တက္ကသိုလ်ပြည်

ဝီကီပီးဒီးယား မှ

[၁] တက္ကသိုလ်မြို့၊ တတ်ကောင်းစရာပညာမျိုးစုံနှင့် စပ်လျဉ်း၍–ကြံစည်-တီထွင်-ခြင်း အလေ့အထရှိရာ ယောက်ျားတို့ - တတ်သင့်–တတ်ထိုက်သော လောကီအတတ်ပညာများကို အယုတ် အလျော့မရှိ အပြီးတိုင် ပါရဂူမြောက်အောင်–ဆောင်ယူ–ဖြည့်စွက်ခြင်း-အမွှန်းတင်ခြင်း–အချောသပ်ခြင်း–ရှိရာ မြို့၊ ဂန္ဓာရတိုင်း၏ အတတ်မြို့တော်။[၂] [၃]

(တက္ကသိုလ်မြို့ဟောင်းသည် ဣန္ဒြိယနိုင်ငံ ပန်ဂျပ်ပြည်နယ်အတွင်း “ရာဝလပိဏ္ဍိ”မြို့မှ အနောက်မြောက် မိုင်-၂၀ ဣန္ဒြိယနိုင်ငံ၏ မြို့တော် “နယူးဒေလီ”မှ ၄၉၇-မိုင် ဝေးကွာသော အရပ်၌ တည်ရှိ၏။ (Buddhist Shrines in India.) တက္ကသိလာ-သည် သိန္ဓုမြစ်၏ အနီး၌ တည်၏။ (ထောမ။) ဂန္ဓာရတိုင်း၏ မြို့တော်ဖြစ်သည့် (TAXILA)ဟူသော နာမည်သည် ဂရိတ်ရိုမန်တို့၏ အခေါ်ဖြစ်သည် (The Early History of India.) ဘာရတ မင်းသားသည် ဂန္ဓာရတိုင်းပြည်ကို အောင်မြင်ပြီးနောက် ဂန္ဓာရတိုင်း၌ သား ၂-ယောက်အတွက် မြို့ ၂မြို့ကို တည်ထောင်ရာ သားတစ်ယောက်ဖြစ်သော တက္ၑ၏ အမည် ဖြင့်(တက္ၑိလာ)မြို့ကို တည်ထောင်သည်။ [၄] [၃]

ရှေးအခါက အလောင်းတော်သည် ထို“တက္ၑ”မြို့တော်၌ ဦးခေါင်းကို ဖြတ်၍ အလှူခံ ၁-ဦးအား လှူခဲ့ဘူးသည်ကို စွဲ၍ “တက္ၑၐိရ”ဟု နာမည်တွင်သည်။ [၅] [၃]

ပန်ဂျပ် ပြည်နယ်အတွင်း ရာဝလပိဏ္ဍိဒိစတြိဒ်၌ တည်ရှိသည့် “တက္ၑိလာ” အမည်ဖြင့် ခေါ်ဝေါ် သမုတ်အပ်သောအရပ်သည် ရှေးက တက္ကသိလာ-ဖြစ်ကြောင်း သိမှတ်ကြသည်။ [၆] [၃]

တက္ကသိုလ်ပြည် ပညာတော်သင်များ[ပြင်ဆင်ရန်]

  1. သမားတော် (ဆေးဆရာ) ဇီဝက [၇]
  2. အင်္ဂုလိမာလ-သတိုးသား [၈],
  3. ဝေလာမပုဏ္ဏား [၉]
  4. သုသိမလုလင် [၁၀],
  5. အလောင်းတော်ကုန်သည် ကပ္ပဋ [၁၁],
  6. ပသေနဒီမင်းသား မဟာလိစ္ဆဝီ မင်းသား ဗန္ဓုလမင်းသား[၁၂]
  7. သာဝတ္ထိပြည်မှ နွားသတ်သမား၏သား[၁၃],
  8. အလောင်းတော် စူဠဓနုဂ္ဂဟ [၁၄],
  9. ယသဒတ္တသတိုးသား [၁၅]
  10. အလောင်းတော် အကိတ္တိသူဌေးသား[၁၆],
  11. ကုရုမင်းသား အလောင်းတော်ဓနဉ္စယ[၁၇]
  12. နန္ဒပုဏ္ဏား[၁၈],
  13. ကဉ္စနသူဌေးသား [၁၉]
  14. ပဉ္စာဝုမင်းသား[၂၀]
  15. ဗြဟ္မဒတ်မင်းသား [၂၁]
  16. အလောင်းတော် ပုဏ္ဏားအမျိုးသား [၂၂],
  17. အလောင်းတော် သောမဒတ္တပုဏ္ဏား[၂၃],
  18. အလောင်းတော် တိရီဋဝစ္ဆသတိုးသား [၂၄],
  19. ဘောဇနသုဒ္ဓိကမင်းသား[၂၅]
  20. အလောင်းတော်ပုရောဟိတ်အမတ်[၂၆]
  21. ကုဏ္ဍလကုမာရပုဏ္ဏားလုလင် [၂၇],
  22. သေတကေတုလုလင် [၂၈]
  23. အလောင်းတော် ကဏှသတိုးသား [၂၉],
  24. အလောင်းတော် ဇုဏှ [၃၀]
  25. အလမ္ပာယ်ဆရာ ဒေဝဒတ်အလောင်းလုလင် [၃၁],
  26. သိဝိမင်းသား [၃၂],
  27. ဇောတိပါလလုလင် [၃၃]
  28. သုတသောမမင်းသား [၃၄],
  29. ပိင်္ဂုတ္တရလုလင် [၃၅],
  30. မရုတ္တပုဏ္ဏား [၃၆][၃]


တက္ကသိုလ်နှင့် ရာဇဂြိုဟ် အချင်းချင်း မဟာမိတ်နိုင်ငံ[၃၇]

တက္ကသိုလ်၌ အလောင်းတော် မင်းပြု [၃၈]

အမျိုးယုတ်သူ “စဏ္ဍာလတို့ တက္ကသိုလ်၌ ပညာသင်ခွင့် မရ[၃၉] [၃]

ကိုးကား[ပြင်ဆင်ရန်]

  1. တက္ကသိ(သီ)လာ (ထီ) [တက္က+သိ(သီ)လာ။ (တက္ၑၐိလာ-သံ)]
  2. တက္ကသီလာယ(ဇာ၊ဋ္ဌ၊၁၊၂၀၇) န္တိ ဧဝံ-နာမကေ နဂရေ။ တက္ကနံ တက္ကော၊ ဦဟနံ ဦနပူရဏန္တိ အတ္ထော။ သော သီလံ သဘာဝေါ ယတ္ထာတိ တက္ကသီလာ။ ပုရိသကာရေန ဦနော၊ သော တတ္ထ ဂန္တွာ တ’မူနံ ပူရေတီတိ တိဿံ တက္ကသီလာယံ။ ဇာ၊ဋီ၊၁၊၃၊ ၂၈။ (ဇာ၊ဋီ၊၁၊၁၃၊ ၁၂၂။ ဓာန်၊ဋီ၊၂၀၀။) ဦဟ ဝိတက္ကေ။ ဦဟန္တျနေနာတိ ဦဟော။ တက္ကဦဟ-သဒ္ဒါ စေတ္ထ အဇ္ဈာဟာရဝါစကာပိ ဘဝန္တိ၊ အဇ္ဈာဟာရံ နာမ ဦနပူရဏတ္ထမဓိကပ္ပဘေဒါဟရဏံ (မဓိကောပါဒါနံ၊ စိန္တာမဏိ၊ ဋီကာ)။ “အဇ္ဈာဟာရော တက္ကဦဟာတ”ဟိ အမရကောသေ (၅၊ ၃) ဝုတ္တံ။ ဓာန်၊ဋီ၊၁၅၅။ (ဤနည်း အရ သီလာ-၌ ဤ-ကို ဣရဿ-ပြုမှ နိုင်ငံခြား လိပျန္တရများနှင့် နှီးနှောညီညွတ်၍ အပြစ် လွတ်မည်။ ဗုဒ္ဓသာသနိက။ ၁၃၉။ သင်္ခတ နည်းအားဖြင့် “တက္ၑ (တက်သျှ) ၐိလာ (ဆီလာ)”တက္ခ(ပါဠိပြန်၍) = ထုချေ ရိုက်ခွဲ အပ်သော+သိလာ(ပါဠိပြန်၍) = ကျောက်ခဲ ရှိသောကြောင့် “တက္ခသိလာ” တက္ခသိုလ် ခေါ်သည်။ “တက္ခာ တစ္ဆိတာ တနုကတာ သိလာ ယဿံ သာ တက္ကသိလာ၊ သေဝ ဝဏ္ဏဝိကာရနိရုတ္တိနယေန တက္ကသိလာ”ဟု ဝစနတ္ထပြု။ ယင်း-၁၄၀။ အကျယ် ထို၌ ကြည့်။)
  3. ၃.၀ ၃.၁ ၃.၂ ၃.၃ ၃.၄ ၃.၅ တိပိဋကအဘိဓာန် အတွဲ-၉
  4. (ရာမာယဏ။ သဒ္ဒသာဂရ။ စိန္တာမဏိ။)
  5. (ဖာဟိယန်ခရီးစဉ်။ ၃၀။) (ကန္တီယတိ ဆိန္ဒီယတီတိ တက္ကော၊ တက္ကော သိရော ယဿံသာ တက္ကသိလာ?။)
  6. (“ဘာရတဗောဒ္ဓသိဒ္ဓဋ္ဌာန” သီဟိုဠ်ဘာသာ စာအုပ်။)
  7. (ဝိ၊၃၊၃၇၉)
  8. (မ၊၃၊၂၂၇-၈။ ထေရ၊ဋ္ဌ၊၂၊၃၂၅-၆)
  9. (အံ၊ဋ္ဌ၊၃၊၂၆၈)
  10. (ခုဒ္ဒက၊ဋ္ဌ၊၁၆၆-၇။ သုတ္တနိ၊ဋ္ဌ၊၁၊၂၉၄)
  11. (ဓမ္မ၊ဋ္ဌ၊၁၊၇၉၊ ၈၀)
  12. (ဓမ္မ၊ဋ္ဌ၊၁၊၂၁၅)
  13. (ဓမ္မ၊ဋ္ဌ၊၂၊၂၁၄)
  14. (ဓမ္မ၊ဋ္ဌ၊၂၊၃၄၆)
  15. (ထေရ၊ဋ္ဌ၊၂၊၆၇၊ ၆၉)
  16. (စရိယာ၊ဋ္ဌ၊၂၁)
  17. (စရိယာ၊ဋ္ဌ၊၃၆။ ဇာ၊ဋ္ဌ၊၂၊၃၃၁)
  18. (စရိယာ၊ဋ္ဌ၊၁၆၃။ ဇာ၊ဋ္ဌ၊၅၊၂၄)
  19. (စရိယာ၊ဋ္ဌ၊၁၉၄)
  20. (ဇာ၊ဋ္ဌ၊၁၊၂၉၀)
  21. (ဇာ၊ဋ္ဌ၊၁၊၄၂၀၃။ ဇာ၊ဋ္ဌ၊၂၊၂၅၃၊ ၃၁၅-၆၊ ၃၅၉၊ ၃၆၀၊ ၃၈၄)
  22. (ဇာ၊ဋ္ဌ၊၂၊၁၂၅၊ ၂၄၀၊ ၃၂၄။ ဇာ၊ဋ္ဌ၊၃၊၇၃၊ ၈၅၊ ၂၈၉)
  23. (ဇာ၊ဋ္ဌ၊၂၊၁၅၀)
  24. (ဇာ၊ဋ္ဌ၊၂၊၂၈၅)
  25. (ဇာ၊ဋ္ဌ၊၂၊၂၈၈)
  26. (ဇာ၊ဋ္ဌ၊၃၊၂၉)
  27. (ဇာ၊ဋ္ဌ၊၃၊၃၇)
  28. (ဇာ၊ဋ္ဌ၊၃၊၂၁၈၊ ၂၂၀)
  29. (ဇာ၊ဋ္ဌ၊၄၊၇)
  30. (ဇာ၊ဋ္ဌ၊၄၊၉၇-၈
  31. (ဇာ၊ဋ္ဌ၊၄၊၄၅၉)
  32. (ဇာ၊ဋ္ဌ၊၄၊၄၀၂)
  33. (ဇာ၊ဋ္ဌ၊၅၊၁၃၅)
  34. (ဇာ၊ဋ္ဌ၊၅၊၄၉၆)
  35. (ဇာ၊ဋ္ဌ၊၆၊၁၈၆)
  36. (သဟဿဝတ္ထုပ္ပကရဏ။ ၁၃၆။ သီ-မူ။ ရသဝါဟိနီ။ ၄၂)
  37. (မ၊ဋ္ဌ၊၄၊၁၉၄)
  38. (ဇာ၊ဋ္ဌ၊၁၊၄၂၀-၃။ ဇာ၊ဋ္ဌ၊၂၊၁၉၉-၂၀၀)။
  39. (ဇာ၊ဋ္ဌ၊၄၊၃၉၀-၁)။ (–ဒီ၊ဋ္ဌ၊၂၊၃၉၆။ ပဋိသံ၊ဋ္ဌ၊၂၊၂၉၃။ ဝိမာန၊ဋ္ဌ၊၉၈။ ထေရ၊ဋ္ဌ၊၁၊၄၁၆။ အပ၊ဋ္ဌ၊၂၊၂၃၃။ ဇာ၊ဋ္ဌ၊၁၊၃၀၃၊ ၃၃၆၊ ၄၇၂။ စသည်။)