သနပ်ပင်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

သနပ်ပင်[ပြင်ဆင်ရန်]

မြန်မာနိုင်ငံသားတို့သည် သနပ်ပင်ကို မမြင်ဘူးသူ ရှိချင်ရှိမည် ဖြစ်သော်လည်း သနပ်ဖက်ကိုကား မမြင်ဘူးသူရှားသလောက်ပင် ရှိချေမည်။ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံ အရပ်ရပ်တိုင်း၌လိုပင် ဆေးလိပ်သောက်သူရှိသောကြောင့်ဖြစ်သည်။ ဆေးလိပ်သောက်သူများအနက် အထူးသဖြင့် သနပ်ဖက်ဖြင့်လိပ်သော ဆေးပေါ့လိပ်ကို သောက်သူများလေသည်။


သနပ်ပင်သည် တောင်ကရမက်ပင်ကဲ့သို့ပင် ဗိုရာဂျီနာ စီအီးမျိုး ရင်းဝင် ပင်စောက်မျိုးဖြစ်သည်။ ရုက္ခဗေဒအမည်အားဖြင့် ယင်းကို ကောဒီယာဒိုင်ခိုတိုမာ(Cordia dichotoma)ဟုခေါ်သည်။ ယင်းကိုမြန်မာနိုင်ငံ ရှမ်းပြည်တောင်ပိုင်း မိုင်း ပွန်နယ်ဒေသ လုံတွေ၊ နောင်ဖက်၊ ကောင်းယော၊ တောင်ကွဲ၊ နန်းလီ၊ မိုင်း ကြင်၊ ပန်လျင်း၊ နန်းမော်မား၊ ဟူမိန်း၊ မိုင်းကြည်၊ နန်းကွပ်၊ ပန်းလင်း စသောအရပ်များအပြင် မဲနယ်တောင်ဒေသ၊ နန်းခုပ်၊ ဟိုပုံးဒေသတို့၌ အမြောက်အမြားပေါက်၍ လွယ်လုံ၊ ပင်လောင်း၊ ပင်းတယ၊ နောင်ချို စသော နယ်တစ်ဝိုက်တို့၌ အသင့်အတင့်ပေါက်သည်။ ယခုအခါ ချင်းပြည် နယ် မင်းတပ် စသောမြို့များ၌ ဖက်အလို့ငှာ စိုက်ပျိုးနေကြသည်။ သနပ် ပင်ကို အထူးသဖြင့် အရွက်အလို့ငှာ စိုက်ကြသည်။ သနပ်ပင်မှာအရွက်ကို သနပ်ဖက်ဟုလည်းကောင်း၊ ရှမ်းဖက်ဟုလည်းကောင်း၊ မြညိုဖက်ဟုလည်း ကောင်း ခေါ်ကြသည်။ သနပ်ပင်ကို ရှမ်းဘာသာဖြင့် ထွန်းပေါမန်း၊ သို့မ ဟုတ် ဖက်မောင်းဟုခေါ်၍ မွန်ဘာသာဖြင့် ကစုန်ဓေဟုခေါ်သည်။ ကချင် ဘာသာဖြင့် ပတ်ကမန်းဟုခေါ်သည်။

သနပ်ဖက်လုပ်ငန်းသည် ရှမ်းပြည်နယ်၏ စီးပွားရေးလုပ်ငန်းတစ် ရပ်ဖြစ်နေရာ ယခုအခါ တောရှင်း၍ သနပ်ပင်များကို တမင်စိုက်ပျိုးပြုစုကြ သည်။ သနပ်ပင်တစ်ခြံလျှင် ပင်ရေ ၅ဝ မှ ၄ယဝဝဝ အထိစိုက်ပျိုးကြသည်။ ရေမဝပ်သော တောင်ခါးပန်းများတွင် စိုက်ပျိုးလေ့ရှိကြသည်။ ရှေးဦးစွာ ပြာသို၊ တပို့တွဲလများတွင် မြေရှင်း၍ မီးရှို့ရသည်။ တန်ခူးလတွင် တစ်ဖန် ထပ်မံမီးရှို့ရပြန်သည်။ ထို့နောက် ကဆုန်လတွင် မြေဆွကာ မျိုးကြဲရသည်။ သနပ်ပင်ကြီးများမှသီးသော သနပ်သီးကို နေလှန်း၍ ဆုံတွင်ဖွဲများထည့် ထောင်း၍ အခွံချွတ်သောအခါ ထွက်သောအစေ့သည် မျိုးဖြစ်သည်။ ယင်း မျိုးများမှပေါက်လာသော ပင်ပေါက်ကလေးများ နှစ်တောင့်ထွာခန့်ရှိသော အခါ နုတ်၍ မူလပင်မမြစ်ရှည်တစ်ခုသာထား၍ ဘေးသို့ဖြာထွက်နေသော အမြစ်များကို ဖြတ်တောက်ပြီးလျှင် တစ်ပင်နှင့်တစ်ပင် လက်မ ၅ဝ ခန့်စီ ခြား၍ စိုက်ရသည်။ မြေဩဇာကောင်းအောင် ထည့်ပေးခြင်း၊ မြေဆွပေး ခြင်း၊ ပေါင်းနုတ်ပေးခြင်းတို့ကို မကြာခဏ ပြုလုပ်ရန်လိုသည်။ အပင် အတော်တက်၍ အကိုင်းအခက်များ ဖြာထွက်လာသောအခါ ပင်မကိုင်းကြီး နှစ်ကိုင်း သုံးကိုင်းသာချန်၍ ကျန်ကိုင်းများကို ချိုင်ပစ်ရသည်။ ယင်းသို့ချိုင် ရာ၌ ဓားထက်ထက်ဖြင့် တစ်ချက်တည်းပြတ်အောင် ခုတ်ရသည်။ တစ်ချက် နှင့်မပြတ်၍ နောက်နှစ်ချက် သုံးချက် ထပ်ခုတ်ရပါက အပင်နာ၍ အရွက် များလှီးတတ်သည်။ ယင်းသို့ ဘေးကိုင်းများကို ချိုင်ပစ်မှသာလျှင် ကိုင်းကြီး များသို့ အင်အားများစုသွား၍ အရွက်ကြီးထွားသည်ဟု ယုံကြည်ကြသည်။ နှစ်စဉ် တပို့တွဲ၊ တပေါင်းလများတွင် အကိုင်းခုတ်ကြသည်။ ထို့ပြင် အရွက် ကြီးထွားစေရန် အရွက်နှင့်အရိုးကြား၌ပေါက်သော အတက်ငယ်များကိုသုတ် သင်ပစ်ကြသေးသည်။ မြေဩဇာကောင်းလျှင် သုံးနှစ်အရွယ် သနပ်ပင်မှ အရွက်ကိုခူးနိုင်၍ မြေညံ့က လေးနှစ်အရွယ်ရောက်မှ ခူးနိုင်သည်။ သနပ် ဖက် တစ်ပင်လျှင် အကောင်းအဆိုးလိုက်၍ ရွက်ရေ ၃ဝ မှ ၄ဝ အထိ ထွက်နိုင်သည်။ သနပ်ဖက်ကို ဝါဆို၊ ဝါခေါင်၊ တော်သလင်းလများ၌ ခူးကြ သည်။ အပင်များလည်း တစ်နှစ်လျှင် လေးကြိမ်ခူးကြသည်။ လေးကြိမ်ခူး သည့်အနက် နှစ်ကြိမ်အောင်မြင်က ထိုခြံရှင်သည် ကုသိုလ်ကောင်းသည်ဟု ဆိုကြသည်။


သနပ်ပင်သည် ပင်ကြီးမျိုးမဟုတ်ချေ။ လူတစ်ရပ်သာသာမျှသာ မြင့်သော အပင်မျိုးဖြစ်သည်။ တစ်နှစ်တစ်ခါ ရွက်ကြွေသစ်ပင်မျိုးဖြစ်သည်။ အကိုင်းအလက်ကို မခုတ်ဘဲထားပါက ပေ ၃ဝ အထိ မြင့်တတ်သည်ဟုဆို သည်။ ပင်စည်၌ အခေါက်ရှိသည်။ အရွက်သည် သုံးလက်မမှ ၁၂ လက်မ ခန့်ထိရှိသည်။ တစ်ခါတစ်ရံ တစ်တောင်ခန့်ရှိ အရွက်များကိုပင် တွေ့ရ တတ်သည်။ အရွက်သည် ဥဝိုင်းလှံ စွပ်ပုံဖြစ်သဖြင့် ဖင်ပိုင်းသည် တစ် ညီတစ်ညွာတည်း ကျယ်ဝိုင်း၍ အဖျားသည်လှံစွပ်ကဲ့သို့ ရှူးသွားသည်။ တစ်ရွက်နှင့်တစ်ရွက်အလွှဲပေါက်၍ရွက်ကြောသုံးခုစီရှိသည်။ရွက်ည|ာတံသည် တစ်လက်မခွဲခန့်ရှိသည်။ သနပ်ရွာကို သနပ်ဖက်ဟု အခေါ်များသည်။ သနပ်ပွင့်သည် ပွင့်ချပ်ငါးခု ပွင်ဖတ်ငါးခုရှိသည်။ ပွင့်ချပ်အုံသည် တိုသည်။ ပြောင်းကဲ့သို့အခေါင်းဖြစ်၍ ခေါင်းလောင်းကဲ့သို့ ထိပ်ကားသည်။ ပွင့်ဖတ် သည် အဖြူရောင်ဖြစ်လျှင် ကတော့ပုံကဲ့သို့ အဝကားသည်။ အတွင်းသား၌ မွေးနုကလေးများရှိသည်။ တစ်ပင်တည်း၌ အဖိုပန်းနှင့် အဖိုအမ အဂ‡ါနှစ် မျိုးစလုံးပါသော ပန်းပွင့်တတ်သည်။ ဖေဖော်ဝါရီလမှ မေလအတွင်းအပွင့် ပွင့်သည်။ အသီးသည် အခွံမာသီးဖြစ်၍ အဝါ၊ သို့မဟုတ် ပန်းရောင်ဖြစ် သည်။ တစ်လက်မနီးနီးကြီးသည်။


သနပ်ဖက်ကို ဆေးလိပ်လိပ်ရန် အစိမ်းအတိုင်း အသုံးပြုရသည် မဟုတ်ချေ။ အမျိုးမျိုးပြုပြင်ပြီးမှ အသုံးပြုကြရသည်။ ဦးစွာ ခူးစဖက်ရွက် ကို မှောက်၍ကိုင်ပြီးသော် အကြောကလေးများကို တစ်ရွက်ချင်း သင်ပေးရ သည်။ အကြောသင်ပြီး ဖက်များကို မြေလုံဖိုရှည်ကြီးပေါ်၌ တည်ထားသော ဒယ်ပြားအပက်ဝိုင်းများတွင် တင်၍လှော်ရသည်။ တစ်ဖိုတွင် ဆယ်ဒယ်မှ ၁၂ ဒယ်အထိတည်နိုင်၍ တစ်ဒယ်တွင် ဖက်ရွက် ၁၅ ရွက် ခန့်စီကာ အပေါ်မှ သဲထုတ်ဖိ၍လှော်ရသည်။ တစ်ဖက်ပြီးတစ်ဖက်လှည့်၍ လှော်ရ သည်။ ယင်းသို့ လှော်ပြီးသောဖက်များကို အကြီးအငယ်အလိုက် တစ်ရွက်စီ ရွေးထုတ်၍ ခုနစ်မျိုးခွဲခြားကာ အမည်သတ်မှတ်ကြသည်။

  1. ၇ ၁၊၂ လက်မမှ ၉ လက်မအထိရှိသော ဖက်ကိုင်ခေါင်၊ သို့မဟုတ် ခ ဟုခေါ်သည်။
  2. ၅ ၁၊၂ လက်မမှ ၇ လက်မရှိသောဖက်ကို ရွက်ကြီး၊ ယင်းကိုကြီး၊ သို့မဟုတ် က ဟုလည်းခေါ်သည်။
  3. ၅ လက်မမှ ၆ ၁၊၂ လက်မရှိသောဖက်ကို ရွက်လတ်၊ ယင်းကို လ ဟုလည်းခေါ်သည်။
  4. ၅ လက်မမှ ၅ ၁၊၂ လက်မ ရှိသောဖက်ကို စက ဟုခေါ်သည်။
  5. ၄ ၃၊ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)