တင်မောင်မြင့် (စာရေးဆရာ)

ဝီကီပီးဒီးယား မှ
တင်မောင်မြင့်
အမည်ရင်းတင်မောင်မြင့်
မွေးဖွား၁၉၃၆ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့
စစ်ကျွန်းရွာဟင်္သာတခရိုင်ဧရာဝတီတိုင်း
အလုပ်အကိုင်စာရေးဆရာ
လူမျိုးဗမာ
နိုင်ငံသား မြန်မာ
စာပေအမျိုးအစားဘာသာပြန်
ရရှိသည့်ဆုများအမျိုးသားစာပေဆု ဘာသာပြန်၊သုတ (၂၀၀၁)၊ ဘာသာပြန်၊ရသ (၂၀၀၄) (၂၀၀၇)(၂၀၁၁)(၂၀၁၂)
မိဘဦးမောင်ဒွေး + ဒေါ်ကျော့စိန်

ငယ်ဘဝ[ပြင်ဆင်ရန်]

ဧရာဝတီတိုင်း ဟင်္သာတခရိုင် စစ်ကျွန်းရွာတွင် အဖ ဦးမောင်ဒွေး၊ အမိ ဒေါ်ကျော့စိန်တို့က ၁၉၃၆ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့တွင် မွေးဖွားခဲ့သည်။ ရန်ကုန်မြို့၊ ရေကျော် ဦးမောင်မောင် အလွတ်ပညာသင်ကျောင်းတွင် အလယ်တန်းအောင်ပြီး တောင်ကြီးမြို့၊ အစိုးရအထက်တန်းကျောင်း (ယခု အထက-၁) မှ ၁၉၅၈ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်သည်။

စာပေလောကသားဘဝ[ပြင်ဆင်ရန်]

၁၉၆၁ ခုနှစ်တွင် ဘီအိုစီကုမ္ပဏီ (ယခု MOGE)တွင် အလုပ်ဝင်ပြီး ၁၉၉၄ ခုနှစ်တွင် ငွေစာရင်းအရာရှိအဖြစ်နှင့် အငြိမ်းစားယူသည်။ ၁၉၈၅ ခုနှစ်တွင် သည်းဦးပန်းမဂ္ဂဇင်း အယ်ဒီတာအဖွဲ့ဝင်၊ ၁၉၈၈ ခုနှစ်တွင် အထောက်တော်လှအောင်၏ သတင်း မဂ္ဂဇင်းတွင် ဒုတိယ အယ်ဒီတာချုပ် တာဝန်များ ထမ်းဆောင်ခဲ့သည်။

မြန်မာဘာသာသို့ ပြန်ဆိုခဲ့သည့် စာအုပ်များ[ပြင်ဆင်ရန်]

အောက်ပါစာအုပ်များကို မြန်မာဘာသာသို့ ပြန်ဆိုခဲ့သည်။ [၁]

စဉ် စာအုပ်အမည် ထုတ်ဝေနှစ် မူရင်းစာအုပ်အမည် မူလ ရေးသားသူ မှတ်ချက်
ငွေကျွန် ၁၉၈၃ World Rapers Jonathan Black မြတ်ငြိမ်း နှင့် တွဲရေး
သံယောဇဉ်ကမ်းခြေ ၁၉၈၃ Man on Fire A. J. Quinnell
ငယ်စာရင်းဝင်မို့ ၁၉၈၃ Rendezvons Evelyn Anthony
အချစ်၏အခြားသော မျက်နှာစာ ၁၉၈၄ Not as a Stranger Morton Thompson
သံမဏိလိပ်ပြာ ၁၉၈၇ Philadeiphian Richard Powell
အရိပ်မဲ့ရုပ်ပုံလွှာ ၁၉၈၅ Snap Shot A. J. Quinnell
မဟာရံတံတိုင်းကို ဖြတ်ကျော်ခြင်း ၁၉၈၅ This Side of Glory Gwan Bristow
မေတ္တာရှာပုံတော် ၁၉၈၅ Where Love has Gone Herold Robin
တမ်းတတတ်သည် ၁၉၈၅ Remenberance Dannielle Steel
၁၀ အချစ်များစွာနဲ့ပါ ဆရာ ၁၉၈၇ To Sir, With Love E. R. Branthwaite
၁၁ နွေကန္တာ ၁၉၈၈ Deep Summer Gwen Bristow
၁၂ မာနမီးလျှံ ၁၉၉၉ Body of Love Charles Keats
၁၃ မဒမ်ကျူရီ ၂၀၀၁ Madame Curie Eve Curie ၂၀၀၁ အမျိုးသားစာပေဆု (ဘာသာပြန်၊ သုတ)
၁၄ လေရဟတ်နီ ၂၀၀၄ Moulin Rouge Pierre la Mure
၁၅ တောင်ပံမဲ့သင်းကွဲတေးဆိုငှက် ၂၀၀၄ To Kill a Mocking Bird Harper Lee ၂၀၀၄ အမျိုးသားစာပေဆု (ဘာသာပြန်၊ ရသ)
၁၆ စကားလက် ၂၀၀၆ Scarlett Alexandra Ripley
၁၇ စခန်းသိမ်းအောင်ပွဲ Closing Ceremony H. King
၁၈ ငွေတစ်မူးဖြင့် သိုက်တူးသူ A Kiss Before Dying Ira Levin
၁၉ လျှပ်စစ်မုန်တိုင်း Ride the Thunder Janet Daily
၂၀ ငွေရန်သူ Money P. L. Suliterzer
၂၁ သူ့အချစ်မျိုးဟာ Brown Stone House Rae Foley
၂၂ ဒီရေရိုင်းနှင့် မုန်တိုင်းနှင့် Flood Tide Frank Yerby
၂၃ အချစ်ဆုံး Loving Danielle Steel
၂၄ ချစ်လင်းရောင်ခြည် A Patch of Blue Elizabeth Kate
၂၅ ထာဝရ Valentina Evelyn Anthony
၂၆ မိုးမြေသိမ့်သိမ့် Crash of 79 Paul Adam
၂၇ ကြွက်ကဲ့အရောင် ကြောင်ရဲ့အလား Persian Ransom Evelyn Anthony
၂၈ အချစ်ဝေဟင် Illusion of Love Cynthia Freeman
၂၉ ဒက်ဒီ Daddy Danielle Steel
၃၀ အရှေ့ယွန်းက နေဝန်းနီ The Rising Sun Michael Criton
၃၁ မုန်တိုင်းထန် ကမ်းခြေ Siege of Silence A. J. Quinell
၃၂ မုန်တိုင်းငှက် The Eagle Has Flown Jack Haggin
၃၃ မာနီ Marni Winston Graham
၃၄ သတင်းမုဆိုး Modern Women Ruth Harris
၃၅ လက်ထပ်ထိမ်းမြားခြင်း အနုပညာ Happy Marriage Andrie Mouris
၃၆ မြကတ္တီပါလမ်း Handsome Road Gwen Bristow
၃၇ လေထန်ပေမယ့် ပန်းမကြွေ Selected Stories
၃၈ အရောင်များနှင့် စကားပြောခြင်း Mary Cassette Jone King
၃၉ ဒေ့ဒ်စ်ငရဲခန်းမှာ Weeding Tears Jean White
၄၀ ငါ့ဒိန်ခဲကို ဘယ်သူနေရာရွေ့သလဲ Who Moved My Cheese Spencer Johnson
၄၁ တိမ်ပေါ်မှာ လမ်းလျှောက် Children of Dust Clancy Charlie
၄၂ အနက်ရောင်အိပ်မက် စိမ်းမြမေတ္တာ ၂၀၀၇ A Place for Kathy Henry Danker ၂၀၀၇ အမျိုးသားစာပေဆု (ဘာသာပြန်၊ ရသ)
၄၃ ဘီလျံနာလို တွေးပါ Think Like a Billionaire Donald Trump
၄၄ ဝံပုလွေနှင့် အခြားဝတ္ထုတိုများ Selected Stories Anton Chekhov
၄၅ ကမ္ဘာကျော်ပုံရိပ်များ Great People Reader's Digest
၄၆ အတိတ်ခြေရာ Selected Stories
၄၇ Night Elie Wiesel
၄၈ သမ္မတ၏ မဟေသီ The President's Lady Iving Stone
၄၉ ဆီးကျိတ် Prostrate
၅၀ လယ်ရီကင်း၏ လယ်ရီကင်း Larry King Larry King
၅၁ မာတင် လူသာကင်း Martin Luther King Scott King
၅၂ ရောင်းချခြင်း အတတ်ပညာ What Mom Teach Me
၅၃ အန်နာ ကာရနီနာ Anna Karinnina Leo Tolstoy
၅၄ ပြစ်မှုနှင့် ပြစ်ဒဏ် ၂၀၁၂ Crime & Punishment Dostoevsky ၂၀၁၂ အမျိုးသားစာပေဆု (ဘာသာပြန်၊ ရသ)
၅၅ ပွင့်ဦးနှင့် အခြားဝတ္ထုတိုများ Episode and Other Stories
၅၆ လေဟုန်စီး၍ The Boy Who Kamkwamba
၅၇ မျှော် ၂၀၁၁ Waiting Ha Jin ၂၀၁၁ အမျိုးသားစာပေဆု (ဘာသာပြန်၊ ရသ)
၅၈ လမ်းဘေးရှေ့နေ Street Lawyer John Grisham
၅၉ အမတရှာပုံတော် Chasing Life Dr Sunjay Gupta
၆၀ မမရေချယ် My Cousin, Rachel Du Maurier
၆၁ လူငယ်များအတွက် ဒိန်ခဲ Who Moved My Cheese (for Teens) Spencer Johnson
၆၂ ကြယ်ကြွေရာနောက်သို့ Partner John Grisham
၆၃ နိဂုံး၏ အဓိပ္ပာယ် The Sense of an Ending Julian Barnes
၆၄ ကန်သာရေရိပ်မှာ In the Pond Ha Jin
၆၅ ဥစ္စာဓန၏ ကိုယ်ရည်ကိုယ်သွေး Why We Want You to Be Rich Donald Trump
၆၆ သွေးအေးအေးဖြင့် In Cold Blood Trueman Kapote
၆၇ အင်ပရက်ရှင်းနစ်ခေတ်ဦး Impressionists Guy Jenning
၆၈ တိုက်ပွဲဝင်မေမေ The Fight to Free My Son Peter Edwards
၆၉ မိစ္ဆာဝင်္ကပါ Les Miserables Victor Hugo
၇၀ တစ်မိုးအောက်တစ်ယောက် Man of Montmartre Stephen & Ethel Longstreet
၇၁ မြိုင်သာယာသို့ အပြန် The Road to Tara Anne Edwards
၇၂ ကျောင်းတုန်းက သူငယ်ချင်းတွေ Friends Forever Danielle Steel
၇၃ မေတ္တာဝင်္ကပါ The Hunchback of Natre Dame Victor Hugo
၇၄ ဂျင်မီယင် Crusader for Man John Hersey
၇၅ ဂန္ဓာနှင့် အခြားဝတ္ထုများ The Chrysanthemums and Other Stories
၇၆ ကျွန်မနာမည် မာလာလာ I'm Malala Malala Yousafzai & Christina Lamb
၇၇ ထိုအနမ်းနှင့် အခြားဝတ္ထုတိုများ The Kiss and Other Stories Aton Chekhov
၇၈ ပြန်ပေး Kidnapped R. L. Stevenson
၇၉ သူရဲကောင်းသုံးယောက် Three Musketeers Alexander Dumas
၈၀ ကျိန်စာသင့်အတိတ် ချစ်ဆိပ်ရည်ချို The Reader Bernhard Schlink
၈၁ ဥရောပသမိုင်း မိတ်ဆက် The Age of Europe Paul Seaver
၈၂ မျှော်လင့်ချက်ကြီးစွာဖြင့် The Great Expectation Charles Dickens
၈၃ ဘဝအနှောင် Of Human Bondage W. Somerset Maugham
၈၄ တစ်ကမ္ဘာဆီ ဝေး The Prime of Miss Brodie Muriel Spark

ကိုးကား[ပြင်ဆင်ရန်]

  1. ဆရာတင်မောင်မြင့် ရေးခဲ့သောစာအုပ်များ2010-04-11 တွင် ပြန်စစ်ပြီး