ဂျေရုဆလင်မြို့
| ဂျေရုဆလင်မြို့ | |
|---|---|
မြို့တံဆိပ် |
မြို့အလံ |
| တည်နေရာ | |
| အမည် | |
| ဟီဗရူး | ירושלים |
| အာရပ် | القدس |
| ယေဘုယျ အချက်အလက် | |
| အချိန်ဇုန် | UTC+2 |
| ပင်လယ်မျက်နှာပြင်အထက် | 760 မီတာ |
| လူဦးရေ | 724,000 (2006) |
| ဧရိယာ | 123 km2 |
| လူဦးရေသိပ်သည်းမှု | 5688/km2 |
| ဧရိယာကုဒ် | 02 |
| ဝဘ်ဆိုဒ် | ဟီဗရူး、အင်္ဂလိပ်、 အာရပ် |
ဂျေရုဆလင်မြို့ (ဟီဗရူး יְרוּשָׁלַיִם ; အာရပ် القُدس ) သည် အစ္စရေးနိုင်ငံ၏ မြို့တော်ဖြစ်သည့်အပြင် ဧရိယာ အကျယ်အဝန်းအားဖြင့် လည်းကောင်း လူဦးရေအားဖြင့်လည်းကောင်း အကြီးဆုံးမြို့လည်း ဖြစ်သည်။[၁][၂] လက်ရှိ ဂျေရုဆလင်မြို့ရှိ လူဦးရေမှာ 763,800 ဖြစ်ပြီး အရှေ့ဂျေရုဆလင် ပါဝင်လျှင် မြို့ဧရိယာမှာ ၁၂၅.၁ km2 ကျယ်ဝန်းသည်။ [၃] ဂျေရုဆလင်သည် မြေထဲပင်လယ်နှင့် ပင်လယ်သေအကြား တောင်တန်းပေါ်တွင် တည်ရှိသည်။ ခေတ်သစ် ဂျေရုဆလင်မြို့သည် ယခုအခါတွင် ဂျေရုဆလင်မြို့ဟောင်းထက် များစွာ ဖွံ့ဖြိုးလာပြီဖြစ်သည်။ ဂျက်ဖားသင်္ဘောဆိပ်မြို့၏ အနောက်တောင်ဘက် ၃၅ မိုင်ကွာ ၌ရှိသော တောင်ကုန်းမြင့်တစ်ခုပေါ်တွင် တည်ရှိ၏။ ခရစ်ယာန် နှင့် ဂျူးတို့ အထွတ်အမြတ်ထားသည့် အယူဝါဒဆိုင်ရာ မြို့တော်ကြီး ဖြစ်သည်။
'ဂျေရုစလင်'၏ အဓိပ္ပာယ်မှာ ငြိမ်းချမ်းရေးမြို့တော်ဖြစ်၏။ သို့သော်လည်း ဤမြို့၌ မကြာခဏ စစ်ပွဲများ ဖြစ်ပွားသောကြောင့် မကြာခဏ ပြန်လည် ပြင်ဆင်တည်ဆောက်ခဲ့ရသဖြင့် ထိုမြို့သည် ကမ္ဘာပေါ်ရှိမြို့အပေါင်းတို့တွင် ငြိမ်းချမ်းမှု အနည်း ဆုံးမြို့ ဖြစ်ပေသည်။ ယခုမြို့၏ မြေအောက်ပေ ၃ဝ ခန့်တွင် ရှေးခေတ်က ရောမလူမျိုးတို့ ဖောက်လုပ်ထားခဲ့သည့် လမ်းမ ကြီးကို တွေ့နိုင်လေသည်။ အမှန်စင်စစ် ဂျေရုဆလင်မြို့သည် မြို့ ၃ မျက်နှာကို နက်ရှိုင်းသောချောက်ကြီး ၃ ခု ဝန်းရံနေ သောကြောင့် သဘာဝခံတပ်မြို့တစ်မြို့ ဖြစ်၏။
အရှေ့နှင့် အရှေ့မြောက်ဖက်တွင် ကစ်ဒရွန်ချောက်ကြီးသည် မြို့တော်ကို သံလွင်ပင်ကြီးများပေါက်ရောက်ရာ သံလွင်တောင်မှ ခြားထား၏။ အနောက်ဖက်တွင် တောင်ဖက်သို့ တန်းသွားသော ဟင်နွန်(ဝါ) ဂီဟင်းနာချိုင့်ဝှမ်းကြီး ရှိသည်။ ယင်းမှာ ရှေးက ဖီနီရှန်လူမျိုးတို့ လူကိုသတ်ဖြတ် ယဇ်ပူဇော်ရာနေရာ ဖြစ်သည်။
ဂျေရုစလင်မြို့ရိုးမှာ ဠကိမ်ဖန်များစွာ ဖျက်ဆီးခြင်း ခံခဲ့ရ သည့်ပြင် အဖန်ဖန် ပြန်လည် ပြင်ဆင် တည်ဆောက်ခဲ့ရသော မြို့ရိုးဖြစ်၍ ယခု မြို့တံခါး ၈ ပေါက်မှာ ၁၆ ရာစုနှစ်က စူလတန်ဘုရင် ဆော်လီမန် တည်ဆောက်ထားခဲ့သော တံခါး များ ဖြစ်၏။ မြို့၏ တောင်ဖက်တွင် ဂျူးလူမျိုးတို့ အထွတ် အမြတ်ထားရာ ဘုရားတန်ဆောင်းကြီးတစ်ခု၏ နံရံဟောင်း တစ်ခု ရှိသည်။ ယင်းတန်ဆောင်းမှာ ရဟူဒီဘုရင်ကြီး ဆော်လမွန် တည်ဆောက်ခဲ့သော အဆောက်အအုံကြီးတစ်ခုဟု ယုံကြည်ကြလေသည်။ သောကြာနေ့တိုင်း ရဟူဒီဘုရားဖူး တို့သည် ဤနံရံဟောင်းကြီးကို နဖူးနှင့်ကပ်လျက် ငိုကြွေး မြည်တမ်းကာ ရှေးခေတ်ဟောင်းက ရဟူဒီတို့ ခမ်းနားကြီး ကျယ်ခဲ့ပုံကို အောက်မေ့တမ်းတလေ့ရှိသဖြင့် ငိုကြွေးရာ တံတိုင်းဟု အမည်တွင် လျက်ရှိသည်။ ယင်းသည့် ရဟူဒီ တန်ဆောင်းကြီးနေရာတွင် မွတ်စလင်တို့၏ အိုမာဗလီဝတ် ကျောင်းကြီးကို ကျောက်သားဖြင့် လှပစွာ ဆောက်လုပ်ထား လေသည်။ ဂျေရုစလင်မြို့တွင် ခရစ်ယာန်ဘုရားဖူးတို့ အထူး သွားရောက် ဖူးမျှော်တတ်သောနေရာကား ဟိုးလီးဆီးပါးလခါး ဘုရားရှိခိုးကျောင်းဖြစ်၏။ ထိုကျောင်းတော်ရာမှာ ခရစ်တော်၏ သင်္ချိုင်းရာ ဖြစ်သည်ဟု ယုံကြည်ကြ၏။ အမှန်စင်စစ် ခရစ်တော်အား ကားစင်တင်သတ်သော လက်ဝါးကပ် တိုင်တည်ရာ ခရစ်တော်အား မြှုပ်နှံရာနေရာတို့ကို မည်သူမျှ အတိအကျ မပြနိုင်ကြချေ။ သို့ရာတွင် မြင့်မြတ်သောနေရာကို ရည်မှန်း၍သာလျှင် ဖူးမြော်နေကြလေသည်။
မြို့တော်ဟောင်း၏လမ်းများမှာ ကျဉ်းမြောင်းကောက်ကွေ့၏။ မြို့ရိုးပြင်ဘက် ဆင်ခြေဖုံးများတွင် ကျယ်ပြန့်၍ ဘေးတစ်ဖက် တစ်ချက်တွင် သစ်ပင်စိုက်ထားသော လမ်းမကြီးများ၊ ဥယျာဉ် များနှင့် အဆောက်အအုံများ ရှိ၏။ မြို့တော်၏အကြီးဆုံး ရပ်ကွက်သစ်မှာ ဂျက်ဖားတံခါးမကြီး၏ အနောက်ဘက်တွင် ရှိလေသည်။
ဘီစီ ၁၄ဝဝ ပြည့်နှစ်ခန့်တွင် ဤမြို့တော်ကို အီဂျစ် လက် အောက်ခံ ဘုရင်တစ်ပါးက အုပ်ချုပ်ခဲ့၏။ ထို့နောက် ဘီစီ ၁ဝဝဝ ခန့်လောက်တွင် ဒေးဗစ်ဘုရင်သည် ဂျေရုစလင်ကို ယဟူဒီနိုင်ငံသစ်၏မြို့တော် ပြုလုပ်ခဲ့လေသည်။ ဘီစီ ၅၈၆ ခုနှစ်တွင် ဗက်ဗီလုံးဘုရင် နက်ဗူခတ်နက်ဇာသည် ဂျေရုစလင် မြို့ကို သိမ်းပိုက်၍ မြို့သူမြို့သား အမြောက်အမြားကို ဖမ်းဆီး ခေါ်ဆောင်သွားလေသည်။ ပါရှင်းဘုရင် ဆိုင်းရပ်လက်ထက် တွင် မြို့သစ်ပြန်တည်၍ ဘီစီ ၄၄၅ ခုနှစ်လောက်တွင် မြို့ရိုး များကို အသစ်ပြန်လည်၍ ဆောက်လုပ်ခဲ့လေသည်။ထိုမှတစ်ဖန် ဂျေရုစလင်မြို့သည် ဂရိဘုရင် အယ်လက်ဇန္နား-သ-ဂရိတ် လက်အောက်သို့ ကျရောက်ခဲ့ပြန်သည်။ နောင်အခါတွင် ဆီးရီးယန်းနှင့် အီဂျစ်ဘုရင်တို့ သူတစ်ပြန် ငါတစ်ပြန် တိုက်ခိုက်သိမ်းပိုက်ခြင်း ခံခဲ့ရပြန်၏။ ဘီစီ ၆၃ ခုနှစ်တွင် ရောမစစ်ဗိုလ်ကြီး ပွန်ပီက သိမ်းပိုက်ခဲ့၏။ ရောမတို့ လက် အောက်တွင် ယဟူဒီလူမျိုးများက ထကြွပုန်ကန်သဖြင့် မြို့ကို ၂ ကြိမ်မျှ ဖျက်ဆီးပစ်လိုက်ခြင်း ခံရ၏။ အေဒီ ၆၃၇ ခုနှစ် တွင် မွတ်စလင်တို့က သိမ်းပိုက်လိုက်၏။ ဂျေရုစလင်မြို့သည် တူရကီနှင့် အီဂျစ်လူမျိုးတို့လက်ထဲမှ ၁ဝ၉၉ ခုနှစ်တွင် ကရူး ဆိတ် စစ်ဆင်သူ ဥရောပဘုရင်များ၏လက်သို့ ကျရောက် ခဲ့ရ၏။ ၁၁၈၇ ခုနှစ်တွင် အာရပ်မွတ်စလင်ဘုရင် ဆဲလဒင်းက ပြန်လည် သိမ်းပိုက်ခဲ့၍ ၁၅၁၇ ခုနှစ်တွင် တူရကီတို့ လက်ထဲ သို့ ရောက်သွား၏။ ၁၁၈၇ နှစ်မှ ၁၁၉၇ ခု ဗြိတိသျှ စစ် တပ်များက သိမ်းပိုက်သည်အထိ မွတ်စလင်တို့ လက်ထဲဲ၌ ရှိခဲ့ပေသည်။
(ဗြိတိသျှတို့သိမ်းပိုက်ပြီးနောက်ဂျေရုစလင်၏သမိုင်းစဉ်အတွက် အစ္စရေးနိုင်ငံ။) ဂျေရုစလင်မြို့နှင့် ခရိုင်မှာ ယခုအခါ အစ္စရေးနိုင်ငံ အစိုးရနှင့် ဂျော်ဒန်နိုင်ငံ အစိုးရတို့ ခွဲဲဝေအုပ်ချုပ်လျက်ရှိ၏။ မြို့ဟောင်းကို ဂျော်ဒန်ကပိုင်၍ မြို့သစ်ကို အစ္စရေးကပိုင်သည်။ မြို့ဟောင်းတွင် အထွတ်အမြတ်နေရာ ၃၄ ခု ရှိသည်။ မြို့သစ်၌မူ အထွတ်အမြတ်ထားရာနေရာ ၂ ခုသာ ရှိသည်။ ဂျေရုစလင်မြို့သည် ၁၉၅ဝ ပြည့်နှစ် ဇန်နဝါရီလ ၂၃ ရက်နေ့ မှစ၍ အဇ္ဇရီယယ်နိုင်ငံ၏ မြို့တော်ဖြစ်ခဲ့လေသည်။ လူဦးရေမှာ ၁၉၅၃ ခုနှစ်တွင် ကောက်ယူခဲ့သော သန်းခေါင်စာရင်းအရ ၁၄၃၅ဝဝ ဖြစ်လေသည်။ [၄] comment5,
[ပြင်ဆင်ရန်] ပြင်ပလင့်ခ်များ
အစိုးရဌာန
ယဉ်ကျေးမှု
- အစ္စရေးပြတိုက်
- Yad Vashem, Israeli memorial to victims of The Holocaust
- ဂျေရုဆလင် ပွဲတော် လမ်းညွှန်
ပညာရေး
- ဟီဗရူး တက္ကသိုလ်
- အယ်ကွဒ် တက္ကသိုလ် ("ဂျေရုဆလင်ရှိ တစ်ခုတည်းသော အာရပ် တက္ကသိုလ်")
မြေပုံ
- ခေတ်သစ် ဂျေရုဆလင်မြို့၏ မြေပုံ (မြူနီစပယ်အစိုးရ)
- ဂျေရုဆလင်၏ ရှေးမြေပုံ (ယဟူဒီအမျိုးသား စာကြည့်တိုက် ဟီဗရူးတက္ကသိုလ်)
- ၁၉၄၇ ခုနှစ်လွန်ကာလ မြေပုံ (PASSIA)
[ပြင်ဆင်ရန်] ကိုးကား
- ↑ Largest city: "...modern Jerusalem, Israel's largest city..." (Erlanger, Steven. Jerusalem, Now, The New York Times, April 16, 2006.)
- ↑ Press Release: Jerusalem Day (PDF). Central Bureau of Statistics (2006-05-24). Retrieved on 2007-03-10။
- ↑ Local Authorities in Israel 2007, Publication #1295 - Municipality Profiles - Jerusalem (PDF) (in Hebrew). Israel Central Bureau of Statistics. Retrieved on 2007-12-31။
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)