ပထမ သရေခေတ္တရာမင်းဆက်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ဧရာဝတီမြစ်‎၏ အောက်ပိုင်း (အကြေအရပ်)တွင် ရသေ့ဖြစ်နေသော ခေပဒုတမင်း၏ ယောက်ဖ သတိုးမဟာရာဇာမင်းတွင် မျက်ကန်းမင်းသား ညီနောင်နှစ်ပါး ရှိသည်။ ထိုသားနှစ်ပါးကို မွေးစကတည်းက ဖျောက်ဖျက်ရန် စေခိုင်းသော်လည်း မယ်တော်က တိတ်တဆိပ်မွေးထား၍ အရွယ်ရောက်လာလေသည်။ ထိုအခါ မင်းကြီးသိပြီး ဖေါင်ပေါ်တင်၍ ဧရာဝတီမြစ်‎ အတွင်း မျှောလိုက်သည်။ မြစ်မှာ မျှောပါရင်း မျက်စိမြင်သည်။ ဦးကြီးရသေ့နှင့် တွေ့သည်။ ရသေ့၏ အစီအမံဖြင့် မဟာသမ္ဘာဝ အမည်ဖြင့် ပျူမိဖုရား နန်းခမ်းနှင့် ထိမ်းမြားကာ ပျူတို့ကို မင်းလုပ်အုပ်ချုပ်စေသည်။ ခရစ်မပေါ်မီ အနှစ် ၄၄၃ က ဖြစ်သည်။ မြို့တော်မှာ (ဂြီက္ဗေတြ) အသရေရှိသော မြေအရပ်ဟု အဓိပ္ပါယ်ရ၍ (သရေခေတ္တရာ) ဖြစ်လာသည်။ သရေခေတ္တရာသည် ပျူခေတ်တွင် အကြီးဆုံးမြို့ ဖြစ်သည်။ မဟာသမ္ဘာဝတွင် သားတော်တစ်ပါး ဖွားမြင်ရာ ဒွတ္တဘောင် (တ္ဒဗံ့မင်းကြီး) ဖြစ်လာသည်။ ဗုဒ္ဓသာသနာ တော်အား ထောက်ပံ့ပြီး နေ့စဉ် ရဟန်းသံဃာ သုံးသောင်းအား ပစ္စည်းလေးပါး လှူသည်။ ဒွတ္တဘောင်မင်း တည်ဆောက်ခဲ့သည့် ဘုရားများ မှာ သောကြမဘုရားညီးညီးဘုရားစီးစီးဘုရားဘောဘောဘုရားပုထိုးကြီးဘုရား များဖြစ်သည်။


သို့သော် ဒွတ္တဘောင်မင်းသည် သာသနာမြေ (ဘုန်းကြီးကျောင်း)မြေအား သိမ်းယူခဲ့သောအမှုကို ပြုခဲ့သောကြောင့် ပြည်သူတို့၏ လေးစားမှုအား မရတော့ပဲ အခွန်အကောက်များ ရရှိမှုနည်းပါးခဲ့သည်။ မင်းကိုယ်တော်တိုင် တိုင်းခန်း လှည့်လည်၍ အခွန်ခံထွက်ပြန်ရာ၊ ပန်ထွာမင်းသမီး(? တောင်တွင်းကြီး)နှင့်တွေ့ပြီး ပန်ထွာဘုရင်မ၏ ဧည့်ခံပြုစုခြင်း၌ နစ်မွန်း၍ မဆင်မခြင်သွား လာရာကာ မုန်တိုင်းတစ်ခုနှင့် ဆုံသဖြင့် ရေနစ်ပျောက်ဆုံး သွားရသည်။ ထိုမင်းသည် မြန်မာ့သမိုင်း၌ ပင်လယ်တွင် နစ်မွန်းပျက်စီးရသည့် တစ်ပါးတည်းသော မင်းဖြစ်သည်။ ကွယ်လွန်ချိန်ကား ခရစ်မပေါ်မီ ၃၇၃ တွင်ဖြစ်သည်။ [၁]

မင်းဆက်(၂၇)ဆက်[ပြင်ဆင်ရန်]

  1. မဟာသမ္ဘာဝ (သာသနာနှစ်-၆၀/၆၆) (BC-484)
  2. (ညီ) စူဠာသမ္ဘာဝ (သာသနာနှစ်-၆၆/၁၀၁) (BC-478) (BC-444 တွင် မဇ္ဈိမဒေသ၊ ဝေသာလီြပည်၌ ဒုတိယသံဂါယနာတင်သည်။
  3. (သား) ဒွတ္တဘောင် (သာသနာနှစ်-၁၀၁/၁၀၇) (BC-443)
  4. (သား) ဒွတ္တရန် (သာသနာနှစ်-၁၇၁/၁၉၃) (BC-373)
  5. (သား) ရန်ပေါင် (သာသနာနှစ်-၁၉၃/၂၄၃) (BC-328) (BC-326 တွင် အိန္ဒိယ၌ အသောကမင်း နန်းတက်သည်။) (BC-300 အသောကမင်းလက်ထက် တတိယသံဂါယနာတင်သည်။)
  6. (သား) ရန်မန် (သာသနာနှစ်-၂၄၃/၂၉၃) (BC-283)
  7. (သား) ရက္ခန် (သာသနာနှစ်-၂၉၃/၃၂၄) (BC-236)
  8. (သား) ခန်လောင်း (သာသနာနှစ်-၃၂၄/၃၆၂) (BC-208)
  9. (သား) လက်ခိုင် (သာသနာနှစ်-၃၆၂/၃၉၆) (BC-175)
  10. (သား) သိရိစန် (သာသနာနှစ်-၃၉၆/၄၂၄) (BC-145)
  11. (သား) သီရိရာဇ် (သာသနာနှစ်-၄၂၄/၄၃၃) (BC-117)
  12. ငတပါး (သာသနာနှစ်-၄၃၃/၄၈၄) (BC-98)
  13. (သား) ပါပိရန် (သာသနာနှစ်-၄၈၄/၅၅၀) (BC-47)
  14. (သား) ရန်မုက္ခ (သာသနာနှစ်-၅၅၀/၅၆၅) (BC-27)
  15. (သား) ရန်သိင်္ခ (သာသနာနှစ်-၅၆၅/၅၆၈) (BC-12)
  16. (သား) ရန်မုဉ္ဇလိန္ဒ (သာသနာနှစ်-၅၆၈/၅၈၃) (BC-9) *(သာသနာနှစ် ၅၄၄ ရောက်သောအခါ ခရစ်နှစ် (AD-1 ) စသည်။)
  17. (ညီ) ဘေရိန္ဒ (သာသနာနှစ်-၅၈၃/၅၉၈) (AD-6)
  18. (သား) မုဉ္ဇလ (သာသနာနှစ်-၅၉၈/၆၀၀) (AD-19)
  19. (သား) ပုဏ္ဏ(သာသနာနှစ်-၆၀၀/၆၀၃) (AD-34)
  20. (ညီ) သာခ (သာသနာနှစ်-၆၀၃/၆၀၆) (AD-37)
  21. (သား) သာသီ (သာသနာနှစ်-၆၀၆/၆၀၉) (AD-40)
  22. (ညီ) ကန္နု (သာသနာနှစ်-၆၀၉/၆၁၀) (AD-47)
  23. (နောင်တော်) ကန်တက် (သာသနာနှစ်-၆၁၀/၆၁၃) (AD-49)
  24. (နောင်တော်) ဘဇ္ဇ (သာသနာနှစ်-၆၁၃/၆၁၇) (AD-51)
  25. (သား) သုမုန္ဒရီမင်း (သာသနာနှစ်-၆၁၇/၆၂၄) (AD-60)
  26. (သား) အတိတျာ (သရေခေတ္တရာသက္ကရာဇ် ၂-၅)
  27. (ညီ) သုပညာနဂရဆိန္ဒ (သရေခေတ္တရာသက္ကရာဇ် ၅-၁၆)


သုမုန္ဒရီမင်း လွန်သော (သာသနာနှစ်-၆၂၄) (AD-80) *(ဒေါဒါရသ ကိန်းကြုံ၍ သာသနာနှစ် ၆၂၂ကို ဖြိုကာ ကျန် ၂-နှစ်မှ စတင် ရေတွက်သည်။) [၂]

ထိုသို့ ဖြိုကိန်းရောက်သော် ပုဂံလောကနန္ဒာအရပ်ကား ကျောက်စကားဟု တွင်၏။ ထိုအရပ်၌ သကြားမင်းသည် ပုဏ္ဏားအိုယောင်ဆောင်၌ ၆၂၂ ကိုဖြိုကာ "'သက္ကရာဇ်တို ဒွေး ၂ ခု "'ဟူ၍ ကျောက်ဖျာထက်၌ ရေးခဲ့သည် ဟူသတည်း။ [၃]

ကိုးကား[ပြင်ဆင်ရန်]

  1. ဒေါက်တာသန်းထွန်း၏ ပျူတွေဘယ်ပျောက်သွားသလဲ (၂၀၀၆-ခု၊ ဇူလိုင်၊ ပကြိမ်)
  2. ဦးကိုကိုဦး ၏ သမိုင်းစဉ်ဆက် သက္ကရာဇ် မှတ်တမ်းများ (၂၀၀၅-ခု၊ အောက်တိုဘာလ၊ ပကြိမ်)
  3. အရှင် သံဝရာလင်္ကာရ ဓမ္မပိယဆရာတော် ရေး ဒို့နိုင်ငံတော် ၊ ၂၀၁၀-ဖေဖော်ဝါရီလ၊ စာ-၁၃/၁၄