မာတိကာသို့ ခုန်သွားရန်

ဧရာဝတီတိုင်းဒေသကြီး

ဝီကီပီးဒီးယား မှ
(ဧရာဝတီတိုင်း မှ ပြန်ညွှန်းထားသည်)
ဧရာဝတီတိုင်းဒေသကြီး
တိုင်းဒေသကြီး
ဧရာဝတီတိုင်းဒေသကြီး၏ အလံတော်
အလံတော်
ဧရာဝတီတိုင်းဒေသကြီး၏ တံဆိပ်တုံး
စည်းတံဆိပ်
မြန်မာနိုင်ငံတွင်း တည်နေရာ
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 16°50′N 95°10′E / 16.833°N 95.167°E / 16.833; 95.167ကိုဩဒိနိတ်: 16°50′N 95°10′E / 16.833°N 95.167°E / 16.833; 95.167
နိုင်ငံ မြန်မာ
ဒေသအောက်မြန်မာနိုင်ငံ
မြို့တော်ပုသိမ်မြို့
အစိုးရ
 • ​ဝန်ကြီးချုပ်ဦးတင်​မောင်ဝင်း
 • အစိုးရအဖွဲ့ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့
 • ဥပဒေပြုရေးဧရာဝတီတိုင်းဒေသကြီး လွှတ်တော်
 • တရားလွှတ်တော်ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်
ဧရိယာ
 • စုစုပေါင်း၁၃၅၇၀ စတုရန်းမိုင် (၃၅၁၄၀ စတုရန်းကီလိုမီတာ)
ဧရိယာအဆင့်ဒသမ
လူဦးရေ (၂၀၁၄)[]
 • စုစုပေါင်း၆,၁၈၄,၈၂၉
 • အဆင့်ဒုတိယ
 • သိပ်သည်းမှု၄၆၀/sq mi (၁၈၀/km)
HDI (၂၀၁၇)0.530[]
နိမ့် · ဧကဒသမ

ဧရာဝတီတိုင်းဒေသကြီး (အင်္ဂလိပ်: Ayeyarwady Region သို့မဟုတ် Irrawaddy) သည် မြန်မာနိုင်ငံအောက်ပိုင်း ဧရာဝတီမြစ်ဝကျွန်းပေါ်တွင် တည်ရှိသည်။ အရှေ့ဘက်တွင် ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး၊ မြောက်ဘက်တွင် ပဲခူးတိုင်းဒေသကြီး၊ အနောက်မြောက်ဘက်တွင် ရခိုင်ပြည်နယ်၊ အနောက်ဘက်တွင် ဘင်္ဂလားပင်လယ်အော်၊ တောင်ဘက်တွင် ကပ္ပလီပင်လယ်တို့နှင့် ထိစပ်သည်။ ဧရာဝတီတိုင်းဒေသကြီးသည် မြန်မာပြည်၏ ဆန်စပါးအဓိကထွက်ရှိရာ ဒေသဖြစ်သည်။ ဧရိယာစတုရန်းမိုင် ၁၃,၅၆၆ ကျယ်ဝန်းသည်။

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

ဧရာဝတီတိုင်းဒေသကြီးသည် ရှေးအခါက ရာမညတိုင်းတွင်ပါဝင်ခဲ့သည်။ မွန်သုံးရပ်ဖြစ်သော မွန်တိ၊ မွန်စ၊ မွန်ညတွင် မွန်ညဒေသ၌ ပါဝင်ခဲ့သည်။ ကိုလိုနီခေတ် ၁၈၂၄ ဩဂုတ် ၁၃ရက်ဖြင့် ထုတ်ပြန်သော ပြန်တမ်းများအရ ပဲခူးတိုင်းကို ဟံသာဝတီ၊ ဟင်္သာတနှင့် ပုသိမ်ခရိုင်ဟူ၍ ဖွဲ့စည်းခဲ့သည်။၁၈၈၁တွင် ပဲခူးတိုင်းမှခွဲထုတ်၍ ဧရာဝတီတိုင်းဖြစ်လာမည့် ဧရာဝတီခရိုင်ကို ဖွဲ့စည်းခဲ့သည်။ ထိုစဉ်က ဒီဝိဇံ(Division ခရိုင်)ဟု ဘာသာပြန်ဆိုသည်။၁၉၄၇ အခြေခံဥပဒေအရ ဧရာဝတီတိုင်း ဒေသခရိုင်ကို ပုသိမ်၊ဟင်္သာတ၊မြောင်းမြ၊မအူပင်၊ဖျာပုံခရိုင်များဖြင့် ဖွဲ့စည်းသည်။[]နောက်ပိုင်းတွင် အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်းခဲ့ရာ ၂၀၂၀ပြည့်နှစ်တွင် ဧရာဝတီတိုင်း၌ ခရိုင် (၆)ခရိုင်၊မြို့နယ် (၂၆)မြို့နယ်၊ မြို့ (၄၅)မြို့၊ ရပ်ကွက်(၃၀၀)၊ကျေးရွာအုပ်စု (၁၉၁၄)၊ ကျေးရွာပေါင်း (၁၁၆၈၄)ရွာ ပါဝင်သည်။[]

တည်နေရာနှင့် အကျယ်အဝန်း

[ပြင်ဆင်ရန်]

ဧရာဝတီတိုင်းဒေသကြီးသည် ဧရာဝတီမြစ်၏ မြစ်ဝကျွန်းပေါ်ဒေသဖြစ်ပြီး မြန်မာပြည်၏ အနောက်တောင်ဘက်တွင် တည်ရှိသည်။ နယ်နိမိတ်ချင်း ထိစပ်နေသော ပြည်နယ်နှင့်တိုင်းများမှာ လက်ျာရစ်အားဖြင့် အနောက်မြောက်တွင် ရခိုင်ပြည်နယ်၊ မြောက်ဘက်နှင့် အရှေ့ဘက်တွင် ပဲခူးတိုင်းဒေသကြီး နှင့် အရှေ့ဘက်တွင် ရန်ကုန်တိုင်းဒေသကြီး တို့ဖြစ်သည်။ တောင်ဘက်နှင့် အနောက်ဘက်တွင် ဘင်္ဂလားပင်လယ်အော် ရှိသည်။ မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၄၀ မိနစ် မှ ၁၈ ဒီဂရီ ၃၀ မိနစ် ကြား၊ လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၁၅ မိနစ် မှာ ၉၆ ဒီဂရီ ၁၅ မိနစ် ကြားတွင်တည်ရှိသည်။

ဧရာဝတီတိုင်းဒေသကြီးသည် ၁၃,၅၆၇ စတုရန်းမိုင် ကျယ်ဝန်းပြီး မြေပြန့် မြေကျယ်ပေါများ၍ မြစ်ချောင်းများလည်း ကွန်ချာသဖွယ် ယှက်သန်းနေ ကြသည်။ သို့သော် ရခိုင်ကမ်းမြောင်ဒေသအောက်ပိုင်းနှင့် ရခိုင်ရိုးမတောင်ထိပ်ကြောင့်အရှေ့ ဘက်ပိုင်းတို့လည်း တစ်စိတ်တစ်ဒေသပါဝင်သည်။

ရာသီဥတု

[ပြင်ဆင်ရန်]

ပင်လယ်နှင့်နီးသောဒေသဖြစ်၍၊ မိုးများပြီးစွတ်စိုသော ရာသီဥတုရှိသည်။

အုပ်ချုပ်ရေး

[ပြင်ဆင်ရန်]

မြို့တော်

[ပြင်ဆင်ရန်]

ဧရာဝတီတိုင်းဒေသကြီး၏ မြို့တော်မှာ ပုသိမ်မြို့ ဖြစ်သည်။၄င်းမြို့သည်မြန်မာနိုင်ငံ၏မြို့ကြီးများထဲတွင်လာမည့်ဆယ်စုနှစ်အတွင်း(၂၀၂၄)မှစ၍လူဦးရေနှင့်အိမ်ခြေများပြားလာဖွယ်ရှိနေပြီးအဆင့်(၅)ကိုပြန်လည်ရောက်ရှိဖွယ်ရှိနေသည်။လက်ရှိအဆင့်(၅)မှာရှမ်းပြည်နယ်၏မြို့တော်တောင်ကြီးမြို့ဖြစ်သည်။

အုပ်ချုပ်ရေး

[ပြင်ဆင်ရန်]

ဧရာဝတီတိုင်းဒေသကြီးအား ဝန်ကြီးချုပ် အမှူးပြုသော တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အုပ်ချုပ်သည်။၂၀၂၁ခုနှစ် စစ်အာဏာသိမ်းမှုအပြီးတွင် ဧရာဝတီတိုင်း​ဒေသကြီးစီမံအုပ်ချုပ်​ရေး​ကောင်စီမှ အုပ်ချုပ်လျက်ရှိသည်။

ဥပဒေပြုရေး

[ပြင်ဆင်ရန်]

၂၀၁၁ခုနှစ်မှစတင်ကာ တိုင်းဒေသကြီးလွှတ်တော်ကို ရွေးကောက်ခံကိုယ်စားလှယ်များ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းကာ စတင်ကျင်းပခဲ့သည်။

တရားစီရင်ရေး

[ပြင်ဆင်ရန်]

ဧရာဝတီတိုင်း တရားလွှတ်တော်ကို တရားသူကြီးချုပ် (၁)ဦး၊ တရားသူကြီး (၄)ဦးဖြင့် ဖွဲ့စည်းထားသည်။ တိုင်းတရားလွှတ်တော်အောက်တွင် ခရိုင်တရားရုံး (၆)ရုံး၊ မြို့နယ်တရားရုံး (၂၆)ရုံးရှိသည်။


ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများ

[ပြင်ဆင်ရန်]
ဧရာဝတီတိုင်း၏ခရိုင်များ

ဧရာဝတီတိုင်းဒေသကြီးအား ခရိုင် (၈) ခုဖြင့် ဖွဲ့စည်းထားသည်။

  1. ပုသိမ်ခရိုင်
  2. ကျုံပျော်ခရိုင်
  3. ဟင်္သာတခရိုင်
  4. မြန်အောင်ခရိုင်
  5. မအူပင်ခရိုင်
  6. မြောင်းမြခရိုင်
  7. ဖျာပုံခရိုင်
  8. လပွတ္တာခရိုင်

ခရိုင်ရှိမြို့နယ်

[ပြင်ဆင်ရန်]
ပုသိမ်ခရိုင် ပုသိမ်မြို့နယ် • ကန်ကြီးထောင့်မြို့နယ် • ငပုတောမြို့နယ် • သာပေါင်းမြို့နယ်
ကျုံပျော်ခရိုင် ကျုံပျော်မြို့နယ် • ရေကြည်မြို့နယ် • ကျောင်းကုန်းမြို့နယ်
ဟင်္သာတခရိုင် ဟင်္သာတမြို့နယ် • ဇလွန်မြို့နယ် • လေးမျက်နှာမြို့နယ်
မြန်အောင်ခရိုင် မြန်အောင်မြို့နယ် • ကြံခင်းမြို့နယ် • အင်္ဂပူမြို့နယ်
မအူပင်ခရိုင် မအူပင်မြို့နယ် • ပန်းတနော်မြို့နယ် • ညောင်တုန်းမြို့နယ် • ဓနုဖြူမြို့နယ်
မြောင်းမြခရိုင် မြောင်းမြမြို့နယ် • အိမ်မဲမြို့နယ် • ဝါးခယ်မမြို့နယ်
ဖျာပုံခရိုင် ဖျာပုံမြို့နယ် • ဘိုကလေးမြို့နယ် • ကျိုက်လတ်မြို့နယ် • ဒေးဒရဲမြို့နယ်
လပွတ္တာခရိုင် လပွတ္တာမြို့နယ် • မော်လမြိုင်ကျွန်းမြို့နယ်

မြို့ပေါင်း (၄၅) မြို့၊ ရပ်ကွက်ပေါင်း (၃၀၀) ကွက်၊ ကျေးရွာအုပ်စု (၁၉၁၉) အုပ်စု၊ ရွာပေါင်း (၁၁၈၆၄) ရွာ ရှိသည်။ []

အခြား မြို့ရွာများ

[ပြင်ဆင်ရန်]
  • အိုင်သပြု
  • ​​ ရွေးကုန်
  • အသုတ်
  • ဘော်မိ
  • ဓမိ
  • ကဒုံကနိ
  • ခမောက်စု
  • ကွင်းကောက်
  • ကျိုက်လတ်
  • ကျုံးဒါး
  • ကျုံကဒွန်း
  • ကျုံမငေး
  • လူခေါင်းကျွန်း
  • ဆကာကြီး
  • တဂရက်
  • မြို့ကွင်း
  • နိဗ္ဗာန်
  • အုန်းပင်
  • ပသွယ်
  • ပြင်ခရိုင်
  • ပျဉ်ရွာ
  • စက္ကော့
  • စက်ဆန်း
  • ရှမ်းရွာ
  • ရှောပြာ
  • ရွှေလောင်း
  • ရွှေမြင်တင်
  • ရွှေတောင်မှော်
  • ဆင်မ
  • တောင်ကလေး
  • ရွာသစ်
  • သစ်ပြုတ်
  • သုံးခွ
  • ထူးကြီး
  • အင်ပင်
  • ရေလဲကလေး
  • ဇီးချိုင်
  • မဲဇလီကုန်း
  • မြင်းကကုန်း
  • ဒါးက
  • တလုတ္ထော်
  • သလပ်ခွာ
  • ထန်းကုန်း
  • လက်ပန်
  • ကံရွာ
  • လိန်ကုန်း
  • ဝက်ကြီးကွင်း
  • ကနောင်
  • သီတာကုန်းပြင်
  • ဘက်ရဲ
  • ကန်ဘဲ့
  • ဘီတွဒ်
  • မြင်းကဆိပ်
  • ကျွဲတလင်း
  • ကရင်အင်း
  • မိုးကြိုးပစ်
  • အိုင်မ
  • ဖက်ကြီးကုန်း
  • ဖိုးလိန်ကွင်း
  • ရွှေကညင်ပင်
  • ဇင်ပြွန်းကုန်း
  • မြို့ချောင်း
  • မြို့တွင်း
  • ဟိုင်းကြီး
  • ဖြတ်လမ်းကြီး

လူဦး​ရေ

[ပြင်ဆင်ရန်]
သမိုင်းတစ်လျှောက် လူဦးရေများ
ခုနှစ်လူဦးရေ±%
၁၉၇၃ ၄၁၅၆၆၇၃—    
၁၉၈၃ ၄၉၉၄၀၆၁+20.1%
၂၀၁၄ ၆၁၆၅၇၂၃+23.5%
Source: ၂၀၁၄ သန်းခေါင်စာရင်း[]

ဧရာဝတီတိုင်းဒေသကြီးတွင် ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၆.၁သန်းနေထိုင်ကြသည်။ အမျိုးသား ၃သန်းနှင့် အမျိုးသမီး ၃.၁သန်း ရှိသည်။ ၁၉၈၃ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၂၄% တိုးတက်လာခဲ့သည်။ ရန်ကုန်တိုင်းပြီးလျှင် ဒုတိယမြောက် လူဦးရေအများဆုံးဖြစ်ကာ ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းပြီးလျှင် တတိယမြောက် လူဦးရေ အသိပ်သည်းဆုံးဒေသဖြစ်သည်။ ဧရာဝတီတိုင်း၏ လူဦးရေ သိပ်သည်းဆမှာ တစ်စတုရန်းကီလိုမီတာတွင် ၁၇၆.၅ဦးဖြစ်သည်။ တိုင်းအတွင်း လူ၁၀၀လျှင် ၈၆ဦး ကျေးလက်တွင် နေထိုင်ကြသည်။ ပုသိမ်ခရိုင်တွင် ၁.၆သန်းဖြင့် အများဆုံး နေထိုင်ကြသည်။ မြို့နယ်အနေဖြင့် မြောင်းမြမြို့နယ်တွင် အများဆုံးနေထိုင်ကြသည်။

ဗမာလူမျိုးနှင့် ကရင်လူမျိုးတို့ အဓိကအားဖြင့် နေထိုင်ကြသည်။ ဧရာ၀တီတိုင်းဒေသကြီးတွင် ဗမာလူမျိုးအများဆုံး ဖြစ်ပြီး ကရင်လူမျိုးများသည် ဒုတိယ လူဦးရေအများဆုံး ဖြစ်သည် အခြားသော လူမျိုးများလည်း နေထိုင်ကြသည်။ အများစုမှာ ဗုဒ္ဓဘာသာဖြစ်ကြပြီး ခရစ်ယာန်ဘာသာဝင်၊ အစ္စလာမ်ဘာသာဝင် အနည်းငယ် နေထိုင်ကြသည်။ မြန်မာဘာသာစကားသည် အဓိကဘာသာ‌စကား ဖြစ်သည်။

ပညာရေး

[ပြင်ဆင်ရန်]

ဧရာဝတီတိုင်းဒေသကြီးအတွက် ဒေသကောလိပ်ကို ပုသိမ်မြို့တွင် ၁၉၇၆ ခုနှစ်က စတင်ဖွင့်လှစ် ခဲ့ပြီးနောက် ၁၉၇၈ ခုနှစ်တွင် ဟင်္သာတမြို့၌ ဒေသကောလိပ်တစ်ခု ထပ်မံဖွင့်လှစ် ပေးခဲ့သည်။[]

အဆင့်မြင့်

[ပြင်ဆင်ရန်]

စိတ်ဝင်စားဖွယ်နေရာများ

[ပြင်ဆင်ရန်]

လမ်းပန်းဆက်သွယ်ရေး

[ပြင်ဆင်ရန်]

မြန်မာနိုင်ငံ၏မြောက်ပိုင်း ကချင်ပြည်နယ်၌ မြစ်ဖျားခံသော ဧရာဝတီမြစ်သည် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးတို့ကို ဖြတ်သန်းကာ မြစ်ခွဲချောင်းခွဲများစွာ ယှက်ဖြာ ထွက်ပြီး ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသကို ဖြစ်ပေါ်စေလျက် ကပ္ပလီ ပင်လယ်ထဲသို့ စီးဝင်သည်။ သို့ဖြစ်၍ ရေလမ်းခရီးသည် ဧရာဝတီတိုင်းဒေသကြီး၏ အဓိက လမ်းပန်းဆက်သွယ်ရေး ဖြစ်သည်။ မီးရထားလမ်း ဟူ၍ ကြံခင်း၊ ဟင်္သာတ၊ ပုသိမ်တစ်လမ်းတည်းသာ ရှိသည်။

လမ်းပန်းဆက်သွယ်ရေး ပို၍ချောမောစေရန် ပုသိမ်အနောက် ရှောပြာချောင်းသာ ကားလမ်းမကြီးကို ဖောက်လုပ်ခဲ့သည်။ ပုသိမ်မုံရွာကားလမ်းမကြီးသည် ထက်အောက် မြန်မာနိုင်ငံ ကူးလူးဆက်ဆံရေးနှင့် ကုန်စည်ပို့ဆောင်ရေးတွင် အလွန်အသုံးကျ အရေးပါသည်။

တံတားများ

[ပြင်ဆင်ရန်]
  • ဗိုလ်မြတ်ထွန်းတံတား (ညောင်တုန်း)
  • ဧရာဝတီတံတား (ညောင်တုန်း)
  • ဒေးဒလူတံတား (ဖျာပုံ)
  • ဒေးဒရဲတံတား
  • ဂုံညင်းတန်းတံတား
  • ခတ္ထိယတံတား (မအူပင်)
  • ဒါးကတံတား (ဒါးက)
  • ကျောင်းကုန်းတံတား
  • မအူပင်တံတား
  • မြောင်းမြတံတား
  • နတ်ချောင်းတံတား (ဘိုကလေး)
  • ငဝန်တံတား (မြို့ကွင်း)
  • ငါးသိုင်းချောင်းတံတား
  • ဥတိုတံတား (ချောင်းသာ)
  • ဝါးခယ်မတံတား
  • ရာဇူဒိုင် အမှတ်-၁ (မော်ကျွန်း)
  • ရာဇူဒိုင် အမှတ်-၂ (မော်ကျွန်း)
  • ပုသိမ်ကြိုးတံတား
  • ပုသိမ်တံတား အမှတ် -၂

စီးပွားရေး

[ပြင်ဆင်ရန်]

မြေဆီဩဇာကြွယ်ဝသော မြေနုကျွန်းပေါ်ဒေသဖြစ်၍ စပါး၊ မြေပဲ၊ ဂုန်လျှော်၊ ဆေး၊ ငရုတ်၊ ကြက်သွန်၊ ပဲမျိုးစုံတို့ စိုက်ပျိုး အောင်မြင်ဖြစ်ထွန်းသည်။ လယ်ယာလုပ်ငန်းသည် အဓိကစီးပွားရေးလုပ်ငန်း ဖြစ်၍ မြန်မာနိုင်ငံ၌ စပါးထွက်အကောင်းဆုံးသော တိုင်းဒေသကြီးတစ်ခု ဖြစ်သည်။ ဂုန်လျှော်အများဆုံး ထွက်သောတိုင်းလည်းဖြစ် သည်။ အုန်းသီး၊ ငှက်ပျောသီး အထွက်နှုန်းလည်း အလွန်ကောင်းသည်။ တိုင်းအတွင်း၌ ကျွန်းနှင့် သစ်မာထုတ်လုပ်မှု အတော်အသင့်ရှိ၍ သစ်နှင့် မီးသွေး ထုတ်လုပ်နိုင်သော လမု၊ ကနစို စသော ဒီရေတောများလည်းရှိသည်။

ဧရာဝတီတိုင်းဒေသကြီး၏ နာမည်ကြီးသော အခြားလုပ်ငန်းတစ်မျိုးမှာရေထွက်ပစ္စည်း လုပ်ငန်း ဖြစ်သည်။ မြစ်ချောင်းအင်းအိုင် အများအပြားရှိ၍ သားငါးပုစွန်ပေါပေါများများ ထွက်သဖြင့် ငါးပိ၊ ငါးခြောက်၊ ပုစွန်ခြောက်လုပ်ငန်းများလည်း အကြီးအကျယ် လုပ်ကိုင်ကြသည်။ ရေချိုငါးဖမ်းလုပ်ငန်းအပြင် ပင်လယ်ငါးဖမ်း လုပ်ငန်းကိုလည်း ကျယ်⁠ကျယ်ပြန့်ပြန့် လုပ်ကိုင်ကြသည်။ ကြက်၊ ဘဲမွေးမြူရေး လုပ်ငန်းများလည်း ဖွံ့ဖြိုးသည်။ လပွတ္တာမြို့နယ်မှ ငါးပိ၊ငါးခြောက်၊ပုစွန်ခြောက်လုပ်ငန်းအပြင် ဆားလုပ်ငန်းကိုလည်း ကြီးကြီးကျယ်ကျယ်လုပ်ကိုင်ကြသည်။

ချည်ထည်လုပ်ငန်း၊ သင်ဖြူး၊ သင်ဖျာလုပ်ငန်းများလည်း ဧရာဝတီတိုင်းဒေသကြီးအတွင်း လုပ်ကိုင်ကြသည်။ ပုသိမ်မြို့မှ ပုသိမ်ထီးလုပ်ငန်းကလည်း နိုင်ငံခြားဧည့်သည်များ စိတ်ပါဝင်စားသော လုပ်ငန်းတစ်ခုဖြစ်သည်။ မြန်အောင်ရေနံလုပ်ငန်းနှင့် ကြံခင်းဘိလပ်မြေစက်ရုံစီမံကိန်းတို့သည် အောင်မြင်လျက်ရှိသည်။ ပုသိမ်မြို့တွင် မှန်ပြားစက်ရုံလုပ်ငန်း တည်ဆောက်ထားသည်။ တိုင်းအတွင်း စက်ရုံ၊ အလုပ်ရုံ ၅၀ နီးပါးရှိရာဆန်စက် နှင့် လျှပ်စစ်ဓာတ်အားပေးစက်များက အများစုဖြစ်သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. ၁.၀ ၁.၁ Census Report။ The 2014 Myanmar Population and Housing Census။ 2။ Naypyitaw: Ministry of Immigration and Population။ May 2015။ p. 17။
  2. Sub-national HDI - Area Database - Global Data Lab (in en)။ 2018-09-13 တွင် ပြန်စစ်ပြီး။
  3. Historyဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့
  4. အချက်အလက်များအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန။ 19 May 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  5. တိုင်းဒေသကြီး/ပြည်နယ်များနှင့် နေပြည်တော်ကောင်စီအတွင်းရှိ ခရိုင်၊ မြို့နယ်၊ မြို့၊ ကျေးရွာအုပ်စုနှင့် ကျေးရွာဦးရေ စာရင်းချုပ်(၁၆−၁၀−၂၀၁၉)
  6. စွယ်စုံကျမ်းနှစ်ချုပ်(၁၉၇၉)
  7. စွယ်စုံကျမ်းနှစ်ချုပ်(၁၉၇၈)
  8. စွယ်စုံကျမ်းနှစ်ချုပ်(၁၉၈၂)