ဇီးကုန်းမြို့
| ဇီးကုန်းမြို့ | |
|---|---|
| မြို့ | |
| မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ | |
| ကိုဩဒိနိတ်: 18°20′18″N 95°37′23″E / 18.338461°N 95.623039°Eကိုဩဒိနိတ်: 18°20′18″N 95°37′23″E / 18.338461°N 95.623039°E | |
| နိုင်ငံ | |
| တိုင်းဒေသကြီး | |
| ခရိုင် | နတ်တလင်းခရိုင် |
| မြို့နယ် | ဇီးကုန်းမြို့နယ် |
| လူဦးရေ (၂၀၁၄)[၁] | |
| • မြို့ | ၆၇,၅၂၃ |
| • မြို့ပေါ် | ၁၅,၂၃၃ |
| • ကျေးလက် | ၅၂,၂၉၀ |
| အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်) |
ဇီးကုန်းမြို့ သည် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၏ ရုံးစိုက်မြို့ ဖြစ်သည်။ ဇီးကုန်းမြို့သည် ရန်ကုန် ပြည် မီးရထားလမ်းပေါ်၌ တည်ရှိ၍၊ ရန်ကုန်မြို့မှ ၁၁၆ မိုင်၊ ပြည်မြို့မှ ၄၅ မိုင်ကွာဝေးသည်။ ဇီးကုန်းမြို့၌ ဒေသန္တရအုပ်ချုပ်ရေးကို မြူနီစီပယ်ဖွဲ့၍ အုပ်ချုပ်သည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြို့ပေါ်လူဦးရေမှာ ၁၅,၂၃၃ ယောက် ဖြစ်သည်။[၁]
ဇီးကုန်မြို့နယ်မှာ ဆန်စပါး စိုက်ပျိုးသောနယ်ဖြစ်၍ ဆန်စပါးလုပ်ငန်းသည် အဓိကဖြစ်သည်။[၂]
သမိုင်းကြောင်း
[ပြင်ဆင်ရန်]ဇီးကုန်းကို ခရစ်နှစ် ၁၃၁၂ တွင် တည်သည်ဟု အဆိုရှိသည်။ သာယာဝတီမြို့ (အခု ကြို့ပင်ကောက် အရှေ့ မြို့တွင်းရွာ)ကို တည်သော သတိုးနော်ရထာသည် မြို့တော် အနောက်ဘက်သို့ လှည့်လည်စဉ် ဇီးပင်ကလေးများ တန်းပေါက်နေသည့် ချောက်ကမ်းပါး၌ စခန်းချကာ ရွာတည်ရာ ဇီးကုန်းဟု တွင်သည်။ ရွာမြေနှင့် တကွ မြသိန်းတန်စေတီကို တည်သည်။ ဇီးကုန်း၏ မူလ တည်နေရာမှာ ယခု ရွာမ ရပ်ကွက် တည်ရှိရာ မီးရထားလမ်း၏ အရှေ့ဘက် ဖြစ်သည်။ ၁၈၇၇ တွင် ရန်ကုန်-ပြည် မီးရထားလမ်း ဖွင့်သောအခါ ဇီးကုန်းတွင် ဘူတာရုံ တရုံ ထားရှိသည်။ ၇ မတ် ၁၈၇၈ ရက်စွဲပါ အခွန်တော် မြေစာရင်း မင်းကြီးရုံး စာအမှတ် ၂၅ အရ ဇီးကုန်းကို မြို့အဖြစ် သတ်မှတ်သည်။ ဇီးကုန်းမြို့တွင် ၁၉၅၃ ၌ သန်းခေါင်စာရင်းအရ လူဦးရေ ၇၆၅၂ ဦး နေထိုင်သည်။ [၃]
မြသိန်းတန်စေတီ
[ပြင်ဆင်ရန်]ဇီးကုန်းမြို့ မြသိန်းတန်ဘုရားသည် မြို့ကျက်သရေဆောင် စေတီတော် ဖြစ်ပြီး ခရစ်နှစ် ၁၃၁၂ ခုတွင် သုံးမြို့ရှင် သတိုးနော်ရထာက တည်ထား ကိုးကွယ်သည်။ အဖိုးတသိန်း ထိုက်သော မြဆင်းတုတော်ကို ဌာပနာ ပြုသဖြင့် မြသိန်းတန်ဘုရားဟု တွင်သည်။[၃]
အထင်ကရပုဂ္ဂိုလ်
[ပြင်ဆင်ရန်]- စာရေးဆရာ ဇေယျ
- အမျိုးသား ဦးလှဒင် (သစ်နဖားကျေးရွာ)
- သတ္တုတွင်း ဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးချုပ် သန်းတင်
- ဂျပ်ဆင်ကောလိပ် ကျောင်းအုပ်ကြီး ဒေါက်တာလှဘူး
- သတင်းစာဆရာ နေအောင် (သစ်နဖား)
- ဗိုလ်မှူးကြီး အောင်ဇင်
- နေရှင်နယ် ထွန်းတင်
- ဇာတ်မင်းသား အောင်ထွန်းမြိုင်
- သခင်လွင်
- ရဲဘော်နေအောင်
- ရွှေတိဂုံဂေါပက ဝတ်လုံတော်ရ ဦးဘစီ
- နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း (ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ်ဟောင်း)
- စာရေးဆရာ ခင်ဇော် (ဇီးကုန်း)[၃]