နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၏ ဥက္ကဋ္ဌ | |
---|---|
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ | |
စံအိမ် | နေပြည်တော် |
ဖွဲ့စည်းခြင်း | ၂ ဖေဖော်ဝါရီ ၂၀၂၁ |
ပထမဆုံး ထမ်းဆောင်သူ | မင်းအောင်လှိုင် |
လက်ထောက် | ဒုတိယဥက္ကဋ္ဌ |
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌသည် ၂၀၂၁ ခုနှစ် အာဏာသိမ်း စစ်အစိုးရ၏ အုပ်ချုပ်ရေးအဖွဲ့ဖြစ်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ခေါင်းဆောင်ဖြစ်သည်။ အာဏာသိမ်းစစ်အစိုးရမှ ဖွဲ့စည်းထားသော စစ်အစိုးရအဖွဲ့၏ ခေါင်းဆောင်လည်းဖြစ်သည်။ လက်ရှိဥက္ကဋ္ဌမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဖြစ်သည်။၂၀၂၁ခုနှစ် ဩဂုတ်လ ၁ရက်နေ့မှစ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ စီမံခန့်ခွဲရေးကော်မတီကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အိမ်စောင့်အစိုးရဟူ၍ ပြောင်းလဲဖွဲ့စည်းခဲ့သည်။ကောင်စီဥက္ကဋ္ဌမှာ နိုင်ငံတော်ဝန်ကြီးချုပ်ဖြစ်လာခဲ့ပြီး ဒုတိယဥက္ကဋ္ဌမှာ ဒုတိယဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။[၁][၂]အိမ်စောင့်အစိုးရ ဖွဲ့စည်းပြီးနောက်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ ကိုဖွဲ့စည်းကာ ၎င်းက ဥက္ကဋ္ဌ လုပ်သည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များဖြင့် တတိယအကြိမ်လွှတ်တော်များကို စတင်ရန် စီစဉ်ထားသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်တွင် တပ်မတော်မှ အာဏာကိုသိမ်းယူမှုပြုလုပ်ခဲ့သည်။ ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေမှအပ ကျန်ရှိသော နိုင်ငံတော်၏ ထိပ်ပိုင်းခေါင်းဆောင်များ၊ ဗဟို/ပြည်နယ်/တိုင်း အစိုးရအဖွဲ့ဝင်များ၊ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များနှင့် အခြားထင်ရှားသူအချို့ကို မတရားဖမ်းဆီး ထိန်းသိမ်းခဲ့သည်။ ထိုနေ့ နေ့လယ်ပိုင်းတွင် တပ်မတော်ပိုင် မြဝတီ ရုပ်သံမှတစ်ဆင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှုင်ဒုတိယသမ္မတ(၁)ဦးမြင့်ဆွေကို ယာယီသမ္မတခန့်အပ်ကာ နိုင်ငံတော်ကို အရေးပေါ်အခြေအနေအဖြစ် (၁)နှစ်ကြေညာကြောင်း၊ နိုင်ငံတော်၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး အာဏာများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ လွှဲအပ်ကြောင်း ကြေညာခဲ့သည်။
ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဘက်အတွင်းရေးမှူး၊ အဖွဲ့ဝင်များဖြင့်ဖွဲ့စည်းခဲ့သည်။ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူသည်။
အခွင့်အာဏာ
[ပြင်ဆင်ရန်]အာဏာသိမ်း စစ်ခေါင်းဆောင်သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ်ပါ ပူးတွဲတာဝန်ထမ်းဆောင်သဖြင့် နိုင်ငံတော်၏ အာဏာ ၃ ရပ်လုံး ၎င်းထံတွင် ရှိလေသည်။[၃]ရှိသည်ဆိုသော်ငြားလည်း ၎င်း၏ စစ်အစိုးရ အုပ်ချုပ်သည် ကို မခံချင်၍ ပြန်လည်တိုက်ခိုက်နေသူအများအပြား ရှိသောကြောင့် အသုံးချရာတွင် အခက်အခဲ ရှိသည်။
ဥက္ကဋ္ဌများစာရင်း
[ပြင်ဆင်ရန်]စဉ် | ပုံ | အမည် | တာဝန်ထမ်းဆောင်ခြင်း | သမ္မတ | ဒုတိယ ဥက္ကဋ္ဌ | ||
---|---|---|---|---|---|---|---|
စတင်ရက် | ပြီးဆုံးရက် | ရက်ပေါင်း | |||||
၁ | မင်းအောင်လှိုင် | ၂ ဖေဖော်ဝါရီ ၂၀၂၁ | လက်ရှိ | ၃ နှစ်၊ ၂၈၈ ရက် | ဦးမြင့်ဆွေ | စိုးဝင်း |
ဒုတိယ ဥက္ကဋ္ဌ
[ပြင်ဆင်ရန်]နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၏ ဒုတိယဥက္ကဋ္ဌ | |
---|---|
အစီရင်ခံရသူ | ဥက္ကဋ္ဌ |
ဖွဲ့စည်းခြင်း | ၂ ဖေဖော်ဝါရီ ၂၀၂၁ |
ပထမဆုံး ထမ်းဆောင်သူ | စိုးဝင်း |
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဒုတိယဥက္ကဋ္ဌဖြစ်သည်။
စာရင်း
[ပြင်ဆင်ရန်]စဉ် | ပုံ | အမည် | တာဝန်ထမ်းဆောင်ခြင်း | ဥက္ကဋ္ဌ | ||
---|---|---|---|---|---|---|
စတင်ရက် | ပြီးဆုံးရက် | ရက်ပေါင်း | ||||
၁ | စိုးဝင်း | ၂ ဖေဖော်ဝါရီ ၂၀၂၁ | လက်ရှိ | ၃ နှစ်၊ ၂၈၈ ရက် | မင်းအောင်လှိုင် |
အခြားကြည့်ရန်
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ "စစ်ကောင်စီက အိမ်စောင့်အစိုးရ ဖွဲ့"။
- ↑ "Myanmar forms caretaker government: State Administration Council"။
- ↑ Myanmar military announces new State Administration Council (2021-02-02)။ 3 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 March 2021 တွင် ပြန်စစ်ပြီး။