မာတိကာသို့ ခုန်သွားရန်

ဥတ္တရာပထ

ဝီကီပီးဒီးယား မှ

ဥတ္တရာပထ[] မည်သော-ဇနပုဒ်-တိုင်းပြည်-နယ်ပယ်။ ဇမ္ဗူဒီပ (အိန္ဒိယပြည်) တောင်ပိုင်း မြောက်ပိုင်း နှစ်ပိုင်းရှိရာတွင် မြောက်ပိုင်းကို ဥတ္တရာပထဟု ခေါ်၏၊

နယ်မြေ အကျယ်အဝန်း

[ပြင်ဆင်ရန်]

နဂိုမူလက ဥတ္တရာပထ ဟူသော နာမည်သည် ကုန်သည်တို့ သွားလာရာ မြောက်ဘက်လမ်းမကြီး၏ နာမည် ဖြစ်၏၊ ထိုလမ်းမကြီးသည် သာဝတ္ထိမြို့မှ ဂန္ဓာရတိုင်းပြည် တက္ကသိုလ်မြို့ အထိ ရှည်လျား၏၊ ထိုလမ်းမကြီး၏ နာမည်ကို တဆင့် ယူ၍ ဥတ္တရာပထတိုင်းပြည်ဟု ခေါ် ဝေါ်သည်ဟု ဆိုကြ၏၊ အကယ်၍ ထိုအဆိုအတိုင်း အမှန် ဖြစ်ခဲ့လျှင် အရှေ့ဘက် အင်္ဂတိုင်းပြည်မှ အနောက်မြောက်ဘက် ဂန္ဓာရတိုင်းပြည်တိုင်အောင်၎င်း၊ မြောက်ဘက် ဟိမဝန္တာမှ ‌တောင်ဘက် ဝိန္ဓျာ(ဝိဉ္ဇျာ) တောင်တိုင်အောင်၎င်း ထိုမျှလောက်ကျယ်ပြန့်သော ယခုလက်ရှိ အိန္ဒိယမြောက်ပိုင်းတစ်ခုလုံးကို ဥတ္တရာပထဟု ခေါ်ဝေါ်ခြင်းဖြစ်နိုင်၏။

ပါဠိ ကျမ်းဂန်များ၏ အဆို

[ပြင်ဆင်ရန်]

ပါဠိကျမ်းဂန်များ၌ ဖော်ပြချက်အတိုင်းဆိုလျှင် ထိုဥတ္တရာ ပထဟု ခေါ်သော အိန္ဒိယမြောက်ပိုင်း၌ ကသ္မီရဂန္ဓာရတိုင်းနှင့် ကမ္ဗောဇတိုင်းတို့သည် အဓိက ပင်မ အနေအားဖြင့် ပါဝင်သော တိုင်းကြီးများ ဖြစ်၏၊ ထိုဥတ္တရာပထသည် ရှေးအခါက မြင်းများမွေးမြူ ရောင်းချရာ ဒေသအနေအားဖြင့် ထင်ရှား၏၊ ထိုဒေသမှ မြင်းများကို ဗာရာဏသီကဲ့သို့သော မြို့ကြီး များသို့ သွား၍ ရောင်းကြ၏။ D-P. P-N. ဂင်္ဂါမြစ်၏ မြောက်ဘက်အရပ်ကို ဥတ္တရာပထ ခေါ်သည် ဟု ဝိမတိ၊၁၊၈၉-၌ဆို၏။

ပါဠိနည်းအရ ဂင်္ဂါမြစ်၏ မြောက်ဘက် နယ်ပယ် တလျှောက်ကို ဥတ္တရာပထ၊ ၎င်းဂင်္ဂါမြစ် တောင်ဘက်နယ်ပယ် အလျှောက်ကို ဒက္ခိဏာပထဟု ခေါ်သည်၊ ဥတ္တရာပထ, ဥတ္တရပထ ၂ချက်သင့်။

သင်္ခတနည်းအားဖြင့် မြောက်ဘက်၌ ဟိမဝန္တာတောင်, တောင်ဘက်၌ ဝိဉ္ဇု‌တောင်တန်း အရှေ့ဘက်၌ ဗင်္ဂလားအော် ခေါ် ဝင်္ဂေါပသာဂရ, အနောက်ဘက်၌ ယခု အာရေဗျ ခေါ်ကြသော အာရဗပင်လယ် အာရဗသာဂရ ဤ ဆိုအပ်ပြီးသည်တို့၏ အတွင်းနယ်ပယ် တလျှောက်ကို ဥတ္တရာပထ ခေါ်သည်။ [] []

ဆက်စပ်ဖတ်ရှုရန်

ကိုးကား

  1. ဥတ္တရာပထ (ပု) [ဥတ္တရာ+ပထ]
  2. ဗုဒ္ဓသာသနိက ပဌဝီဝင်၊ ၇၅၊ ၇၆-ကြည့်၊ ဒက္ခိဏာပထလည်း-ကြည့်။ အဿဝါဏိဇာ ဥတ္တရာပထေ အဿာနံ ဥဋ္ဌာနဋ္ဌာနေ ပဉ္စ အဿသတာနိ ဂ‌ဟေတွာ၊ ဝိ၊ဋ္ဌ၊၁၊၁၄၄။ ဗောဓိသ‌‌တ္တော ဥတ္တရာပ‌‌ထေ အဝါဏိဇကုလေ နိဗ္ဗတ္တိ၊ ဇာ၊ဋ္ဌ၊၂၊၂၆၂။
  3. တိပိဋကအဘိဓာန် အတွဲ-၄ အပိုင်း (က)