အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ
အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ အမှတ်တံဆိပ်နှင့် အလံ။ ကွင်း ၁၀ ကွင်းသည် အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံနှင့် အရှေ့တီမောနိုင်ငံကို ကိုယ်စားပြုသည်။ |
|
| အတိုကောက် | ဆီးဂိမ်း (SEA Games) |
|---|---|
| ပထမအကြိမ် | ၁၉၅၉ ဒီဇင်ဘာ ၁၂ – ၁၇ ရက် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ |
| Occur every | 2 years |
| နောက်ဆုံးတစ်ခေါက် ကျင်းပခဲ့သည့် ပြိုင်ပွဲ |
၂၀၀၉ ဒီဇင်ဘာ ၉ - ၁၈ ရက် လောနိုင်ငံ Vientiane |
| ဝက်ဘ်ဆိုက် | 2009 SEA Games Vientiane, Laos |
အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (Southeast Asian Games) အတိုကောက်အားဖြင့် ဆီးဂိမ်းသည် အဖွဲ့ဝင်နိုင်ငံများမှ ၂ နှစ်တစ်ကြိမ် အလှည့်ကျကျင်းပသည့် အားကစားပြိုင်ပွဲ တစ်ရပ်ဖြစ်ပြီး အရှေ့တောင်အာရှဒေသ နိုင်ငံပေါင်း ၁၁ နိုင်ငံမှ အားကစား လက်ရွေးစင်များ ပါဝင်ဆင်နွှဲကြသည်။ ဆီးဂိမ်းကို အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အဖွဲ့ချုပ် (Southeast Asian Games Federation) မှ ထိန်းသိမ်းကွပ်ကဲကာ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ (International Olympic Committee, IOC) နှင့် အာရှ အိုလံပစ် ကောင်စီ (Olympic Council of Asia) တို့မှ ကြီးကြပ်သည်။
မာတိကာ |
ညှိနှိုင်းဆွေးနွေးခြင်း[ပြင်ဆင်ရန်]
၁၉၅၈ ခုနှစ် မေလ ၂၂ ရက်နေ့ ၃ ကြိမ်မြောက် ဂျပန်နိုင်ငံက အိမ်ရှင်လက်ခံ ကျင်းပခဲ့သည့် ၃ ကြိမ်မြောက် အာရှအားကစားပွဲတော်တွင် အရှေ့တောင်အာရှကျွန်းဆွယ်နိုင်ငံများ၏ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဒေသဆိုင်ရာ အားကစားအဖွဲ့အစည်း ရှိသင့်သည်ဟု စဉ်းစားခဲ့ကြပါသည်။ ထို့နောက် ထိုင်းနိုင်ငံဆိုင်ရာ အိုလံပစ်ကော်မတီ ဒုဥက္ကဋ္ဌ ဖြစ်လာမည့် လန် စူကွမ်နိုင်ပရာဒစ်က အရှေ့တောင်အာရှ ကျွန်းဆွယ်အားကစားပွဲ (Southeast Asian Peninsular Games) ဆိုသည့် အမည်ကို ရွေးချယ်အတည်ပြုပေးခဲ့သည်။
ထိုင်း၊ မြန်မာ၊ မလေးရှား၊ လာအို၊ တောင်ဗီယက်နမ်၊ ကမ္ဘောဒီးယား (ထိုနောက်တွင် စင်္ကာပူ ပါဝင်လာသည်) တို့က SEA Games ဖြစ်လာမည့် SEAP တည်ထောင်သူနိုင်ငံတွေ ဖြစ်လာကြပြီး အားကစားပွဲတော်ကို ၂ နှစ်တစ်ကြိမ် ကျင်းပရန် ဆုံးဖြတ်ခဲ့ကြသည်။ ပထမဦးဆုံးသော ပွဲတော်ကို ဘန်ကောက်မြို့၌ ၁၉၅၉ ခုနှစ်တွင် ကျင်းပခဲ့ပြီး မြန်မာ၊ ထိုင်း၊ မလေး၊ စင်္ကာပူ၊ တောင်ဗီယက်နမ်နှင့် လာအိုနိုင်ငံတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ အားကစားအမျိုးအစားပေါင်း ၁၂ ခုတွင် အားကစားသမားပေါင်း ၅၂၇ ဦးဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
၈ ကြိမ်မြောက် အားကစားပွဲတော်တွင် အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်ကို အဖွဲ့ဝင်အဖြစ် လက်ခံရန် စဉ်းစားခဲ့ပြီးနောက် ၁၉၇၇ ခုနှစ်၌ ထို ၂ နိုင်ငံကို ပါဝင်ယှဉ်ပြိုင်ခွင့် ပြုပေးခဲ့သည်။ ထိုနှစ်တွင်ပင် SEAP အဖွဲ့ချုပ်က အရှေ့တောင်အာရှ အားကစားအဖွဲ့ချုပ် (Southeast Asian Games Federation - SEAGF) ဟု အမည်ပြောင်းလဲခေါ်ဝေါ်ခဲ့ပြီး ယင်းပွဲတော်ကို ဆီးဂိမ်း ဟု လူသိများလာခဲ့သည်။
ဘရူနိုင်းနိုင်ငံကိုကား ဂျကာတာ၌ ကျင်းပခဲ့သည် ၁၀ ကြိမ်မြောက် ပွဲတော်တွင် ဝင်ခွင့်ပေးခဲ့ပြီး၊ အရှေ့တီမောကို ၂၀၀၃ ခုနှစ် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် ကျင်းပခဲ့သည့် ၂၂ ကြိမ်မြောက်ပွဲတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ယှဉ်ပြိုင်ခွင့် ပေးခဲ့သည်။ အာဆီယံအဖွဲ့ဝင် နိုင်ငံများဖြစ်လာသည့် နိုင်ငံများက ပူးပေါင်းကျင်းပလာခဲ့သည့် အရှေ့တောင်အားရှ အားကစားပွဲတော်ဖြစ်သည့် ဆီးဂိမ်းကို ကျင်းပလာခဲ့သည်မှာ ၅၄ နှစ်တိုင်ရှိပြီး ဖြစ်သကဲ့သို့ ၂၀၁၁ ခုနှစ် အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသည့် ပွဲတော်မှာ ၂၆ ကြိမ်မြောက် ပွဲတော်လည်း ဖြစ်လေသည်။
ထိုပြိုင်ပွဲကို ယခုအကြိမ်အပါဝင် ထည့်သွင်းတွက်ချက်လျှင် အင်ဒိုနီးရှားနိုင်ငံတွင် ၄ ကြိမ်၊ ထိုင်းနိုင်ငံတွင် ၆ ကြိမ်၊ မလေးရှားနိုင်ငံတွင် ၃ ကြိမ်၊ စင်္ကာပူနိုင်ငံတွင် ၃ ကြိမ်၊ ဗီယက်နမ်နိုင်ငံတွင် ၁ ကြိမ်၊ မြန်မာနိုင်ငံတွင် ၂ ကြိမ်၊ လာအိုနိုင်ငံတွင် ၁ ကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ကြသည်။ ၁၉၆၅ ခုနှစ် တတိယအကြိမ်မြောက် ပွဲတော်ကို လာအိုတွင် ကျင်းပခွင့် ပေးခဲ့သော်လည်း နိုင်ငံ၏ ဘဏ္ဍာရေးအခြေအနေ မတက်နိုင်သောကြောင့် မလေးရှားနိုင်ငံသို့ လွှဲပြောင်းပေးခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံက ၁၉၆၃ ခုနှစ် ၃ ကြိမ်မြောက် အားကစားပွဲတော် ကျင်းပခွင့် ရရှိခဲ့သော်လည်း တိုင်းပြည် မငြိမ်မသက် ဖြစ်နေသည့်အတွက် မကျင်းပနိုင်ခဲ့ပေ။ ၃ ကြိမ်မြောက် ပွဲတော်အား ဖျက်သိမ်းခဲ့ရလေသည်။ ထို့ကြောင့် ယင်း ကမ္ဘောဒီးယားနိုင်ငံသည် အိမ်ရှင်အဖြစ် တစ်ကြိမ်မျှ မကျင်းပဖူးသေးသည့် နိုင်ငံအဖြစ် သတ်မှတ်ရပေမည်။
မြန်မာနိုင်ငံ[ပြင်ဆင်ရန်]
မြန်မာနိုင်ငံသည်ကား အိမ်ရှင်အဖြစ် နှစ်ကြိမ်တိုင်တိုင်း လက်ခံကျင်းပခဲ့ဖူးပါသည်။ ၁၉၆၁ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၆၉ ခုနှစ်တွင် တစ်ကြိမ်ဖြစ်သည်။ နှစ်ကြိမ်စလုံး မြန်မာနိုင်ငံက ရွှေတံဆိပ် အများဆုံးရရှိခဲ့သည်။ အရှေ့တောင်အာရှ အားကစားပွဲတော် (SEA Games)သည် ဒေသတွင်း နိုင်ငံများ၏ အားကစားပွဲတော်ဟု ဆိုသော်လည်း ချစ်ကြည်ရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ နိုင်ငံရေး၊ စီးပွားရေးနှင့် ဒေသတွင်း တည်ငြိမ်ရေး စသည်တို့အတွက်လည်း ရည်ရွယ် ကျင်းပကြခြင်း ဖြစ်သည်ဟုလည်း သိရှိရသည်။ ဤပြိုင်ပွဲများမှ အစပြုပြီး အာရှအားကစားပွဲတော်၊ အိုလံပစ် အားကစားပွဲတော် စသည့် ကမ္ဘာ့ပြိုင်ပွဲများသို့ တက်လှမ်းယှဉ်ပြိုင်နိုင်ခွင့် ရရှိနိုင်သည့် အခွင့်အလမ်းများလည်း တည်ရှိနေသေးသည်။
မြန်မာနိုင်ငံသည် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကို အိမ်ရှင်အဖြစ် နေပြည်တော်တွင် ကျင်းပခွင့်ရရှိမည်ဖြစ်သည်။
အင်ဒိုနီးရှားနိုင်ငံ[ပြင်ဆင်ရန်]
၂၀၁၁ ခုနှစ် အင်ဒိုနီးရှား (SEA Games)တွင်ကား နိုင်ငံပေါင်း ၁၁ နိုင်ငံ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အားကစားအမျိုးအစားပေါင်း ၄၁ ခု၊ အားကစားသမားပေါင်း (၁၅၉၀၀) ပါဝင်ယှဉ်ပြိုင်ခဲ့ကြလေသည်။ အင်ဒိုနီးရှား (SEA Games) အတွက် ဒေါ်လာ သန်းပေါင်း ၁၆.၈ သန်း အကုန်အကျခံ ကျင်းပခဲ့သည်ဟု သိရှိရသည်။ ယင်းကဲ့သို့သော အားကစားပွဲတော်များအား ငွေကြေးပြည့်စုံရုံဖြင့် ကျင်းပခွင့်ရသည်မဟုတ်ပဲ ပြည်တွင်းနိုင်ငံရေး တည်ငြိမ်မှုရှိခြင်းသည်လည်း တစ်ဖက်တစ်လမ်းမှ ပါဝင်ပက်သက်နေသည်။
၂၀၁၁ ခုနှစ် ယှဉ်ပြိုင်ကြသော နိုင်ငံများ၏ အဆင့် ရပ်တည်မှုများ[ပြင်ဆင်ရန်]
အိမ်ရှင်နိုင်ငံ
| 1 | 182 | 151 | 143 | 476 | |
| 2 | 109 | 100 | 120 | 329 | |
| 3 | 96 | 92 | 100 | 288 | |
| 4 | 59 | 50 | 81 | 190 | |
| 5 | 42 | 45 | 73 | 160 | |
| 6 | 36 | 56 | 77 | 169 | |
| 7 | 16 | 27 | 37 | 80 | |
| 8 | 9 | 12 | 36 | 57 | |
| 9 | 4 | 11 | 24 | 39 | |
| 10 | 1 | 1 | 6 | 8 | |
| 11 | 0 | 4 | 7 | 11 | |
| Total | 554 | 549 | 704 | 1807 | |
| Source: Official Result Medal Tally | |||||