်]

တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ်များက စစ်အစိုးရ အဆိုပြုတင်ပြတဲ့ ဗဟိုထိန်းချုပ်တဲ့ နိုင်ငံရေးဖွဲ့စည်းပုံကို သဘောမတူ၍ ကန့်ကွက်ဆန္ဒပြသဖြင့် ညီလာခံကို ထပ်မံရပ်ဆိုင်းရသည်။

၁၉၉၃ ဇွန် ၇[ပြင်ဆင်ရန်]

ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဒုတိယဗိုလ်ချုပ်ကြီး မျိုးညွန့်က ညီလာခံကို ပြန်လည်စတင်ခဲ့ပြီး အမျိုးသားနိုင်ငံရေးတွင် စစ်တပ်သည် ဦးဆောင်ကဏ္ဍမှ ပါဝင်ရမည်ဆိုသည့် အချက်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ်က အာမခံရမည်ဟု ဆိုခဲ့သည်။

၁၉၉၃ ဩဂုတ် ၄[ပြင်ဆင်ရန်]

အမျိုးသားညီလာခံအား ဝေဖန်သည့် လက်ကမ်းစာစောင်ကို ကိုင်ဆောင်မှုဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ခံကိုယ်စားလှယ် ဒေါက်တာအောင်ခင်ဆင့် အဖမ်းခံခဲ့ရသည်။

၁၉၉၃ စက်တင်ဘာ ၁၆[ပြင်ဆင်ရန်]

တိုင်းရင်းသားကိုယ်စားလှယ်တွေက ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ဆက်လက် အဆိုပြုနေသည့်အတွက် အမျိုးသားညီလာခံကို ထပ်မံရပ်နားရပြန်သည်။ တရားဝင်ထုတ်ပြန်ချက်များအရ ကိုယ်စားလှယ်များသည် အခြေခံမူ ၁၀၄ ချက်ကို သဘောတူခဲ့သည်ဟု ဆိုသည်။

၁၉၉၃ အောက်တိုဘာ ၁၅[ပြင်ဆင်ရန်]

အမျိုးသားညီလာခံကို လူသိရှင်ကြား ဝေဖန်သည့်အတွက် ရန်ကုန်တွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၁၂ ဦး အဖမ်းခံခဲ့ရသည်။

၁၉၉၄ ဇန်နဝါရီ ၁၈ - ဧပြီ ၉[ပြင်ဆင်ရန်]

ဒေါ်အောင်ဆန်းစုကြည်အား သမ္မတမဖြစ်စေရန် ကန့်သတ်သည့်အချက်များ ထည့်သွင်းရေးဆွဲခဲ့သည်။

၁၉၉၅ နိုဝင်ဘာ ၂၈[ပြင်ဆင်ရန်]

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ညီလာခံ၏ လုပ်ငန်းစဉ်များကို ပြန်လည်သုံးသပ်ရန် တောင်းဆိုခဲ့သည်။ အထူးသဖြင့် ညီလာခံတွင် စစ်တပ်အား ဆန့်ကျင်ပြောဆိုသူများအား မတရားဖမ်းဆီးမှုများအား မပြုလုပ်ရန် တောင်းဆိုခဲ့သည်။ စစ်တပ်ဟာ တောင်းဆိုချက်များကို ပယ်ချခဲ့၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ် ၈၆ ဦးက ညီလာခံ ၂ ရက်မတက်ဘဲ ကန့်ကွက်ခဲ့သည်။

၁၉၉၅ နိုဝင်ဘာ ၂၉[ပြင်ဆင်ရန်]

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များကို ညီလာခံမှ ထုတ်ပယ်ခဲ့သည်။

၂၀၀၃ ဩဂုတ် ၃၀[ပြင်ဆင်ရန်]

ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးခင်ညွန့်က စစ်အစိုးရ၏ ဒီမိုကရေစီလမ်းပြမြေပုံ ၇ ချက်ကို ထုတ်ပြန်ခဲ့သည်။

၂၀၀၄ မတ် ၃၀[ပြင်ဆင်ရန်]

အမျိုးသားညီလာခံ ကျင်းပရေးကော်မရှင်ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး သိန်းစိန်က ၂၀၀၄ မေ ၁၇ တွင် အမျိုးသားညီလာခံကို ပြန်လည်ကျင်းပရန်ကြေညာသည်။

၂၀၀၅ ဖေဖော်ဝါရီ ၁၇ - မတ် ၃၁[ပြင်ဆင်ရန်]

၁၉၉၀ ရွေးကောက်ပွဲ ဒုတိယအများဆုံး မဲရရှိသူ ရှမ်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥက္ကဋ္ဌနှင့် SSA ခေါင်းဆောင်များ အဖမ်းခံခဲ့ရ၍ ရှမ်းတိုင်းရင်းသား ကိုယ်စားလှယ်အချို့ ညီလာခံမှ နှုတ်ထွက်ခဲ့သည်။

၂၀၀၆ ဇန်နဝါရီ ၁၀[ပြင်ဆင်ရန်]

အမျိုးသားညီလာခံတွင် အနာဂတ်နိုင်ငံရေးတွင် စစ်တပ်၏ အခန်းကဏ္ဍကို စတင်ဆွေးနွေးသည်။

၂၀၀၆ ဂျူလိုင် ၂၉[ပြင်ဆင်ရန်]

အမျိုးသားညီလာခံ ကျင်းပရေးကော်မရှင်ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး သိန်းစိန်က အခြေခံဥပဒေမူကြမ်းကို ၇၅ ရာခိုင်နှုန်း ရေးဆွဲပြီးဖြစ်ကြောင်း ကြေညာခဲ့သည်။

၂၀၀၆ အောက်တိုဘာ ၁၀ - ဒီဇင်ဘာ ၂၉[ပြင်ဆင်ရန်]

အမျိုးသားညီလာခံ တတိယမြောက်အစည်းအဝေးကို ကျင်းပြီး စစ်တပ်ပါဝင်မှုနှင့်ဆိုင်သည့် အချက်များ၊ နိုင်ငံတော်တရားသူကြီးချုပ်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် နိုင်ငံသားတို့၏ အခြေခံအခွင့်အရေးနှင့် သက်ဆိုင်သည့် အချက်များကို ဆွေးနွေးအတည်ပြုခဲ့သည်။

၂၀၀၇ ဇွန် ၅[ပြင်ဆင်ရန်]

အမျိုးသားညီလာခံ ကျင်းပရေးကော်မရှင်က ညီလာခံနောက်ဆုံးအစည်းအဝေးကို ဂျူလိုင် ၁၈တွင် စတည်မည့်အကြောင်းကြေညာခဲ့သည်။ အချို့အချက်များ ထပ်တိုးရန်၊ မရှင်းလင်းသည်များကို ပြင်ဆင်ရန်၊ ဥပဒေဆိုင်ရာ အားနည်းချက်များ ပြင်ဆင်ရန်အတွက် ဖြစ်သည်ဟု ဆိုသည်။

၂၀၀၇ ဂျူလိုင် ၁၈[ပြင်ဆင်ရန်]

အမျိုးသားညီလာခံ နောက်ဆုံးအစည်းအဝေးကိုကျင်းပြပြီး ညီလာခံအဆုံးသတ်။

ရည်ညွှန်း[ပြင်ဆင်ရန်]