မာတိကာသို့ ခုန်သွားရန်

ပေါက်ခေါင်းမြို့

ဝီကီပီးဒီးယား မှ
(ပေါက်ခေါင်း မှ ပြန်ညွှန်းထားသည်)

ပေါက်ခေါင်းမြို့သည် ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၏ ရုံးစိုက်မြို့ ဖြစ်သည်။ ပြည်မြို့၏ အရှေ့မြောက်ဘက်တွင် တည်ရှိ၍ ၂၄ မိုင် ကွာဝေးသည်။ ပေါက်ခေါင်းမြို့နယ်၏ အကျယ်အဝန်းမှာ စတုရန်းမိုင်ပေါင်း ၆၉၄ မိုင်မျှ ရှိ၍ လူဦးရေမှာ ၁၉၅၃ခုနှစ် သန်းခေါင်စာရင်းအရ(၃၂၀၅)ယောက်ခန့် ရှိသည်။ ၂၀၁၄ သန်းကောင်စာရင်းအရ (၁၂၄၈၅၆)ဦးရေရှိသည်။ တောင်နှင့်မြောက်(၄၀.၁)မိုင်၊အရှေ့နှင့်အနေက်(၄၃.၂)မိုင်ရှိပြီး၊မြို့နယ်အကျယ်အဝန်းမှာ(၇၅၁.၄၉)စတုရန်းမိုင်ကျယ်ဝန်းပါသည်။ ပေါက်ခေါင်းမြို့နယ်၏မြောက်ဘက်တွင် အောင်လံမြို့နယ်၊အရှေ့ဘက်တွင် အုတ်တွင်း၊တောင်ငူ၊ရေတာရှည်၊ဖြူး၊နတ္တလင်းမြို့နယ်များ၊အနောက်ဘက်တွင် ပြည်မြို့နယ်၊တောင်ဘက်တွင် ပေါင်းတည်မြို့နယ်၊သဲကုန်းမြို့နယ်များနှင့်နယ်နမိတ်ချင်းထိစပ်လျက်ရှိသည်။ ပေါက်ခေါင်းမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ(၂၀၀)နှင့် (၃၀၀)ကြား၊မြောက်လတ္တီတွဒ်(၁၈ ဒီဂရီ (၄၀)မိနစ်နှင့် (၁၉ဒီဂရီ ၁၅ မိနစ်ကြား၊အရှေ့လောင်ဂျီတွဒ် (၉၅ဒီဂရီ ၅မိနစ်နှင့်(၈၅ဒီဂရီ ၅၀မိနစ်ကြားတည်ရှိသည်။[ပဲခူးရိုးမ]] တန်း၊ တောင်စွယ်များ နှင့် နီးသဖြင့် သစ်တောများ ထူထပ်သောဒေသနှင့် ကပ်၍ နေလေသည်။ ထိုမြို့၌ သစ်လုပ်ငန်းကို အထူးသဖြင့် လုပ်ကိုင်သောကြောင့် သစ်တောဘက်ဆိုင်ရာ အမှုထမ်း၊ အရာထမ်းတို့ များပြားစွာနေထိုင်ကြသည်။ ပေါက်ခေါင်းမြို့နယ်သည် ပဲခူးရိုးမတောင်တန်းကို ကျော်ဖြတ်၍ တောင်ငူခရိုင်နှင့် အစပ်ဖြစ်သည်။ ပေါက်ခေါင်းမြို့ နှင့် ပြည်မြို့ကို ကားလမ်းဖြင့် ဆက်သွယ်ထားသည်။ [] ပေါက်ခေါင်းမြို့၏ အရှေ့ဘက်ရပ်သစ် ကျေးရွာအနီးတွင် တောင်နဝင်းဆည်တမံ ရှိသည်။ တမံအမြင့်မှာ(၁၄၀)ပေ၊အလျား(၁၆၆၇၄)ပေရှိသည်။ ဆည်ရေသောက်ဧရိယာ(၆၂၅၀၀၀)ဧက၊သီးနှံဧရိယာ(၉၀၁၀၀)ဧကရှိသည်။

ပေါက်ခေါင်းမြို့နယ်သည် ရပ်ကွက်(၅)ရပ်ကွက်၊ကျေးရွာ(၅၃)အုပ်စုဖြင့်ဖွဲ့စည်းထားသည်။ ဗမာ၊ချင်း၊ကရင်တိုင်းသားမျာနေထိုကြကာချင်းတိုင်သားရွာများနင့်ကရင်တိုင်းရင်းသားရွာများရှိသည်။ အရှိုချင်းတိုင်းရင်းသားလူမျိုးစုများ၏အခြေချနေထိုင်ရာ မြို့နယ်တစ်ခုဖြစ်သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာ့စွယ်စုံကျမ်း အတွဲ (၆)၊ စာမျက်နှာ (၄၁၁)