မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်

ဝီကီပီးဒီးယား မှ
Myanmar National Human Rights Commission
 မြန်မာအစိုးရအဖွဲ့အစည်း
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်
ကော်မရှင် အကျဉ်းချုပ်
ဖွဲ့စည်းသည့်အချိန်၅ စက်တင်ဘာ ၂၀၁၁
ယခင်အဖွဲ့အစည်းလူ့အခွင့်အရေး ကော်မတီ
ဌာနချုပ်အမှတ် ၂၇၊ ပြည်လမ်းလှိုင်မြို့နယ်ရန်ကုန်မြို့
ဌာနအကြီးအမှူးများဦးလှမြင့်၊ ဥက္ကဋ္ဌ
ဒေါက်တာ နန္ဒာမွှန်း၊ ဒုဥက္ကဌ
ဝက်ဘ်ဆိုက်mnhrc.org.mm

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စု အစိုးရအဖွဲ့က မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဖွဲ့စည်းခြင်း ကို အမိန့်ကြော်ငြာစာအမှတ် (၃၄/၂၀၁၁) ဖြင့် ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ (၅)ရက်နေ့ တွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ အတွင်းရေးမှူး ဖြစ်သူ ဦးတင်မျိုးကြည်မှ အစိုးရအဖွဲ့၏ အမိန့်အရ ထုတ်ပြန်ကြေညာသည်။ [၁] အဆိုပါအမိန့်ကြော်ငြာစာမှာ -

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးများကို မြှင့်တင်ရေးနှင့် ကာကွယ်ရေးတို့အား ဆောင်ရွက်နိုင်ရန်အလို့ငှါ အောက်ပါ ပုဂ္ဂိုလ်များပါဝင်သော မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ဖွဲ့စည်းလိုက်သည် -

  • (က) ဦးဝင်းမြ - ဥက္ကဋ္ဌ - သံအမတ်ကြီး (အငြိမ်းစား)
  • (ခ) ဦးကျော်တင့်ဆွေ - ဒုတိယဥက္ကဋ္ဌ - သံအမတ်ကြီး (အငြိမ်းစား)
  • ( ဂ ) ဦးထွန်းအောင်ချိန် - အဖွဲ့ဝင် - ပါမောက္ခ(အငြိမ်းစား)၊ သမိုင်းဌာန
  • (ဃ) ဦးလှမြင့် - အဖွဲ့ဝင် - သံအမတ်ကြီး(အငြိမ်းစား)
  • ( င ) ဦးသန်းဆွေ - အဖွဲ့ဝင် - ညွှန်ကြားရေးမှူးချုပ်(အငြိမ်းစား)၊ သစ်တောဦးစီးဌာန
  • (စ) ဒေါက်တာဉာဏ်ဇော် - အဖွဲ့ဝင် - ပြည်နယ်ဆရာဝန်ကြီး(အငြိမ်းစား)
  • (ဆ) ‌ဒေါက်တာဒေါ်သန်းနွဲ့ - အဖွဲ့ဝင် - ပါမောက္ခ(အငြိမ်းစား)၊ ဥပဒေပညာဌာန
  • ( ဇ ) ဒေါ်စောခင်ကြီး - အဖွဲ့ဝင် - ပါမောက္ခ(အငြိမ်းစား)၊ နိုင်ငံတကာဆက်ဆံရေးပညာဌာန
  • (ဈ ) ဦးတင်ညို - အဖွဲ့ဝင် - ညွှန်ကြားရေးမှူးချုပ်(အငြိမ်းစား)၊ အခြေခံပညာဦးစီးဌာန
  • (ည) ဦးခွထီးရို - အဖွဲ့ဝင် - ပြည်နယ်ဥပဒေအရာရှိ (အငြိမ်းစား)
  • ( ဋ ) ဦးခင်မောင်လေး - အဖွဲ့ဝင် - ညွှန်ကြားရေးမှူး(အငြိမ်းစား)၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန
  • ( ဌ ) ဦးလဖိုင်ဇော်ဂွန်း - အဖွဲ့ဝင် - သံမှူးကြီး(အငြိမ်းစား)၊
  • ( ဍ ) ဦးညွန့်ဆွေ - အဖွဲ့ဝင် - ဒုတိယညွှန်ကြားရေးမှူးချုပ်(အငြိမ်းစား)၊ နိုင်ငံခြားရေးဝန်ကြီးဌာန
  • ( ဎ ) ဒေါ်စန်းစန်း - အဖွဲ့ဝင် - ညွှန်ကြားရေးမှူး(အငြိမ်းစား)၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန
  • (ဏ) ဦးစစ်မြိုင် - အတွင်းရေးမှူး - ညွှန်ကြားရေးမှူးချုပ်(အငြိမ်းစား)၊ လူမှုဝန်ထမ်းဦးစီးဌာန

ကိုးကား

  1. မြန်မာ့အလင်းသတင်းစာ (၆.၉.၂၀၁၁)