ပဲခူးတိုင်းဒေသကြီး: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး r2.7.1) (ရိုဘော့က ပေါင်းထည့်နေသည် - it:Regione di Bago
အရေးမကြီး r2.7.3) (ရိုဘော့က တည်းဖြတ်နေသည် - lt:Bago regionas
စာကြောင်း ၈၅ - စာကြောင်း ၈၅ -
[[ja:バゴー管区]]
[[ja:バゴー管区]]
[[ko:바고 구]]
[[ko:바고 구]]
[[lt:Bago provincija]]
[[lt:Bago regionas]]
[[mk:Баго (округ)]]
[[mk:Баго (округ)]]
[[nl:Bago (divisie)]]
[[nl:Bago (divisie)]]

၀၆:၁၄၊ ၂၅ ဇူလိုင် ၂၀၁၂ ရက်နေ့က မူ

ပဲခူးတိုင်း
မြို့တော် ပဲခူးမြို့
ဧရိယာ ၃၉,၄၀၄ km²
လူဦးရေ ၅,၀၁၄,၀၀၀
လူမျိုးများ ဗမာကရင်ရှမ်းတရုတ်ကုလားမွန်ဂေါ်ရခါး
ဘာသာတရားများ ဗုဒ္ဓခရစ်ယာန်အစ္စလာမ်ဟိန္ဒူ
ပဲခူးတိုင်းတံဆိပ်

ပဲခူးတိုင်းသည် မြန်မာနိုင်ငံ၏ တိုင်းကြီးခုနှစ်တိုင်းတွင် တစ်ခုအပါအဝင် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ထင်ရှားသည့် ဘုရင့်နန်းတော်ကြီးများ ရှိခဲ့သည့် မြို့ဆိုလျှင်လည်း မမှားပေ။ အထူးသဖြင့် ကမ္ဘောဇသာဒီနန်းတော်သည် ယနေ့တိုင် နိုင်ငံခြားသားများကို စွဲဆောင်ပေးနေသည့် ရှေးဟောင်းနန်းတော်တစ်ခု အဖြစ် ထင်ရှားလျက်ရှိသည်။ ထို့အပြင် တူးဖော်ခြင်းမရှိသေးသည့် ရှေးမွန်ခေတ် နန်းတော်ရာများရှိဦးမည်ဟု ခန့်မှန်းရပါသည်။

တည်နေရာ

ပဲခူးတိုင်း သည် ရန်ကုန်တိုင်း၏မြောက်ဖက် မြန်မာနိုင်ငံ၏ တောင်ဖက်အလယ်ပိုင်းတွင်တည်ရှိသည်။ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်းတို့နှင့် နယ်နိမိတ်ချင်းထိစပ်လျှက်ရှိသည်။ မြောက်လတ္တီကျူဒ် ၄၆ ဒီဂရီ ၄၅မိနစ် နှင့် ၁၉ဒီဂရီ ၂၀မိနစ်ကြား၊ အရှေ့လောင်ဂျီကျူဒ် ၉၄ ဒီဂရီ ၃၅မိနစ် နှင့် ၉၇ ဒီဂရီ ၁၀မိနစ်ကြားတွင်တည်ရှိသည်။ ဧရိယာ စုစုပေါင်း ၁၅၂၁၄ စတုရန်းမိုင်ကျယ်ဝန်းသည်။

ရာသီဥတု

ပဲခူးတိုင်းတောင်ပိုင်းဒေသများသည် အကြမ်းအားဖြင့် စိုစွတ်သော မုတ်သုံရာသီဥတုရရှိကာ မြောက်ပိုင်းဒေသများမှာမူ ခြောက်သွေ့သည့် ရာသီဥတုရှိပါသည်။ ပဲခူး၊ တောင်ငူနှင့် ပြည်မြို့များတွင် နွေဥတု အပူဆုံးကာလများတွင် အပူချိန် ၈၈ ဒီဂရီ မှ ၉၀ ဒီဂရီ ဖာရင်ဟိုက် ထိရှိတတ်သည်။ ပျှမ်းမျှအားဖြင့် တိုင်းတစ်တိုင်းလုံး၏ အပူချိန်မှာ ၇၅ ဒီဂရီ ဖာရင်ဟိုက်ဖြစ်သည်။ မိုးရေချိန်မှာ အမြင့်ဆုံးအားဖြင့် မြစ်သားမြို့တွင် ၁၃၂.၃၆ လက်မထိ စံချိန်တင်ရောက်ရှိခဲ့ဖူးသကဲ့သို့ အနှိမ့်ဆုံးအားဖြင့် ပြည်မြို့တွင် ၄၅.၄၉ လက်မသာရရှိခဲ့ဖူးသည်။

တွင်းထွက်များ

မြို့တော်

ပဲခူးတိုင်း၏ မြို့တော်မှာ ပဲခူးမြို့ဖြစ်သည်။

ဖိုင်:Bago-div.jpg
ပဲခူးတိုင်း

ပါဝင်သောမြို့နယ်များ

( ၂၈ မြို့နယ်)

ရည်ညွှန်းကိုးကား

  • မြန်မာပြည်ဖွား ဂေါ်ရခါး၊ ရေး-မေမြို့ချစ်ဆွေ၊၂၀၀၀ ခုနစ်ထုတ်




တမ်းပလိတ်:မြန်မာတိုင်းနှင့်ပြည်နယ်များ