ပဝါရဏာ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ပဝါရဏာဟူသည်မှာ မိမိ၏ ချွတ်ယွင်းချက်အပြစ်ကို မြင်လျှင်ဖြစ်စေ၊ ကြားလျှင်ဖြစ်စေ၊ မယုံသင်္ကာရှိလျှင်ဖြစ်စေ ပြောဆိုရန် ဖိတ်မံပန်ကြားခြင်း ဖြစ်သည်။ ပဝါရဏာ ပြုရသည့် အကြောင်းရင်းမှာ ကိုယ့်အပြစ်ကို သူများကသာ သိပြီး မိမိကိုယ်ကိုမူ အမှန်အတိုင်း မမြင်မိဘဲ မိမိ၌ ရှိသော အပြစ်ကို အမှန်အတိုင်း မြင်သော အခြားရဟန်းများက ပြောပြရန်၊ မိမိအပြစ်ကို သူတပါး ထောက်ပြ၍ သိရှိရသော် အပြစ်ကင်းစင်အောင် ဒေသနာ ပြောကြားခြင်းဖြင့် ကုစားနိုင်ရန်နှင့် ကုစားပြီးနောက် သီလဝိသုဒ္ဓိ ပြည့်စုံကာ တရားအားထုတ်ပြီး စိတ္တဝိသုဒ္ဓိ ဒိဋ္ဌိဝိသုဒ္ဓိ စသည် ပြည့်စုံသွားရန်တို့အတွက် ဖြစ်သည်။

ဗုဒ္ဓသာသနာတော် သန့်ရှင်းစင်ကြယ်ရေး၊ ဈာန် မဂ် ဖိုလ် တရားထူးရရေးများအတွက် ကောင်းမြတ်သော အစီအမံဖြစ်၍ သီတင်းကျွတ်လပြည့်နေ့၌ သံဃာ ငါးပါးကို ဖိတ်မံပန်ကြားရန်၊ ငါးပါး လောက်အောင် မရှိလျှင် အချင်းချင်း ဖိတ်မံ ပန်ကြားရန် မြတ်စွာဘုရားရှင်သည် သိက္ခာပုဒ်ကို ပညတ်ထားတော်မူသည်။

သဒ္ဓါတရားကောင်းတဲ့ ရဟန်းတော်များအတွက် အလွန်အလေးပြုထိုက်တဲ့ သိက္ခာပုဒ်ပါပဲ။ အလေးပြုပြီးတော့ စိတ်စေတနာ ထက်သန်စွာနဲ့ ဖိတ်မတ်ပန်ကြားသင့်ပါတယ်။ ပန်ကြားတဲ့အတိုင်း သူတပါးက ပြောဆိုလာယင်လဲ ဝမ်းမြောက်ဝမ်းသာနဲ့ မိမိ၏အြပစ်ကို ကုစား ပြုပြင်ဘို့ပါပဲ။

ဥပမာအားဖြင့်-ပွဲနေပွဲထိုင် လူထုအစည်းအဝေးသို့ သွားမည့်လူမှာ မျက်နှာ၌ အမဲကွက်ရှိနေတယ်ဆိုပါတော့၊ ရင်းနှီးတဲ့သူက အဲဒီအမဲကွက် ရှိနေကြောင်း ပြောယင် ဝမ်းမြောက်စွာနဲ့ လက်ခံပြီး အဲဒီအမဲကွက်ကို သုတ်သင်ရမယ်။ ပြောတဲ့သူကိုလဲ ကျေးဇူးတင်ရမယ်။ ဘာကြောင့်လဲဆိုတော့ ပြောမည့်သူမရှိ၍ အမဲကွက်ကြီးနဲ့ လူထုပရိသတ်ထဲသို့ သွားမိယင် သူတပါးတို့ ရယ်ဘွယ်ဖြစ်ပြီး အရှက်ရလိမ့်မယ်၊ ဒါကြောင့် အြပစ်ကို ပြောပြသူအား ကျေးဇူးတင်ရမယ်။

အဲဒါလိုပဲ ကိုယ်တိုင်မသိတဲ့အြပစ်ကို ပြောပြသူအား ဝမ်းမြောက်စွာနဲ့ လက်ခံပြီး ကျေးဇူးတင်ဘို့ပါပဲ။ မိမိအြပစ်ကိုလဲ သန့်ရှင်းစင်ကြယ်အောင် ကုစားဘို့ပါပဲ။ အဲဒါဟာ ဗုဒ္ဓသာသနာ စင်ကြယ်ရေးအတွက် အလွန်သင့်မြတ်တဲ့ ကျင့်ဝတ်ပါပဲ။ ဝတ်ကြေဝတ်ကုန်မျှ သဘောမထားပဲ စင်ကြယ်ထက်သန်တဲ့ စေတနာနှင့် ဖိတ်မန်ပန်ကြားလျှင် အဲဒီ ဖိတ်မန်ပန်ကြားဆဲမှာလဲ ထက်သန်တဲ့ ကုသိုလ်တွေ ဖြစ်တယ်၊ အချင်းချင်း သူတပါးအား ပြောစရာရှိယင်လဲ မိမိက ပြောရန်၊ သူတပါးက မိမိ၏အြပစ်ကို ပြောယင်လဲ ဝမ်းမြောက်စွာနဲ့ လက်ခံပြီး စင်ကြယ်အောင် ပြုပြင်ကုစားသွားရန် အဲဒီလိုသဘောထားပြီး ကျင့်ရန်အတွက် မြတ်စွာဘုရားက ပညတ်တော်မူခဲ့တဲ့ ကျင့်ဝတ်ပါပဲ။

ဆက်လက်လေ့လာရန်[ပြင်ဆင်ရန်]

ပဝါရဏာပွဲ