မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
အကယ်ဒမီဆု

မြန်မာနိုင်ငံတွင် ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းသည် ၁၉၂၀ ပြည့်နှစ်တွင် ပေါ်ထွန်းလာခဲ့ပြီး ပထမဆုံး အကယ်ဒမီ ထူးချွန်ဆုပေးအပ်သည့် ခုနှစ်မှာ ၁၉၅၂-ခုနှစ် ဖြစ်သည်။

၁၉၅၂-ခုနှစ်နှင့် ၁၉၅၃-ခုနှစ်တို့တွင် ဇာတ်ကားဆု (၃)ဆု ၊ ပညာသည်ဆု (၂)ဆုဖြင့် စုစုပေါင်း ထူးချွန်ဆု(၅)ဆု ချီးမြှင့်ခဲ့သည်။

  • ပထမအကောင်းဆုံးဇာတ်ကားဆု - (ရွှေကိန္နရီရုပ်)
  • ဒုတိယအကောင်းဆုံးဇာတ်ကားဆု - (ငွေဒေါင်းရုပ်)
  • တတိယအကောင်းဆုံးဇာတ်ကားဆု - (ကြေးခြင်္သေ့ရုပ်)
  • အကောင်းဆုံးအမျိုးသားပညာသည်ဆု - (ရွှေရင်ထိုး)
  • အကောင်းဆုံးအမျိုးသမီးပညာသည်ဆု - (ရွှေရင်ထိုး)

၁၉၅၂-ခုနှစ်တွင် ပထမဆုံးအကြိမ်မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် ဗြိတိသျှဘားမားရုပ်ရှင် ဒါရိုက်တာရွှေဒုံးဘီအောင်၏ ‘မာလာရီ’ ဇာတ်ကား၌ အကောင်ဆုံးသရုပ်ဆောင်ထားသော ကျော်ဝင်း မှာ ပထမဆုံးအမျိုးသား ဇာတ်ဆောင်ဆု ကိုရရှိခဲ့သည်။

မြန်မာနိုင်ငံတွင် ပထမဆုံး ဆုချီးမြှင့်ခြင်း ခံရသည့် ဇာတ်ကားမှာ အေဝမ်းဖလင်မှ ဒါရိုက်တာမောင်တင်မောင် ရိုက်ကူးသော ‘ချစ်သက်ဝေ’ ဇာတ်ကားဖြစ်သည်။ အဆိုပါဇာတ်ကားတွင် သရုပ်ဆောင်ကြည်ကြည်ဌေးမှာ မြန်မာ့ပထမဆုံး အမျိုးသမီးထူးချွန်ဆုကို ရရှိခဲ့သည်။

၁၉၅၄-ခုနှစ်တွင် ပထမဆုံးချီးမြှင့်သော ဒါရိုက်တာထူးချွန်ဆုကို ‘ဩော်မိန်းမ’ ဇာတ်ကားရိုက်ကူးသူ ဦးသုခမှ ရရှိခဲ့သည်။ အဆိုပါဇာတ်ကားဖြင့်ပင် ဦးသုခသည် အကောင်းဆုံးဇာတ်ကားဆု (ဒုတိယ) ကိုရရှိခဲ့သည်။

၁၉၅၅-ခုနှစ်တွင် ဇာတ်ကားထူးချွန်ဆုကို ပထမ၊ ဒုတိယ၊ တတိယ မခွဲတော့ဘဲ အကောင်းဆုံး ဇာတ်ကားဆု တစ်ဆုတည်းကိုသာ ချီးမြှင့်ခဲ့သည်။ အမျိုးသားပညာသည်ဆု ၊ အမျိုးသမီးပညာသည်ဆု၊ ဒါရိုက်တာဆုများကို ပေးအပ်နေခြင်းဖြစ်ရာ အထူးဆုအနေဖြင့် ဝင်းမော်မှ ‘ဖိုးပြုံးချို’ ဇာတ်ကားဖြင့် ၁၉၅၅-ခုနှစ်တွင် ပထမဆုံးချီးမြှင့်ခြင်း ခံရပြန်သည်။

၁၉၅၆-ခုနှစ်တွင် အကောင်းဆုံး ရုပ်ရှင်ဓါတ်ပုံဆုအဖြစ် ထပ်တိုးချီးမြှင့်ခဲ့ပြီး ဦးချစ်ဖွယ်မှ ‘လွမ်းငွေ့တဝေဝေ’ ဇာတ်ကားဖြင့် ရရှိခဲ့သည်။

၁၉၆၂-ခုနှစ်တွင် ထူးထူးခြားခြားစတင်ပေးအပ်ခဲ့သည့် ဆုမှာ ဇာတ်ပို့ဆုဖြစ်သည်။ ဇာတ်တစ်ခုလုံးကို အထမြောက်အောင် ပို့ပေးရသော သရုပ်ဆောင်များအဖြစ် ဦးကျောက်လုံး နှင့် ဒေါ်မေနွဲ့ တို့မှ ‘အတွေ့’ ဇာတ်ကားကြီးဖြင့် အကောင်းဆုံး ဇာတ်ပို့ဆုများ အဦးဆုံး ရရှိခဲ့ကြပါသည်။

A copy.GIF

မှတ်⁠မှတ်ရရ ရုပ်ရှင်သမိုင်းတွင် ချန်လှပ်ထားမရသော သရုပ်ဆောင်မှာ အောင်ထွန်းလေး ဖြစ်သည်။ အောင်ထွန်းလေးသည် ၁၉၇၇-ခုနှစ်တွင် ‘အဖေတစ်ခု သားတစ်ခု’ ဇာတ်ကားဖြင့် ပထမဆုံးကလေးသရုပ်ဆောင် ဆုကိုရရှိခဲ့သည်။

၁၉⁠၉၁-ခုနှစ်တွင် ရွှေကိန္နရီရွှေစင်ရုပ်ဆု အပြင် ငွေသားနှစ်သောင်းကို ချီးမြှင့်ခဲ့သည်။ ဇာတ်ကားတစ်ကားတွင် အများဆုံး အထောက်အပံ့ ပေးနိုင်သော ဆုတစ်ဆုရှိသည်။ ထိုဆုမှာ ပရိသတ် ကို ငိုအောင် ရီအောင် ၊ ရင်ခုန်လှုပ်ရှားမှုကို သရုပ်ဖော်သည့် တေးဂီတဆုဖြစ်သည်။ အဆိုပါဆုကို မြန်မာ့နိုင်ငံ၏ ဂီတဖခင်ကြီး တစ်ဦးဖြစ်သည့် ဂီတလုလင်မောင်ကိုကို မှ ၁၉⁠၉၁-ခုနှစ်တွင် ‘ မယ်သီတာလို မိန်းကလေး’ ဇာတ်ကားဖြင့် ပထမဆုံး ရရှိခဲ့သည်။

၁၉⁠၉၃-ခုနှစ်တွင် ငွေသားနှစ်သောင်းကို ချီးမြှင့်ခြင်း မပြုတော့ဘဲ ရွှေကိန္နရီရုပ်တွင် တပ်ဆင်သော ငွေကြယ်အစား ရွှေသားအစစ်ဖြင့် ပြုလုပ်ထားသော ရွှေကြယ်ကို တပ်ဆင်ချီးမြှင့်ခဲ့သည်။

ရှားရှားပါးပါး ပရိသတ်သတိမထားနိုင်သည့် ပညာသည်ဆုတစ်ဆုကို ၁၉⁠၉၄-ခုနှစ်တွင် ရုပ်ရှင်သမိုင်း၌ ထပ်တိုးချီးမြှင့် ခဲ့သေးသည်။ ထိုဆုမှာ ရုပ်ရှင်အသံဆုဖြစ်သည်။ ပထမဆုံးရုပ်ရှင် အသံဆုကို ဦးခင်ဦးမှ ‘သရဖူ’ဇာတ်ကားဖြင့် ရရှိခဲ့သည်။

ဇာတ်ကားတစ်ကားလုံး အကောင်းဆုံးကြည့်ရှုနိုင်အောင် အပြတ်အတောက်မရှိအောင် စွမ်းဆောင်ပေးနေသော သူများမှာ ရုပ်ရှင်ဇာတ်ကားတည်းဖြတ်သူများဖြစ်သည်။ ရုပ်ရှင်ဇာတ်ကားတစ်ကား၏ အဆင့်အတန်းကို ဖော်ပြနေသော တည်းဖြတ် ဆုကို ၁၉⁠၉၇-ခုနှစ်တွင် ချီးမြှင့်ခဲ့ပြီး ဦးမြင့်ခိုင်(မော်ကွန်းရုပ်ရှင်)မှ ‘သူ့ကျွန်မခံပြီ’ ဇာတ်ကားဖြင့် ပထမဆုံးရရှိခဲ့သည်။

ယခုဖော်ပြခဲ့သော အကြောင်းအရာများသည် မြန်မာ့ရုပ်ရှင်သမိုင်းခေတ်အဆက်ဆက် ပထမအကြိမ် ချီးမြှင့်ခံခဲ့သော ဆုတစ်ခုခြင်းစီ၏ သမိုင်းအကျဉ်းဖြစ်ပါသည်။

မာတိကာ

သိမှတ်ဖွယ်ရာ ရုပ်ရှင်ထူးချွန်ဆု သမိုင်းများ[ပြင်​ဆင်​ရန်​]

၁၉၅၂-ခုနှစ်(ပထမ အကြိမ်)[ပြင်​ဆင်​ရန်​]

  1. ဇာတ်ကားဆု - ချစ်သက်ဝေ(ပထမဆု) – အေဝမ်း ကုမ္ပဏီ
  2. ဇာတ်ကားဆု- မယားနဲ့လူပျို (ဒုတိယဆု) – အောင်ဇေယျ ကုမ္ပဏီ
  3. ဇာတ်ကားဆု- ချစ်၍ခေါ်ရာ (တတိယဆု) – ဗြိတိသျှဘားမား ကုမ္ပဏီ
  4. အမျိုးသားပညာသည်ဆု - ကျော်ဝင်း - (မာလာရီ)ဇာတ်ကား
  5. အမျိုးသမီးပညာသည်ဆု - ကြည်ကြည်ဌေး- (ချစ်သက်ဝေ)ဇာတ်ကား

၁၉၅၃-ခုနှစ်(ဒုတိယ အကြိမ်)[ပြင်​ဆင်​ရန်​]

  1. ဇာတ်ကားဆု - ရတနာပုံ (ပထမဆု) -အေဝမ်း ကုမ္ပဏီ
  2. ဇာတ်ကားဆု- သည်ဆောင်းဟေမာန် (ဒုတိယဆု)- ဗြိတိသျှဘားမား ကုမ္ပဏီ
  3. ဇာတ်ကားဆု- မြဝေဝန် (တတိယဆု) -အေဝမ်း ကုမ္ပဏီ
  4. အမျိုးသားပညာသည်ဆု- တင်မောင် - (ရတနာပုံ)ဇာတ်ကား
  5. အမျိုးသမီးပညာသည်ဆု -မေမြင့် - (ပွဲခါညောင်ရေ)ဇာတ်ကား

၁၉၅၄-ခုနှစ်(တတိယ အကြိမ်)[ပြင်​ဆင်​ရန်​]

  1. ဇာတ်ကားဆု - ဩော်မိန်းမ (ဒုတိယဆု)- ဗြိတိသျှဘားမား ကုမ္ပဏီ
  2. ဇာတ်ကားဆု- အကျော်အမော် (တတိယဆု) - အေဝမ်း ကုမ္ပဏီ
  3. ဒါရိုက်တာဆု - ဦးသုခ - (ဩော်မိန်းမ)ဇာတ်ကား
  4. အမျိုးသမီးပညာသည်ဆု - အမေပု - (မေမေ)ဇာတ်ကား

၁၉၅၅-ခုနှစ်(စတုတ္ထ အကြိမ်)[ပြင်​ဆင်​ရန်​]

  1. ဇာတ်ကားဆု - ဖိုးပြုံးချို - ရွှေဝယ်သီရိ ကုမ္ပဏီ
  2. ဒါရိုက်တာဆု - ဦးချင်းစိန် - (ကိုယ့်ရင်သွေး)ဇာတ်ကား
  3. အမျိုးသားပညာသည်ဆု - ဖိုးပါကြီး - (ဖိုးပြုံးချို)ဇာတ်ကား
  4. အမျိုးသမီးပညာသည်ဆု - မေလွင် - (ချစ်မမ)ဇာတ်ကား
  5. အထူးဆု -ဝင်းမာ - (ဖိုးပြုံးချို)ဇာတ်ကား

၁၉၅၆-ခုနှစ်(ပဉ္စမ အကြိမ်)[ပြင်​ဆင်​ရန်​]

  1. ဇာတ်ကားဆု - (ဘဝသံသရာ)ဇာတ်ကား - မန္တလေးရုပ်ရှင်
  2. ဒါရိုက်တာဆု -ဦးသုခ - (ဘဝသံသရာ)ဇာတ်ကား
  3. အမျိုးသားပညာသည်ဆု - ဇေယျ - (ဘဝသံသရာ)ဇာတ်ကား
  4. အမျိုးသမီးပညာသည်ဆု - ကြည်ကြည်ဌေး - (ချစ်ခွင့်မပိုင်)ဇာတ်ကား
  5. ရုပ်ရှင်ဓါတ်ပုံဆု - ဦးချစ်ဖွယ် - (လွမ်းငွေ့တဝေဝေ)ဇာတ်ကား

၁၉၅၇-ခုနှစ်(၆-ကြိမ်)[ပြင်​ဆင်​ရန်​]

  1. ဇာတ်ကားဆု - (ဒေါက်တာအောင်ကျော်ဦး)ဇာတ်ကား -ဗြိတိသျှဘားမား ကုမ္ပဏီ
  2. ဒါရိုက်တာဆု- ရွှေဒုံးဘီအောင်- (ဒေါက်တာအောင်ကျော်ဦး)ဇာတ်ကား
  3. အမျိုးသားပညာသည်ဆု - ထွန်းဝေ - (ဗိုလ်မြဒင်)ဇာတ်ကား
  4. အမျိုးသမီးပညာသည်ဆု-မြင့်မြင့်ခင်-(ချစ်ညီမ)ဇာတ်ကား
  5. ရုပ်ရှင်ဓါတ်ပုံဆု-ဦးထွန်းလှိုင်- (မြပန်းဝတ်ရည်)ဇာတ်ကား

၁၉၅၈-ခုနှစ်(၇-ကြိမ်)[ပြင်​ဆင်​ရန်​]

  1. ဇာတ်ကားဆု-(စွဲတဲ့မေတ္တာအိမ်မက်)- မြဇော်ရုပ်ရှင်
  2. ဒါရိုက်တာဆု-ဦးချစ်ခင်-(ဖြေလျော့ခွေ)ဇာတ်ကား
  3. အမျိုးသားပညာသည်ဆု- ဦးကျော်သောင်း- (ဖြေလျော့ခွေ)ဇာတ်ကား
  4. အမျိုးသမီးပညာသည်ဆု - မြင့်⁠မြင့်ခင်- (ဖြေလျော့ခွေ)ဇာတ်ကား
  5. ရုပ်ရှင်ဓါတ်ပုံဆု- ဦးထွန်းမြင့်(ဓာတ်ပုံ) -(စွဲတဲ့မေတ္တာ)ဇာတ်ကား

၁၉၅၉-ခုနှစ်(၈-ကြိမ်)[ပြင်​ဆင်​ရန်​]

  1. ဇာတ်ကားဆု-(ချစ်တော့ချစ်တယ်)ဇာတ်ကား- စန်းသော်တာရုပ်ရှင်
  2. ဒါရိုက်တာဆု- သာဓု- (ကကြီးရေ က)ဇာတ်ကား
  3. အမျိုးသားပညာသည်ဆု - ထွန်းဝေ- (ကကြီးရေ က)ဇာတ်ကား
  4. အမျိုးသမီးပညာသည်ဆု- မြတ်မွန်- (ကကြီးရေ က)ဇာတ်ကား
  5. အမျိုးသမီးပညာသည်ဆု- ဒေါ်ခင် - (ကကြီးရေ က)ဇာတ်ကား
  6. ရုပ်ရှင်ဓါတ်ပုံဆု - ဦးဘကြည်(ဓာတ်ပုံ)- (ဗိုလ်အောင်နိုင်)ဇာတ်ကား

၁၉၆၀-ခုနှစ်(၉-ကြိမ်)[ပြင်​ဆင်​ရန်​]

  1. ဇာတ်ကားဆု -(ရေမြေဆုံးတိုင်)ဇာတ်ကား- မန္တလေးရုပ်ရှင်
  2. ဒါရိုက်တာဆု- သာဓု- (အငိုလွယ်သည်)ဇာတ်ကား
  3. အမျိုးသားပညာသည်ဆု - မောင်သင်- (ရေမြေဆုံးတိုင်)ဇာတ်ကား ၊ (ချစ်သွေးသစ္စာ)ဇာတ်ကား ၊ (စိုးပါနဲ့မေ)ဇာတ်ကား
  4. အမျိုးသမီးပညာသည်ဆု - မေသစ်- (မေတ္တာရွှေရည်)ဇာတ်ကား
  5. ရုပ်ရှင်ဓါတ်ပုံဆု- ဦးတင်ယု(ဓာတ်ပုံ)- (မေတ္တာရွှေရည်)ဇာတ်ကား

၁၉၆၁-ခုနှစ်(၁၀-ကြိမ်)[ပြင်​ဆင်​ရန်​]

  1. ဇာတ်ကားဆု- (ကိုယ်ပိုင်မေတ္တာ)ဇာတ်ကား-မန္တလေးရုပ်ရှင်
  2. ဒါရိုက်တာဆု- တက္ကသိုလ်ဝင်းဖေ- (ပြည်တန်တဲ့ကျည်ဆံ)ဇာတ်ကား
  3. အမျိုးသားပညာသည်ဆု -မြတ်လေး -(အမုန်းနောက်ဝယ်)ဇာတ်ကား
  4. အမျိုးသမီးပညာသည်ဆု- ခင်ယုမေ- (ကိုယ်ပိုင်မေတ္တာ)ဇာတ်ကား
  5. ရုပ်ရှင်ဓါတ်ပုံဆု- ဦးမောင်ကလေး/ဦးပေါ(ဓာတ်ပုံ) - (ကိုယ်ပိုင်မေတ္တာ)ဇာတ်ကား

၁၉၆၂-ခုနှစ်(၁၁-ကြိမ်)[ပြင်​ဆင်​ရန်​]

  1. အမျိုးသမီးဇာတ်ဆောင်ဆု - သီသီ- (အတွေ့)ဇာတ်ကား
  2. အမျိုးသားဇာတ်ပို့ဆု- ဦးကျောက်လုံး-(အတွေ့)ဇာတ်ကား
  3. အမျိုးသမီးဇာတ်ပို့ဆု - ဒေါ်မေနွဲ့- (ရွှေရင်သိမ်းသစ်) ဇာတ်ကား

၁၉၆၃-ခုနှစ်[ပြင်​ဆင်​ရန်​]

အကယ်ဒမီ ပေးခြင်း မရှိပါ။

၁၉၆၄-ခုနှစ်(၁၃-ကြိမ်)[ပြင်​ဆင်​ရန်​]

  1. အမျိုးသားဇတ်ပို့ဆု -ဦးကျောက်လုံး - (ရင်ဝယ်တစ်သိမ့်သိမ့်)ဇာတ်ကား
  2. အမျိုးသမီးဇာတ်ပို့ဆု - ဒေါ်မေသစ် - (ရင်ဝယ်တစ်သိမ့်သိမ့်)ဇာတ်ကား
  3. ရုပ်ရှင်ဓါတ်ပုံဆု - ဦးဘကြည်(ဓာတ်ပုံ) - (ချိန်းမိလေသောည) ဇာတ်ကား

၁၉၆၅-ခုနှစ်(၁၄-ကြိမ်)[ပြင်​ဆင်​ရန်​]

  1. အမျိုးသမီးဇာတ်ဆောင်ဆု - ဝါ⁠ဝါဝင်းရွှေ- (ချစ်သမီး) ဇာတ်ကား
  2. အမျိုးသားဇာတ်ပို့ဆု - ဦးကျောက်လုံး- (ချစ်သမီး) ဇာတ်ကား
  3. အမျိုးသမီးဇာတ်ပို့ဆု - တင်⁠တင်မူ- (သဲလွန်စ) ဇာတ်ကား

၁၉၆၆-ခုနှစ်(၁၅-ကြိမ်)[ပြင်​ဆင်​ရန်​]

  1. ဇာတ်ကားဆု - (ဆောင်း) ဇာတ်ကား- အေဝမ်းရုပ်ရှင်
  2. အမျိုးသမီးဇာတ်ဆောင်ဆု - စံရှားတင် -(ဆောင်း) ဇာတ်ကား
  3. အမျိုးသားဇာတ်ပို့ဆု -စိုးရွှေ - (မြေမှာပွင့်သောမေတ္တာပန်း) ဇာတ်ကား

၁၉၆၇-ခုနှစ်(၁၆-ကြိမ်)[ပြင်​ဆင်​ရန်​]

  1. ဒါရိုက်တာဆု - အေဝမ်း ဦးတင်မောင် - (ကိုယ်ရယ်တိုးရယ်စိုး⁠စိုးရယ်) ဇာတ်ကား
  2. အမျိုးသားဇာတ်ဆောင်ဆု - ဝင်းဦး - (ဆောင်းအိမ်မက်) ဇာတ်ကား
  3. အမျိုးသမီးဇာတ်ဆောင်ဆု - ခင်သန်းနု - (ကိုယ်ရယ်တိုးရယ်စိုး⁠စိုးရယ်) ဇာတ်ကား

၁၉၆၈-ခုနှစ်(၁၇-ကြိမ်)[ပြင်​ဆင်​ရန်​]

  1. ဇာတ်ကားဆု - (စကားပြောသောအသည်နှလုံး)ဇာတ်ကား- သုခရုပ်ရှင်
  2. ဒါရိုက်တာဆု - ဦးသုခ -(စကားပြောသောအသည်နှလုံး)ဇာတ်ကား
  3. အမျိုးသားဇာတ်ဆောင်ဆု - ညွှန့်ဝင်း- (ဗန်တိုလူလေးနှင့် သူဇာ) ဇာတ်ကား
  4. အမျိုးသမီးဇာတ်ဆောင်ဆု - စန္ဒာ (နှစ်မွှာအသည်း) ဇာတ်ကား
  5. အမျိုးသားဇာတ်ပို့ဆု - ဦးသိန်းမောင် -(စကားပြောသောအသည်နှလုံး)ဇာတ်ကား
  6. အမျိုးသမီးဇာတ်ပို့ဆု - ခင်မိုးမိုး - (အပယ်ရတနာ) ဇာတ်ကား
  7. ရုပ်ရှင်ဓါတ်ပုံဆု - ဦးသန်းမောင် - (နှစ်မွှာအသည်း) ဇာတ်ကား

၁၉၆၉-ခုနှစ်(၁၈-ကြိမ်)[ပြင်​ဆင်​ရန်​]

  1. အမျိုးသားဇာတ်ဆောင်ဆု - ကောလိပ်ဂျင်နေဝင်း- (ပယင်းရောင်) ဇာတ်ကား
  2. အမျိုးသမီးဇာတ်ဆောင်ဆု - ဝါ⁠ဝါဝင်းရွှေ- (ချောင်းကိုပစ်၍ မေတ္တာရှာ) ဇာတ်ကား
  3. အမျိုးသမီးဇာတ်ပို့ဆု - ဒေါ်သိန်းရှင် - (အသက်ကိုနှင်း) ဇာတ်ကား
  4. ရုပ်ရှင်ဓါတ်ပုံဆု - ဦးစံအေး(ဓာတ်ပုံ) - (မေတ္တာကိုယ်စားနှင်းပါ့မယ်) ဇာတ်ကား

၁၉၇၀-ခုနှစ်(၁၉-ကြိမ်)[ပြင်​ဆင်​ရန်​]

  1. ဇာတ်ကားဆု - (မှုံရွှေရည်)ဇာတ်ကား - အပေါင်းလက္ခဏာရုပ်ရှင်
  2. ဒါရိုက်တာဆု - ဦးသုခ - (ကျွန်မမှာမိန်းမသား)ဇာတ်ကား
  3. အမျိုးသားဇာတ်ဆောင်ဆု - ဝင်းဦး - (မှုံရွှေရည်)ဇာတ်ကား
  4. အမျိုးသားဇာတ်ဆောင်ဆု- တင်⁠တင်နွဲ့ - (ကျွန်မမှာမိန်းမသား) ဇာတ်ကား
  5. အမျိုးသားဇာတ်ပို့ဆု- ဗိုလ်ဗကို - (သီတာပြုံး) ဇာတ်ကား
  6. အမျိုးသမီးဇာတ်ပို့ဆု - ကြည်⁠ကြည်ဌေး - (နုနုငယ်ငယ်) ဇာတ်ကား
  7. ရုပ်ရှင်ဓါတ်ပုံဆု -ဦးစံအေး(ဓာတ်ပံု) - (လကွယ်မိုးနှောင်း) ဇာတ်ကား

၁၉၇၁-ခုနှစ်(၂၀-ကြိမ်)[ပြင်​ဆင်​ရန်​]

  1. ဒါရိုက်တာဆု- မောင်ဝဏ္ဏ -(ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်း) ဇာတ်ကား
  2. အမျိုးသားဇာတ်ဆောင်ဆု - ညွှန့်ဝင်း- (ချစ်သူဝိုင်း⁠ဝိုင်းလည်)ဇာတ်ကား
  3. အမျိုးသမီးဇာတ်ဆောင်ဆု - ဒေစီကျော်ဝင်း- (အားနွဲ့သူပါရှင်) ဇာတ်ကား
  4. အမျိုးသားဇာတ်ပို့ဆု - ဗိုလ်ဗကို - (တစ်ကွေ့တစ်ကမ္ဘာ) ဇာတ်ကား
  5. အမျိုးသမီးဇာတ်ပို့ဆု - အေးအေးသင်း - (မာယာထောင်ချောက်) ဇာတ်ကား
  6. ရုပ်ရှင်ဓါတ်ပုံဆု - ဆန်နီတင်(ဓာတ်ပံု) - (တခြားကမ္ဘာကချစ်သူရယ်) ဇာတ်ကား

၁၉၇၂-ခုနှစ်(၂၁-ကြိမ်)[ပြင်​ဆင်​ရန်​]

  1. ဒါရိုက်တာဆု - မောင်တင်ဦး - (နေထွက်သောည) ဇာတ်ကား
  2. ရုပ်ရှင်ဓါတ်ပုံဆု -ဦးလှဖေ(ဓာတ်ပံု) -(နေထွက်သောည) ဇာတ်ကား

၁၉၇၃-ခုနှစ်(၂၂-ကြိမ်)[ပြင်​ဆင်​ရန်​]

  1. ဇာတ်ကားဆု - (ဘယ်သူပြိုင်လို့လှပါတော့နိုင်) - သုခရုပ်ရှင်
  2. ဒါရိုက်တာဆု-ဦးသုခ - (ဘယ်သူပြိုင်လို့လှပါတော့နိုင်) ဇာတ်ကား
  3. အမျိုးသမီးဇာတ်ဆောင်ဆု - မြင့်⁠မြင့်ခင်- (မုန်းပါတယ်မောင့်ကို) ဇာတ်ကား
  4. အမျိုးသားဇာတ်ပို့ဆု - အံ့ကျော် -(ဘယ်သူပြိုင်လို့လှပါတော့နိုင်) ဇာတ်ကား
  5. အမျိုးသမီးဇာတ်ပို့ဆု - အေးအေးသင်း - (ဇာခန်းဆီးနောက်ကွယ်မှာ) ဇာတ်ကား
  6. ရုပ်ရှင်ဓါတ်ပုံဆု - ဦးစံမြင့်(ဓာတ်ပံု)- (အိမ်မက်တံတား) ဇာတ်ကား

၁၉၇၄-ခုနှစ်(၂၃-ကြိမ်)[ပြင်​ဆင်​ရန်​]

  1. အမျိုးသမီးဇာတ်ဆောင်ဆု - နွဲ့⁠နွဲ့မူ -(နော်ကူးမ) ဇာတ်ကား
  2. အမျိုးသားဇာတ်ပို့ဆု - အောင်လွင် -(နော်ကူးမ) ဇာတ်ကား

၁၉၇၅-ခုနှစ်(၂၄-ကြိမ်)[ပြင်​ဆင်​ရန်​]

  1. ဇာတ်ကားဆု - (ရွှေချည်ငွေချည်တန်းပါလို့) - မင်းသူရိန်ရုပ်ရှင်
  2. ဒါရိုက်တာဆု-ဦးသုခ - (ရွှေချည်ငွေချည်တန်းပါလို့) ဇာတ်ကား
  3. အမျိုးသမီးဇာတ်ဆောင်ဆု - ခင်ယုမေ- (ရွှေချည်ငွေချည်တန်းပါလို့)ဇာတ်ကား
  4. အမျိုးသားဇာတ်ပို့ဆု -မြင့်နိုင် - (ကျေးဂျူးကဘာ) ဇာတ်ကား
  5. အမျိုးသမီးဇာတ်ပို့ဆု - ဒေါ်မေနွဲ့- (ရွှေချည်ငွေချည်တန်းပါလို့) ဇာတ်ကား
  6. ရုပ်ရှင်ဓါတ်ပုံဆု - ဆန်နီတင်(ဓာတ်ပံု)- (ကျွန်တော်နှင့်ကိုဘကျော်) ဇာတ်ကား

၁၉၇၆-ခုနှစ်(၂၅-ကြိမ်)[ပြင်​ဆင်​ရန်​]

  1. ဇာတ်ကားဆု- (နှလုံးသားနဲ့စစ်တာဝန်)- ပြည်ကျော်ရုပ်ရှင်
  2. ဒါရိုက်တာဆု- စိန်ဖေတင်- (နှလုံးသားနဲ့စစ်တာဝန်) ဇာတ်ကား
  3. အမျိုးသမီးဇာတ်ပို့ဆု-ဒေါ်မေသစ် -(နွဲ့မျိုးစုံလင်နွဲ့လိုက်ချင်) ဇာတ်ကား
  4. ရုပ်ရှင်ဓါတ်ပုံဆု - ဦးစန်းမောင်(ဓာတ်ပံု) - (ကျွန်းကလေးမှာနှစ်ယောက်ထဲ) ဇာတ်ကား

၁၉၇၇-ခုနှစ်(၂၆-ကြိမ်)[ပြင်​ဆင်​ရန်​]

  1. အမျိုးသားဇာတ်ဆောင်ဆု -စိန်မြင့် - (အဖေတစ်ခုသားတစ်ခု)ဇာတ်ကား
  2. အမျိုးသမီးဇာတ်ဆောင်ဆု- ဝါ⁠ဝါဝင်းရွှေ - (မိန်းကလေးရှင်ရဲ့ ဆန္ဒ)ဇာတ်ကား
  3. အမျိုးသမီးဇာတ်ပို့ဆု - ဆွေဇင်ထိုက်- (မိန်းကလေးရှင်ရဲ့ ဆန္ဒ)ဇာတ်ကား
  4. ရုပ်ရှင်ဇာတ်ပို့ဆု - ဦးပန်းအေး - (နေခြည်ဖြာမှ နွေးသောကြောင့်)ဇာတ်ကား
  5. ကလေးသရုပ်ဆောင်ဆု - အောင်ထွန်းလေး - (အဖေတစ်ခုသားတစ်ခု)ဇာတ်ကား

၁၉၇၈-ခုနှစ်(၂၇-ကြိမ်)[ပြင်​ဆင်​ရန်​]

  1. ဒါရိုက်တာဆု- မောင်တင်ဦး- (တစ်ခါကတစ်ဘဝ)ဇာတ်ကား
  2. အမျိုးသမီးဇာတ်ဆောင်ဆု - ခင်သီတာထွန်း- (တစ်ခါကတစ်ဘဝ)ဇာတ်ကား
  3. အမျိုးသားဇာတ်ပို့ဆု - ဖိုးပါကြီး - (တစ်ခါကတစ်ဘဝ)ဇာတ်ကား
  4. အမျိုးသမီးဇာတ်ပို့ဆု - ကြည်ကြည်ဌေး -(လူဇော်)ဇာတ်ကား
  5. ရုပ်ရှင်ဓါတ်ပုံဆု - ဦးတင်ဝင်း(ဓာတ်ပုံ)- (တစ်ခါကတစ်ဘဝ)ဇာတ်ကား
  6. အထူးဆု - အင်္ဂလန်စိန် - (မေတ္တာရှင်မလေး ငြိမ်း⁠ငြိမ်းအိ)ဇာတ်ကား

၁၉၇၉-ခုနှစ်(၂၈-ကြိမ်)[ပြင်​ဆင်​ရန်​]

  1. အမျိုးသားဇာတ်ဆောင်ဆု - ကျော်ဟိန်း - (အကာကအချစ် အနှစ်ကမေတ္တာ)ဇာတ်ကား
  2. အမျိုးသမီးဇာတ်ဆောင်ဆု - ချိုပြုံး - (ချစ်အမျှ)ဇာတ်ကား
  3. အမျိုးသားဇာတ်ပို့ဆု - ကောလိပ်ဂျင်နေဝင်း - (အကာကအချစ် အနှစ်ကမေတ္တာ)ဇာတ်ကား
  4. အမျိုးသမီးဇာတ်ပို့ဆု - ဒေါ်စိန်ခင် - (အကာကအချစ် အနှစ်ကမေတ္တာ)ဇာတ်ကား
  5. ရုပ်ရှင်ဓါတ်ပုံဆု - ဦးစန်းမောင်(ဓာတ်ပုံ) - (ကျော်ကိုချစ်လား ဇော့်ကိုချစ်မလား)ဇာတ်ကား

၁၉၈၀-ခုနှစ်(၂၉-ကြိမ်)[ပြင်​ဆင်​ရန်​]

  1. ဇာတ်ကားဆု -(ကြည်ပြာ)ဇာတ်ကား- ယမုံနာရုပ်ရှင်
  2. ဒါရိုက်တာဆု -ကြီးမြင့် - (ကြည်ပြာ)ဇာတ်ကား
  3. အမျိုးသမီးဇာတ်ဆောင်ဆု - မေဝင်းမောင် - (ကြည်ပြာ)ဇာတ်ကား
  4. အမျိုးသားဇာတ်ပို့ဆု - မောင်စိမ်းအောင် - (မှတပါးအခြားမရှိပြီ)ဇာတ်ကား
  5. အမျိုးသမီးဇာတ်ပို့ဆု - မြင့်⁠မြင့်ခင် - (မှတပါးအခြားမရှိပြီ)ဇာတ်ကား
  6. ရုပ်ရှင်ဓါတ်ပုံဆု - ချစ်မင်းလူ - (နွေရူပ)ဇာတ်ကား

၁၉၈၁-ခုနှစ်(၃၀-ကြိမ်)[ပြင်​ဆင်​ရန်​]

  1. ဒါရိုက်တာဆု - ဝင်းဖေ - (နှင်းဆီနီအိမ်မက်) ဇာတ်ကား
  2. အမျိုးသမီးဇာတ်ဆောင်ဆု - တင်⁠တင်ညို - (ငယ်နာမည်အညို) ဇာတ်ကား
  3. အမျိုးသမီးဇာတ်ပို့ဆု - မေယု- (နှင်းဆီနီအိမ်မက်) ဇာတ်ကား
  4. ရုပ်ရှင်ဓါတ်ပုံဆု - ဦးစန်းမောင် - (အပြန်လမ်း) ဇာတ်ကား

၁၉၈၂-ခုနှစ်(၃၁-ကြိမ်)[ပြင်​ဆင်​ရန်​]

  1. အမျိုးသားဇာတ်ဆောင်ဆု - ကျော်ဟိန်း - (မွန်းတည့်ချိန်တွင် နေဝင်သည်)ဇာတ်ကား
  2. အမျိုးသမီးဇာတ်ဆောင်ဆု - ချိုပြုံး - (မွန်းတည့်ချိန်တွင် နေဝင်သည်)ဇာတ်ကား
  3. အမျိုးသားဇာတ်ပို့ဆု - နေအောင် - (မီလာရှီကာ စိုင်းဗေဒါ)ဇာတ်ကား
  4. အမျိုးသမီးဇာတ်ပို့ဆု -ခိုင်ခင်ဦး (မေတ္တာအင်္သချေ)ဇာတ်ကား
  5. ရုပ်ရှင်ဓါတ်ပုံဆု - အောင်မြင့်ဦး - (မီလာရှီကာ စိုင်းဗေဒါ)ဇာတ်ကား

၁၉၈၃-ခုနှစ်(၃၂-ကြိမ်)[ပြင်​ဆင်​ရန်​]

  1. ဒါရိုက်တာဆု- ထွန်းမြင့်ထွန်း- (က္ကတ္ထိရခေါ် မိန်းမတို့သည်)ဇာတ်ကား
  2. အမျိုးသားဇာတ်ဆောင်ဆု - ညွှန့်ဝင်း- (တတိယအရွယ်၏ ဒုတိယဝေဒနာ)ဇာတ်ကား
  3. အမျိုးသမီးဇာတ်ဆောင်ဆု - ခင်သီတာထွန်း- (က္ကတ္ထိရခေါ် မိန်းမတို့သည်)ဇာတ်ကား
  4. အမျိုးသားဇာတ်ပို့ဆု - ထွန်းဝေ - (တတိယအရွယ်၏ ဒုတိယဝေဒနာ)ဇာတ်ကား
  5. အမျိုးသမီးဇာတ်ပို့ဆု - စံရှားတင် -(စိမ်းနဲ့တေဇာ)ဇာတ်ကား
  6. ရုပ်ရှင်ဓါတ်ပုံဆု - ဦးစံအေး(ဓာတ်ပံု)- (ဗိုလ်သံခဲ) ဇာတ်ကား

၁၉၈၄-ခုနှစ်(၃၃-ကြိမ်)[ပြင်​ဆင်​ရန်​]

  1. အမျိုးသားဇာတ်ပို့ဆု - မြတ်လေး - (ရင်ထဲမှာရွာသောမိုး) ဇာတ်ကား
  2. အမျိုးသမီးဇာတ်ပို့ဆု - မို့⁠မို့မြင့်အောင် - (နှလုံးသားမြို့တော်) ဇာတ်ကား
  3. ရုပ်ရှင်ဓါတ်ပုံဆု - ချစ်မင်းလူ - (နှလုံးသားမြို့တော်) ဇာတ်ကား

၁၉၈၅-ခုနှစ်(၃၄-ကြိမ်)[ပြင်​ဆင်​ရန်​]

  1. ဇာတ်ကားဆု - (သင်္ကြန်မိုး)ဆေးရောင်စုံ ဇာတ်ကား - သူရိယပညာရုပ်ရှင်
  2. ဒါရိုက်တာဆု - မောင်တင်ဦး - (သင်္ကြန်မိုး)ဆေးရောင်စုံ ဇာတ်ကား
  3. အမျိုးသားဇာတ်ဆောင်ဆု - နေအောင် -(ပန်းသီတဲ့ကြိုး)ဇာတ်ကား
  4. အမျိုးသမီးဇာတ်ဆောင်ဆု - ခင်သီတာထွန်း - (ပန်းသီတဲ့ကြိုး) ဇာတ်ကား
  5. အမျိုးသားဇာတ်ပို့ဆု - ထွန်း⁠ထွန်းနိုင် -(ချစ်မီးလျှံထဲကမေချို)ဇာတ်ကား
  6. အမျိုးသမီးဇာတ်ပို့ဆု -ခင်စိုးပိုင် -(ပန်းသီတဲ့ကြိုး) ဇာတ်ကား
  7. ရုပ်ရှင်ဓါတ်ပုံဆု - ချစ်မင်းလူ - (သင်္ကြန်မိုး)ဆေးရောင်စုံ ဇာတ်ကား

၁၉၈၆ ၊ ၁၉၈၇၊ ၁၉၈၈၊[ပြင်​ဆင်​ရန်​]

အကယ်ဒမီ ပေးခြင်း မရှိပါ။

၁၉၈၉ ခုနှစ်(၃၈-ကြိမ်)[ပြင်​ဆင်​ရန်​]

  1. ဇာတ်ကားဆု - (ဒိုး)ဇာတ်ကား - အမျိုးသားရုပ်ရှင်
  2. ဒါရိုက်တာဆု - ကြည်စိုးထွန်း - (ဒိုး)ဇာတ်ကား
  3. အမျိုးသားဇာတ်ဆောင်ဆု - ကျော်ဟိန်း - (ပန်းမြိုင်လယ်က ဥယျာဉ်မှူး) ဇာတ်ကား
  4. အမျိုးသမီးဇာတ်ဆောင်ဆု - မို့⁠မို့မြင့်အောင် - (ခပ်စိမ်း⁠စိမ်းပဲနေပါမယ်)ဆေးရောင်စုံ ဇာတ်ကား

၁၉⁠၉၀-ခုနှစ်(၃၉-ကြိမ်)[ပြင်​ဆင်​ရန်​]

  1. ဒါရိုက်တာဆု - မောင်ဝဏ္ဏ - (ခုနစ်စဉ်အလွမ်း)ဇာတ်ကား
  2. အမျိုးသားဇာတ်ဆောင်ဆု- သုမောင် - (ခုနစ်စဉ်အလွမ်း)ဇာတ်ကား
  3. အမျိုးသမီးဇာတ်ဆောင်ဆု- ခင်သန်းနု - (ခုနစ်စဉ်အလွမ်း)ဇာတ်ကား
  4. အမျိုးသားဇာတ်ပို့ဆု - ဇော်လွင်-(အရိုင်းစံပယ်)ဆေးရောင်စုံ ဇာတ်ကား
  5. ရုပ်ရှင်ဓါတ်ပုံဆု - ဦးကြည်(ဓာတ်ပံု) - (အချစ်ဆုံးသူရဲ့ရင်မှာ) ဆေးရောင်စုံ ဇာတ်ကား

၁၉⁠၉၁-ခုနှစ်(၄၀-ကြိမ်)[ပြင်​ဆင်​ရန်​]

  1. အမျိုးသားဇာတ်ဆောင်ဆု - ရန်အောင် - (မယ်သီတာလိုမိန်းကလေး)ဆေးရောင်စုံ ဇာတ်ကား
  2. အမျိုးသမီးဇာတ်ဆောင်ဆု - မို့⁠မို့မြင့်အောင် - (သမီးနှင့်အမေများ)ဆေးရောင်စုံ ဇာတ်ကား
  3. အမျိုးသမီးဇာတ်ပို့ဆု - မြင့်⁠မြင့်ခိုင် - (သမီးနှင့်အမေများ)ဆေးရောင်စုံ ဇာတ်ကား
  4. ရုပ်ရှင်ဓာတ်ပုံဆု - ဦးပန်းအေး(ဓာတ်ပံု) - (ဒဏ္ဍာရီ)ဆေးရောင်စုံ ဇာတ်ကား
  5. ရုပ်ရှင်တေးဂီတဆု -ဂီတလုလင်မောင်ကိုကို - (မယ်သီတာလိုမိန်းကလေး)ဆေးရောင်စုံ ဇာတ်ကား

၁၉⁠၉၂-ခုနှစ်(၄၁-ကြိမ်)[ပြင်​ဆင်​ရန်​]

  1. အမျိုးသမီးဇာတ်ဆောင်ဆု - မေသန်းနု -(မူပိုင်ချစ်သူ)ဆေးရောင်စုံ ဇာတ်ကား
  2. ရုပ်ရှင်ဓါတ်ပုံဆု - ဦးသန်းမောင်(ဓာတ်ပံု) - (သခွတ်ပန်း)ဆေးရောင်စုံ ဇာတ်ကား
  3. ရုပ်ရှင်တေးဂီတဆု - ထရမ်းပက်ဝင်းဦး -(ခိုင်မာလာနှင်းဆီ)ဆေးရောင်စုံ ဇာတ်ကား

၁၉⁠၉၃-ခုနှစ်(၄၂-ကြိမ်)[ပြင်​ဆင်​ရန်​]

  1. ဇာတ်ကားဆု - (သီတာခုနစ်တန်)ဆေးရောင်စုံ ဇာတ်ကား - ခိုင်သဇင်ရုပ်ရှင်
  2. ဒါရိုက်တာဆု - မောင်နန္ဒ- (သီတာခုနစ်တန်)ဆေးရောင်စုံ ဇာတ်ကား
  3. အမျိုးသားသရုပ်ဆောင်ဆု - ရဲအောင် - (မြစ်တို့၏မာယာ)ဆေးရောင်စုံ ဇာတ်ကား
  4. အမျိုးသမီးသရုပ်ဆောင်ဆု - ဇင်မာဦး - (သီတာခုနစ်တန်)ဆေးရောင်စုံ ဇာတ်ကား
  5. အမျိုးသားဇာတ်ပို့ဆု - ညွှန့်ဝင်း -(သီတာခုနစ်တန်)ဆေးရောင်စုံ ဇာတ်ကား
  6. အမျိုးသမီးဇာတ်ပို့ဆု - စမ်း⁠စမ်းအေး - (စိန်ခေါ်နေတဲ့အချစ်)ဆေးရောင်စုံ ဇာတ်ကား
  7. ရုပ်ရှင်ဓာတ်ပုံဆု - ဦးသန်းညွှန့်(ပန်းသာ) - (မြစ်တို့၏မာယာ)ဆေးရောင်စုံ ဇာတ်ကား

၁၉⁠၉၄-ခုနှစ်(၄၃-ကြိမ်)[ပြင်​ဆင်​ရန်​]

  1. ဇာတ်ကားဆု-(တပြည်သူမရွှေထား)ဆေးရောင်စုံ ဇာတ်ကား -စင်ရော်ရုပ်ရှင်
  2. ဒါရိုက်တာဆု - စင်ရော်မောင်မောင် - (တပြည်သူမရွှေထား)ဆေးရောင်စုံ ဇာတ်ကား
  3. အမျိုးသားဇာတ်ဆောင်ဆု - ကျော်သူ- (တပြည်သူမရွှေထား)ဆေးရောင်စုံ ဇာတ်ကား
  4. အမျိုးသမီးဇာတ်ဆောင်ဆု -စိုးမြတ်သူဇာ - (နော်ရင်မွှေး)ဆေးရောင်စုံ ဇာတ်ကား
  5. အမျိုးသမီးဇာတ်ဆောင်ဆု - မို့⁠မို့မြင့်အောင် - (မသုဓမစာရီ)ဆေးရောင်စုံ ဇာတ်ကား
  6. အမျိုးသားဇာတ်ပို့ဆု - ကျော်ဟိန်း - (ဝေလည်းမွှေး ကြွေလည်းမွှေး)ဆေးရောင်စုံ ဇာတ်ကား
  7. အမျိုးသမီးဇာတ်ပို့ဆု - နွဲ့⁠နွဲ့စန်း - (သရဖူ)ဆေးရောင်စုံ ဇာတ်ကား
  8. ရုပ်ရှင်ဓါတ်ပုံဆု - ကို⁠ကိုဌေး (ထိပ်တန်း) - (မသုဓမစာရီ)ဆေးရောင်စုံ ဇာတ်ကား
  9. ရုပ်ရှင်တေးဂီတဆု - စန္ဒရားလှထွဋ် - (တပြည်သူမရွှေထား)ဆေးရောင်စုံ ဇာတ်ကား
  10. ရုပ်ရှင်အသံဆု - ဦးခင်ဦး - (သရဖူ)ဆေးရောင်စုံ ဇာတ်ကား

၁၉⁠၉၅-ခုနှစ်(၄၄-ကြိမ်)[ပြင်​ဆင်​ရန်​]

  1. ဇာတ်ကားဆု - (တိုက်ပွဲခေါ်သံ) - ခင်စံပယ်ဦးရုပ်ရှင်
  2. ဒါရိုက်တာဆု- မောင်တင်ဦး - (တိုက်ပွဲခေါ်သံ)
  3. အမျိုးသားဇာတ်ဆောင်ဆု - ရန်အောင် - (ပုဂံမှာ သာတဲ့လ)
  4. အမျိုးသားဇာတ်ဆောင်ဆု - စိုးသူ - (အောင်မြင်သောနေ့)
  5. အမျိုးသမီးဇာတ်ဆောင်ဆု - မေသန်းနု - (ပုဂံမှာ သာတဲ့လ)
  6. အမျိုးသားဇာတ်ပို့ဆု - ဇော်လင်း - (တိုက်ပွဲခေါ် သံ)
  7. အမျိုးသမီးဇာတ်ပို့ဆု - မြင့်⁠မြင့်ခိုင် - (အောင်မြင်သောနေ့)
  8. ရုပ်ရှင်ဓါတ်ပုံဆု - ဦးသန်းနု(ပန်းသာ) - (ပုဂံမှာသာတဲ့လ)
  9. ရုပ်ရှင်တေးဂီတဆု -ဂီတလုလင်မောင်ကိုကို - (တိုက်ပွဲခေါ်သံ)
  10. ရုပ်ရှင်ဇာတ်ကားဆု - အောင်ကျည်ထွဏ်း - (တိုက်ပွဲခေါ်သံ)

၁၉⁠၉၆-ခုနှစ်(၄၅-ကြိမ်)[ပြင်​ဆင်​ရန်​]

  1. ဇာတ်ကားဆု - (ပန်းသခင်) - ယမုံနာရုပ်ရှင်
  2. ဒါရိုက်တာဆု - ဦးကြီးမြင့်- (ပန်းသခင်)
  3. အမျိုးသားဇာတ်ဆောင်ဆု - ကျော်ရဲအောင် -(သားသမီးဇနီးကြင်ယာ)
  4. အမျိုးသားဇာတ်ဆောင်ဆု - ရန်အောင် - (အလင်းဖျော့ကောင်းကင်)
  5. အမျိုးသမီးဇာတ်ဆောင်ဆု - ထက်⁠ထက်မိုးဦး - (ပန်းသခင်)
  6. အမျိုးသမီးဇာတ်ဆောင်ဆု - မေသန်းနု - (အလင်းဖျော့ကောင်းကင်)
  7. အမျိုးသားဇာတ်ပို့ဆု - ဇော်လင်း - (ပန်းသခင်)
  8. အမျိုးသမီးဇာတ်ပို့ဆု -မြင့်⁠မြင့်ခင် - (မြင့်မိုရ်တောင်ဦးမကကျူးသား)
  9. ရုပ်ရှင်ဓာတ်ပုံဆု - ချစ်မင်းလူ - (ချစ်ရည်းစား)

၁၉⁠၉၇-ခုနှစ်(၄၆-ကြိမ်)[ပြင်​ဆင်​ရန်​]

  1. ဇာတ်ကားဆု - (သူ့ကျွန်မခံပြီ) - မြတ်မိခင်ရုပ်ရှင်
  2. ဒါရိုက်တာဆု - ကြည်စိုးထွန်း- (သူ့ကျွန်မခံပြီ)
  3. အမျိုးသားဇာတ်ဆောင်ဆု - ဒွေး - (အမေ့ခြေရာ)
  4. အမျိုးသမီးဇာတ်ဆောင်ဆု - ပန်းဖြူ - (အရိပ်)
  5. အမျိုးသားဇတ်ပို့ဆု - ညွှန့်ဝင်း - (သူ့ကျွန်မခံပြီ)
  6. အမျိုးသားဇတ်ပို့ဆု - ဇင်ဝိုင်း - (မြင့်မြတ်နှလုံးသား)
  7. အမျိုးသမီးဇာတ်ပို့ဆု - ချိုပြုံး - (အမေ့ခြေရာ)
  8. ရုပ်ရှင်ဓာတ်ပုံဆု - ကို⁠ကိုဌေး (ထိပ်တန်း) - (မြင့်မြတ်နှလုံးသား)
  9. ရုပ်ရှင်တေးဂီတဆု - ဇော်မျိုးထွဋ် - (မြင့်မြတ်နှလုံးသား)
  10. ရုပ်ရှင်အသံဆု - ဦးစိန်မြင့် (ဇာတ်လမ်းရုပ်ရှင်) - (မြင့်မြတ်နှလုံးသား)
  11. ရုပ်ရှင် ဇာတ်ညွှန်းဆု - မြက်ခင်းသစ် ၊ သုခုမလွင်ပြင် - (မြင့်မြတ်နှလုံးသား)
  12. ရုပ်ရှင်တည်းဖြတ်ဆု - ဦးမြင့်ခိုင် (မော်ကွန်းရုပ်ရှင်) - (သူ့ကျွန်မခံပြီ)

၁၉⁠၉၈-ခုနှစ်(၄၇-ကြိမ်)[ပြင်​ဆင်​ရန်​]

  1. ဇာတ်ကားဆု - (အနှိုင်းမဲ့ရင်ခွင်)
  2. ဒါရိုက်တာဆု - မလိခစိုးထိုက်အောင်- (အနှိုင်းမဲ့ရင်ခွင်)
  3. အမျိုးသားဇာတ်ဆောင်ဆု -ရန်အောင်- (ညမင်းသား)
  4. အမျိုးသမီးဇာတ်ဆောင်ဆု -စိုးမြတ်သူဇာ - (ရွှေနံသာစံအိမ်)
  5. အမျိုးသမီးဇာတ်ပို့ဆု -နန္ဒာလှိုင်- (ရွှေနံသာစံအိမ်)
  6. ရုပ်ရှင်ဓာတ်ပုံဆု -ဦးသန်းညွန့်(ပန်းသာ)- (ညမင်းသား)
  7. ရုပ်ရှင် ဇာတ်ညွှန်းဆု -ကို⁠ကိုလေး - (အနှိုင်းမဲ့ရင်ခွင်)

၁၉⁠၉၉-ခုနှစ်(၄၈-ကြိမ်)[ပြင်​ဆင်​ရန်​]

  1. ဇာတ်ကားဆု - (အဖေ့နေရာ) -သီဟဇော်ရုပ်ရှင်
  2. ဒါရိုက်တာဆု -ခင်မောင်ဦး/စိုးသိမ်းထွဋ်- (အဖေ့နေရာ)
  3. အမျိုးသားဇာတ်ဆောင်ဆု-လွင်မိုး - (ရင်ထဲကဆောင်းရာသီ)
  4. အမျိုးသမီးဇာတ်ဆောင်ဆု -ထွန်းအိန္ဒြာဗို- (နှောင်းတမြေ့မြေ့)
  5. အမျိုးသားဇာတ်ပို့ဆု - ထွန်း⁠ထွန်းဝင်း- (နှောင်းတမြေ့မြေ့)
  6. အမျိုးသမီးဇာတ်ပို့ဆု - မြတ်ကေသီအောင် - (ရင်ထဲကဆောင်းရာသီ)
  7. ကလေးသရုပ်ဆောင်ဆု-အိသဲဖြူ - (ရင်ထဲကဆောင်းရာသီ)

၂၀ဝ၀-ခုနှစ်(၄၉-ကြိမ်)[ပြင်​ဆင်​ရန်​]

  1. ဇာတ်ကားဆု -ငရဲသား - ခင်စံပယ်ဦးရုပ်ရှင်
  2. ဒါရိုက်တာဆု - သီဟတင်စိုး - (ငရဲသား)
  3. အမျိုးသားဇာတ်ဆောင်ဆု - သီဟတင်စိုး(ငရဲသား)
  4. အမျိုးသားဇာတ်ဆောင်ဆု - ရန်အောင်- (မောဟမျဉ်းပြိုင်များ)
  5. အမျိုးသမီးဇာတ်ဆောင်ဆု -မျိုးသန္တာထွန်း - (နှုတ်ခမ်းထက်က ဓားသွား)
  6. အမျိုးသားဇာတ်ပို့ဆု - အောင်ခိုင် - (ငရဲသား)
  7. အမျိုးသမီးဇာတ်ပို့ဆု - ခင်သန်းနု- (သမီးရှင်)
  8. ရုပ်ရှင်ဓာတ်ပုံဆု-သန်းညွှန့်(ပန်းသာ) - မောင့်မူပိုင်ရှင်

၂၀ဝ၁-ခုနှစ်(၅၀-ကြိမ်)[ပြင်​ဆင်​ရန်​]

  1. ဇာတ်ကားဆု -နှလုံးလှလူမိုက် - မေတ္တာရောင်ပြန်ရုပ်ရှင်
  2. ဒါရိုက်တာဆု -မောင်တင်ဦး - (နှလုံးလှလူမိုက်)
  3. အမျိုးသားဇာတ်ဆောင်ဆု - မင်းမော်ကွန်း - (နှလုံးလှလူမိုက်)
  4. အမျိုးသားဇာတ်ဆောင်ဆု - လွင်မိုး - (ပန်းတစ်ပွင့်ဖန်ဆင်းခြင်း)
  5. အမျိုးသမီးဇာတ်ဆောင်ဆု -ထက်⁠ထက်မိုးဦး- (သမီးမိုက်)
  6. အမျိုးသမီးဇာတ်ဆောင်ဆု - မေသန်းနု - (ချစ်ခြင်း၏အခြားမဲ့၌ )
  7. အမျိုးသားဇာတ်ပို့ဆု - နေအောင် - (နှလုံးလှလူမိုက်)
  8. အမျိုးသမီးဇာတ်ပို့ဆု - မေသဉ္ဇာဦး - (နှလုံးလှလူမိုက်)
  9. အမျိုးသမီးဇာတ်ပို့ဆု - စိုးမြတ်နန္ဒာ - (အချစ်ကို မွေးဖွားခြင်း)
  10. ရုပ်ရှင်ဇာတ်ညွှန်းဆု-ခင်လေးသိမ့် - (ပန်းတစ်ပွင့်ဖန်ဆင်းခြင်း)
  11. ဓာတ်ပုံဆု-ထိပ်တန်း ကို⁠ကိုဌေး - (ကောင်းကင်ထက်ကပန်းတစ်ပွင့်)

၂၀ဝ၂-ခုနှစ်(၅၁-ကြိမ်)[ပြင်​ဆင်​ရန်​]

  1. ဇာတ်ကားဆု-မြင့်⁠မြင့်ခိုင် (ဆန်ရေ) - စိမ်းဝါနီရုပ်ရှင်
  2. ဇာတ်ကားဆု- (ငါသူတစ်ပါး ယောကျာ်း မိန်းမ) - ကြယ်တံခွန်ရုပ်ရှင်
  3. ဒါရိုက်တာဆု-ကြည်စိုးထွန်း - (ဆန်ရေ)
  4. ဒါရိုက်တာဆု-ပန်းချီစိုးမိုး - (ငါသူတစ်ပါး ယောကျာ်း မိန်းမ)
  5. အမျိုးသား ဇာတ်ဆောင်ဆု -လူမင်း - (ရွှေမှုန်ကြဲတဲ့ မိုးကောင်းကင်)
  6. အမျိုးသမီး ဇာတ်ဆောင်ဆု -ခင်ဇာခြည်ကျော် - (ငါသူတစ်ပါး ယောကျာ်း မိန်းမ)
  7. အမျိုးသမီး ဇာတ်ပို့ဆု-မေသန်းနု - (ငါသူတစ်ပါး ယောကျာ်း မိန်းမ)
  8. အမျိုးသား ဇာတ်ပို့ဆု-ညွန့်ဝင်း - (ဆန်ရေ)
  9. ရုပ်ရှင်ဇာတ်ညွှန်းဆု-ငြိမ်းမင်း - (ငါသူတစ်ပါး ယောကျာ်း မိန်းမ)
  10. ရုပ်ရှင်ဓာတ်ပုံဆု-ကျောက်ဖြူ(ပဒေသာ) - (ယောက္ခမဆိုတာ တစ်ခါတုန်းက သမက်ပါပဲ)
  11. ရုပ်ရှင်တေးဂီတဆု-ဂီတလုလင်မောင်ကိုကို - (ဆန်ရေ)
  12. ရုပ်ရှင်တေးဂီတဆု-ခင်မောင်ကြီး - (ငါသူတစ်ပါး ယောကျာ်း မိန်းမ)
  13. အသံထူးချွန်ဆု- ဖိုးထောင်နှင့်အဖွဲ့ - (ဆန်ရေ)
  14. တည်းဖြတ်မှုအကောင်းဆုံးဆု- ဇော်မင်း(ဟံသာမြေ) - (ငါသူတစ်ပါး ယောကျာ်း မိန်းမ)

၂၀ဝ၃-ခုနှစ်(၅၂-ကြိမ်)[ပြင်​ဆင်​ရန်​]

  1. ဇာတ်ကားဆု-(အမေ့နို့ဖိုး) - အမျိုးသားရုပ်ရှင်
  2. ဒါရှိုက်တာဆု-ကျော်သူ - (အမေ့နို့ဖိုး)
  3. အမျိုးသားသရုပ်ဆောင်ဆု -ကျော်ဟိန်း - (နေကမွေးတဲ့လ)
  4. အမျိုးသမီးသရုပ်ဆောင်ဆု- ထွန်းအိန္ဒြာဗို - (အမေ့နို့ဖိုး)
  5. အမျိုးသားဇာတ်ပို့ဆု - ဇော်ဦး - (အမေ့နို့ဖိုး)
  6. အမျိုးသမီးဇာတ်ပို့ဆု- ချိုပြုံး - (အမေ့နို့ဖိုး)
  7. ရုပ်ရှင်တည်းဖြတ်ဆု - ဦးမြင့်ခိုင်- (သူးမွဲထသစ္စာ)
  8. ရုပ်ရှင်ဇာတ်ညွှန်းဆု- ငြိမ်းမင်း - (အမေ့နို့ဖိုး)
  9. ရုပ်ရှင်ဓါတ်ပုံဆု -ကျောက်ဖြူ(ပဒေသာ) - (အမေ့နို့ဖိုး)
  10. ရုပ်ရှင်တေးဂီတဆု -ဇော်မျိုးထွဋ်- (နေကမွေးတဲ့လ)
  11. ရုပ်ရှင်အသံဆု - ခင်စပယ်ဦး အဖွဲ့ - (သူးမွဲထသစ္စာ)

၂၀ဝ၄-ခုနှစ်(၅၃-ကြိမ်)[ပြင်​ဆင်​ရန်​]

  1. ဇာတ်ကားဆု-(လျှို့ဝှက်သောနှင်း) - စင်ရော်ရုပ်ရှင်
  2. ဒါရှိုက်တာဆု-စင်ရော်မောင်မောင်(လျှို့ဝှက်သောနှင်း)
  3. အမျိုးသားသရုပ်ဆောင်ဆု -လွင်မိုး - (တစ်ခါက ဧရာဝတီညများ)
  4. အမျိုးသမီးသရုပ်ဆောင်ဆု-အိန္ဒြာကျော်ဇင် - (မျက်နှာများတဲ့ကောင်းကင်)
  5. အမျိုးသားဇာတ်ပို့ဆု -ညွန့်ဝင်း - (လျှို့ဝှက်သောနှင်း)
  6. အမျိုးသမီးဇာတ်ပို့ဆု- စိုးမြတ်နန္ဒာ - (ချစ်ခြင်းငယ်ပြိုင်)
  7. ရုပ်ရှင်တည်းဖြတ်ဆု - ဇော်မင်း(ဟံသာမြေ)- (လျှို့ဝှက်သောနှင်း)
  8. ရုပ်ရှင်ဇာတ်ညွှန်းဆု- ငြိမ်းမင်း - (လျှို့ဝှက်သောနှင်း)
  9. ရုပ်ရှင်ဓါတ်ပုံဆု -ကို⁠ကိုဌေး(ထိပ်တန်း) - (လျှို့ဝှက်သောနှင်း)
  10. ရုပ်ရှင်တေးဂီတဆု-စိန်မွတ္တား(မန္တလေး)- (ပန်းဒဏ္ဍာရီ)
  11. ရုပ်ရှင်အသံဆု-အေးမြင့်(ဇာတ်လမ်းရုပ်ရှင်) - (လျှို့ဝှက်သောနှင်း)

၂၀ဝ၅-ခုနှစ်(၅၄-ကြိမ်)[ပြင်​ဆင်​ရန်​]

  1. ဇာတ်ကားဆု-(ကျန်စစ်မင်း) - ဧဝရက်ရုပ်ရှင်
  2. ဒါရှိုက်တာဆု--ကြည်စိုးထွန်း - (ဆဋ္ဌဂံ)
  3. အမျိုးသားသရုပ်ဆောင်ဆု - လူမင်း - (ကျန်စစ်မင်း)
  4. အမျိုးသမီးသရုပ်ဆောင်ဆု- ထွန်းအိန္ဒြာဗို - (မိုးကုတ်စက်ဝိုင်းကိုကျော်လွန်၍)
  5. အမျိုးသားဇာတ်ပို့ဆု - ချမ်းသာကြည်စိုး - (ဆဋ္ဌဂံ)
  6. အမျိုးသမီးဇာတ်ပို့ဆု--မြတ်ကေသီအောင် - (ချစ်ခြင်းဖွဲ့မေတ္တာ)
  7. ရုပ်ရှင်တည်းဖြတ်ဆု - အောင်သွင် - (ဆဋ္ဌဂံ)
  8. ရုပ်ရှင်ဇာတ်ညွှန်းဆု- -ကြည်စိုးထွန်း - (ဆဋ္ဌဂံ)
  9. ရုပ်ရှင်ဓါတ်ပုံဆု -နိုင်နုရှိန်(ဖထီး) - မိုးကုတ်စက်ဝိုင်းကိုကျော်လွန်၍
  10. ရုပ်ရှင်တေးဂီတဆု- ခင်မောင်ကြီး(ကျန်စစ်မင်း)
  11. ရုပ်ရှင်အသံဆု- ရစ်ချတ်ရဲဝင်း(ကျန်စစ်မင်း)

၂၀ဝ၆-ခုနှစ်(၅၅-ကြိမ်)[ပြင်​ဆင်​ရန်​]

  1. ဇာတ်ကားဆု-(မျှော်လင့်ခြင်းများစွာ) -
  2. ဒါရှိုက်တာဆု- မောင်မျိုးမင်း(ရင်တွင်းဖြစ်) - (မျှော်လင့်ခြင်းများစွာ)
  3. အမျိုးသားသရုပ်ဆောင်ဆု - ရန်အောင် - (ဂုဏ်ရှိန်ပြင်းတဲ့ချစ်ခြင်းသိက္ခာ)
  4. အမျိုးသမီးသရုပ်ဆောင်ဆု-နန္ဒာလှိုင် - (တောင်သမန်သစ္စာ)
  5. အမျိုးသားဇာတ်ပို့ဆု - ဖိုးကျော် - (မျှော်လင့်ခြင်းများစွာ)
  6. အမျိုးသမီးဇာတ်ပို့ဆု - မေသဉ္စာဦး - (ပန်းပျိုးသူတို့ အင်္လကာ)
  7. ရုပ်ရှင်တည်းဖြတ်ဆု - ဇော်မင်း (ဟံသာမြေ) - (မျှော်လင့်ခြင်းများစွာ)
  8. ရုပ်ရှင်ဇာတ်ညွှန်းဆု - ဇော်မြင့်ဦး - (တောင်သမန်သစ္စာ)
  9. ရုပ်ရှင်ဓါတ်ပုံဆု - သန်းညွန့် (ပန်းသာ) - (ပန်းပျိုးသူတို့ အင်္လကာ)
  10. ရုပ်ရှင်တေးဂီတဆု - ကိုသော်ဇင် (လဝန်းအိမ်) - (ပန်းပျိုးသူတို့ အင်္လကာ)
  11. ရုပ်ရှင်အသံဆု - ဦးမျိုးညွန့် - (တောင်သမန်သစ္စာ)

၂၀ဝ၇-ခုနှစ်(၅၆-ကြိမ်)[ပြင်​ဆင်​ရန်​]

  1. ဇာတ်ကားဆု- (ကိုးဆယ်ဆ သာလိမ့်မယ်)- မြင့်မာလာရုပ်ရှင်
  2. ဒါရိုက်တာဆု- မောင်ယဉ်အောင်(မြို့တော်) -(ကိုးဆယ်ဆ သာလိမ့်မယ်)
  3. အမျိုးသားသရုပ်ဆောင်ဆု - ကျော်ရဲအောင်- (ကိုးဆယ်ဆ သာလိမ့်မယ်)
  4. အမျိုးသားဇာတ်ပို့ဆု - မိုးဒီ - (ကိုးဆယ်ဆ သာလိမ့်မယ်)
  5. ရုပ်ရှင်ဓါတ်ပုံဆု - ကျောက်ဖြူ(ပဒေသာ) - (ငါ့ဓား ငါ့သွေး ငါ့ဧရာဝတီ)
  6. ရုပ်ရှင်တေးဂီတဆု - စိန်မွတ္တား(မန္တလေး) - (ကိုးဆယ်ဆ သာလိမ့်မယ်)[၁]

၂၀ဝ၈-ခုနှစ်(၅၇-ကြိမ်)[ပြင်​ဆင်​ရန်​]

  1. ဇာတ်ကားဆု- (အများနှင့်မသက်ဆိုင်သောသူ)- မျက်ခြယ်ရုပ်ရှင်
  2. ဒါရိုက်တာဆု- ညီ⁠ညီထွန်းလွင် - (အများနှင့်မသက်ဆိုင်သောသူ)
  3. အမျိုးသားသရုပ်ဆောင်ဆု - ခန့်စည်သူ - (အများနှင့်မသက်ဆိုင်သောသူ)
  4. အမျိုးသားဇာတ်ပို့ဆု - ရဲအောင် - (အကယ်ဒမီရှော့ခ်)
  5. အမျိုးသမီးသရုပ်ဆောင်ဆု - မို့⁠မို့မြင့်အောင် - (မြင့်မိုရ်ထက်က သရဖူ)
  6. အမျိုးသမီးဇာတ်ပို့ဆု - ခင်မို့⁠မို့အေး - (အများနှင့်မသက်ဆိုင်သောသူ)
  7. ရုပ်ရှင်ဓါတ်ပုံဆု - သန်းညွှန့် (ပန်းသာ) - (ကြိုးတန်း)

၂၀၀၉-ခုနှစ်(၅၈-ကြိမ်)[ပြင်​ဆင်​ရန်​]

  1. ဇာတ်ကားဆု- (ကြိုးကြာတောင်ပံခတ်သံ)- ဇင်ယော်ရုပ်ရှင် ထုတ်လုပ်ရေး
  2. ဒါရိုက်တာဆု- မီးပွား - (ဇော်က ကနေသည်)
  3. အမျိုးသားသရုပ်ဆောင်ဆု - နေတိုး - (မိုးညအိပ်မက်မြူ)
  4. အမျိုးသမီးဇာတ်ပို့ဆု - စိုးပြည့်သဇင် - (မိုးညအိပ်မက်မြူ)
  5. ရုပ်ရှင်ဇာတ်ညွှန်းဆု - မြင့်ဦးဦးမြင့် - (ကြိုးကြာတောင်ပံခတ်သံ)
  6. ရုပ်ရှင်အသံဆု - ဆန်းဦးနှင့်အဖွဲ့ -(အတိတ်ရဲ့အရိပ်)
  7. ရုပ်ရှင်ဓါတ်ပုံဆု - ကို⁠ကိုဌေးနှင့်အဖွဲ့ (အတိတ်ရဲ့အရိပ်)
  8. ရုပ်ရှင်တေးဂီတဆု - ဓိရာမိုရ် - (ဇော်က ကနေသည်)
  9. ရုပ်ရှင်တည်းဖြတ်ဆု - ဇော်မင်း (ဟံသာမြေ) - (ကျောက်စက်ရေ)

၂၀၁၀-ခုနှစ်(၅၉-ကြိမ်)[ပြင်​ဆင်​ရန်​]

  1. ဇာတ်ကားဆု- (အာဒမ်ရယ်၊ ဧဝရယ်၊ ဒသရယ်)
  2. ဒါရိုက်တာဆု-ခင်မောင်ဦး စိုးသိမ်းထွဋ် (ပင်လယ်ထက်က နေဝန်းနီ)
  3. အမျိုးသားသရုပ်ဆောင်ဆု - ပြေတီဦး (အာဒမ်ရယ်၊ ဧဝရယ်၊ ဒသရယ်)
  4. အမျိုးသမီးသရုပ်ဆောင်ဆု - သက်မွန်မြင့် (အာဒမ်ရယ်၊ ဧဝရယ်၊ ဒသရယ်)
  5. အမျိုးသားဇာတ်ပို့ဆု - ဝေဠုကျော် (ပင်လယ်ထက်က နေဝန်းနီ)
  6. အမျိုးသမီးဇာတ်ပို့ဆု - ဝါဝါအောင် (အမေ့ကျေးဇူး ဆပ်ဖူးချင်တယ်)
  7. ရုပ်ရှင်ဇာတ်ညွှန်းဆု - ခင်မောင်ဦး စိုးသိမ်းထွဋ် (ပင်လယ်ထက်က နေဝန်းနီ)
  8. ရုပ်ရှင်ဓါတ်ပုံဆု - ပန်းချီစိုးမိုး (ပင်လယ်ထက်က နေဝန်းနီ)
  9. နောက်ခံတေးဂီတဆု - မြန်မာပြည်ကျောက်စိမ်း (အငိုမျက်လုံး အပြုံးမျက်နှာ)
  10. ရုပ်ရှင်တည်းဖြတ်ဆု - ဦးမြင့်ခိုင် (ပင်လယ်ထက်က နေဝန်းနီ)

၂၀၁၁-ခုနှစ်(၆၀-ကြိမ်)[ပြင်​ဆင်​ရန်​]

  1. ဇာတ်ကားဆု- ထာဝရအလင်းတန်း ဇာတ်ကား- ရီမြင့်ရုပ်ရှင်ထုတ်လုပ်ရေး
  2. ဒါရိုက်တာဆု- ထွန်းအောင်ဇော် - (ထာဝရအလင်းတန်း)
  3. အမျိုးသားသရုပ်ဆောင်ဆု - နောင်နောင်-(ထာဝရအလင်းတန်း)
  4. အမျိုးသမီးသရုပ်ဆောင်ဆု - မယ်လိုဒီ-(ထာဝရအလင်းတန်း)
  5. အမျိုးသားဇာတ်ပို့ဆု - မော့စ် - (ထာဝရအလင်းတန်း)
  6. အမျိုးသမီးဇာတ်ပို့ဆု - ချစ်စနိုးဦး- (ရင်ကွဲနာ)
  7. ရုပ်ရှင်ဇာတ်ညွှန်းဆု - မြင့်ဆောင် နှင့် စိုးကျော်ဆန်း -(ထာဝရအလင်းတန်း)
  8. အသံ တည်းဖြတ်ဆု -ဆန်းဦး -(ပန်းကြာဝတ်မှုန်)
  9. ရုပ်ရှင်ဓါတ်ပုံဆု - ဦးတင့်ဆန်း(ဓာတ်ပံု) - (ပန်းကြာဝတ်မှုန်)
  10. နောက်ခံတေးဂီတဆု - ဇော်မျိုးထွဋ် -(ထာဝရအလင်းတန်း)
  11. ရုပ်ရှင်တည်းဖြတ်ဆု -ဟိန်းထက် (လယ်ဝေး)- (ထာဝရအလင်းတန်း)

၂၀၁၂-ခုနှစ်(၆၁-ကြိမ်)[ပြင်​ဆင်​ရန်​]

  1. ဒါရိုက်တာဆု- ကိုဇော်(အာရုဏ်ဦး) - (ဥ) ဇာတ်ကား
  2. အမျိုးသားသရုပ်ဆောင်ဆု - ပြေတီဦး - (လက်ပံ)ဇာတ်ကား
  3. အမျိုးသမီးသရုပ်ဆောင်ဆု - ဖွေးဖွေး - (လက်ပံ) ဇာတ်ကား
  4. အမျိုးသမီးဇာတ်ပို့ဆု - ချောရတနာ - (ဥ) ဇာတ်ကား
  5. ကလေးသရုပ်ဆောင်ဆု - ယွန်းယွန်း - (တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ) ဇာတ်ကား
  6. အသံ တည်းဖြတ်ဆု - တိုနီလင်း - (ကယန်းအလှ) ဇာတ်ကား
  7. ရုပ်ရှင်ဓါတ်ပုံဆု - အောင်ကိုလတ် - (ကယန်းအလှ) ဇာတ်ကား
  8. နောက်ခံတေးဂီတဆု - ဂီတမှူး ဝင်းကို - (မွေခံထိုက်စေ) ဇာတ်ကား
  9. ရုပ်ရှင်တည်းဖြတ်ဆု - ဇော််မင်း (ဟံသာမြေ) - (ဥ) ဇာတ်ကား

၂၀၁၃-ခုနှစ်(၆၂-ကြိမ်)[ပြင်​ဆင်​ရန်​]

၂၀၁၄-ခုနှစ်(၆၃-ကြိမ်)[ပြင်​ဆင်​ရန်​]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. အေးအေးစိုး(ဖျာပုံ) ရေး `ရုပ်ရှင်သမိုင်းနှင့် မြန်မာ့ရုပ်ရှင် မှတ်တမ်း´