ဝဏ္ဏကျော်ထင်ဘွဲ့
ပုံပန်းသွင်ပြင်
(ဝဏ္ဏကျော်ထင် မှ ပြန်ညွှန်းထားသည်)
ဝဏ္ဏကျော်ထင်ဘွဲ့ | |
---|---|
အမျိုးအစား | စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ |
တည်ထောင်ခဲ့ | ၂ စက်တင်ဘာ ၁၉၄၈ |
နိုင်ငံ | မြန်မာ |
ဖဲကြိုး |
ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံအဖြစ်သို့ရောက်ရှိကာ ပြည်ထောင်စုနိုင်ငံကို တည်ထောင်သည့်အချိန်မှစ၍ နိုင်ငံတော်အစိုးရက ဂုဏ်ထူး၊ ဘွဲ့ထူးများ ပေးအပ်ခြင်း နည်းစနစ်သစ် တီထွင်၍ နိုင်ငံတော်သမ္မတက နှစ်စဉ် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ်ဖြင့် ချီးမြှင့်သည်။
ဂုဏ်ထူးဘွဲ့ထူးများကို သင်္ဂဟ၊ ဘွဲ့၊ တံဆိပ်၊ ဟူ၍ ၃ မျိုးခွဲခြားရာ၌ သင်္ဂဟပြီးလျှင် ဘွဲ့၊ ဘွဲ့၏အောက် တံဆိပ်ဟူ၍ ဖြစ်သည်။ ဘွဲ့များတွင် သီရိပျံချီ၊ ဝဏ္ဏကျော်ထင်၊ အလင်္ကာကျော်စွာ၊ သိပ္ပံကျော်စွာ၊ ဇေယျကျော်ထင်ဟူ၍ ၅ မျိုးရှိသည်။
- သီရိပျံချီဘွဲ့ကို ပြည်ထောင်စုမြန်မာနိုင်ငံ၏ ကောင်းရာကောင်းကျိုးကို ဖြစ်ထွန်းအောင် ထူးကဲကောင်းမွန်စွာ ဆောင်ရွက်သူများအား ချီးမြှင့်သည်။
- ဝဏ္ဏကျော်ထင်ဘွဲ့ကို အများပြည်သူတို့၏ ကောင်းရာကောင်းကြောင်းကို ဖြစ်ထွန်းအောင် ထူးကဲကောင်းမွန်စွာ ဆောင်ရွက်ခြင်းအတွက် ချီးမြှင့်သည်။
- အလင်္ကာကျော်စွာဘွဲ့ကို စာပေ ပရိယတ္တိ၊ သုခုမပညာ၊ ကခြင်း၊ သီခြင်း၊ ဂီတပညာအရပ်ရပ်တို့တွင် ထူးခြားကောင်းမွန်စွာ တတ်မြောက်သူများအား ချီးမြှင့်သည်။
- သိပ္ပကျော်စွာဘွဲ့ကို သိပ္ပံပညာ၊ ကုန်ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုလက်မှုပညာရပ်များတွင် ထူးကဲကောင်းမွန်စွာ ဆောင်ရွက်သည့်အတွက် ချီးမြှင့်သည်။
- ဇေယျကျော်ထင်ဘွဲ့ကိုမူ စစ်ဘက်ဆိုင်ရာ အမှုထမ်းကောင်းခြင်းအတွက် ချီးမြှင့်သည်။[၁]
ဝဏ္ဏကျော်ထင်ဘွဲ့ ရရှိခဲ့သူများ
[ပြင်ဆင်ရန်]- ဦးသိန်းဟန် (ဇော်ဂျီ) ဝဏ္ဏကျော်ထင်ဘွဲ့ (၁၉၄၉) နှင့် သီရိပျံချီ (၁၉၆၁)
- ဦးသန့် ဝဏ္ဏကျော်ထင်ဘွဲ့ (၁၉၄၉)၊ သီရိပျံချီ (၁၉၅၃)၊ စည်သူ (၁၉၅၇)၊ မဟာသရေစည်သူ (၁၉၆၁)
- ပါမောက္ခ ဦးဧမောင် ဝဏ္ဏကျော်ထင်ဘွဲ့ (၁၉၅ဝ)နှင့် သီရိပျံချီဘွဲ့ (၁၉၆၂)
- ဂီတစာဆို ဝိုင်အမ်ဘီ ဆရာတင် ခေါ် ဝိုင်အမ်ဘီ သခင်တင် ဝဏ္ဏကျော်ထင်ဘွဲ့ (၁၉၅ဝ) (မြန်မာနိုင်ငံတော်သီချင်း စာသား နှင့် ဂီတ ရေးစပ်သီကုံးထားခဲ့သူ တို့ဗမာအစည်းအရုံးဝင်)
- ဇေယျကျော်ထင်ဗိုလ်မှူးဗကို (MA, Yale) (ဗိုလ်ဗကို) ဝဏ္ဏကျော်ထင်ဘွဲ့ (၁၉၅ဝ) နှင့် စာပေဗိမာန် ၁၉၅၇ အကယ်ဒမီ
- အေဝမ်းဦးတင်နွယ် (ရုပ်ရှင်ပြဇာတ်အစည်းအရုံးဥက္ကဋ္ဌ) ၁၉၅၀
- ဇာတ်မင်းသားကြီး ဦးဘိုးစိန် T.P.S
- ဦးဘမြိုင် မြစ်ကြီးနားအရေးပိုင်(ခရိုင်ဝန်) (နောင်တွင် မကွေးတိုင်း တိုင်းမင်းကြီး)
- ပရော်ဖက်ဆာ ဦးအေးမောင် (မြန်မာစာ)
- ဦးဝန် (မင်းသုဝဏ်)(ကထိက) (သီရိပျံချီ၊ ၁၉၆၂) (မြန်မာနိုင်ငံ၏ နဝမမြောက် သမ္မတ ဦးထင်ကျော်၏ဖခင်)
- ဦးယော (ဇေယျ) (ပြန်ကြားရေးညွှန်ကြားရေးဝန်) ၁၉၅၁
- ဦးခင်ဇော်(ကေ) (ဗမာ့အသံညွှန်ကြားရေးဝန်) ၁၉၅၄
- ဦးခင်မောင်လွင် မီးသတ်ဦးစီးဌာနညွှန်ကြားရေးဝန် (၁၉၅၆)
- ဦးကိုလေး (MSc. Lond.) (ဇေယျာမောင်) မန္တလေးယူနီဗာစီတီကောလိပ်ကျောင်းအုပ်ကြီး
- အင်္ဂလိပ်စာပါမောက္ခ ဦးမျိုးမင်း (နွယ်စိုး) (MA, BL)
- ကာယဗလဦးရှိန် ၁၉၅၅
- ဦးသာတင် (မာဃ) ၁၉၅၆
- သခင်မ ဒေါ်သိန်းတင်
- စဝ်မန်ဖ
- စိန်အောင်မင်း
- ကက်နက်စိန်
- မင်္ဂလာဦးအောင်မောင်း
- ဦးထွန်းတင် (မန်းတင်) (ဒုအတွင်းဝန်၊ လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး) (နိုင်ငံတော်ကောင်စီဝင်)
- ဒေါက်တာမြင့်ဆွေ (ဆဋ္ဌသင်္ဂါယနာဘိသိက်) ဆင်းဒဝစ်လမ်း ၁၉၅၈
- ဦးစိန်ညွန့် (မန္တလေးပန်တျာနှင့်ပြဇာတ်ကျောင်းအုပ်ကြီး)
- ဒေါ်ဩဘာသောင်း (ဒေါ်သောင်း) (အကနည်းပြ၊ပန်တျာ)
- ဒေါ်အောင်ကြည် (ပန်တျာမူမှန်ပြုပြင်ရေးအဖွဲ့)
- သုဓမ္မဝတီဦးပန်းမောင်
- မင်းသားမျိုးချစ်
- ဇေယျ (ရုပ်ရှင်သရုပ်ဆောင်)
- ဖိုးပါကြီး (ရုပ်ရှင်သရုပ်ဆောင်)
- ကြည်ကြည်ဌေး (ရုပ်ရှင်သရုပ်ဆောင်)
- မေသစ် (ရုပ်ရှင်သရုပ်ဆောင်)
- မေရှင် (ဗမာ့အသံ)
- ဗြိတိသျှဘားမားဦးချန်ထွန်း
- ဂီတစာဆို ရန်နိုင်စိန်(ပြဇာတ်ညွှန်ကြားရေးမှူး)
- ပါဠိပါမောက္ခဦးအောင်သန်း (ရန်ကုန်) ၁၉၅၉
- ပန်းချီဦးစံဝင်း(ပညာမင်းကြီးရုံး) ၁၉၆၀
- ရွှေဥဒေါင်း(ဦးဖေသိန်း) ၁၉၆၁
- ကြီးပွားရေးဦးသိန်း (ရန်ကုန်ခရိုင်လူမှုဝန်ထမ်းကောင်စီအတွင်းရေးမှူး)
- အမတ်ဟောင်းသခင်မဒေါ်ခင်လှ (ဝင်္ကပါအမျိုးသမီးစောင့်ရှောက်ရေးအဖွဲ့ချုပ်ဥက္ကဋ္ဌ)
- စိန်မြမောင် (ဂီတစာဆို၊ မြန်မာနိုင်ငံတော်သီချင်း စာသားရေးသားသူ) ၁၉၆၂
- ဦးသက်ထွန်း ညွှန်ကြားရေးဝန်၊ ဗဟိုစာရင်းအင်းနှင့်စီးပွားရေးဌာန (သံအမတ်)
- ဦးဝင်းဖေ MPA (Harvard) (ဆရာကြီး မြဇင်)[၂]
- ဦးဘသန်းတင်
- ဒေါ်မေမေခင်[၃]
- ဂိုအင်ကာ
- ရှင်မဟာဗုဒ္ဓဃောသ ဦးဘသန်း
- ဝင်းမြင့် (ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ)
- ဇေကမ္ဘာ ဦးခင်ရွှေ[၄]
- ဒေါက်တာ စိုးညွန့်(ထီလာစစ်သူ)
- ဦးမြင့်နိုင်(ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်-အဖွဲ့ဝင်)
- ဦးဇော်မိုးခိုင် (ဥက္ကဋ္ဌ၊ Pacific – AA Group/ AA Medical Products Ltd)[၅]
- ဦးမောင်ကို (ဥက္ကဋ္ဌ၊ ထာဝရကုမ္ပဏီများအုပ်စု၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး)[၅]
- ဒေါ်ခင်ခင်ထွေး - နိုင်ငံ့ဂုဏ်ဆောင် အိုလံပစ် အပြေးမယ်
- တင်မောင်နီ - နိုင်ငံ့ဂုဏ်ဆောင် အိုလံပစ် ရေကူးအားကစားမောင်
- ဗဟာဒူး - နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင် ဂန္ထဝင်ဘောလုံးတိုက်စစ်မှူး
- ဒေါက်တာနီကိုလိုင်းလစ်စတိုပါဒေါ့ဗ်(Nikolay Listopadov) - မြန်မာနိုင်ငံဆိုင်ရာရုရှားသံအမတ်ကြီး
အခြားကြည့်ရန်
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း (၁၉၆၄)။ "ဘွဲ့၊ တံဆိပ်၊ သင်္ဂဟ"။ in စွယ်စုံကျမ်းစာတည်းအဖွဲ့ (ed.)။ မြန်မာ့စွယ်စုံကျမ်း။ ၈ (ပထမအကြိမ် ed.)။ စာပေဗိမာန်ပုံနှိပ်တိုက်၊ ရန်ကုန်မြို့။: စာပေဗိမာန်။ pp. ၃၉၅ - ၄၀၁။
- ↑ မြန်မာနိုင်ငံဂုဏ်ထူးဆောင်ဘွဲ့ ဂုဏ်ထူးဆောင်တံဆိပ်များသမိုင်း -သန်းထွန်း (မော်လမြိုင်)၊ စာပေဗိမာန်၊ ၂၀၁၀မှ
- ↑ ၇ ရက်နေ့စဉ်သတင်းစာ၊ အမှတ် (၇၈၃)၊ ၀၃ ဇူလိုင်လ ၂၀၁၅
- ↑ http://burmese.dvb.no/archives/314317
- ↑ ၅.၀ ၅.၁ "ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာအမှတ် ၂ / ၂၀၂၁ ၁၃၈၂ ခုနှစ် ၊ နတ်တော်လပြည့်ကျော် ၆ ရက် ( ၂၀၂၁ ခုနှစ် ၊ ဇန်နဝါရီလ ၄ ရက် ) | Ministry Of Information"၊ www.moi.gov.mm။ 6 January 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 8 January 2021။