တိုကျိုမြို့

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
တိုကျို
東京
—  မက်ထရိုပိုလစ်  —
東京都 · တိုကျို မက်ထရိုပိုလစ်
ဝဲဘက် ထိပ်ဆုံးမှ စ၍:  ရှင်ဂျုကု၊ တိုကျို , တိုကျိုတာဝါ , သက်တန့်တံတား, ရှိဘုယ၊ တိုကျို , National Diet Building
ဝဲဘက် ထိပ်ဆုံးမှ စ၍: ရှင်ဂျုကု၊ တိုကျို , တိုကျိုတာဝါ , သက်တန့်တံတား, ရှိဘုယ၊ တိုကျို , National Diet Building
Official seal of တိုကျို
Seal
Official logo of တိုကျို
စည်းတံဆိပ်
ဂျပန်နိုင်ငံ အတွင်း တိုကျိုမြို့ကို ပြပုံ
ဂျပန်နိုင်ငံ အတွင်း တိုကျိုမြို့ကို ပြပုံ
နာဆာ Landsat 7 ဂြိုဟ်တုမှ ရိုက်ကူးထားသော တိုကျို ၂၃ ဒေသပုံ
နာဆာ Landsat 7 ဂြိုဟ်တုမှ ရိုက်ကူးထားသော တိုကျို ၂၃ ဒေသပုံ
နိုင်ငံ ဂျပန်
ဒေသ ကန်တိုဒေသ
ကျွန်း ဟွန်ရှူးကျွန်း
Divisions အထူးမြို့နယ် ၂၃ခု၊ မြို့တော် ၂၆ခု၊ ခရိုင် ၁ခု နှင့် အုပ်ချုပ်ရေးမြို့တော်ခွဲ ၄ခု
အုပ်ချုပ်ရေး
 - အမျိုးအစား မက်ထရိုပိုလစ်
 - မြို့တော် အုပ်ချုပ်ရေးမှူး ရှင်တာရို အိရှိဟာရာ
 - မြို့တော် ရှင်ဂျုကု 
ဧရိယာ အဆင့်၄၅
 - Total ၂၁၈၇.၀၈ km² (၈၄၄.၄ sq mi)
လူဦးရေ (1st)
 - Total ၁၃,၀၁၀,၂၇၉ (April ၁st, ၂၀၁၀)
 - လူဦးရေ သိပ်သည်းမှု ၅၈၄၇/km² (၁၅၁၄၃.၇/sq mi)
 - 23 Wards ၈,၆၅၃,၀၀၀
  (April 1, 2010)
အချိန်ဇုံ ဂျပန်ဒေသ စံတော်ချိန် (UTC+9)
ISO 3166-2 JP-13
အင်တာနက်စာမျက်နှာ: metro.tokyo.jp

တိုကျိုမြို့(東京) (တိုကျိုမက်ထရိုပိုလစ် - 東京都) သည် ဂျပန်နိုင်ငံမြို့တော်ဖြစ်ပြီး ဟွန်ရှူးကျွန်း (本州) အရှေ့ပိုင်းဒေသတွင် တစိတ်တပိုင်း တည်ရှိကာ အိဇုကျွန်း နှင့် အိုဂါဆာဝါရာ ကျွန်းတို့လည်း ပါဝင်သည်။ တိုကျို မက်ထရိုပိုလစ်သည် ၁၉၄၃ ခုနှစ်တွင် တိုကျို အုပ်ချုပ်ရေးမြို့ (တိုကျိုပရီဖက်ချာ) နှင့် တိုကျိုမြို့တော်တို့ကို ပေါင်းစပ်ရာမှ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ တိုကျိုမြို့သည် ဂျပန်နိုင်ငံ၏မြို့တော်ဖြစ်ပြီး မဟာတိုကျိုနယ်မြေ၏ အချက်အချာဖြစ်ကာ ဂျပန်နိုင်ငံတွင် အကြီးဆုံးသော မက်ထရိုပိုလစ်တန် ဒေသဖြစ်သည်။ ဂျပန်အစိုးရအဖွဲ့နှင့် နန်းတော်တို့ တည်ရှိရာ ဒေသလည်း ဖြစ်ပြီး ဂျပန်တော်ဝင်မိသားစု နေထိုင်ရာ နေရာလည်း ဖြစ်သည်။

တိုကျို မက်ထရိုပိုလစ်တန် အစိုးရသည် တိုကျိုမြို့ရှိ အထူးမြို့နယ် ၂၃ ခုကို စီမံခန့်ခွဲပြီး တစ်ခုစီကို မြို့တစ်ခုစီ အနေနှင့် အုပ်ချုပ်သည်။ ထိုဒေသသည် တိုကျိုမြို့တော် အပါအဝင် တိုကျို အုပ်ချုပ်ရေးမြို့တော် ၏ အနောက်ဖက်ရှိ စည်ပင်သာယာရေးနယ်နိမိတ် ၃၉ခု နှင့် တသီးတသန့် တည်ရှိနေသော ကျွန်းနှစ်ခုလည်း ပါဝင်သည်။ အထူးမြို့နယ်များတွင် ရှိသော လူဦးရေမှာ ၈ သန်းကျော် ရှိပြီး အုပ်ချုပ်ရေးမြို့တော် တစ်ခုလုံးရှိ လူဦးရေမှာ ၁၃ သန်းမျှ ရှိသည်။ ထို အုပ်ချုပ်ရေးမြို့တော် သည် ကမ္ဘာပေါ်တွင် လူဦးရေ အများဆုံး မက်ထရိုပိုလစ်တန် ဒေသ၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး ၂၀၀၈ ခုနှစ်တွင် ဂျီဒီပီ အမေရိကန် ဒေါ်လာ ၁.၄၇၉ ထရီလီယံ ရှိသဖြင့် ကမ္ဘာပေါ်တွင် အကြီးဆုံး မက်ထရိုပိုလစ်တန် စီးပွားရေး အဆောက်အအုံ တစ်ခု ဖြစ်သည်။ ထို့အတွက်ကြောင့် နယူးယောက်မြို့ကိုပင် ကျော်လွန်သွားကာ နယူးယောက်မှာ ဒုတိယနေရာသာ ရရှိသည်။[၁]


ဒတ်ချ်လူမှုဆက်ဆံရေး ပညာရှင် ဆပ်စ်ကီယာ ဆပ်ဆန်က တိုကျိုသည် ကမ္ဘာ့စီးပွားရေးအတွက် နယူးယောက်မြို့ နှင့် လန်ဒန်မြို့တို့ နှင့်အတူ တစ်ခုသော ထိန်းချုပ်ရာနေရာဖြစ်သည်ဟု ဆိုခဲ့သည်။ [၂] တိုကျိုမြို့သည် GaWC ၏ စစ်တမ်းအရ ကမ္ဘာမြို့တော်များတွင် အယ်လ်ဖာပလပ်စ် (alpha+) အဆင့် သတ်မှတ်ထားသော မြို့တော်ဖြစ်ပြီး[၃] ဖောရိန်းပေါ်လစီ မဂ္ဂဇင်း၏ အဆင့်သတ်မှတ်ချက်အရ ကမ္ဘာ့မြို့တော်များတွင် တတိယမြောက် ဖြစ်သည်။ .[၄] ၂၀၁၀ ခုနှစ် မာဆာ စီးပွားရေး အင်တယ်လီဂျင့် ယူနစ်မှ လူနေမှုစရိတ် စစ်တမ်း အရ တိုကျိုသည် ရွှေ့ပြောင်းနေထိုင်သော ပညာရှင် ဝန်ထမ်းများတွက် ဒုတိယမြောက် ကုန်ကျစရိတ် အများဆုံးမြို့ အဖြစ် တွေ့ရှိရသည်။[၅] မိုနိုကယ်လ် မဂ္ဂဇင်းမှလည်း တိုကျိုမြို့ကို စတုတ္ထမြောက် နေထိုင်ရန် အကောင်းဆုံးသော မြို့တော် အဖြစ် ၄င်း၊ ကမ္ဘာပေါ်တွင် နေထိုင်ရန် အကောင်းဆုံး မက်ဂါပိုလစ် အဖြစ်၄င်း ညွှန်းဆိုထားသည်။ [၆]

မာတိကာ

အမည်မှည့်ခေါ်ခြင်း [ပြင်​ဆင်​ရန်​]

တိုကျိုမြို့၏ မူလပထမ အမည်မှာ အဲဒို(Edo) ဟူ၍ ဖြစ်သည်။ ၁၈၆၈ ခုနှစ် နန်းမြို့တော် ဖြစ်လာသော အခါတွင် တိုကျိုဟု အမည်ပြောင်းလဲခဲ့ပြီး အဓိပ္ပာယ်မှာ အရှေ့ပိုင်း မြို့တော်ဟု အဓိပ္ပာယ်ရသည်။ အရှေ့အာရှ ထုံးစံအတိုင်း မြို့တော်၏ အမည်တွင် မြို့တော် ('京') ဟူသော စကားလုံး ထည့်သွင်းမှည့်ခေါ်ခြင်းပင်ဖြစ်သည်။ မေဂျီခေတ် အစောပိုင်းတွင် တိုကေး (Tōkei) ဟုလည်း ခေါ်ကြပြီး ဂျပန်စာလုံးကို တရုတ်အသံထွက်ဖြင့် ဖတ်သော အမည် ဖြစ်သည်။ ယခုထက်တိုင် ကြွင်းကျန်ရစ်နေသော အင်္ဂလိပ်တို့၏ ရုံးသုံးစာရွက်စာတမ်းများတွင် တိုကေး (Tokei) ဟူသော စာလုံးပေါင်းကို တွေ့ရသေးသည်။ သို့သော်လည်း ထိုအသံထွက်ကို ယခုအခါတွင် ဆက်လက်မသုံးစွဲကြတော့ပေ။

သမိုင်းကြောင်း [ပြင်​ဆင်​ရန်​]

တိုကုဂါဝါ အိအဲယာစု

တိုကျိုသည် မူလက အဲဒိုဟု အမည်ရသည့် ငါးဖမ်းရွာကလေးပင် ဖြစ်သည်။ အဲဒို မျိုးနွယ်စုက ၁၂ ရာစု နှောင်းပိုင်းတွင် ပထမဆုံး အနေနှင့် တံတိုင်းကာရံခဲ့သည်။

၁၄၅၇ ခုနှစ်တွင် အိုတား ဒိုးကန်က အဲဒိုရဲတိုက်ကို တည်ဆောက်ခဲ့သည်။ ၁၅၉၀ ခုနှစ်တွင် တိုကုဂါဝါ အိအဲယာစုက တိုကျိုတွင် အခြေပြုခဲ့ပြီးနောက် ၁၆၀၃ ခုနှစ်တွင် သူသည် ရှိုးဂန်းဖြစ်လာခဲ့သည်။ မြို့သည် သူ၏ တစ်နိုင်ငံလုံး ဖြန့်ကျက်ထားသော စစ်အစိုးရ၏ ဗဟို အချက်အချာ ဖြစ်လာခဲ့သည်။ နောက်ပိုင်း အဲဒို ခေတ်များတွင် အဲဒိုသည် ကမ္ဘာပေါ်တွင် အကြီးဆုံးမြို့တစ်မြို့ ဖြစ်လာခဲ့ပြီး ၁၈ ရာစုတွင် လူဦးရေ ၁သန်းကျော် ရှိခဲ့သည်။.[၇]

ဘုရင်က ကျိုတိုတွင် နေသော်လည်း တိုကျိုကို အများစုက ဂျပန်၏ မြို့တော် အဖြစ် သတ်မှတ်လာခဲ့ကြသည်။[၈] ၂၆၃ နှစ်ကြာသော် အခါ တော်ဝင်ထီးနန်း စိုးစံမှု ပြန်လည်ပေါက်ပေါက်ရေး အတွက် ရှိုးဂန်းတို့ကို တွန်းလှန်ခဲ့သည်။ ၁၈၆၉ခုနှစ်တွင် အသက် ၁၇ နှစ်ရှိပြီဖြစ်သော မေဂျီဘုရင်သည် အဲဒိုသို့ ရွှေ့ပြောင်းခဲ့သည်။ ထိုအချိန်တွင် တိုကျိုသည် နိုင်ငံ၏ စီးပွားရေးနှင့် ယဉ်ကျေးမှု အချက်အခြာ နေရာတစ်ခု ဖြစ်နေပြီ ဖြစ်သည်။[၉]ဘုရင်နေထိုင်မှုကြောင့် တိုကျိုသည် အများက သတ်မှတ်သည့် နန်းမြို့တော်ဖြစ်လာခဲ့ပြီး ယခင်က အဲဒိုရဲတိုက်သည် နန်းတော် ဖြစ်လာခဲ့သည်။ တိုကျိုမြို့တော်ကို တည်ထောင်ခဲ့ပြီး မြို့တော် အဖြစ် ဆက်လက်တည်ရှိနေခဲ့သည်မှာ စည်ပင်သာယာရေး နယ်နိမိတ်ကို ဖျက်သိမ်းပြီး မက်ထရိုပိုလစ်တန် အုပ်ချုပ်ရေးမြို့နှင့် ပေါင်းစပ်ခဲ့သော ၁၉၄၃ ခုနှစ် အထိပင် ဖြစ်သည်။

တိုကျိုမြို့လယ်ခေါင်သည် အိုဆာကာမြို့ ကဲ့သို့ပင် ၁၉၀၀ ပြည့်နှစ်များကတည်းက စတင် ဒီဇိုင်းထုတ် ပုံဖော်ခဲ့ပြီး အဓိက ရထား ဘူတာရုံများ အနီးတွင် သိပ်သည်းစွာ တည်ရှိသော အနေအထားပင် ဖြစ်သည်။ ထို့ကြောင့် မြို့ဆင်ခြေဖုံး ရထားလမ်းများကို လမ်းသွယ်များကို အခြေခံ၍ အဆင်ပြေသလို ဈေးသက်သာစွာ ဆောက်လုပ်နိုင်ကြသည်။ ထိုတည်ဆောက်မှု ပုံစံသည် အမေရိကန်ပြည်ထောင်စု ရှိ မြို့ကြီးများကဲ့သို့ လူဦးရေ ကျဲပြန့်ပြီး မော်တော်ကား သွားလာရန် အဓိကထား ဆောက်လုပ်သည့် ပုံစံနှင့် ကွဲပြားခြားနားသည်။ အိတ်စပရက်စ်ဝေးဟု ခေါ်သည့် အမြန်သွားလမ်းမကြီးများကို ဆောက်လုပ်ခဲ့သော်လည်း အခြေခံ ဒီဇိုင်းမှာမူ ပြောင်းလဲ မသွားပေ။

တိုကျိုသည် ၂၀ ရာစုအတွင်း အဓိက ကပ်ကြီး နှစ်ခုနှင့် ရင်ဆိုင်ခဲ့ရပြီး နှစ်ခုစလုံးမှ ပြန်လည် ထူထောင်နိုင်ခဲ့သည်။ ပထမတစ်ခုမှာ ၁၉၂၃ ခုနှစ် ဂရိတ်ကန်တိုး ငလျင်ကြီးဖြစ်ပြီး လူပေါင်း ၁၄၀,၀၀၀ ကျော် သေကြေ ပျောက်ဆုံး ခဲ့ရသည်။ [၁၀] အခြားတစ်ခုမှာ ဒုတိယကမ္ဘာစစ် ဖြစ်သည်။ ၁၉၄၄ ခုနှစ်နှင့် ၁၉၄၅ ခုနှစ်တို့တွင် တိုကျိုကို ဗုံးကြဲတိုက်ခိုက်ရာတွင် လူပေါင်း ၇၅,၀၀၀ မှ ၂၀၀,၀၀၀ အထိ သေကြေပျက်စီး ခဲ့ရပြီး မြို့တစ်ဝက်ကျော်မှာ ပျက်စီးခဲ့သည်။ ဟီရိုရှီးမား နှင့် နာဂါဆာကီ မြို့နှစ်မြို့ပေါင်း အဏုမြူဗုံးကြဲခံရခြင်းကြောင့် ပျက်စီးဆုံးရှုံးရမှု ထက်ပင် ပို၍ များသေးသည်။[၁၁]

စစ်အပြီးတွင် တိုကျိုမြို့ကို အားလုံးပြန်လည်တည်ဆောက်ခဲ့ပြီး ၁၉၆၄ နွေရာသီ အိုလံပစ်တွင် ကမ္ဘာသို့ ပြန်လည်ပြသ နိုင်ခဲ့သည်။ ၁၉၇၀ ခုနှစ်များတွင် ဆန်းရှိုင်း ၆၀ ဟု အမည်ရသည် အထပ်မြင့် အဆောက်အအုံများ တည်ဆောက်မှု၊ ၁၉၇၈ ခုနှစ်တွင် မြို့တော်၏ အပြင်ဘက် အနည်းငယ်မျှ ကွာဝေးသော နေရာတွင် တည်ဆောက်ခဲ့သော နာရီတာ လေဆိပ် အသစ် စသည်တို့ အပြီးတွင် မက်ထရိုပိုလစ်တန် ဒေသတွင် လူဦးရေ ၁၁သန်း အထိ တိုးတက်လာခဲ့သည်။

လူအများတို့ ထိုဒေသအတွင်းသို့ ပြောင်းရွှေ့လာသည်နှင့်အမျှ တိုကျိုမြေအောက်ရထား နှင့် ခရီးသည်ပို့ဆောင်ရေး ရထားလမ်းတို့မှာ ကမ္ဘာပေါ်တွင် အလုပ်အများဆုံးထဲတွင် တစ်ခု အပါအဝင် ဖြစ်လာခဲ့သည်။[၁၂] ၁၉၈၀ ခုနှစ်များအတွင်း အိမ်ခြံမြေနှင့် အကြွေး မတည်မငြိမ် ဖြစ်မှုများထဲတွင် အိမ်ခြံမြေဈေးများသည် အလွန်အမင်း မြင့်တက်လာခဲ့သည်။ ထို မတည်မငြိမ်ဖြစ်မှုသည် ၁၉၉၀ ခုနှစ်များတွင် ပေါက်ကွဲလာခဲ့ပြီး ကုမ္ပဏီများ၊ ဘဏ်များနှင့် လူများသည် အိမ်ပေါင်၍ ချေးထားသော အကြွေးငွေများကြောင့် အိမ်ဈေးများ ကျဆင်းလာသည်နှင့်အမျှ ပေါက်ကွဲခဲ့ရသည်။ အဓိက စီးပွားရေးကျဆင်းမှု ဖြစ်ပေါက်လာခဲ့ပြီး ၁၉၉၀ ခုနှစ် ဂျပန် စီးပွားပျက်ယွင်းမှုကို ဖြစ်ပေါ်စေခဲ့ကာ[၁၃] ယခု အခါတွင်မူ တဖြည်းဖြည်းချင်း ပြန်လည် ထူထောင်လာနိုင်ပြီ ဖြစ်သည်။

ရေထဲမှ မြေနေရာများ ဖော်ထုတ်ခြင်း ပရော့ဂျက်များကို တိုကျိုတွင် လုပ်ကိုင်နေကြသည်မှာ ရာစုနှစ်များစွာ ရှိခဲ့ပြီ ဖြစ်သည်။ အထင်ရှားဆုံးမှာ အိုဒိုင်းဘ ဒေသဖြစ်ပြီး အခုအခါတွင် အဓိက ဈေးဝယ်ထွက်ရာနှင့် အပန်းဖြေရာ နေရာ ဖြစ်သည်။ အမျိုးသား အစိုးရ၏ လုပ်ငန်းများကို တိုကျိုမှ အခြားဒေသများရှိ ဒုတိယမြို့တော်များသို့ ပြောင်းရွှေ့ရန် အတွက် စီမံကိန်း အများအပြားကို တင်ပြခဲ့ကြသည်။[၁၄] တိုကျိုမြို့၏ အလျင်အမြန် တိုးတက်မှုများကို အရှိန်သတ်ရန်နှင့် အခြားနောက်ကျန်နေခဲ့သော နိုင်ငံ၏ အခြားဒေသများကို အားပေးကူညီရန် ဖြစ်သည်။ ထိုစီမံကိန်းများမှာ ဂျပန်နိုင်ငံ အတွင်းတွင် သဘောထား မတူညီမှုများ ရှိနေပြီး အကောင်အထည်ဖော်ရန် လိုအပ်နေသေးသည်။[၁၅]

ပထဝီ နှင့် အုပ်ချုပ်ရေးဒေသများ [ပြင်​ဆင်​ရန်​]

တိုကျိုမြို့၏ ပင်မကုန်းမြေသည် တိုကျိုပင်လယ်အော် ၏ အနောက်မြောက်ဖက်တွင် တည်ရှိပြီး အရှေ့မှ အနောက်သို့ ၉၀ ကီလိုမီတာရှိကာ မြောက်မှတောင်သို့ ၂၅ ကီလိုမီတာ ရှိသည်။ ချီဘာ ပရီဖက်ချာမှ အရှေ့ဘက်၊ ယာမနရှိ ပရီဖက်ချာက အနောက်ဘက်၊ ကာနာဂါဝါ ပရီဖက်ချာမှ တောင်ဘက်နှင့် ဆိုင်းတာမာ ပရီဖက်ချာက မြောက်ဘက် တို့တွင် နယ်နိမိတ် အဖြစ် သတ်မှတ်ထားသည်။ တိုကျိုပင်မကုန်းမြေကို အထူးမြို့နယ်များအဖြစ် ထပ်မံပိုင်းခြားထားပြီး အရှေ့ပိုင်းတစ်ခြမ်းနှင့် တာမာ ဒေသ တို့တွင် နေရာယူထားကာ အနောက်ဖက်သို့ ဖြန့်ကျက် တည်ရှိသည်။

တိုကျိုမက်ထရိုပိုလစ်တန် အစိုးရ အဆောက်အဦး

တိုကျိုမက်ထရိုပိုလစ်၏ အုပ်ချုပ်ရေး ဒေသအတွင်းတွင်ပင် တောင်ဖက် ပစိဖိတ် သမုဒ္ဒရာ အတွင်းတွင် ကျွန်းစု နှစ်ခု ရှိသည်။ ၄င်းတို့မှာ အိဇုကျွန်းများနှင့် အိုဂါစာဝါယာကျွန်းများတို့ ဖြစ်ကြပြီး ထို ကျွန်းများမှာ ကုန်းမကြီးမှာ ကီလိုမီတာ ၁၀၀၀ ကျော် အကွာအဝေး အထိ ဖြန့်ကျက်တည်ရှိသည်။ ထိုကျွန်းများနှင့် အနောက်ဘက်ရှိ တောင်များရှိသည့် ဒေသတို့ကြောင့် တိုကျိုမြို့၏ လူဦးရေ ဖော်ပြချက်သည် အမှန်တကယ် မြို့ပြနှင့် ဆင်ခြေဖုံးတို့တွင် ရှိနေသည့် လူဦးရေထက် လျော့နည်းနေသည်။

ဂျပန်ဥပဒေတွင် တိုကျိုကို တို (都) သို့မဟုတ် မက်ထရိုပိုလစ် အဖြစ် သတ်မှတ်ထားသည်။ သူ၏ အုပ်ချုပ်မှု ပုံစံသည် ဂျပန်နိုင်ငံရှိ အခြား အုပ်ချုပ်ရေးမြို့များနှင့် ဆင်တူသည်။

အထူးမြို့နယ်များ [ပြင်​ဆင်​ရန်​]

တိုကျိုအနောက်ပိုင်း [ပြင်​ဆင်​ရန်​]

မြို့တော်များ [ပြင်​ဆင်​ရန်​]

နီရှီတားမားခရိုင် [ပြင်​ဆင်​ရန်​]

ကျွန်းများ [ပြင်​ဆင်​ရန်​]

အမျိုးသားဥယျာဉ်များ [ပြင်​ဆင်​ရန်​]

ငလျင်ဆိုင်ရာ [ပြင်​ဆင်​ရန်​]

ရာသီဥတု [ပြင်​ဆင်​ရန်​]

ပတ်ဝန်းကျင် [ပြင်​ဆင်​ရန်​]

လူဦးရေ ပျံ့နှံ့နေထိုင်မှု [ပြင်​ဆင်​ရန်​]

စီးပွားရေး [ပြင်​ဆင်​ရန်​]

သယ်ယူပို့ဆောင်ရေး [ပြင်​ဆင်​ရန်​]

ပညာရေး [ပြင်​ဆင်​ရန်​]

ယဉ်ကျေးမှု [ပြင်​ဆင်​ရန်​]

အားကစား [ပြင်​ဆင်​ရန်​]

ကိုးကား [ပြင်​ဆင်​ရန်​]

  1. Global city GDP rankings 2008-2025. Pricewaterhouse Coopers. Retrieved on 27 November 2009
  2. Sassen, Saskia (2001). The Global City: New York, London, Tokyo, 2nd, Princeton University Press. ISBN 0691070636. 
  3. GaWC - The World According to GaWC 2008. Lboro.ac.uk (2010-04-13). Retrieved on 2010-10-29
  4. THE GLOBAL CITIES INDEX 2010. Foreignpolicy.com. Retrieved on 2010-10-29
  5. The Mercer 2009 Cost of Living Survey.
  6. Fawkes, Piers (2009-06-18). Top 25 Most Liveable Cities 2009 - Monocle. PSFK.com. Retrieved on 2009-07-06
  7. McClain, James (1994). Edo and Paris: Urban Life and the State in the Early Modern Era. Cornell University Press, 13. ISBN 080148183X. 
  8. Sorensen, Andre (2004). The Making of Urban Japan: Cities and Planning from Edo to the Twenty First Century. RoutledgeCurzon, 16. ISBN 0415354226. 
  9. History of Tokyo. Tokyo Metropolitan Government. Retrieved on 2007-10-17
  10. Tokyo-Yokohama earthquake of 1923. Britannica Online Encyclopedia.
  11. Tipton, Elise K. (2002). Modern Japan: A Social and Political History. Routledge, 141. ISBN 0585453225. 
  12. Rail Transport in The World's Major Cities (PDF). Japan Railway and Transport Review. Retrieved on 2007-10-17
  13. Saxonhouse, Gary R. (ed.); Robert M. Stern (ed.) (2004). Japan's Lost Decade: Origins, Consequences and Prospects for Recovery. Blackwell Publishing Limited. ISBN 1405119179. 
  14. Shift of Capital from Tokyo Committee. Japan Productivity Center for Socio-Economic Development. Archived from the original on August 25, 2007။ Retrieved on 2007-10-14
  15. Policy Speech by Governor of Tokyo, Shintaro Ishihara at the First Regular Session of the Metropolitan Assembly, 2003. Tokyo Metropolitan Government. Retrieved on 2007-10-17