မာတိကာသို့ ခုန်သွားရန်

ဇိုဇမ် (ကာတွန်း)

ဝီကီပီးဒီးယား မှ
ပူး

ဇိုဇမ်း
Zozam
ဇမ်ကျင်ပေါ်
ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
ပူးတွဲဥက္ကဋ္ဌ
dddd
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၁ ဇူလိုင် ၂၀၁၉
ပူးနိုထန်ကပ်နှင့် ပူးငိုင်ဆာခ့် တို့နှင့်အတူ ပူးတွဲထမ်းဆောင်
ချင်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ်
တာဝန်သက်တမ်း
၃၁ ဇန်နဝါရီ ၂၀၁၁  ၃၁ မတ် ၂၀၁၆
ယခင်လူဖွဲ့စည်းပုံစတင်
ဆက်ခံသူဆွန်ဒုတ်ကျင့်
မဲဆန္ဒနယ်တီးတိန်မြို့နယ် မဲဆန္ဒနယ် (၂)
အနိုင်ရမဲ အရေအတွက်၆,၃၄၂ မဲ (၃၆.၇၂%)
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1956-06-24) ၂၄ ဇွန်၊ ၁၉၅၆ (အသက် ၆၉)
ထုတ်လိုင်ရွာ၊ တီးတိန်မြို့နယ်ချင်းဝိသေသတိုင်း
နိုင်ငံရေးပါတီချင်းအမျိုးသားပါတီ (၂၀၁၀-၂၀၁၄)
ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ (၂၀၁၄-၂၀၁၉)
ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (၂၀၁၉-လက်ရှိ)
အလုပ်အကိုင်လွှတ်တော်နိုင်ငံရေးသမား
ကျော်ကြားမှုကာတွန်းရေးဆွဲခြင်း

ကာတွန်းဇိုဇမ် ခေါ် ပူးဇိုဇမ်သည် ချင်းအမျိုးသား ကာတွန်းဆရာ တစ်ယောက်ဖြစ်သည်။ ချင်းဝိသေသတိုင်း၊ ထုတ်လိုင်ရွာတွင် ၁၉၅၆-ခု၊ ဇွန်လ၊ ၂၄-ရက်တွင် အဖ ဦးစီမန်ထောင်းနှင့် အမိဒေါ်ကျင်းခိုမန်တို့မှ မွေးဖွားခဲ့သည်။ မွေးချင်း - ၁၁ ယောက်ရှိပြီး အမည်ရင်းမှာ ဇမ်ကျင်ပေါ် ဖြစ်သည်။

အစောပိုင်းဘဝ

[ပြင်ဆင်ရန်]

ဦးဇိုဇမ်သည် ငယ်စဉ်က ထုတ်လိုင်ရွာ အထက်တန်းကျောင်းတွင် ပညာသင်ကြားခဲ့ပြီးနောက် ဗန်းတဲ့ အလယ်တန်းကျောင်း၌ ဆက်လက် ပညာဆည်းပူးခဲ့သည်။ ထို့နောက် ရန်ကုန်သို့ ပြောင်းရွှေ့ကာ လမ်းမတော် အထက်တန်းကျောင်း (၁) မှ ဆယ်တန်း အောင်မြင်ခဲ့သည်။ တက္ကသိုလ်ပညာကို ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့တွင် သင်ယူခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ဖွံ့ဖြိုးရေးမဟာသိပ္ပံဘွဲ့ ရရှိခဲ့သည်။ စက်မှုသိပ္ပံ (ချောက်မြို့) ၌လည်း ပညာသင်ယူခဲ့ဖူးပြီး ၁၉၇၄-၇၅ တွင် ချောက်ရေနံမြေအလုပ်သမား၊ ကျောင်းသားသပိတ်များတွင် ပါ၀င်ခဲ့သည်။ ၁၉၈၈တွင် စင်ပြိုင်အစိုးရအဖွဲ့မှ နိုင်ငံခြားရေး၀န်ကြီး၏ ကိုယ်ရေးအရာရှိလုပ်ဆောင်ခဲ့သည်။ ၁၉၈၈တွင် ဗကသအဖွဲ့၀င်တစ်ဦးအနေဖြင့် ပါ၀င်ခဲ့သည်။ အနောက်ဂျာမနီနိုင်ငံရှိ S.L.V (Mannheim) တွင် ပညာဆက်လက် ဆည်းပူးခဲ့သည်။ []

ကာတွန်းပညာနှင့် စာပေလုပ်ငန်း

[ပြင်ဆင်ရန်]

ကာတွန်းဇိုဇမ်သည် ကာတွန်းဆွဲခြင်းအပြင် ကာတွန်းနှင့် ပတ်သက်သော စာပေများကိုလည်း ရေးသားထုတ်ဝေခဲ့သည်။ ၁၉၈၆ ခုနှစ်၊ ဒီဇင်ဘာလမှစတင်၍ စာပေလောကသို့ ဝင်ရောက်လာခဲ့ပြီး ၁၉၉၆ ခုနှစ်တွင် ရွက်နုဝေ ကာတွန်းဆုကို ရရှိခဲ့သည်။

အလုပ်အကိုင်နှင့် နိုင်ငံရေး

[ပြင်ဆင်ရန်]

၁၉၈၆ ခုနှစ်မှ ၁၉၉၆ ခုနှစ်အထိ ကာတွန်းဆရာဘဝဖြင့် ၁၀ နှစ်နီးပါး ရပ်တည်ခဲ့သည်။ ထို့နောက် အေအိုင်ဒီအက်စ် ရောဂါ တားဆီးကာကွယ်ရေး လုပ်ငန်း (PSI) တွင် Communication Officer ရာထူးဖြင့် ဒီဇိုင်နာတစ်ပိုင်း၊ Officer တစ်ပိုင်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

နိုင်ငံရေးဘဝ

[ပြင်ဆင်ရန်]

ပူးဇိုဇမ်းသည် ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ချင်းအမျိုးသားပါတီ ကိုယ်စားပြု၍ တီးတိန်မြို့နယ်၊ မဲဆန္ဒနယ် (၂) မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မဲအရေအတွက် ၆,၃၄၂ မဲ (၃၆.၇၂%) ဖြင့် အနိုင်ရရှိခဲ့ပါသည်။ ယင်းပါတီ၏ ဥက္ကဋ္ဌ လည်းဖြစ်သည်။

စဉ် ကိုယ်စားလှယ်လောင်းအမည် ပါတီအမည် မဲရုံမဲ ကြိုတင်မဲ စုစုပေါင်းမဲ ရာခိုင်နှုန်း
၁။ ဦးငင်ထန် ချင်းတိုးတက်ရေးပါတီ ၁,၉၈၇ ၂၄၃ ၂,၂၃၀ 12.91%
၂။ ဦးဇမ်ကျင်ပေါ် (ခ) ဇိုဇမ်း ချင်းအမျိုးသားပါတီ ၅,၆၅၉ ၆၈၃ ၆,၃၄၂ 36.72%
၃။ ဦးဟောက်ဇဒါးလ် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ၂,၆၇၉ ၂၇၅ ၂,၉၅၄ 17.10%
၄။ ဦးဟန်ခန့်ခိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ၄,၅၁၅ ၁,၂၃၂ ၅,၇၄၇ 33.27%

ပထမအကြိမ် ချင်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ရာထူးအတွက် မတူပီမြို့နယ် မဲဆန္ဒနယ် (၁) မှ ဦးအုန်းလွင်နှင့်အတူ အဆိုပြုတင်သွင်းခံခဲ့ရာ၊ ဦးအုန်းလွင်က ၁၄ မဲ၊ ပူးဇိုဇမ်းက ၁၀ မဲ ရရှိခဲ့သဖြင့် ဦးအုန်းလွင်သည် ဒုတိယဥက္ကဋ္ဌ ဖြစ်လာခဲ့ပါသည်။ ချင်းပြည်နယ်လွှတ်တော်တွင် တိုင်းရင်းသားရေးရာကော်မတီဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။

ပူးဇိုဇမ်း ဦးဆောင်သော ချင်းအမျိုးသားပါတီသည် ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီအဖြစ် နာမည်ပြောင်းပြီး ၂၀၁၅ ရွေးကောက်ပွဲသို့ ဝင်ပြိုင်ခဲ့သည်။[]ချင်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၆) တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြည်ခိုင်ဖြိုးပါတီအမတ် ဦးကျင်ခန့်ပေါင်ကို ရှုံးနိမ့်ခဲ့သည်။

၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့တွင် ပူးငိုင်ဆာခ့် ဦးဆောင်သော ချင်းဒီမိုကရေစီအဖွဲ့ချုပ် (CLD)၊ ပူးနိုထန်ကပ် ဦးဆောင်သော ချင်းတိုးတက်ရေးပါတီ (CPP)နှင့် ပူးဇိုဇမ်း ဦးဆောင်သော ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ (CNDP) ပါတီသုံးခု ပူးပေါင်း၍ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အမည်ဖြင့် ပူးပေါင်းဖွဲ့စည်းခဲ့သည်။ ထို့နောက် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ပူးတွဲဥက္ကဋ္ဌ ဖြစ်လာသည်။

၂၀၂၀ ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိခဲ့ပေ။

၂၀၂၅ ခုနှစ်၊ ဇွန် ၂၅ ရက်မှ ဇွန် ၂၇ ရက်အထိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ကျင်းပပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးဖိုရမ်တွင် ပူးဇိုဇမ်းသည် တစ်သီးပုဂ္ဂလအနေဖြင့် တက်ရောက်ခဲ့သည်။

ထုတ်ဝေခဲ့သော စာအုပ်များ

[ပြင်ဆင်ရန်]
  1. ကယ်ရေကေချာ ရေးဆွဲနည်း။
  2. ကော်မစ်စတြစ် ကာတွန်းရေးဆွဲနည်း။
  3. မရယ်ရသော ကာတွန်းများ။
  4. တီထွင်ဖန်တီးကာတွန်းရေးဆွဲနည်း။

ကိုးကား

[ပြင်ဆင်ရန်]
  1. "ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ" (၂၆ အောက်တိုဘာ ၂၀၁၅). ၇ ရက်သတင်းဂျာနယ် (၈၉၈). Retrieved on 12 August 2025. 24 June 2017 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
  2. ချင်း အမျိုးသားပါတီ အမည်ပြောင်း The Irrawaddy။ 2025-6-28 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2025-6-28 တွင် ပြန်စစ်ပြီး။