မာတိကာသို့ ခုန်သွားရန်

အာရမ္မဏပစ္စည်း

ဝီကီပီးဒီးယား မှ

[] စိတ်စေတသိက် တရားတို့အား အာရုံ၏အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရား၊ (ရူပါရုံ သဒ္ဒါရုံ-စသော အာရုံခြောက် ပါးတည်း)။ [] []

အာလမ္ဗဏသတ္တိ

[ပြင်ဆင်ရန်]

အာရမ္မဏသည် အလွန်ပျော်စရာကောင်းသော နေရာဟု အဓိပ္ပါယ်ရ၏။ အပင်မျိုးစုံ စိုက်ပျိုးထားသော ဥယျာဉ်သည် နေချင်စဖွယ် ဖြစ်သလို ရူပါစသော အာရုံများသည် စိတ်စေတသိက်တို့၏ ပျော်စရာသတ္တိထူး ရှိကြလေသည်။ ထို့ကြောင့် စိတ် စေတသိက်တို့သည် အာရုံနှင့်ကင်းပြီး မဖြစ်နိုင်။ အာရုံသည် စိတ်စေတသိက်တို့ကို မခွဲနိုင်လောက်အောင် ဆွဲဆောင်နိုင်ခြင်းသည် အာရမ္မဏသတ္တိမည်၏။ အာလမ္ဗဏသည် ဆွဲကိုင်စရာဟု အဓိပ္ပါယ်ရသည်။ မသန်မစွမ်းသူတို့သည် တုတ်,တောင်ဝှေး,ကြိုးတမ်းကို ဆွဲကိုင်ပြီး ထကြရ သွားကြရ ရပ်ကြရသလို အာရုံတို့သည်လည်း စိတ်စေတသိက်တို့၏ ဆွဲမှီစရာဖြစ်၍ အာရုံတို့သည် အာလမ္ဗဏသတ္တိ ရှိ၏။

ပစ္စည်း ပစ္စယုပ္ပန် ပစ္စနိက်
ပစ္စုပ္ပန် အတိတ် အနာဂတ်ဖြစ်သော

စိတ်-၈၉၊ စေ-၅၂ ၊ရုပ်-၂၈ ကာလဝိမုတ်ဖြစ်သော နိဗ္ဗာန် ပညတ်

စိတ်-၈၉၊ စေ-၅၂၊ ရုပ် ၂၈

ပစ္စုပ္ပန်စသည်အခွဲ

[ပြင်ဆင်ရန်]

ဖြစ်ပေါ်နေစဉ် ‘ဥပါဒ် ဌီ ဘင်’ အားဖြင့် ထင်ရှားရှိသော အာရုံကို ပစ္စုပ္ပန်ဟု ခေါ်သည်။ ‘ဥပါဒ် ဌီ ဘင်’ စေ့၍ ပျက်ပြီးလျှင် အတိတ်အာရုံဟု ခေါ်သည်။ အကြောင်းညီညွတ်လျှင် ဧကန်ဖြစ်မည့်အာရုံကို အနာဂတ်ဟု ခေါ်သည်။ စိတ်-၈၉, စေ-၅၂, ရုပ် ၂၈ တို့သည် ပစ္စုပ္ပန် အတိတ် အနာဂတ် ကာလသုံးမျိုး အမည်ရနိုင်သည်။ ကာလသုံးမျိုးမှ လွတ်သော အာရုံသည် ကာလဝိမုတ်မည်၏။ ပညတ်နှင့် နိဗ္ဗာန်သည် ကာလသုံးပါးမှ လွတ်၏။ မောင်ဖြူ, မောင်မဲ, အိမ်, ကျောင်းစသည့် ပညတ်တွေကို တရားကိုယ်ရှာကြည့်သည့်အခါ ဘာမျှမတွေ့ရ၊ စိတ် စေတသိက် ရုပ်ကိုသာ တွေ့ရမည်။ ထို့ကြောင့် နာမည် ပညတ်ကို တရားကိုယ် မရှိ၍ ဖြစ်ခြင်း(ဥပါဒ်) သဘောမရှိရကား ဖြစ်ဆဲ ပစ္စုပ္ပန်စသည်ဖြင့် ခေါ်မရ၊ ကာလဝိမုတ်ဟုသာ ခေါ်သည်။ နိဗ္ဗာန်သည် ပရမတ္ထအားဖြင့် တကယ်အရှိတရားဖြစ်သော်လည်း ဖြစ်ပျက်သဘောမရှိ၍ ကာလဝိမုတ်သာ ဖြစ်သည်။ []

အာရမ္မဏပစ္စည်းတရားများ

[ပြင်ဆင်ရန်]

လောက၌ ရှိသမျှ သိစရာ(အာရုံ)အားလုံးကို စိတ်, စေတသိက်, ရုပ်, နိဗ္ဗာန်, ပညတ် ဟု ငါးမျိုးသာ ရှိလေသည်။ ၎င်းသိစရာ ငါးမျိုးသည် အာရမ္မဏသတ္တိ ရှိသော တရားများဖြစ်သည်။ ၎င်း ငါးမျိုးကို ခွဲလျှင် - ရုပ် ၂၈ ပါးမှ

  • ၁၊ အဆင်းရုပ်သည် ရူပါရုံ
  • ၂၊ အသံရုပ်သည် သဒ္ဒါရုံ
  • ၃၊ အနံ့ရုပ်သည် ဂန္ဓာရုံ
  • ၄၊ အရသာသည် ရသာရုံ
  • ၅၊ ပထဝီ, တေဇော, ဝါယော ဟူသော အတွေ့သည် ဖောဋ္ဌဗ္ဗာရုံ
  • ၆၊ ကျန်ရုပ်တရား၂၁ပါးနှင့် စိတ်, စေတသိက်, နိဗ္ဗာန်, ပညတ်တို့သည် ဓမ္မာရုံ ဟု

အာရုံ ၆-ပါး ရသည်။ ၎င်းအာရုံ ၆-ပါးသည် အာရမ္မဏသတ္တိ ရှိသောတရားများဖြစ်ကြသည်။

ကာမစိတ် အာရုံ ပစ္စည်း

[ပြင်ဆင်ရန်]
အာရုံ(အကြောင်း-ပစ္စည်း) အာရမ္မဏိက(အကျိုး-ပစ္စယုပ္ပန်)
၁။ ကာမစိတ်-၅၄၊ စေတသိက်-၅၂၊ ရုပ်-၂၈ တဒါရုံ-၁၁၊ ဟသိတုပ္ပါဒ်-၁
၂။ လောကီစိတ်-၈၁၊ စေ-၅၂၊ ရုပ်-၂၈၊ ပညတ် အကုသိုလ်စိတ်-၁၂၊ မဟာကုသိုလ်, မဟာကြိယာ ဉာဏဝိပ္ပယုတ်-၈
၃။ အရဟတ္တမဂ်, အရဟတ္တဖိုလ်ကြဉ်စိတ် ၈၇၊ စေ-၅၂၊ ရုပ်-၂၈ နိဗ္ဗာန်, ပညတ် မဟာကုသိုလ် ဉာဏသမ္ပယုတ်-၄
၄။ စိတ်-၈၉၊ စေ-၅၂၊ ရုပ်-၂၈၊ နိဗ္ဗာန်၊ ပညတ် မဟာကြိယာ ဉာဏသမ္ပယုတ်-၄၊ မနောဒွါရာဝဇ္ဇန်း-၁

အဘိညာဉ် ၇-ပါး အာရုံ ပစ္စည်း

[ပြင်ဆင်ရန်]
၁။ ဒူရ, ပဋိစ္ဆန္န, သဏှ, သုခုမ ပစ္စုပ္ပန်ရူပါရုံ ဒိဗ္ဗစက္ခုအဘိညာဉ်

(ရူပါဝစရကုသိုလ်/ကြိယာပဉ္စမဈာန်စိတ်)

၂။ ဒူရ, ပဋိစ္ဆန္န, သဏှ, သုခုမ ပစ္စုပ္ပန်သဒ္ဒါရုံ ဒိဗ္ဗသောတအဘိညာဉ်

(ရူပါဝစရကုသိုလ်/ကြိယာပဉ္စမဈာန်စိတ်)

၃။ ရူပကုသိုလ်/ကြိပဉ္စမဈာန်-၁၊ သတသဟဿ

စသော နိမ္မိတရုပ်ဟုဆိုအပ်သော အာရုံ ၆-ပါး

ဣဒ္ဓိဝိဓကြိယာအဘိညာဉ်

(ရူပါဝစရကုသိုလ်/ကြိယာပဉ္စမဈာန်စိတ်)

၄။ လွန်ပြီးသော ၇-ရက်မှစ၍ လာလတံ့သော

၇-ရက်တိုင်အောင် ကာလသုံးပါးဖြစ်သော အရဟတ္ထမဂ်/ဖိုလ် ကြဉ် သူတပါးစိတ်-၈၇

စေတောပရိယကုသိုလ်အဘိညာဉ်
၅။ လွန်ပြီးသော ၇-ရက်မှစ၍ လာလတံ့သော

၇-ရက်တိုင်အောင် ကာလသုံးပါးဖြစ်သော သူတပါးစိတ်-၈၉

စေတောပရိယကြိယာဘိညာဉ်
၆။ ပုဗ္ဗေနိဝုဋ္ဌဖြစ်သော အရဟတ္ထမဂ်/ဖိုလ်ကြဉ်

စိတ်-၈၇၊ စေ-၅၂၊ ရုပ်-၂၈ ဟုဆိုအပ်သော ခန္ဓာ ၅-ပါး၊ ခန္ဓာ ၅-ပါးမှ လျှောက်၍ သိအပ်သော နိဗ္ဗာန်, အမျိုးအမည် ပညတ်

ပုဗ္ဗေနိဝါသာနုဿတိကုသိုလ်အဘိညာဉ်
၇။ ပုဗ္ဗေနိဝုဋ္ဌဖြစ်သော စိတ်-၈၉၊ စေ-၅၂၊

ရုပ်-၂၈ ဟုဆိုအပ်သော ခန္ဓာ ၅-ပါး၊ ခန္ဓာ ၅-ပါးမှ လျှောက်၍ သိအပ်သော နိဗ္ဗာန်, အမျိုးအမည် ပညတ်

ပုဗ္ဗေနိဝါသာနုဿတိကြိယာအဘိညာဉ်
၈။ အတိတ်ဖြစ်သော လောကီကုသိုလ်, အကုသိုလ်ကံ ယထာကမ္မူပဂကုသိုလ်/ကြိယာအဘိညာဉ်
၉။ အနာဂတ်ဖြစ်သော အရဟတ္ထမဂ်/ဖိုလ်ကြဉ်

စိတ်-၈၇၊ စေ-၅၂၊ ရုပ်-၂၈ ဟုဆိုအပ်သော ခန္ဓာ ၅-ပါး၊ ခန္ဓာ ၅-ပါးမှ လျှောက်၍ သိအပ်သော နိဗ္ဗာန်, အမျိုးအမည် ပညတ်

အနာဂတံသကုသိုလ်အဘိညာဉ်
၁၀။ အနာဂတ်ဖြစ်သော စိတ်-၈၉၊ စေ-၅၂၊

ရုပ်-၂၈ ဟုဆိုအပ်သော ခန္ဓာ ၅-ပါး၊ ခန္ဓာ ၅-ပါးမှ လျှောက်၍ သိအပ်သော နိဗ္ဗာန်, အမျိုးအမည် ပညတ်

အနာဂတံသကြိယာအဘိညာဉ်

ဈာနဝီထိ အာရုံ ပစ္စည်း

[ပြင်ဆင်ရန်]
ကသိုဏ်းပညတ် ၁၀-ပါး၊ အသုဘပညတ် ၁၀-ပါး၊

ကာယဂတာသတိ၏ အာရုံဖြစ်သော ဆံ အစရှိသော ကာယအစုပညတ်၊ အာနာပါနဿတိအာရုံဖြစ်သော ထွက်သက် ဝင်သက် ပညတ်၊ မေတ္တာ, ကရုဏာ, မုဒိတာ ဟူသော ဗြဟ္မဝိဟာရတရားသုံးပါး၏ အာရုံဖြစ်သော အတိုင်းမသိသော သတ္တဝါပညတ်၊

ရူပ ပထမဈာန် ၃-ပါး
ကသိုဏ်းပညတ် ၁၀-ပါး၊ အာနာပါနဿတိအာရုံဖြစ်သော

ထွက်သက် ဝင်သက် ပညတ်၊ မေတ္တာ, ကရုဏာ, မုဒိတာ ဟူသော ဗြဟ္မဝိဟာရတရားသုံးပါး၏ အာရုံဖြစ်သော အတိုင်းမသိသော သတ္တဝါပညတ်၊

ရူပ ဒုတိယဈာန် ၃-ပါး

ရူပ တတိယဈာန် ၃-ပါး

ရူပ စတုတ္ထဈာန် ၃-ပါး

ကသိုဏ်းပညတ် ၁၀-ပါး၊ အာနာပါနဿတိအာရုံဖြစ်သော

ထွက်သက် ဝင်သက် ပညတ်၊ ဥပေက္ခာဟူသော ဗြဟ္မဝိဟာရ၏ အာရုံဖြစ်သော အတိုင်းမသိသော သတ္တဝါပညတ်၊

ရူပ ပဉ္စမဈာန် ၃-ပါး
ကောင်းကင်ပညတ်အာရုံ အာကာသာနဉ္စာယတနစိတ် ၃-ပါး
ဤဘဝ[မှတ်စု ၁], ရှေးဘဝအဇ္ဈတ္တသန္တာန်၌ ဖြစ်ဘူး[မှတ်စု ၂]သော

အာကာသာနဉ္စာယတနကုသိုလ်

ဝိညာဏဉ္စာယတနကုသိုလ်စိတ် ၁-ပါး
ရှေးဘဝအဇ္ဈတ္တသန္တာန်၌ ဖြစ်ဘူးသော

အာကာသာနဉ္စာယတနကုသိုလ်စိတ်

ဝိညာဏဉ္စာယတနဝိပါက်စိတ် ၁-ပါး
ဤဘဝ[မှတ်စု ၃], ရှေးဘဝ အဇ္ဈတ္တသန္တာန်၌ ဖြစ်ဘူးသော

အာကာသာနဉ္စာယတနကုသိုလ်စိတ် (သို့မဟုတ်) ဤဘဝ အဇ္ဈတ္တသန္တာန်၌ ဖြစ်ဘူးသော အာကာသာနဉ္စာယတနကြိယာစိတ်

ဝိညာဏဉ္စာယတနကြိယာစိတ် ၁-ပါး
အာကာသာနဉ္စာယတနကုသိုလ်စိတ် (သို့မဟုတ်)

အာကာသာနဉ္စာယတနကြိယာစိတ်၏ မရှိခြင်း သဘော နတ္ထိဘောပညတ်

အာကိဉ္စညာယတနစိတ် ၃-ပါး
ဤဘဝ, ရှေးဘဝ အဇ္ဈတ္တသန္တာန်၌ ဖြစ်ဘူးသော

အာကိဉ္စညာယတနကုသိုလ်စိတ်

နေဝသညာနာသညာယတနကုသိုလ်စိတ် ၁-ပါး
ရှေးဘဝ အဇ္ဈတ္တသန္တာန်၌ ဖြစ်ဘူးသော

အာကိဉ္စညာယတနကုသိုလ်စိတ် ၁-ပါး

နေဝသညာနာသညာယတနဝိပါက်စိတ်
ဤဘဝ, ရှေးဘဝ အဇ္ဈတ္တသန္တာန်၌ ဖြစ်ဘူးသော

အာကိဉ္စညာယတနကုသိုလ်စိတ် (သို့မဟုတ်) ဤဘဝ အဇ္ဈတ္တသန္တာန်၌ ဖြစ်ဘူးသော အာကိဉ္စညာယတနကြိယာစိတ်

နေဝသညာနာသညာယတနကြိယာစိတ် ၁-ပါး

[]

နိဗ္ဗာန်ကို လောကုတ္တရာစိတ် ၈-ခုက အာရုံပြုသည်။

  1. မသေခင်(လက်ရှိဘဝ) ဈာန်ဝင်စားသည့်အခါ ဤဘဝကုသိုလ်ကို အာရုံပြုသည်။
  2. သေပြီးနောဘဝ ဝိညာနဉ္စာယတနဘုံ၌ ဝိညာနဉ္စာယတနကုသိုလ်ဈာန်ဝင်စားသည့်အခါ ရှေးဘဝကကုသိုလ် အာရုံပြုသည်။ (ဝိညာဏဉ္စာယတဘုံ၌ အကာသာနဉ္စာယတနစိတ် မဖြစ်နိုင်)
  3. အာကာသာနဉ္စာယတန ကုသိုလ်ဈာန်ရပြီး ဤဘဝ၌ပင်ရဟန္တာဖြစ်ပြီးမှ ဝိညာဏဉ္စာယတနဈာန်ရလျှင် ဝိညာဏဉ္စာယတနဈာန်က အာကာသာနဉ္စာယတန ကုသိုလ်ဈာန်ကို အာရုံပြုသည်။ ရဟန္တာဖြစ်ပြီးမှ အာကာသာနဉ္စာယတနဈာန် ကို ဝင်စားပြီးနောက်မှ ဝိညာဏဉ္စာယတနကို ပြန်ဝင်စားက အာသာနဉ္စာယတန ကြိယာဈာန်ကို အာရုံပြုသည်။ ရဟန္တာဖြစ်ပြီးမှ အာကာသာနဉ္စာယတနှင့်ဝိညာဏဉ္စာယတနဈာန်ကိုရက ဝိညာဏဉ္စာယတနကြိယာသည် အာကာသာနဉ္စာယတနကြိယာကို အာရုံပြုသည်။ ဝိညာဏဉ္စာယတနဘုံရောက်မှ ရဟန္တာဖြစ်ပြီး ဝိညာဏဉ္စာယတနဈာန် ဝင်စားလျှင် ဝိညာဏဉ္စာယတနကြိယာသည် ရှေးဘဝအာကာသာနဉ္စာယတနကုသိုလ်ကို အာရုံပြုသည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. အာရမ္မဏပစ္စယ (ပု) [အာရမ္မဏ+ပစ္စယ] အာရမ္မဏပစ္စည်း၊
  2. ဟေတုပစ္စယော၊ အာရမ္မဏပစ္စယော။ ပဋ္ဌာန၊၁၊၁။ အာရမ္မဏဝသေန ဥပကာရကော ဓမ္မော အာရမ္မဏပစ္စယော။ အဘိ၊ဋ္ဌ၊၃၊၃၄၅။ ဝိသုဒ္ဓိ၊၂၊၁၆၅။ (ဒီ၊ဋ္ဌ၊၁၊၁၇၅။ အဘိ၊ဋ္ဌ၊၁၊၁၄၊ ၈၅၊ ၁၂၀။ အဘိ၊ဋ္ဌ၊၃၊၃၅၂။ မူလဋီ၊၁၊၇၅။ အနုဋီ၊၁၊၇၄၊ ၁၄၀။ အနုဋီ၊၂၊၁၁၅။ အနုဋီ၊၃၊၂၂၈။ သာရတ္ထ၊၁၊၂၁၉၊ သီ၊ဋီ၊သစ်၊၁၊၃၉၂။ မ၊ဋီ၊၃၊၂၁၉။ သံ၊ဋီ၊၂၊၁၀၇၊ ၃၄၉။ ဝိသုဒ္ဓိ၊ဋီ၊၁၊၂၂၁။ ဝိသုဒ္ဓိ၊ဋီ၊၂၊၆၉။)
  3. တိပိဋကအဘိဓာန် အတွဲ-၄ အပိုင်း-၁
  4. (သင်္ဂြိုဟ်ဘာသာဋီကာ ၁၉၁-၁၉၂ ရှင်းချက်)
  5. ဆရာတော် ဦးဂရုဓမ္မ။ ကုသလကာရီ ပဋ္ဌာန်းပဉှာဝါရ ပို့ချချက်