မာတိကာသို့ ခုန်သွားရန်

ပင်လောင်းမြို့

ဝီကီပီးဒီးယား မှ
(ပင်လောင်း မှ ပြန်ညွှန်းထားသည်)
ပင်လောင်းမြို့
ဝေင်ꩻပင်လောင်ꩻ
ဝဵင်းပၢင်လွင်း
Skyline of ပင်လောင်းမြို့
ပင်လောင်းမြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ပင်လောင်းမြို့
ပင်လောင်းမြို့
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 20°5′42″N 96°47′23″E / 20.09500°N 96.78972°E / 20.09500; 96.78972ကိုဩဒိနိတ်: 20°5′42″N 96°47′23″E / 20.09500°N 96.78972°E / 20.09500; 96.78972
နိုင်ငံ မြန်မာ
ပြည်နယ် ရှမ်း
ခရိုင်ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
မြို့နယ်ပင်လောင်းမြို့နယ်
ပင်လယ်ရေ မျက်နှာပြင်အမြင့်၅,၀၀၀ ပေ (၁,၅၁၀ မီတာ)
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

ပင်လောင်းမြို့ (ရှမ်း: ဝဵင်းပၢင်လွင်းပအိုဝ်း: ဝေင်ꩻပင်လောင်ꩻ) သည် ရှမ်းပြည်နယ်ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲမှ မြို့တစ်ခုဖြစ်ပြီး အုပ်ချုပ်ရေးရုံးစိုက်ရာမြို့ ဖြစ်သည်။ နိုင်ငံခြားဧည့်သည်များ လာရောက်ရာ အင်းလေးကန်သည် ယင်းမြို့နယ်ထဲတွင် တစ်စိတ်တစ်ပိုင်းပါဝင်သည်။[][] လွိုင်ကော်မြို့သို့ ဆက်သွယ်ထားသော အမှတ် ၅၄ အမျိုးသားအဝေးပြေးလမ်းမကြီးပေါ်တွင် တည်ရှိပြီး ကလော-လွိုင်ကော် မီးရထားလမ်းသည် မြို့၏ အလယ်မှ ဖြတ်သန်းသွားသည်။[][]

ပင်လောင်းမြို့မြင်ကွင်း

ပင်လောင်းဒေသ၏ အဓိကစီးပွားရေးမှာ လက်ဖက်ခြောက်လုပ်ငန်းများ ဖြစ်သည်။

လူမှုပထဝီဝင်

[ပြင်ဆင်ရန်]

ပင်လောင်းမြို့သည် ပအိုဝ်းလူမျိုးနှင့် ရှမ်းလူမျိုးများ အဓိကနေထိုင်သော မြို့တစ်မြို့ဖြစ်သည်။[]

ခရီးသွားလုပ်ငန်း

[ပြင်ဆင်ရန်]

ပင်လောင်းမြို့တွင်တည်ရှိသော မွေတော်ဘုရား၊ နန်းဟူးကျောင်းတိုက်၊နှင့် ရိုးရာလက်မှုပစ္စည်းဈေးတို့သည် ခရီးသွားများ လည်ပတ်ရာနေရာများ ဖြစ်သည်။ မြို့မှ မိနစ်နှစ်ဆယ်ခန့် အကွာတွင် လွိုင်မောင်တောင် စေတီ တည်ရှိသည်။ စေတီသည် ဒေသတွင်းရှိ အမြင့်ဆုံးတောင်ဖြစ်သော လွိုင်မောင်တောင်တွင် တည်ရှိသည်။ မြို့အပြင်တွင် သမိုင်းဝင် ဝင်္ဂဘာတောင် တည်ရှိပြီး ယင်းသည် ပင်လောင်းမြို့မှ ၃.၅ မိုင် (၅.၆ ကီလိုမီတာ)အကွာ တောင်ထီဗွာရွာတွင် တည်ရှိသည်။ []

ကိုးကား

[ပြင်ဆင်ရန်]
  1. Inle lake wetland sanctuary - Shan state 13 July 2014 တွင် ပြန်စစ်ပြီး။
  2. Birdwatching in Myanmar 5 January 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 July 2014 တွင် ပြန်စစ်ပြီး။
  3. Google Maps (မြေပုံ)။ Google။
  4. Bing Maps (မြေပုံ)။ Microsoft and Harris Corporation Earthstar Geographics LLC။
  5. Discover Myanmar, Beauty Begins in Shan State 26 April 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 March 2019 တွင် ပြန်စစ်ပြီး။
  6. Discover Myanmar, Beauty Begins in Shan State 26 April 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 March 2019 တွင် ပြန်စစ်ပြီး။