ဂေါတမရသေ့
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
[၁] ဤရသေ့သည်- (က) ဂေါတမအနွယ်ကို အစဦး တည်ထောင်သူ အာဒိပုရိသ ဖြစ်၍ ဂေါတမ-ဟု မည်တွင်သော ဂေါတမဘုရားလောင်း ကပိလရသေ့။
(ခ) မန္တာဏီပုဏ္ဏေးမ၏သား ပုဏ္ဏထေရ်အလောင်း ဖြစ်လတ္တံ့သော ပဒုမုတ္တရဘုရားလက်ထက်က ဂေါတမရသေ့ဟူ၍ ၂-မျိုး ရှိသည်။ [၂] [၃]
ဂေါတမရသေ့
[ပြင်ဆင်ရန်]ပဒုမုတ္တရ ဘုရားမပွင့်မီ ဟံသာဝတီပြည် ပုဏ္ဏားသဌေး ဂေါတမဖြစ်၍ ဗေဒင်နှင့် တကွ အတတ်ပညာအားလုံး တတ်မြောက်သည်၊ တပည့် ၅၀၀ အခြံအရံထား လှည့်လည် သွားလာယင်း ဗေဒင် ၃-ပုံ၏ လွတ်မြောက်ကြောင်း တရား မဖြစ်ပုံ၊ ငှက်ပျောတုံး ပမာ အတွင်း၌ အနှစ်မပါပုံ ဖွဲကိုထောင်း၍ ဆန်မရပုံကို မြင်သဖြင့် တပည့် ၅၀၀-နှင့် တကွ တောင်ခြေသွား ရသေ့ပြုကြသည်၊ အခြံအရံရသေ့ တသောင်း ရှစ်ထောင် အထိ ရောက်လာရာ ဆရာဂေါတမ၏အဆုံးအမ၌ တည်၍ အားလုံး အဘိညာဉ်သမာပတ် ပြည့်စုံ ကြသည်။
ဂေါတမ ရသေ့ အိုလာချိန်၌ ပဒုမုတ္တရဘုရားရှင် ပွင့်တော်မူ၍ ရဟန်းတသိန်းခြံရံလျက် ဟံသာဝတီမြို့၌ သီတင်းသုံးစဉ် ယင်းရသေ့ ပရိသတ်များကို ဉာဏ်၌ ထင်လာသဖြင့် မထင်မရှား ဘုရားရှင်တစ်ပါးတည်း ဂေါတမရသေ့ထံ ကြွသွားသည်။ [၄]
ဗေဒင်လက္ခဏာ၏ ဂုဏ်ကျေးဇူး
[ပြင်ဆင်ရန်]တပည့်များ သစ်သီးရှာသွား၍ ဂေါတမရသေ့ တစ်ပါးတည်းရှိစဉ် ကျောင်းတံခါး၌ ရပ်လာသော ဘုရားရှင်ကို ဂေါတမရသေ့သည် (ဘုရားရှင်ပွင့်နေပြီ ဖြစ်ကြောင်း မသိသော်လည်း) အဝေးက မြင်စဉ်ပင်-“ခန္ဓာကိုယ် အနေအထားလက္ခဏာများကို ကြည့်၍ လူ့ဘဝဆိုလျှင် စကြာမင်း၊ ရဟန်းဖြစ်လျှင် ဘုရားမြတ်စွာဧကန်သာ ဤယောက်ျားဖြစ်ရမည်”ဟုသိ၍ မြင်မြင်ချင်း ရှိခိုး၍ “ဤနေရာ ကြွတော်မူပါဘုရား” ဟု လျှောက်ထား၍ နေရာခင်း ပေးသည်။
ဘုရားရှင်သည် ဂေါတမရသေ့အား တရားဟောနေချိန် ရသေ့များပြန်လာကြရာ နိမ့်သောနေရာ၌ သူတို့ဆရာ ဂေါတမ နေပုံကိုမြင်၍ “ငါတို့ဆရာထက်မြတ်သူ လောကမှာ မရှိ၊ ငါတို့အထက်ရှိနေရာ မြတ်သောနေရာ၌ တစ်ပါးပုဂ္ဂိုလ်ကို တွေ့နေရသည်၊ သူမြတ် စင်စစ် ဤယောက်ျားဖြစ်မှာပဲ”ဆိုကာ ခြင်းတောင်းများ ယူလာကြသည်။ [၄]
ဂေါတမရသေ့၏ ဂါရဝ နိဝါတမင်္ဂလာ
[ပြင်ဆင်ရန်]ဂေါတမရသေ့သည် ဘုရားရှေ့မှာ တပည့်တွေက သူ့ကိုရှိခိုးမှာ ကြောက်ပြီး အဝေးကပင် “တပည့်တို့၊ ငါ့ကို မရှိခိုးကြနှင့်၊ တလောကလုံးမှာ အမြတ်ဆုံးပုဂ္ဂိုလ် ဖြစ်ပြီး အားလုံးရှိခိုးထိုက်တဲ့ယောက်ျား ဤနေရာမှာ ထိုင်နေသည်၊ ထိုယောက်ျားကို ရှိခိုးကြ ဟု ကြိုတင် မိန့်ကြားနေသည်။
ရသေ့အားလုံး ဘုရားရှိခိုးပြီး သစ်သီးဆွမ်း ကပ်ကြသည်၊ ဘုရားရှင်သည် ဆွမ်းမှု ကိစ္စပြီးစီးသော် အဂ္ဂသာဝက ၂-ဆူသည် ရဟန်းတသိန်းပင့်၍ လာကြစေ”ဟု ကြံတော်သဖြင့် သံဃာများ ကြွလာကြသည်။
ဂေါတမရသေ့သည် တပည့်များအား ဘုရားရှင်နှင့် သံဃာများအတွက် ပန်း နေရာများ စီစဉ်စေသည်၊ ဘုရားရှင်အား ဂေါတမရသေ့ ထီးမိုးပူဇော်စဉ် ဘုရားရှင် နှင့် သံဃာတော်များ သမာပတ်ဝင်စားကြသည်၊ နိရောဓမှ ထလတ်သော် ဓမ္မကထိက ဧတဒဂ်ရ ရဟန်းအား ပန်းအနုမောဒနာတရား ဟောကြားစေသည်။ [၄]
ဆရာချန်၍ ကျန်တပည့်များ နိဗ္ဗာန်သွားကြ
[ပြင်ဆင်ရန်]ထို့နောက် ဘုရားရှင်ကိုယ်တိုင် ဟောကြားပြီး အဆုံး၌ ဂေါတမရသေ့မှ တစ်ပါး ၁၈၀၀၀-အရဟတ္တဖိုလ် ရကြ၏၊ ဧဟိဘိက္ခု ရဟန်းဖြစ်ကြ၍ ဂေါတမ ရသေ့ကမူ ဓမ္မကထိက ဧတဒဂ်ဆုကို တောင်းရာ (ဉာဏ်တော်ဖြင့်ကြည့်ပြီး ဗျာဒိတ် ပေးတော်မူလိုက်သည်)။
ဂေါတမရသေ့သည် အသက်ထက်ဆုံး ဘုရားရှင်ကို လုပ်ကျွေး၍ ကောင်းမှုပြု လူ နတ်တို့၌ဖြစ်ကာ ငါတို့ဘုရား လက်ထက် ကပိလဝတ်မြို့နယ် ဒေါဏဝတ္ထု ပုဏ္ဏားရွာ ပုဏ္ဏားသဌေး ပုဏ္ဏလုလင်ဖြစ်လာသည်။[၄]