ဟနွိုင်းမြို့

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
Hanoi Montage.jpg

ဟနွိုင်းမြို့သည် ဗီယက်နမ်နိုင်ငံ၏ မြို့တော်နှင့် ဒုတိယအကြီးဆုံးမြို့ဖြစ်သည်။ ၂၀၀၉ ခုနှစ် စာရင်းအရ လူဦးရေ ၆.၅ သန်း နေထိုင်လျှက် ရှိသည်။ ၁၀၁၀ ခုနှစ်မှ ၁၈၀၂ ခုနှစ် အထိ ၎င်းသည် ဗီယက်နမ်နိုင်ငံရေး အတွက် အချက်အချာကျရာ နေရာဖြစ်ခဲ့သည်။ ငုယင်မင်းဆက် ဟျူမင်းလက်ထက်တွင် ဟနွိုင်း၏ ထည်ဝါမှုတို့ မှေးမှိန်သွားခဲ့သည်။ ၁၉၀၂ ခုနှစ်မှ ၁၉၅၄ အထိ ပြင်သစ် အင်ဒိုချိုင်းနား၏ မြို့တော်ဖြစ်ခဲ့ပြီး ၁၉၅၄ မှ ၁၉၇၆ အထိ မြောက်ဗီယက်နမ်၏ မြို့တော်ဖြစ်ခဲ့သည်။

[ပြင်​ဆင်​ရန်​] ဟနွိုင်မြို့

ဟနွိုင်မြို့သည်ယခင်က ပြင်သစ်အင်ဒိုချိုင်းနားပြည်၏ မြို့တော်ဖြစ်ခဲ့၍ ၁၉၅၄ ခုနှစ်တွင်ပြုလုပ်သော တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်အရ ကွန်မျူနစ်ဗီယက်မင်းအစိုးရ အုပ်ချုပ်သော မြောက်ဗီယက်နမ်နိုင်ငံ၏ မြို့တော် ဖြစ်လာသည်။ ထိုမြို့သည်မြစ်နီမြစ်ဝမှ အတွင်းဘက် မိုင် ၉ဝ ခန့်အကွာ မြစ်၏လက်ယာဘက် ကမ်းပေါ်တွင်တည်ရှိသည်။ မြစ်တွင်းသွားသင်္ဘော ငယ်များသည် ဟနွိုင်မြို့နှင့်ဟိုင်ဖုံမြို့ အကြားသွားလာ ခုတ်မောင်းလျက်ရှိကြသည်။ ဟနွိုင်မြို့သည် ကူးသန်းရောင်းဝယ်ရေးတွင်အရေးကြီးသော ဗဟိုဌာန ဖြစ်သဖြင့်ဟိုင်ဖုံမြို့နှင့်လည်းကောင်း၊ တရုတ်နိုင်ငံ၏အ နောက်တောင်ဘက်ရှိကွန်မင်းမြို့နှင့်လည်းကောင်း၊ မီးရထား လမ်းများဖြင့် ဆက်သွယ်ထားလေသည်။ ဟနွိုင် မြို့မှတင်ပို့သောကုန်များတွင် ဆန်၊ ပိုးခြည်ထိုးများနျင့် မီးခြစ်များပါဝင်သည်။ ပြင်သစ်နယ်ချဲ့သမားများက ဟနွိုင်မြို့ရှိ လမ်းများချဲ့ထွင်ထားကြရုံမကအဆောက်အအုံ သစ်များကိုလည်း ဆောက်လုပ်ထား ကြလေသည်။ ၁၉၆၉ ခုနှစ်ခန့်မှန်းသန်းခေါင်စာရင်းအရ ဟနွိုင်မြို့၏လူဦးရေမှာ ၈ဝဝဝဝဝခန့်ဖြစ်သည်။[၁]

[ပြင်​ဆင်​ရန်​] ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)
ကိုယ်ပိုင် ကိရိယာများ

အမျိုးမျိုးအပြားပြား
ဆောင်ရွက်ချက်များ
Navigation
လက်စွဲ ကိရိယာများ
တခြား ဘာသာဖြင့်