မာတိကာသို့ ခုန်သွားရန်

သံဃမိတ္တာထေရီ

ဝီကီပီးဒီးယား မှ

ပါဋလိပုတ်ပြည့်ရှင် အသောကမင်းကြီး၏ သမီးတော် သံဃမိတ္တာမင်းသမီး[][] သံဃမိတ္တာ ထေရီမ ဖြစ်သည်။

မင်းသမီးဘဝ

[ပြင်ဆင်ရန်]

သံဃမိတ္တာမင်းသမီးသည် ဇမ္ဗူဒိပ်ကျွန်း အလုံးကို အစိုးရသော အသောကမင်းကြီးနှင့် ဝေဋိသ (ဝေဋိသဂိရိ) [] မိဖုယားတို့မှ ဖွားမြင်သည့် နှစ်ယောက် မြောက် သမီးတော်ဖြစ်သည်။ [] သူမသည် အရွယ်ရောက်သောအခါ မိမိမောင်ဝမ်းကွဲ အဂ္ဂိဗြဟ္မာမင်းသားနှင့် လက်ထပ်ထိမ်းမြား၍ သားတစ် ယောက်ကို ဖွားမြင်ရရှိခဲ့သည်၊ သား၏ အမည်ကား မထင်ရှားပေ။ ခင်ပွန်းဖြစ်သူ အဂ္ဂိဗြဟ္မာမင်းသားကား အသောကမင်းကြီး အဘိသိက်ခံယူပြီးနောက် ၄-နှစ်မြောက်သောအခါ သံဃမိတ္တာ၏ ဘထွေးတော် အိမ်ရှေ့ မင်းသားတိဿနှင့်အတူ ရဟန်းပြုသွားခဲ့သည်။ အသောကမင်းကြီးက ဇမ္ဗူဒိပ်ကျွန်း ၈၄၀၀၀-သောမြို့တို့၌ တစ်မြို့လျှင် တစ်ကျောင်းစီအားဖြင့် စေတီတော် ၈၄၀၀၀-နှင့် တကွ ၈၄၀၀၀-သော ကျောင်းတို့ကို ဆောက်လုပ်ပြီးနောက် ထိုကျောင်းတို့ကို ရေစက်ချ လှူဒါန်းသည့် ကျောင်းလွှတ်ပွဲအပြီး၌ ခမည်းတော်မင်းကြီး၏ ဆန္ဒအရ မောင်တော် မဟိန္ဒမင်းသားနှင့်အတူ သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့ပေသည်။ []

ထေရီမဘဝ

[ပြင်ဆင်ရန်]

သံဃမိတ္တာမင်းသမီး၏ ဥပဇ္ဈာယ်ဆရာမကား ဓမ္မပါလီထေရီမဖြစ်၍ သရဏဂုံ, သိက္ခာပုဒ်ကို ပေးသောဆရာမကား အာယုပါလီထေရီမ-ဖြစ်သည်။ ရှင်ပြုပြီးကာမျှဖြစ်သော သံဃမိတ္တာမင်းသမီးကို ရှင်ပြုရာသိမ်အပြင် ၌ပင်လျှင် သိက္ခာသမ္မုတိကိုပေး၍ ပါဏာတိပါတာဝေရမဏိ အစ ဝိကာလ ဘောဇနာဝေရမဏိအဆုံးရှိသော သိက္ခာ ၆-ပါးကို ဆောက်တည်စေခြင်းအားဖြင့် သိက္ခာပုဒ်၌ တည်စေကြပြီ။ အသက် ၆၀-ရှိသော သာမဏေမပင်ဖြစ်စေကာမူ “ပါဏာတိပါတာ ဝေရမဏိံ ဒွေဝဿာနိ အဝီတိက္ကမ္မ သမာဒါနံ သမာဒိယာမိ” အရှိသည်ဖြင့် သိက္ခာပုဒ် ၆-ပါးကို ဆောက်တည်၍ ကျင့်အပ်ကုန်သည် သာတည်း။ မှန်၏ သိက္ခာပုဒ် ၆-ပါးတို့၌ ၂-နှစ်ပတ်လုံး မကျင့်သော သာမဏေမကို ပဉ္စင်းခံပေးခြင်းငှာ မအပ်။ []

သီဟိုဠ်သာသနာပြုဘဝ

[ပြင်ဆင်ရန်]

သံဃမိတ္တာထေရီမသည်— မဟိန္ဒထေရ် သီဟိုဠ်ကျွန်းသို့ သာသနာပြုရောက်၍ မကြာမြင့်မီပင် ဒေဝါနံပိယတိဿမင်း၏ မရီးတော် အနုဠာမိဖုယားကြီးကို ရဟန်းခံ (ရဟန်းပြု) ပေးရန် ဒေဝါနံပိယတိဿမင်း၏ ပင့်လျှောက် ချက်အရ ဗောဓိပင်ကို ယူဆောင်ပြီး သီဟိုဠ်ကျွန်းသို့သွားရောက်၍ ဘိက္ခုနီသာသနာကို အစပျိုးခဲ့ပေသည်။ [] []

ဆက်စပ်ဖတ်ရှုရန်

ကိုးကား

  1. သံဃမိတ္တာ (ထီ) [သံဃ+မိတ္တာ]
  2. တေန စ သမယေန ရာဇမီတာ သံဃမိတ္တာပိ တသ္မိံယေဝ ဌာနေ ဌိတာ ဟောတိ။ ဝိ၊ဋ္ဌ၊၁၊၃၈။ (၃၉-၄၂)။
  3. (သာရတ္ထ၊၁၊၁၂၈၊ ၁၅၄)
  4. (ဝိ၊ဋ္ဌ၊၁၊၃၂။ သာရတ္ထ၊၁၊၁၅၄)။
  5. (ဝိ၊ဋ္ဌ၊၁၊၃၉)။
  6. (ဝိ၊ဋ္ဌ၊၁၊၃၉။ သာရတ္ထ၊၁၊၁၃၅)။
  7. ဝိ၊ဋ္ဌ၊၁၊၆၇)။
  8. တိပိဋကအဘိဓာန် အတွဲ-၂၀