ဝိနည်းကံ

ဝီကီပီးဒီးယား မှ

ဝိနည်းပိဋကလာ ကံတို့သည်—

ဝိနည်းကံ ၄-မျိုး[ပြင်ဆင်ရန်]

ညီညွတ်သော သံဃာ၏ ခွင့်ပြုချက်အရ—

  • (၁) သုံးကြိမ် သံဃာကို ပန်ကြား၍ ပြုအပ်သော အမှုကိစ္စအဝဝသည် အပလောကနကံ မည်၏။
  • (၂) ဉတ်တစ်ကြိမ်ဖြင့်သာ ပြုအပ်သော ဥပုသ်ကံ, ပဝါရဏာစသောကံသည် ဉတ္တိကံ မည်၏။
  • (၃) ဉတ်တစ်ကြိမ်, ကမ္မဝါစာတစ်ကြိမ်ဖြင့် ပြုအပ်သော ကထိန်ကံ, သိမ် သမုတ်ကံ စသောကံသည် ဉတ္တိဒုတိယကံ မည်၏။
  • (၄) ဉတ်တစ်ကြိမ်, ကမ္မဝါစာသုံးကြိမ်ဖြင့် ပြုအပ်သော ရဟန်းခံခြင်း စသောကံသည် ဉတ္တိစတုတ္ထကံ မည်၏။ [၃] [၂]

ဝိနည်းကံ ၅-မျိုး[ပြင်ဆင်ရန်]

ထို့ပြင်

  • ထိုတွင် (၁) သံဃာသည် ငြင်းခုံတတ်သောရဟန်းကို ငြင်းခုံခြင်း, မညီမညွတ်ခြင်း၏ အပြစ်ဘေးကိုပြ၍ သည်းခံစေ, ငြိမ်းချမ်းစေ သောကံသည် တဇ္ဇနီယကံမည်၏။ [၅]
  • (၂) ဝိနည်းသိက္ခာပုဒ်၌ မကျွမ်းကျင် မလိမ္မာသဖြင့် အာပတ်(အပြစ်)အသင့် များ၍ လူတို့နှင့် ရောရော နှောနှော အနေ များသော ရဟန်းအား “သင်သည် ဆရာ သမားကို မှီခို၍ နေရမည်”ဟု နှိပ်ကွပ်သောကံသည် နိယသကံ မည်၏။ [၆]
  • (၃) ပန်းပင်ငယ် စိုက်ပျိုးခြင်း စသည်ဖြင့် ဒကာတို့၏ သဒ္ဓါတရားကို ဖျက်ဆီးသော ရဟန်းအား ထိုရဟန်းနေထိုင်ရာ ကျောင်းရွာ စသည်မှ နှင်ထုတ်သောကံသည် ပဗ္ဗာဇနီယကံ မည်၏။ [၇]
  • (၄) ရတနာသုံးပါး ကြည်ညိုသော ဒကာအား ဆဲရေးမိသဖြင့် ထိုဒကာထံ ဆဲရေးမိသော ရဟန်းကိုယ်တိုင် သွား၍ သည်းခံစေရမည် (တောင်းပန် ရမည်)ဟု သံဃာက စေလွှတ်သောကံသည် ပဋိသာရဏီယကံမည်၏။ [၈]
  • (၅) မိမိသင့်သော အာပတ်ကို-မရှူ-မကုစား–သဖြင့်လည်းကောင်း, မိစ္ဆာအယူရှိသဖြင့်၎င်း သံဃာက ဆွမ်းအတူ မစားခြင်း စသည်ဖြင့် ပယ်စွန့် ကြဉ်ဖယ်သောကံသည် ဥက္ခေပနီယကံ မည်၏။ [၉][၂]

ကံကြီး, ကံငယ်[ပြင်ဆင်ရန်]

ထို့ပြင်

  • (၁) ဂရုကကံ = ကံကြီး။
  • (၂) လဟုကကံ = ကံငယ်ဟု ၂-မျိုးရှိပြန်၏။

ထိုတွင် (၁)

  • သီမာသမ္မုတိ = သိမ်သမုတ်သော ကံ၊
  • သီမာသမူဟနန = သိမ်နုတ်ကံ၊
  • ကထိနဒါန = ကထိန်ကံ၊
  • ကထိနုဒ္ဓါရ = ကထိန်နုတ်ကံ၊
  • ကုဋိဝတ္ထုဒေသနာ = ကုဋိရာ ကြားသောကံ၊
  • ဝိဟာရဝတ္ထု = ကျောင်းရာကြားသောကံ၊

ဤ ၆-ပါးသောကံတို့သည် ပန်ကြားခြင်း (အပလောကန)ကံမျှဖြင့် ပေါ့ပေါ့ ဆဆ မပြုသင့်၊ ဉတ္တိဒုတိယကမ္မဝါစာ ရွတ်ဖတ်ကာလေး လေးနက်နက် ပြုသင့်သောကြောင့် ဂရုကကံ မည်ကုန်၏။

(၂) ထိုမှကြွင်းသော ၁၃-ပါးသော သမ္မုတိကံ, သေနာသနဂ္ဂါဟကသမ္မုတိ ပေါ့ပါးစွာ ပြုနိုင်သော စသော ကံတို့သည် ပန်ကြားခြင်း (အပလောကန)ကံဖြင့်ကြောင့် လဟုကကံတို့ မည်ကုန်၏။ [၁၀] [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. (ဝိ၊၂၊၁၉၉။ ဝိ၊၅၊၃၈၀။ ကင်္ခါ၊၂၅၅။ သင်္ဂဟ၊ ၃၉၁။)
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ တိပိဋကအဘိဓာန် အတွဲ-၅
  3. (ဝိ၊ဋ္ဌ၊၄၊၂၄၃။ ကင်္ခါ၊၂၅၅။ ဝိ၊သင်္ဂဟ၊၃၉၄။ ကင်္ခါ၊ဋီ၊သစ်၊၄၁၇။)
  4. (ဝိ၊၄၊၈၁။ ကင်္ခါ၊ဋီ၊သစ်၊၄၂၀)။
  5. (ဝဇိရ၊၅၀၈-၉။)
  6. (ဝဇိရ၊၅၀၈။)
  7. (ဝဇိရ၊၅၀၈။)
  8. (ဝဇိရ၊၅၀၈)။
  9. (ဝဇိရ။ ၅၀၈။)
  10. (ဝိ၊ဋ္ဌ၊၄၊၂၄၃။ ကင်္ခါ၊၂၅၉။ ဝိ၊သင်္ဂဟ၊၃၉၅။))