မာတိကာသို့ ခုန်သွားရန်

နမ့်စန်မြို့

ဝီကီပီးဒီးယား မှ
(နမ့်စမ် မှ ပြန်ညွှန်းထားသည်)
ဤဆောင်းပါးသည် ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့ အကြောင်း ဖြစ်သည်။ ရှမ်းပြည်နယ်မြောက်ပိုင်းရှိမြို့ အတွက် နမ့်ဆန်မြို့ ကို ကြည့်ပါ။
နမ့်စန်မြို့
ဝေင်ꩻနမ်းစင်
မြို့
နမ့်စန်မြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
နမ့်စန်မြို့
နမ့်စန်မြို့
Location in Burma
ကိုဩဒိနိတ်: 20°53′24″N 97°44′11″E / 20.89000°N 97.73639°E / 20.89000; 97.73639ကိုဩဒိနိတ်: 20°53′24″N 97°44′11″E / 20.89000°N 97.73639°E / 20.89000; 97.73639
နိုင်ငံ မြန်မာ
ပြည်နယ် ရှမ်း
ခရိုင်နမ့်စန်ခရိုင်
မြို့နယ်နမ့်စန်မြို့နယ်
ပင်လယ်ရေ မျက်နှာပြင်အမြင့်၉၆၅ မီတာ (၃၁၆၅ ပေ)
လူဦးရေ
 • စုစုပေါင်း၇၀,၀၀၀
အချိန်ဇုန်MST (UTC+6.30)

နမ့်စန်မြို့သည် နမ့်စန်ခရိုင်ရှမ်းပြည်နယ်တွင် တည်ရှိပြီး နမ့်စန်မြို့နယ်၏ အုပ်ချုပ်မှုရုံးစိုက်ရာ မြို့လည်းဖြစ်သည်။ နမ့်စန်မြို့သည် ရှမ်းပြည်နယ် အရှေ့အလယ်ပိုင်းတွင် အကြီးဆုံးမြို့တစ်မြို့လည်း ဖြစ်သည်။ တောင်ကြီးမြို့နှင့် ၇၂ မိုင်ခန့် ကွာဝေးပြီး တောင်ကြီး-တာချီလိတ် လမ်းမပေါ်တွင် တည်ရှိသည်။ ယခုအခါတွင် ရန်ကုန်-နမ့်စန်၊ မန္တလေး-နမ့်စန် ကားဂိတ်များလည်း ရှိလာသည်။ မြို့၏ တောင်ဘက်ခြမ်းတွင် စေတီတစ်ဆူ တည်ရှိပြီး ဘွဲ့အမည်ကို တောင်ပေါ်စေတီဟုသာ ခေါ်ကြသည်။ ဗုဒ္ဓဘာသာဝင်များ များပြားပြီး ဘုန်းကြီးကျောင်း ၃၀ ခန့် တည်ရှိသည်။ ဟိန္ဒူဘာသာ နှင့် အစ္စလာမ် ဘာသာကိုးကွယ်သူများလည်း ရှိကြသည်။ ဘာသာရေးအနေဖြင့် အလှူအတန်း ရက်ရောကြသည်။ မြို့နေ လူဦးရေ ၃ သောင်းခန့် မှီတင်းနေထိုင်ကြပြီး ကျေးလက်နေ လူဦးရေ ၄ သောင်းခန့် နေထိုင်ကြသည်။ အများစုမှာ ရှမ်းများဖြစ်ကြကာ ဗမာလူမျိုးပအိုဝ်းလူမျိုးပလောင်လူမျိုးလီဆူးလူမျိုး၊ ယင်း လူမျိုး အနည်းငယ်လည်း ရှိသည်။ စိုက်ပျိုး​​ရေး လုပ်ငန်းအနေနှင့် စပါး၊ ပြောင်း၊ နှမ်း အစရှိသည်တို့ကို စိုက်ပျိုးကြသည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များလည်း ရှိကြသည်။

လမ်းပန်းဆက်သွယ်ရေး

[ပြင်ဆင်ရန်]

ယခင် ဗြိတိသျှ တော်ဝင်လေတပ်မတော်၏ လေယာဉ်ကွင်းအား နမ့်စန် လေယာဉ်ကွင်းအဖြစ် ဆက်လက်အသုံးပြုခဲ့သည်။[] အမှတ် (၄) ပြည်ထောင်စု အဝေးပြေးလမ်းမကြီးသည် နမ်စန့်မြို့အား ဖြတ်သန်းသွားပြီး တာချီလိတ်မြို့အထိ ဆက်သွယ်ပေးထားသည်။ အမှတ် (၄၅) ပြည်ထောင်စု အဝေးပြေးလမ်းမကြီးသည်လည်း နမ့်စန်မြို့ကို ထိုင်းနိုင်ငံနယ်စပ်ရှိ မိုင်းတုံမြို့နှင့် ဆက်သွယ်ပေးထားသည်။[][]S ၁၉၉၅ ခုနှစ်မှစ၍ မြန်မာ့ မီးရထား၏ ရထားကွန်ယက်နှင့် ချိတ်ဆတ်မိကာ ရထားပြေးဆွဲမှုများလည်း ရှိနေခဲ့သည်။ ယခုအခါတွင် ရန်ကုန်-နမ့်စန်၊ မန္တလေး-နမ့်စန် ကားဂိတ်များလည်း ရှိလာသည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. Bond၊ Charles R.; Anderson၊ Terry H. (1 October 1988)။ A Flying Tiger's Diary။ Texas A&M University Press။ p. 118။ ISBN 978-0-89096-408-828 September 2011 တွင် ပြန်စစ်ပြီး
  2. Maps (မြေပုံ)။ Google Maps။ Cite has empty unknown parameter: |1= (အကူအညီ); |access-date= က |url= ကို လိုအပ်သည် (အကူအညီ)
  3. Bing Maps (မြေပုံ)။ Microsoft and Harris Corporation Earthstar Geographics LLC။ |access-date= က |url= ကို လိုအပ်သည် (အကူအညီ)