မာတိကာသို့ ခုန်သွားရန်

ပုဏ္ဏထေရ်

ဝီကီပီးဒီးယား မှ

သာသနာတော် ရဟန္တာအဖြစ်သို့ ရောက်တော်မူသော ပုဏ္ဏထေရ်မှာ နှစ်ပါး ရှိပါသည်။ အခြား ပုဏ္ဏအမည်ရှိသူများလည်း ရှိသေး၏။

သုနာပရန္တတိုင်းသား ပုဏ္ဏထေရ်

[ပြင်ဆင်ရန်]

လွန်လေပြီးသော(၉၁) ကမ္ဘာ ထက်၌ အမျိုးကောင်းသားတစ်ဦးသည် ရသေ့ ဘဝဖြင့် တော၌နေစဉ် အလင်းရောင် ဖြစ်ပေါ်သဖြင့် စူးစမ်းသောအခါ အရှင်ပစ္စေကဗုဒ္ဓါ ပရိနိဗ္ဗာန်စံလွန်နေသည်ကို ဖူးမြင်ရသဖြင့် မီးသင်္ဂြိုဟ်ပူဇော်မှုကို ပြုသည်၊ ထိုအခါ နတ်သားတစ်ယောက်က နောင်အခါပုဏ္ဏ (ပုဏ္ဏက)အမည်ဖြင့် ရဟန္တာ ဖြစ်မည်ဟု လျှောက်ထားသည်။ ဤ ဘုရားရှင်လက်ထက်၌ သုနာပရန္တ ဇနပုဒ် (သုနာပရန္တတိုင်း[]) []

သုပ္ပါရကပဋ္ဋန၊ ကုန်သည်ရွာ သူကြွယ်မျိုး၌ ဖြစ်သည်။ ညီအစ်ကို နှစ်ယောက်တွင် အစ်တို့သည် ပုဏ္ဏဟု အမည်တွင်သည်။ ပုဏ္ဏသည် ကုန်သွယ်ရန် သာဝတ္ထိသို့ ကုန်သည်များစွာနှင့်အတူ သွားရောက်သောအခါ ဘုရားရှင်၏ တရားတော်ကိုနာ ယူရသဖြင့် ရဟန်းဝတ်၍ ဘုရားရှင်အား အကျဉ်းအားဖြင့် ဆုံးမတော်မူပါရန် တောင်းပန်သည်။ []

မြင်အပ်နှစ်သက်အပ်သော ရူပါရုံတို့၌ နှစ်သက်ပါက နှစ်သက်မှု ဖြစ်ခြင်းကြောင့် ဒုက္ခဖြစ်၏၊ မနှစ်သက်ပါက နှစ်သက်မှုချုပ်ခြင်းကြောင့် ဒုက္ခချုပ်၏-စသည်ဖြင့် ဆုံးမတော်မူသည်။ ထို့နောက် အဘယ်အရပ်၌ နေမည်နည်း-ဟု မေးတော်မူသောအခါ သုနာပရန္တဇနပုဒ်၌ နေမည်ဖြစ်ကြောင်း လျှောက်ထားသည်။ []

သုနာပရန္တတိုင်းသားတို့သည် ကြမ်းထမ်းကုန်၏၊ ဆဲလျှင် မည်သို့ပြုမည် နည်းဟု မေးသောအခါ သုနာပရန္တ တိုင်းသားတို့သည် တော်ကြပါပေ၏၊ ငါ့အား ဆဲခြင်းကိုသာ ပြုကြ၏၊ လက်ဖြင့် မပုတ် ခတ်ကြ”ဟူ၍ အောက်မေ့မည် ဖြစ်ကြောင်း လျှောက်ထားသည်၊ ဆက်လက်၍ ဘုရားရှင် မေးတော်မူသောအခါ လက်ဖြင့်ပုတ်ခတ်ကြလျှင် ခဲဖြင့်မပစ်ကြ ဟုလည်းကောင်း၊ ခဲဖြင့် ပစ်ကြလျှင် တုတ်ဖြင့် မရိုက်ကြဟု လည်းကောင်း၊ တုတ်ဖြင့် ရိုက်ကြလျှင် ဓါးဖြင့် မခုတ်ကြဟုလည်းကောင်း၊ ဓါးဖြင့် ခုတ်ကြလျှင် ထက်စွာသော ဓါးဖြင့် အသက် မချွေကြဟုလည်းကောင်း၊ ထက်စွာသော ဓါးဖြင့် အသက်ချွေကြလျှင် ဘုရားရှင်၏ တပည့် သာဝကတို့သည် ကိုယ်, အသက်၌ စက်ဆုပ်ကြသဖြင့် အသက်သေစေသော လက်နက် ရှာမှီးကြ၏၊ ငါသည် မရှာမှီးဘဲ ရအပ်ပေသည်ဟုလည်းကောင်း အောက်မေ့ ပါမည်ဟု ရဲရဲတောက်စကား (၇) ခွန်းကို လျှောက်ထားတော်မူသည်။ []

ဘုရားရှင်က ခွင့်ပြုတော်မူသဖြင့် သုနာပရန္တဇနပုဒ်သို့ ကြွတော်မူ၍ အဗ္ဗုဟတ္ထဂီရိ (အဇ္ဇုဟတ္ထပဗ္ဗတ။ []။)၌ သီတင်းသုံးလျက် ကုန်သည်ရွာ၌ ဆွမ်းခံကြွတော်မူသည်။ ညီဖြစ်သူက မှတ်မိ၍ ဤအရပ်၌သာ သီတင်းသုံးရန် တောင်းပန်သည်။ ထို့နောင် သမုဒ္ဒဂီရိဝိဟာရသို့ ကြွတော်မူသည်၊ ထိုအရပ်၌ သံလိုက်ကျောက်တို့ကို ဖြတ်တောက်၍ ပြုထားသော စင်္ကြံရှိသည်။ မည်သူမျှ စင်္ကြ မသွားနိုင်။ သမုဒ္ဒရာရေလှိုင်းတို့သည် ထိုသံလိုက်ကျောက်တို့ကို ရိုက်ခတ်သဖြင့် ကျယ်လောင်သောအသံ ဖြစ်ပေါ်နေသည်။ မထေရ်သည် ကမ္မဋ္ဌာန်းအားထုတ်သူတို့ အတွက် ချမ်းသာစွာနေရခြင်းငှါ အသံမရှိ အောင် အဓိဋ္ဌာန်တော်မူသည်။ ထို့နောင် မာတုလဂိရိသို့ ကြွတော်မူသောအခါ ငှက်အပေါင်း၏ နေ့နေ့ ညည ဆူညံသံကို ကြားရသဖြင့် မကုလာရာမဝိဟာရ (မကုလကာ ရာမဝိဟာရ)သို့ ကြွတော်မူသည်။ ထိုအရပ်သည် ကုန်သည်ရွာ၏ မနီး မဝေး ဖြစ်သည်။ []

ထိုဝါတွင်း၌ပင် ညီတော်နှင့်ကုန်သည် ငါးရာတို့သည် မထေရ်ထံသိက္ခာပုဒ်တို့ကို ခံယူလျက် သမုဒ္ဒရာ တစ်ဘက်ကမ်းသို့သွား ကြသည်၊ ကျွန်းတစ်ခုကိုတွေ့သဖြင့် တက်ကြသောအခါ စန္ဒကူးနီ တောကြီးကိုတွေ့ကြသည်။ လက်လေးသစ်မျှရှိသော စန္ဒကူးသား သည်ပင် တစ်ထောင်ထိုက်တန်သည်။ လှေ ပေါ်သို့ စန္ဒကူးနီသားတို့ကိုတင်ကြသောအခါ တောစောင့်ဘီလူးတို့ အမျက်ထွက်ကြသဖြင့် ကုန်သည်တို့ လှေပေါ်ရောက်၍ ခရီးနှင်သောကာလ၌ ဥပါဒ်အန္တရာယ် ကြောက်ဖွယ် အာရုံ မျိုးစုံတို့ကို ဖြစ်စေသည်။ အခြားကုန်သည်တို့က မိမိ တို့အားထားရာ နတ်တို့ကို ရှိခိုးကြသည်။ ညီကုန်သည်သည် “ငါ၏အစ်တို့သည် အားထားရာဖြစ်ပါစေ”ဟု မထေရ်ကို ရှိခိုးနေသည်။ ပုဏ္ဏမထေရ်က သိတော်မူသဖြင့် ကောင်းကင် ပျံတက်၍ ရှေးရှုတည်တော်မူသည်။ ဘီလူးတို့သည် မထေရ်ကို မြင်သဖြင့် ထွက်ခွါသွားကြလေသည်။ မထေရ်၏ အဓိဋ္ဌာန်ဖြင့် လှေသည် မိမိအရပ်သို့ ပြန်သွားလေသည်။ အကြောင်း စုံကို သားမယားတို့အား ပြောကြားသဖြင့် အမျိုးသားငါးရာ အမျိုးသမီးငါးရာတို့ သရဏဂုံ တည်ကြလေသည်။ စန္ဒကူးနီ တစ်ပုံကို မထေရ်အား လှူကြသောအခါ ဘုရားရှင်ကို ဖူးမြင်နိုင်ရန် (မဏ္ဍလာမာဠ) ဝန်းဝိုင်းသော ကျောင်းတော်ကြီး ဆောက်စေသည်။[]

ဘုရားရှင်သည် ကျောင်းဆောက်စ ကာလမှစ၍ သုံးဆောင်တော်မူသည်။ အစောင့်အရှောက်လူတို့သည် ညဉ့်အခါ အလင်းရောင်ကို မြင်ကြရသဖြင့် တန်ခိုးကြီးသောနတ်ရှိ၏-ဟု မှတ်ယူကြသည်။ ဘုရားရှင်သီတင်းသုံးရန် ဝန်းဝိုင်းသော စန္ဒနမာလာ မည်သောကျောင်းနှင့် ရဟန်းတော်များအတွက် ကျောင်းတို့ကို ဆောက်လုပ်ပြီးစီးသောအခါ လှူဖွယ်တို့ကို စီမံလျက် ပုဏ္ဏထေရ်အား ဘုရားနှင့်တကွ ရဟန်းတော်တို့ကို ပင့်ဆောင်ပါရန် တောင်းပန်ကြသည်။ မထေရ်သည် ညချမ်းအခါ သာဝတ္ထိသို့ တန်ခိုးဖြင့်ကြွ၍ ဘုရားရှင်ကို ပင့်တော်မူသည်။ (ပန်းတမန် ဖြင့်ပင့်သည်။ []။) []

ဘုရားရှင်သည် ရဟန်း(၄၉၉)ပါးနှင့် အတူ ကောင်းကင်ခရီးဖြင့်ကြွရန် အာနန္ဒာအား စာရေးတံယူစေသောအခါ ကုဏ္ဍဓာန ထေရ်သည် ဦးစွာ စာရေးတံ ရတော်မူသည်။ သိကြားမင်းသည် ယူဇနာ(၃၀၀)မျှတိုင်အောင် ကြွတော်မူရမည်ကိုသိသဖြင့် အထွတ်တပ်သော ပြာသာဒ်ငါးရာကို ဝိသကြုံ ကိုဖန်ဆင်းစေသည်။ ဘုရားရှင်အတွက် ပြာသာဒ်သည် မုခ်လေးခု၊ အဂ္ဂသာဝက နှစ်ပါး၏ ပြာသာဒ်သည် မုခ်နှစ်ခု၊ ကြွင်း ရဟန်းတော်တို့၏ပြာသာဒ်တို့သည် မုခ် တစ်ခုစီရှိသည်။ ပြာသာဒ်အလွတ် တစ်ခု လည်းပါဝင်သည်။ ဘုရားရှင်နှင့် တကွ ရဟန်းတော် ၄၉၉-ပါးသည် ပြာသာဒ်ယဉ်စီးလျက် ကောင်းကင်ခရီးဖြင့် ကြွတော်မူသည်။ []

သစ္စဗန္ဓပဗ္ဗတသို့ ရောက်သောအခါ လူအပေါင်းကို အယူမှားစေသော သစ္စဗန္ဓ ရသေ့အား တရားဟောတော်မူသည်။ သစ္စဗန္ဓရသေ့သည် ဧဟိဘိက္ခု ရဟန္တာဖြစ်၍ ပြာသာဒ်အလွတ်၌ သီတင်းသုံးတော်မူသည်။ ကုန်သည်ရွာသို့ ဆက်လက် ကြွ၍ ရောက်သောအခါ ပြာသာဒ်တို့ကို လူတို့ မမြင်ကြကုန်။ ဘုရားရှင်သည် လူအပေါင်းတို့ တရားရေအေး တိုက်ကျွေးလျက် (၇) ရက် သီတင်းသုံးတော်မူသည်။ နေ့အခါ သီတင်း သုံး၍ အရုဏ်ကို ဇေတဝန်ကျောင်း ဂန္ဓကုဋီ ၌ပင် တက်တော်မူသည်။ ဘုရားရှင်သည် ပုဏ္ဏထေရ်မခေါ်ဘဲ နမ္မဒါ မြစ်သို့ကြွလျက် နမ္မဒါနဂါးအား တရားဟောပြီး ပြုစုပူဇော်ရန် နမ္မဒါမြစ်ကမ်း၌ ပဒစေတီထားတော်မူသည်။ လှိုင်း တံပိုးများဖြစ်သောအခါ ပိတ်၍ မရှိသောအခါ ပွင့်တော်မူသည်။ သစ္စဗန္ဓ မထေရ်ကတောင်းပန်သဖြင့် သစ္စဗန္ဓ တောင်ထိပ် တစ်ခဲနက်သော ကျောက်ဖျာအပြင်၌ ရွှံ့မြေစိုင် အမှတ်ခတ်နှိပ် ထားသကဲ့သို့ ပဒစေတီကိုထားတော်မူသည်။ []

ပုဏ္ဏမထေရ်သည် ထိုနှစ်မှာပင် တေ ဝိဇ္ဇပတ္တရဟန္တာ ဖြစ်တော်မူသည်။ မထေရ်သည် ထိုအရပ်မှာပင် ပရိနိဗ္ဗာန်စံတော်မူသည်။ လူတို့သည် (၇) ရက်ပတ်လုံးသရီရ ပူဇာပြု၍ ကိုယ်တော်ကို မီးပူဇော်ပြီး ဓာတ်တော်တို့ကို စေတီတည်ကြလေသည်။ []

အကျယ်ကို [] ပုဏ္ဏောဝါဒသုတ်[]-တို့ကြည့်။ [] []

မန္တာဏီပုဏ္ဏေးမ၏သား ပုဏ္ဏမထေရ်

[ပြင်ဆင်ရန်]

ပဒုမုတ္တရဘုရားရှင်မပွင့်မီ ဟံသာဝတီပြည် ဗြာဟ္မဏမဟာသာလမျိုး၌ ဂေါတမအမည်ဖြင့်ဖြစ်၍ လုလင်ငါးရာ အခြံအရံရှိသူ ဖြစ်သည်။ ဗေဒင်သုံးပုံ၌ အနှစ်မမြင် ဖွဲထုပ်ကဲ့သို့ ငှက်ပျောပင်ကဲ့သို့မြင်သဖြင့် အခြံအရံနှင့်အတူ ရသေ့ဝတ်၍ ဈာန်အဘိညာဉ်ပွားကြသည်။ သူတို့ အသက်ကြီးသောအခါ ပဒုမုတ္တရဘုရား ပွင့်တော်မူသည်။ ဘုရားရှင်ထံ၌ ဓမ္မကထိက ဧတဒဂ်ဆုကို ပန်ဆင်တော်မူသည်။

ဤဘုရားရှင်လက်ထက်၌ ကပိလဝတ်ပြည်၏ မနီးမဝေး ဒေါဏဝတ္ထု ပုဏ္ဏားရွာ၌ ဖြစ်၍ ပုဏ္ဏမာဏဝဟု အမည်တွင်သည်။ အညာသိကောဏ္ဍည မထေရ်၏တူဖြစ်သည်။ []

မြတ်စွာဘုရား ရာဇဂြိုဟ်သီတင်းသုံးစဉ် အရှင်ကောဏ္ဍညထေရ် ကပိလဝတ်ကြွ၍ တူပုဏ္ဏကို ရဟန်းပြုပေးပြီး နောက်တစ်နေ့ ဘုရားထံ ပြန်လာကာ ဆဒ္ဒန်အိုင်နေဖို့ခွင့်ပန်သွားသည်။ အရှင်ပုဏ္ဏကား ဦးရီးတော်အရှင်ကောဏ္ဍည နှင့်အတူ ဘုရားထံ မလိုက်ပဲ “ရဟန်းကိစ္စပြီးမှ ဘုရားထံသွားမည်”ဟု ကြံ၍ ကပိလဝတ်မှာပင် နေခဲ့သည်။ ဆက်လက်အားထုတ်ရာ မကြာမီ ရဟန္တာဖြစ်သည်။ သူ့ထံရဟန်း ပြုကြသူ တပည့် ၅၀၀-လည်း အရှင်ပုဏ္ဏ၏ ကထာဝတ္ထု ၁၀-ပါး ဩဝါဒ၌ တည်ပြီး ရဟန္တာချည်းပင်ဖြစ်ကြသည်။ []

တပည့်၅၀၀-က “ဘုရားဖူးချိန်ကျပါပြီ”ဟု ဆရာပုဏ္ဏအား လျှောက်ရာ အရှင်ပုဏ္ဏက-“ကထာဝတ္ထု ၁၀-ပါး ငါရသည်ကို ဘုရားရှင် သိသည်၊ ကထာဝတ္ထု ၁၀-ပါးကို မလွှတ်ပဲ အမြဲငါတရားဟောသည်၊ ငါသွားလျှင် အားလုံးသံဃာ ခြံရံလိုက် ပါလိမ့်မည်၊ ပရိသတ်နှင့်သွား ဘုရား မဖူးသင့်၊ သူတို့ ရှေးဦးသွားဖူးကြပါစေ”ဟု ကြံကာ ရှေ့က သွားနှင့်ပြီး ဖူးမြင်ရှိခိုးဖို့ မှာကြားလိုက်သည်။ []

ရဟန်းတော် ၅၀၀-ရာဇဂြိုဟ် ဘုရားထံတော် ရောက်၍ ပဋိသန္တာရပြုပြီး ကထာဝတ္ထု ၁၀-ပါး ရသောရဟန်းကို မေးရာ ရှင်ပုဏ္ဏဟုဖြေရာတွင် ထိုစကားအရှင်သာရိပုတ္တရာ ကြား၍ အရှင်ပုဏ္ဏအား တွေ့မြင်လိုတော့သည်။"

"အရှင်ပုဏ္ဏ ဘုရားရှင်ထံတော်ကြွ၊ ဖူးမြင်၊ တရားနာပြီး အန္ဓတောသို့ကြွ၍ သစ်ပင်၎င်း၌ နေ့သန့်စင်သည်၊ ထိုအခိုက် အရှင်သာရိပုတ္တရာသည် “သီလဝိသုဒ္ဓိ အကျိုးငှါ မြတ်စွာဘုရားထံ၌ ဗြဟ္မစရိယကို ကျင့်ပါသလော” စသည်ဖြင့် မေးအပ်သော ဝိသုဒ္ဓိ အစဉ်(၇)ပါးကို “မဟုတ်ပါ” ဟု ဖြေ၍၊ အနုပါဒါပရိနိဗ္ဗာန်အကျိုးငှါ မြတ်စွာဘုရားထံ၌ ဗြဟ္မစရိယကို ကျင့်ပါကြောင်း” ဖြေတော်မူသည်။ သီလဝိသုဒ္ဓိသည် အနုပါဒါပရိနိဗ္ဗာန်လော စသည်ဖြင့် မေးရာ၌လည်း မဟုတ်ကြောင်း ဖြေ၍၊ ရထဝိနီတသုတ်လာအတိုင်း အကျယ်ဖြေတော်မူသည်။ (အကျယ်ကို-[]ကြည့်။) []

နောက်ပိုင်းတွင် ဘုရားရှင်က ဓမ္မကထိက ဧတဒဂ်ပေးတော်မူသည်။

အရှင်အာနန္ဒာသည် ဤ ပုဏ္ဏမထေရ်ထံ၌ တရားနာယူရသဖြင့် သောတာပန်ဖြစ်သည်။ [၁၀] []

ဘုရားရှင်ပရိနိဗ္ဗာန်စံသောအခါ အခြံအရံ ရဟန်း ၇၀၀-နှင့်အတူ လာတိုင်း လာတိုင်းသောလူတို့ကို နှစ်သိမ့်မှုပေးနိုင်ရန် ကုသိနာရုံ၌ပင် သီတင်းသုံး နေခဲ့သည်။ [၁၁] [၁၂][]

မဟာဗုဒ္ဓဝင်၌ပါသော အရှင်မန္တာဏိပုတ္တ-ပုဏ္ဏမထေရ်ကို သည်မှာ ဖတ်ပါ။


ကိုးကား

[ပြင်ဆင်ရန်]
  1. သံ၊ဋ္ဌ၊၃၊၂၁။
  2. ၂.၀၀ ၂.၀၁ ၂.၀၂ ၂.၀၃ ၂.၀၄ ၂.၀၅ ၂.၀၆ ၂.၀၇ ၂.၀၈ ၂.၀၉ ၂.၁၀ ၂.၁၁ ၂.၁၂ ၂.၁၃ တိပိဋကအဘိဓာန် အတွဲ-၁၄ အပိုင်း-၃
  3. မ၊ဋ္ဌ၊၄၊၂၃၅
  4. ထေရ၊ဋ္ဌ၊၁၊၁၉၉
  5. မ၊၃၊၃၁၁-၃၁၄၊
  6. မ၊ဋ္ဌ၊၄၊၂၃၃-၂၃၉။ သံ၊၂၊၂၈၅။ သံ၊ဋ္ဌ၊၂၊၁၉-၂၅။ သုတ္တနိ၊ဋ္ဌ၊၂၊၃၁။ ထေရ၊ဋ္ဌ၊၁၊၁၉၇-၁၉၉
  7. အာယသ္မာ ပုဏ္ဏော သာယနှသမယံ ပဋိသလ္လာနာ ဝုဋ္ဌိတော။ မ၊၃၊၃၁၃။
  8. ၈.၀ ၈.၁ ၈.၂ တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက အရှင်ကောသလ္လ ပြည်။ မြတ်ဗုဒ္ဓ၏ အင်္ဂုတ္တရနိကာယ် မြန်မာ ကျမ်းစာ
  9. မ၊၁၊၂၀၀။ အံ၊ဋ္ဌ၊၁၊၁၅၆-၁၆၀-
  10. အံ၊ဋ္ဌ၊၁၊၂၂၈။
  11. ဒီ၊ဋ္ဌ၊၁၊၇။
  12. ပုဏ္ဏော မန္တာနိပုတ္တော(အံ၊၁၊၂၄၁)တိ နာမေန ပုဏ္ဏော။ အံ၊ဋ္ဌ၊၁၊၁၅၆။ (သံ၊၁၊၃၆၈။ သုတ္တနိ၊ဋ္ဌ၊၂၊၂၈၆။) အနုရုဒ္ဓေါ ပုဏ္ဏော အာနန္ဒော။ ဇာ၊ဋ္ဌ၊၄၊၃၁၄။ ပုဏ္ဏော ဒေါဝါရိကော တဒါ။ (ကုရုဓမ္မဇာတ်။)