စိန်ဝေလျှံ

ဝီကီပီးဒီးယား မှ
အလင်္ကာကျော်စွာ
စိန်ဝေလျှံ
အလင်္ကာကျော်စွာ စိန်ဝေလျှံ
မွေးဖွားယင်း​​ဆွေရွာ၊ ဒီပဲယင်းမြို့ရွှေဘိုခရိုင်​၊ ဗြိတိသျှဘားမား
ကွယ်လွန်၂၁၊ ဇွန်၊ ၁၉၇၄(အသက်၆၁နှစ်)
အလုပ်အကိုင်​တေး​ရေးဆရာ၊ ဂီတပညာရှင်
အိမ်ထောင်ဖက်(များ)စိန်ဂျွန်းခင်​မေ ​ဒေါ်လှကြည်
သားသမီး(၂)​ယောက်
မိဘ(များ)ဦး​ပေါ + ​ဒေါ်တုတ်
ရရှိသည့်ဆုများအလင်္ကာကျော်စွာဘွဲ

အလင်္ကာကျော်စွာ စိန်ဝေလျှံသည် မြန်မာ​တေး​ရေးဆရာ၊ ဂီတပညာရှင်တစ်ဦးဖြစ်သည်။ ဆရာစိန်ဝေလျှံ၏ လက်ရာ​တေးသီချင်းများအနက် အထင်ရှားဆုံးသီချင်းမှာ ပြည်လှ​ဖေသီဆိုခဲ့သည့် ပပဝင်း သီချင်းဖြစ်သည်။

အလင်္ကာကျော်စွာ စိန်ဝေလျှံသည် ရွှေဘိုခရိုင်ဒီပဲယင်းမြို့အပိုင်၊ ရင်းဆွေရွာနေ ဦးပေါ၊ ဒေါ်တုတ်တို့၏ သားသမီးခြောက်ယောက်အနက်မှ စတုတ္ထမြောက်သားတစ်ဦး ဖြစ်သည်။ ငယ်စဉ် (၆)နှစ်သားမှအပြု၍ ရန်ကုန်မြို့ ပုသိမ်ညွန့်၊ ဝိဇယာမကျောင်းတိုက် ဆရာတော် ဦးသုမနနှင့် သရက်တောကျောင်းတိုက် ကျောက်ပန်းတောင်းဆရာတော်ကြီးတို့ထံတွင် ကိုးနှစ်တာကာလပတ်လုံး ရှင်သာမဏေဘဝဖြင့် တပည့်ခံခဲ့ပေသည်။ ခေတ်ပညာကိုလည်း ကိုးတန်းအထိ သင်ကြားဖူးသည်။ ဆရာစိန်ဝေလျှံသည် ဂီတပညာကို တယောဦးဘရီ၊ တယောဦးဘတူတို့ထံတွင် ဆည်းပူးခဲ့သည်။ (၁၉)နှစ်သားတွင် ခွေးတံဆိပ်ဓာတ်ပြားကုမ္ပဏီတွင် ဂီတမှူးအဖြစ် သုံးနှစ်တာမျှ တာဝန်ယူ ဆောင်ရွက်ခဲ့ပေသည်။ အဆိုတော် စိန်ဂျွန်းခင်မေနှင့် အိမ်ထောင်ပြုသည်။ စိန်မဟာသဘင်တွင် သီချင်းရေးဆရာအဖြစ်၊ ရှေ့ပိုင်းမင်းသားအဖြစ် သိပ္ပံမြိုင်နှင့်တွဲကာ ရှစ်နှစ်တာမျှ ကပြခဲ့ဖူးလေသည်။ သိမ်ချောင်းသူ ဒေါ်လှကြည်နှင့် အိမ်ထောင်သစ်ထူကာ သားသမီးနှစ်ယောက် ထွန်းကားလေသည်။ ၁၉၅၆ ခုနှစ်တွင် ယဉ်ကျေးမှုဌာန၌ တာဝန်ခံအရာရှိအဖြစ်ဖြင့် တရုတ်ပြည်၊ ရုရှားပြည်၊ ချက်ကိုစလိုဗေးကီးယားပြည်တို့ကို ခရီးလှည့်ရပြီးနောက် “အလင်္ကာကျော်စွာ”ဘွဲ့ ချီးမြှင့်ခြင်း ခံရသည်။ အစိုးရဌာနမှ ပင်စင်ယူပြီး ရုပ်ရှင်ကုမ္ပဏီများနှင့် တက်တိုး ဓာတ်ပြားကုမ္ပဏီတွင် ကန်ထရိုက်ယူ၍ တေးဂီတများကို ထုတ်လုပ်ခဲ့သည်။ ဆရာစိန်ဝေလျှံ၏ ဆရာအရင်းများမှာ ဘုရားဒကာကြီး ဦးဖိုးစိန်၊ ကောလိပ်စိန်၊ ရွှေမန်းစင်တော်ဆရာကြည်၊ စာရေးဆရာကြီး ဆရာသောင်း၊ ဆရာအောင်၊ ဆရာဘကြီး(မန်း)၊ ဆရာဘကလေး(အလင်္ကာကျော်စွာ၊ မန်း)၊ စန္ဒရားဆရာညွန့်ကြီး၊ ဦးစံဝင်း (မန်းကုန်ရုံဝန်ထောက်)၊ ရွာစားကြီးဦးဘမောင် (အလင်္ကာကျော်စွာ)၊ နှဲဦးဖိုးကာ၊ ဦးဟန်ပ(အလင်္ကာကျော်စွာ)၊ ဆရာရွှေပြည်အေး(အလင်္ကာကျော်စွာ)၊ စန္ဒရားဆရာမြိုင်၊ ဒေါ်စောမြဧကြည်(အလင်္ကာကျော်စွာ) နှင့် စောင်းဆရာငြိမ်း တို့ ဖြစ်ကြသည်။ စန္ဒရားအေဝမ်းခင်မောင်ထံတွင် ရုပ်ရှင်စန္ဒရားတီးပညာကို သင်ကြားခဲ့သည်။ ၁၉၇၄ ခုနှစ်၊ ဇွန်လ (၂၁) ရက်နေ့၊ အသက် (၆၁)နှစ် တွင် ကွယ်လွန်သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. အခြေခံ ဆိုရေးတီးပညာနှင့် ခေတ်သုံးခေတ် ဂီတသမိုင်း - စန္ဒရားလှမိုး