မာတိကာသို့ ခုန်သွားရန်

တင်မောင်နီ

ဝီကီပီးဒီးယား မှ

တင်မောင်နီ (၅ မေ ၁၉၃၈–၂ ဧပြီ ၁၉၇၄) သည် မြန်မာလူမျိုးရေကူးအားကစားသမား ဖြစ်သည်။ သူသည် အိုလံပစ်ပြိုင်ပွဲနှစ်ခုတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။[] တင်မောင်နီကို ကချင်ပြည်နယ်၊ ဗန်းမော်မြို့၌ ဖွားမြင်ခဲ့သည်။ မွေးချင်း ငါးယောက်ရှိပြီး လေးယောက်မြောက်သား ဖြစ်သည်။ ၂၀၂၃ခုနှစ် စိန်ရတုလွတ်လပ်ရေးနေ့တွင် နိုင်ငံတော်မှ ဝဏ္ဏကျော်ထင်ဘွဲ့ ချီးမြှင့်ခံရသည်။[]

ရေကူးသမားဘဝ

[ပြင်ဆင်ရန်]

တင်မောင်နီသည် ဒေသရှိ ရေကူးပြိုင်ပွဲများတွင် အနိုင်များရရှိခဲ့ပြီးနောက် အသက် ၁၅ နှစ်အရွယ်တွင် သူ၏ ရေကူးသမားဘဝသည် စတင်ခဲ့သည်။ ၁၉၅၈တွင် သူသည် တက္ကသိုလ်ဝင်တန်းစာမေးပွဲပြီးဆုံးပြီးနောက် ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်ခဲ့သည်။

သူသည် ပထမနှစ်ကျောင်းသားဘဝတွင် ရန်ကုန်ကလပ်ပေါင်းစုံရေကူးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ သူသည် ထိုပြိုင်ပွဲတွင် မီတာ ၁၀၀၊ ၂၀၀၊ ၄၀၀၊ ၈၀၀ ပြိုင်ပွဲများတွင် စံချိန်ချိုးနိုင်ခဲ့သည်။

၁၉၅၉ ခုနှစ်တွင် ဂျပန်လူမျိုး ရေကူးနည်းပြ မဆွတ်အိဒ သည် သူ၏ နည်းပြဖြစ်လာပြီး သူသည် ဘန်ကောက်မြို့တွင် ကျင်းပခဲ့သည့် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ထို့ပြင်ပွဲတွင် မီတာ ၁၀၀ နှင့် ၂၀၀ အလွတ်ကူးပြိုင်ပွဲများတွင် စံချိန်သစ် တင်နိုင်ခဲ့သည်။

၁၉၆၀ ခုနှစ်တွင် သူသည် ရောမအိုလံပစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မီတာ ၂၀၀၊ ၄၀၀၊ ၁၅၀၀ ပြိုင်ပွဲများတွင် ရွှေဆုများ ရခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့တွင် ကျင်းပသည့် ဒုတိယအကြိမ် အရှေ့တောင်အာရှဆီးဂိမ်းပြိုင်ပွဲတွင် မီတာ ၂၀၀ ပြိုင်ပွဲ၌ ငွေတံဆိပ်ဆု ရခဲ့သည်။

၁၉၆၁ ခုနှစ်တွင် တင်မောင်နီသည် အစ္စရေးနိုင်ငံ၌ ကျင်းပသည့် Hapoel Celebration တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မီတာ ၁၅၀၀ ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုနှင့် မီတာ ၂၀၀၊ ၄၀၀ ပြိုင်ပွဲများတွင် ငွေတံဆိပ်ဆုများ ရခဲ့သည်။[]

၁၉၆၁ ခုနှစ် SEAP ဂိမ်း (ရန်ကုန်) ပြိုင်ပွဲတွင် အလွတ်ကူးပုံစံပြိုင်ပွဲ၌ မီတာ ၁၅၀၀၊ ၂၀၀၊ ၄၀၀ ပြိုင်ပွဲများတွင် ရွှေတံဆိပ်ရခဲ့ပြီး မီတာ ၄၀၀ ပြိုင်ပွဲတွင် စံချိန်သစ်တင်နိုင်ခဲ့သည်။

၁၉၆၂ ခုနှစ်တွင် သူသည် အာဆီယံအိုလံပစ်ဂိမ်းပြိုင်ပွဲ၌ မီတာ ၁၅၀၀၊ ၄၀၀ အလွတ်ကူးပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆု ရခဲ့သည်။ မီတာ ၂၀၀ ပြိုင်ပွဲတွင် ကြေးတံဆိပ်ရခဲ့သည်။

တင်မောင်နီသည် ၁၉၆၄ ခုနှစ် တိုကျိုအိုလံပစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. မော်ကွန်းတင်ပြီးမိတ္တူ Olympics at Sports-Reference.com Sports Reference LLC 18 April 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 June 2012 တွင် ပြန်စစ်ပြီး။
  2. မြန်မာ့အလင်းသတင်းစာ (၄.၁.၂၀၂၃) 4 January 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 January 2023 တွင် ပြန်စစ်ပြီး။
  3. "တင်မောင်နီ (ရေကူး) ၏ အောင်မြင်မှုများ"၊ Burma Irrawaddy၊ 4 July 2014 13 July 2019 တွင် ပြန်စစ်ပြီး Archived from the original on 29 August 2014။