ကသ္မီရတိုင်း

ဝီကီပီးဒီးယား မှ

[၁] ကသ္မီရတိုင်း။ (ဤတိုင်းသည် တတိယ သင်္ဂါယနာတင်ပြီးနောက် သာသနာပြုစေလွှတ်ရာ ကိုးတိုင်း ကိုးဌာနတို့တွင် အပါအဝင်ဖြစ်၍ မောဂ္ဂလိပုတ္တတိဿထေရ်က မဇ္ဈန္တိကထေရ်ကို သာသနာပြု စေလွှတ်သောတိုင်း ဖြစ်သည်။ [၂] တည်ရာဌာနကား ဟိမဝန္တာတောင်၏ အနောက်မြောက်စွန်း ပဉ္စာပ (ပန်ဂျပ်) နယ်၏ အရှေ့မြောက်ဖက်စွန်းနှင့် စပ်လျက် တည်ရှိသည်၊ မြို့တော်ဟောင်း အမည်မှာ သိရိနဂရ, ယခု မြို့အမည်မှာ ဆရင်နဂါ ဖြစ်သည်။ ဗုဒ္ဓသာသနိက ပဌဝီဝင်။) [၃] [၄]

မဟာကပ္ပိနမင်းတရားလည်း ကသ္မီရတိုင်း၏ မြို့တော်ဖြစ်သော ပေါက္ခရဝတီမြို့မှ မင်း, မိဖုရား, မှူးမတ် ပရိသတ် အစုံနှင့် မြတ်စွာဘုရား သီတင်းသုံးတော်မူရာသို့ ရည်မှန်းလျက် ထွက်ခွာလာခဲ့ကြောင်း၊ မြတ်စွာဘုရားလည်း ၎င်းတို့အား ကြိုဆိုတရားဟောပြ၍ အားလုံး အရသာအမြိုက် နှစ်ခြိုက်စွာသုံးရကြောင်း မဇ္ဈိမနိကာယနှင့် ဓမ္မပဒ, ထေရာဂါထာတို့၌ လာသဖြင့် သာသနာတော်ကြီး အလွန်မပွားစီးသော်လည်း သာသနာတော်ဓမ္မစက် သက်ရောက်ကြောင်းကား ထင်ရှား၏။ [၅]

ကိုးကား[ပြင်ဆင်ရန်]

  1. ကသ္မီရ (ပု၊ န) [ကာသ+မီရ၊ ကာသ ဒိတ္တိယံ သမ္ပတ္တိယာ ကာသန္တီတိ ကသ္မီရာ၊ မီရော။ ဓာန်၊ဋီ၊၁၈၅။ (ကၐ္မီရ-သံ)]
  2. ဝိ၊ဋ္ဌ၊၁၊၄၈။
  3. ကီဝ ဒူရံ မဟာရာဇ ဣတော ကသ္မီရံ ဟောတိ။ မိလိန္ဒ၊၈၉။
  4. တိပိဋကအဘိဓာန် အတွဲ-၅
  5. အရှင်သံဝရာဘိဝံသ (ပရိယတ္တိ သာသနာဟိတဓမ္မာစရိယ ရွှေကျင်နာယကဆရာတော်)။ ဗုဒ္ဓနိုင်ငံတော် (ပထမတွဲ)