မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ

ဝီကီပီးဒီးယား မှ
၁၃:၁၂၊ ၂၉ ဒီဇင်ဘာ ၂၀၂၀ နေ့က InternetArchiveBot (ဆွေးနွေး | ပံ့ပိုး) (ရင်းမြစ် 1 ခုကို ကယ်ဆယ်ပြီး 0 ခုကို လင့်ခ်သေအဖြစ် စာတွဲပြီးပါပြီ) #IABot (v2.0.7) တည်းဖြတ်သည့်မူ
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ
မွန် အမည်ဗော်ဒီမုဵကရေဇြဳအလုံရးမန်
အင်္ဂလိပ် အမည်All Mon Region Democracy Party
နာယကနိုင်ငွေသိန်း
ဒုဥက္ကဋ္ဌနိုင်လှအောင်
တည်ထောင်ခြင်း၇ ဧပြီ ၂၀၁၀ (၂၀၁၀-၀၄-၀၇)
ဖျက်သိမ်းခြင်း၁၁ ဇူလိုင် ၂၀၁၉
ဆက်ခံမွန်ညီညွတ်ရေးပါတီ
ဌာနချုပ်မော်လမြိုင်မြို့မွန်ပြည်နယ်
နိုင်ငံရေး သဘောတရားမွန်လူမျိုး အခွင့်အရေး
အမျိုးသားလွှတ်တော် အမတ်နေရာ
၀ / ၂၂၄
ပြည်သူ့လွှတ်တော် အမတ်နေရာ
၀ / ၄၄၀
မွန်ပြည်နယ် လွှတ်တော် အမတ်နေရာ
၁ / ၃၁
ပါတီအလံ
မြန်မာနိုင်ငံ၏ နိုင်ငံရေး
နိုင်ငံရေးပါတီများ

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (အင်္ဂလိပ်: All Mon Region Democracy Party၊ အတိုကောက် AMRDP) သည် မြန်မာနိုင်ငံ မွန်ပြည်နယ် မော်လမြိုင်မြို့အခြေစိုက် နိုင်ငံရေးပါတီ တစ်ခုဖြစ်သည်။[၁]၂၀၁၀ ရွေးကောက်ပွဲတွင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီသည် မဲဆန္ဒနယ် ၃၄နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြည်သူ့လွှတ်တော် အမတ်နေရာ ၃ နေရာ၊ အမျိုးသားလွှတ်တော် အမတ်နေရာ ၄ နေရာနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော် အမတ်နေရာ ၉ နေရာ အနိုင်ရခဲ့သည်။[၂]

၂၀၁၅ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် ၃၅ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တစ်နေရာသာ အနိုင်ရရှိခဲ့သည်။ [၃]

ဖျက်သိမ်းခြင်း

၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့တွင် မွန်ညီညွတ်ရေးပါတီကို မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ နှင့် မွန်အမျိုးသားပါတီတို့ ပူးပေါင်း၍ ပါတီတစ်ခုတည်းအဖြစ် ဖွဲ့စည်းခဲ့သည့်အတွက် မွန်အမျိုးသားပါတီကို ပါတီမှတ်ပုံတင် ဖျက်သိမ်းခဲ့သည်။[၄]

ကိုးကား

  1. "All Mon Region Democracy Party"၊ Election 2010၊ Mizzima၊ 20 November 2010။ 2 April 2012 တွင် ပြန်စစ်ပြီး 
  2. "All legislatures"၊ 2010 Election Watch၊ Alternative Asean Network on Burma၊ 2010။ 2 April 2012 တွင် ပြန်စစ်ပြီး။ Archived from the original on 1 January 2012။ 
  3. THE VOICE - News Myanmar
  4. နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားခြင်းကို ပယ်ဖျက်၍ ပါတီအား ဖျက်သိမ်းခြင်းပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (၁၂ ဇူလိုင် ၂၀၂၀)။ ၁၅ ဩဂုတ် ၂၀၂၀ တွင် ပြန်စစ်ပြီး။