မာတိကာသို့ ခုန်သွားရန်

ဗုံကြီးသံ

ဝီကီပီးဒီးယား မှ
၁၂:၅၉၊ ၂ ဧပြီ ၂၀၁၈ နေ့က NjsBot (ဆွေးနွေး | ပံ့ပိုး) (ရိုဘော့က ပေါင်းထည့်နေသည် - {{မြန်မာဘာသာစကား}}) တည်းဖြတ်သည့်မူ

ဗုံကြီးသံကို (ပုံကြီးသံ) ဟုလည်း ရေးလေ့ရှိပါသည်။ ဗုံကြီးသံကဗျာ အမျိုးမျိုးအဖုံဖုံရှိပါသည်။ ဗုံရှည်ကြီးများဖြင့် တီးခတ်သီဆိုသော အသံဖြစ်၍ ဗုံကြီးသံဟု ခေါ်ခြင်းဖြစ်ပါသည်။ ရွှေဘိုအလောင်းဘုရားခေတ်တွင် အတီးအမှုတ် များသည့်အတွက် "ရွှေဘိုဗုံကြီးသံ" ဟုလည်း ခေါ်ပါသည်။ အရပ်ဒေသအလိုက် အတီးအမှုတ် စည်းဝါး အနည်းငယ် ကွဲပြားလေ့ရှိပါသည်။ သို့ရာတွင် သီဆိုရာ၌ အသံကွာခြားမှု ထူးခြားစွာ မရှိလှပါ။