ညောင်ရွှေမြို့နယ်
ညောင်ရွှေမြို့နယ်သည် ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်တွင် တည်ရှိသော မြို့နယ်တစ်ခုဖြစ်သည်။ မြို့နယ်၏ အုပ်ချုပ်မှုရုံးစိုက်သောမြို့မှာ ညောင်ရွှေမြို့ဖြစ်သည်။
ပြည်တွင်း၊ ပြည်ပခရီးသွားများ၏ အဓိကဆွဲဆောင်ရာ နေရာတစ်ခုဖြစ်သော အင်းလေးကန်သည် ညောင်ရွှေမြို့နယ်၏ တောင်ပိုင်းတွင်တည်ရှိသည်။ အင်းလေးကန် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောသည် ညောင်ရွှေမြို့နယ်၊ ပင်လောင်းမြို့နယ်အနီးနှင့် နန့်ပန်မြို့နယ်တို့အတွင်း တည်ရှိသည်။ ညောင်ရွှေမြို့သည် အင်းလေးကန် သို၀င်ရောက်ရာ အဓိက၀င်ပေါက်ကြီးဖြစ်သည့်အတွက် မြို့နေပြည်သူများက ခရီးသွားလုပ်ငန်း၊ စားသောက်ဆိုင် ၊ ဟိုတယ် နှင့် တည်းခိုခန်း၊ အခြား ဧည့်၀န်ဆောင်မှုလုပ်ငန်းများဖြင့် အသက် ွေ၀န်းျောင်း ပြု ကြသည် ။တန်ခူးလ ၂ကျိပ်၈ဆူ ဆွမ်းလောင်းပွဲနှင့် သီတင်း ကျွတ်လတွင် ကျင်းပသည့် ဖောင်တော်ဦးဘုရား ဒေသစာရီကြွချီပွဲမှာ ညောင်ရွှေမြို့တွင် အထင်ခြား ုံး ပွဲကြီးများ ဖြစ်သည်။ [၁]
စိတ်ဝင်စားဖွယ်ရာ နေရာဒေသများ
- ရွှေရန်ပြေ ဘုန်းကြီးကျောင်း
- ရွာမရွာ (ရေပေါ်ဈေး)
- စော်ဘွားပြတိုက်
- ရွှေအင်းတိန် ဘုရား
- Coffee house
- Inle horse club
- RedMountain Estate winery
ကိုးကား
- ↑ Inlay Lake (wetland) Sanctuary။ 12 July 2014 တွင် ပြန်စစ်ပြီး။
ပြင်ပလင့်များ
ဤ ရှမ်းပြည်နယ် ပထဝီဝင်တည်နေရာ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |