ပါရာဇိက

ဝီကီပီးဒီးယား မှ

ပါရာဇိက ဆိုသည်မှာ မဂ်ဖိုလ်မှ ဆုံးရှုံးခြင်း ဖြစ်သည်။

ပါရာဇိက (၄) ပါး

ရဟန်းတော်များ ၎င်းတို့ဘဝမှ ဆုံးရှုံးမှုကြီး ၄-ပါးမှာ

ပါရာဇိက အာပတ်သင့်ခြင်း အကြောင်းရင်းများ

  • ငါးပဲထိုက်သော ဥစ္စာကိုလည်းကောင်း၊ ငါးပဲထက် အလွန်ထိုက်သော ဥစ္စာကိုလည်းကောင်း (အရှင်သည်ကိုယ်နှုတ်ဖြင့်) မပေးဘဲ ခိုးလိုသော စိတ်အစုဖြင့် ခိုးယူအံ့၊ ပါရာဇိကအာပတ်သို့ ရောက်၏ ။
  • ယုတ်မာသော အလိုရှိသည်ဖြစ်၍ ယုတ်မာသော အလိုရမ္မက် နှိပ်စက်သည်ဖြစ်၍ ထင်ရှားမရှိဘဲ မဟုတ်မမှန်ဘဲ လူတို့၏ ကုသိုလ်ကမ္မပထတရားဆယ်ပါးထက် လွန်မြတ်သော ဈာန်မဂ်ဖိုလ်တရားကို ငါရ၏ဟုပြောအံ့၊ ပါရာဇိကအာပတ်သို့ ရောက်၏ ။
  • ရဟန်းသည် မေထုန်အကျင့်ကို မှီဝဲအံ့၊ ပါရာဇိကအာပတ်သို့ ရောက်၏ ။
  • လူ့ဇာတ်အဖြစ်ကို (လူကို) သတ်လျှင် ပါရာဇိကအာပတ် သင့်၏ ။

ကိုးကား