ဖိုးကျော့
ဖိုးကျော့
[ပြင်ဆင်ရန်]စာရေးဆရာ ဖိုးကျော့ကို (၁၃၀၂) ခုနှစ်၊ ဝါခေါင်လပြည့်ကျော်(၁)ရက်(၄.၈.၁၉၄၀)ရက်နေ့တွင် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ချောင်းဝကျေးရွာ၌ အဖ-ဦးဘောက်ဖြူ၊ အမိ-ဒေါ်ချက်တောင်းမတို့က မွေးဖွားသည်။ အမည်ရင်းမှာ ဦးမြင့်လွင်ဖြစ်သည်။ မွေးချင်း(၉)ယောက်အနက်မှ တတိယမြောက်ဖြစ်သည်။ ငယ်စဉ်က ရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ပညာသင်ကြားခဲ့သည်။
၁၉၅၆ - အောက်တိုဘာလထုတ် မြ၀တီမဂ္ဂဇင်းပါ ဆင်မာန်နှင့် ငှက်ဉာဏ် အခန်းဆက်ဝတ္ထုရှည်ဖြင့် စာပေ နယ်သို့ စတင်ဝင်ရောက်ခဲ့သည်။
၁၉၆၆ - အောက်တိုဘာလထုတ်မြဝတီမဂ္ဂဇင်းပါ ဆင်လိုက်ခြင်း ဝတ္ထုမှာ အလယ်တန်းမြန်မာစကားပြေ လက်ရွေးစင် တွင်ကျောင်းသုံးအဖြစ် ပြဋ္ဌာန်းခြင်းခံခဲ့ရသည်။ ဝတ္ထုတိုအချို့ကို ဂျပန်နှင့်ဗီယက်နမ် နိုင်ငံတို့တွင် ဘာသာပြန်၍ ထုတ်ဝေဖူးသည်။
၁၉၇၀ - အောက်တိုဘာလထုတ် မြ၀တီမဂ္ဂဇင်းပါ နတ်မလိုက်သောနေ့ ဝတ္ထုကို ဂျပန်နိုင်ငံ နိုင်ငံခြားဘာသာ သင်တက္ကသိုလ်မှ ပါမောက္ခ တိုရူအိုနိုက ဂျပန်ဘာသာသို့ ပြန်ဆို ထုတ်ဝေခဲ့သည်။
၁၉၇၂ - မြေဆီမဲမဲ သွေးရဲရဲ၊ အောင်ပွဲသို့ချီရာဝယ် ဝတ္ထုများထွက်(အောင်ပွဲသို့ချီရာဝယ်-ဝတ္ထုရှည်ဖြင့် ယင်းနှစ် အတွက် အမျိုးသားစာပေဝတ္ထုရှည်ဆုရ။)
၁၉၇၃ - လွန်လေပြီးသောအခါ၊ လောဘမြစ်ပင်လယ်၊ ချစ်ငြိုးရစ်ချည်၊ ငြိုးမာန်လျှော့ပြေ၊ ဝမ်းရေးထက်ပင် ခက်ပါသည် စသောဝတ္ထုများထွက်။
၁၉၇၄ - ဆင်လုပ်သား၊ အမှောင်လမ်းကသူတို့အပြန် စာအုပ်များထွက်။
၁၉၈၁ - မျှော်ရသူတို့ဗျာပေါဝ၊ ခပ်သိမ်းသောမြစ်တို့ကဲ့သို့ စာအုပ်များထွက်။
၁၉၈၂ - ပြန်မပြောချင်ဘူး ဝတ္ထုထွက်။
၁၉၈၃ - ဟူးကောင်းတောင်ကြား၊ အလွမ်းကန္တာ- တောကန္တာ၊ ဆင်မိုးလုံးနှင့် နောက်ဆုံးအဖြေ စာအုပ်များ ထွက်။
၁၉၈၅ - သမုဒယဤပင်လယ် ဝတ္ထုထွက်။
၁၉၉၀ - အင်တွဲပွဲလျက် အရှာထွက် ဝတ္ထုရှည်စာမူဖြင့် စာပေဗိမာန်စာမူဝတ္ထုရှည် ဒုတိယဆုရ။
၁၉၉၁ - သေရွာပြန်တို့၏ အဏ္ဏဝါခရီး စာမူဖြင့် စာပေဗိမာန်ဝတ္ထုရှည်-ဒုတိယဆုရ။
၁၉၉၃ - အင်တွဲပွဲလျက်အရှာထွက် စာအုပ်ထွက်။ မြန်မာ့မုဆိုး ဝတ္ထုဖြင့် စာပေဗိမာန်ဝတ္ထုရှည် ဒုတိယ ဆုရ။
၂၀၀၁ - သေရွာပြန်တို့၏အဏ္ဏဝါခရီး စာအုပ်ထွက်။
၂၀၀၂ - ကမ္မဇဒ္ဓိ ဝတ္ထုထွက်။
၂၀၀၃ - ဆင်သင်္ချိုင်းရှာပုံတော်၊ ဆင်သေကုန်း၊ ရာဇဌာနီ၊ မြန်မာပြည် မြောက်ဖျားမှ စသောစာအုပ်များထွက်။ နောက်ပိုင်းတွင်ဆက်လက်၍ နန်းရပ်ထီးဖြူ လုယူမယ်မြင်သည်၊ မြေထုမြင်းမိုပြိုပါလေလျှင်၊ ဆောင်းရက်ရှည်တဲ့ နွေဒေသ ဝတ္ထုများထွက်။
၂၀၀၆ - မဟာလီဒို ဝတ္ထုထွက်။
ဆရာဖိုးကျော့သည် ယခုအချိန်ထိ ဝတ္ထုတို(၇၀)ကျော်၊ မဂ္ဂဇင်းဝတ္ထုရှည် အပုဒ်(၂၀)ကျော်၊ လုံးချင်း(၃၀)ခန့် ရေးသားပြီးဖြစ်သည်။ ယခင်က ပြည်သူ့ဂုံနီစက်ရုံတွင် စာကြည့်တိုက်မှူးအဖြစ် ဆောင်ရွက်ခဲ့ပြီး ယခုအခါ စာပေ များ ဆက်လက်ရေးသားလျက် အမှတ်(၂)၊ စပယ်(၂)လမ်း၊ ၃-ရပ်ကွက်၊ ကမာရွတ်မြို့နယ်တွင် ဇနီး-ဒေါ်ကြူကြူ ဝင်း၊ သားသမီး(၂)ဦးတို့နှင့်အတူ နေထိုင်လျက်ရှိ သည်။
၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၂ရက်တွင် မြန်မာနိုင်ငံ၌ ကျင်းပပြုလုပ်သော ၁၀ ကြိမ်မြောက် မဲခေါင်စာပေဆုချီးမြှင့်ပွဲအခမ်းအနားမှ မြေဆီမည်းမည်း သွေးရဲရဲစာအုပ်ဖြင့် မဲခေါင်စာပေဆု ချီးမြှင့်ခဲ့သည်။
ထင်ရှားသောစာအုပ်အချို့
[ပြင်ဆင်ရန်]- အောင်ပွဲသို့ချီရာဝယ်
- မြေဆီမဲမဲ သွေးရဲရဲ
- လောဘမြစ်ပင်လယ်
- ဆင်လုပ်သား
- ဆင်မိုးလုံးနှင့် နောက်ဆုံးအဖြေ
- အင်တွဲပွဲလျက် အရှာထွက်
- သေရွာပြန်တို့၏ အဏ္ဏဝါခရီး
- မြန်မာ့မုဆိုး
- ဆင်သင်္ချိုင်းရှာပုံတော်နှင့် အခြား
- ဆင်သေကုန်း
- ကမ္မဇဒ္ဓိ
- မြန်မာပြည်မြောက်ဖျားမှ နဂါးမီးတောက်နှင့် ထူးဆန်းအံ့ဖွယ်
- မဟာလီဒ
- ရေအောက်မြို့တော်
- အလွမ်းနှင့်သာ နေတော့မည်
- ဂမ္ဘီရပင်လယ်
- ခပ်သိမ်းသောမြစ်
- ကျားဘီလူးနှင့် အခြား
- ကျားနာမျက်ကန်း
- ရေခဲပြင်ပေါ်က တောင်နဂါးကြီးနှင့်
- ဟူးကောင်းတောင်ကြား
- ဟိမဝန္တာကလာသူ
- သံသရာနောက်ဆုံးနေ့နှင့် အခြား
- သမုဒယ ဤပင်လယ်
- မီးလောင်မြေနှင့် အခြား
- ဟေမန္တ၏ အလှဖျက်နွေ
- မာယာမင်းသမီး
- မဟာလီဒို
- ပင်လယ်ကျားနှင့် အခြား
- နတ်စောင့်ပျားနှင့် သားရဲတို့ရွာ
- ရွှေပြည်ရခိုင်
ကိုးကား
[ပြင်ဆင်ရန်]- ↑ ရခိုင်အမျိုးသမီးအသင်း(ရန်ကုန်)မှထုတ်ဝေသည့်မြတ်ပန်းသဇင်မဂ္ဂဇင်းမှ မောင်မောင်ထွန်းအောင် (ကျန်း မာရေး) ရေးသားသည့် အမျိုးသားစာပေဆုရ ရခိုင်စာဆိုများ ဆောင်းပါးမှ